Sunday, December 7, 2008

..................................

အဟဲ ညီအစ်ကိုမောင်နှစ်မတွေအားလုံး မင်္ဂလာပါဗျာ။ မောင်ဇင်ယော်တစ်ယောက် ခွင့်တိုင်ပြီး လစ်သွားတာ ပေါ်မလာ ဇာတ်ကားရိုက်နေတယ်လို့  ထင်နေတော့မှာပဲ။ အဟီး တချို.ကလည်း ကောလဟာလ သတင်းတွေကြားပြီး ဇင်ယော်တစ်ယောက် ဟောလီးဝုဒ်က သတင်းကြီးတဲ့မင်းသမီးလေးနဲ့  စုံတွဲခုတ်ပြီး မီယာမီကမ်းခြေမှာ အပန်းဖြေနေတယ်တဲ့။ ဟေဟေ. အမှန်ကတော့ ရုံးက သင်တန်းတစ်ခု အရေးပေါ်တက်ခိုင်းလို့  အပြေးအလွှား သွားတက်ရတာပါ။ သင်တန်းလည်းပြီးရော မပြန်ခိုင်းသေးပဲ လေ့လာရေးခရီး ထပ်လိုက်သွားရလို့  ခုလို ဇင်ယော်တစ်ယောက် ပျောက်ချက်သားကောင်းနေရတာပါ။ အီး ရွှတ် ခု ပြန်ရောက်လို့ မှ မနားရသေး နှုတ်ဖြေစာမေးပွဲဖြေဖို့  ရက်ချိန်းစာရွက်က စာတိုက်ပုံးထဲမှာ အခန့် သား ပြုံးဖြဲဖြဲနဲ့  မောင်ဇင်ယော်ကို ဆီးလို့ ကြိုနေတော့တာပဲ။ တေချင်တယ် တကယ်ပဲ။ ခုလာမယ့် ၂၆တဲ့။ တေပါပြီ။ ခုမှ ကြုံးရုန်းပြီး စာဖတ်ရတော့မှာပဲ။ သူများတွေ ခရစ်စမတ် ပျော်နေချိန်မှာ မောင်ဇင်ယော်တစ်ယောက်ကတော့ စာအုပ်တွေနဲ့  နပန်းလုံးနေရတော့မှာပဲ။ အိမ်တွေလည်း နောက်နေ့ မှ အေးအေးဆေးဆေး လိုက်လည်တော့မယ်ဗျာ။ တက်ဂ်ကြွေးတွေကတော့ အေးဆေးပေါ့နော်။ အကြွေးနဲ့ မကင်းတဲ့ လောကကြီးမှာ ဇင်ယော်လည်း လူရာဝင်အောင် အကြွေးထားလိုက်တာ။ အဟဲ နောက်ပြီး ဇင်ယော်က ဦးနှောက်သိပ်မကောင်းဘူးဗျ။ မေ့တတ်တယ် အဟဲ ကိုယ်ကပေးရမယ့် အကြွေးဆို သာဆိုးသေး။ ဒါကြောင့် မောင်ဇင်ယော် လောလောဆယ် စိတ်ရှိလက်ရှိ အနားယူပါဦးမယ်။ အဆင်ပြေရင် တက်ကြွေးတွေ ဆပ်မှာပါ။ တော်ကြာ ကြွေးရှင်တွေ ဆိပ်ကမ်းလေးရှေ.မှာ လာတန်းစီပြီး စောင့်နေမှ ဒုက္ခ။ ဟီးဟီး ပုဆိုးခေါင်းမြီးခြုံပြီး လုံအောင်ပုန်းနေတော့မယ် ဟေဟေ.။

22 comments:

ATN said...

ငါသိတယ်ဟေ့...
ဇင်ယော်တကောင်...
ရူးချင်ယောင်ဆောင်ပြီး...
ဆိပ်ကမ်းကြီး တ၀ိုက်မှာ...
လိပ်ဖမ်းပြီး ငိုက်နေတာ....း)

နင်တော့... နှေင့်နဦး...
ခုက ဒီဇင်ဘာလကြီးမို့လို့...
နောက်နှစ် ဆန်းရင်တော့...
ဆူကီယာကီထဲ... အတောင်မချွတ်ပဲ...
ဇင်ယော်ကို ထည့်ပြုတ်ပြီသာ မှတ်တော့....
----------------------------------------
အစစ အဆင်ပြေပါစေ... ညီလေးရေ့....
အကိုကြီးရဲ့... X'Mas Greeting ပါ...

khin oo may said...

ဒီလိုပါဘဲ သူဋ္ဌေးဆိုတော့ အကြွေးမကင်းပေဘူးပေါ့
ကြိုးစားပါ ကြိုးစားပါ။

khin oo may said...

ခရစ်စမတ် ဂရိတင်း ကလည်းကြောက်စရြာ့ကီးပါလား။ :P

Anonymous said...

အမယ်မင်း သနားလိုက်ပါဘိ မောင်ဇင်ယော်ငယ်ရယ်***
တူ့နှယ်တူ့နှယ်ဗြောင် ဗြောင်***
အောင်မြင်ပါစေ ကိုဇင်ယော်ရေ***
ဒီတစ်ခါတော့ ငှက်ငယ်ဇင်ယော် အတောင်ညောင်းရှာ
လေရော့သလားကွယ်***စိတ်မပူနဲ့***ဟိုးးးးးး
ရှေ့မှာ ငှက်ငယ်ဇင်ယော်အတွက်***ကလေးတစ်သိုက်နဲ့
အုပ်ဖွဲ့နေတဲ့ငှက်မကြီးက ***၀ပ်ကျင်းထဲ မှာ နားစေမယ်တဲ့***အဖြူရောင်အလံကိုဝှေ့ရမ်းနေပြီး***
စာကပ်ထားတယ်***ဟားဟား****

Anonymous said...

အမယ်မင်း သနားလိုက်ပါဘိ မောင်ဇင်ယော်ငယ်ရယ်***
တူ့နှယ်တူ့နှယ်ဗြောင် ဗြောင်***
အောင်မြင်ပါစေ ကိုဇင်ယော်ရေ***
ဒီတစ်ခါတော့ ငှက်ငယ်ဇင်ယော် အတောင်ညောင်းရှာ
လေရော့သလားကွယ်***စိတ်မပူနဲ့***ဟိုးးးးးး
ရှေ့မှာ ငှက်ငယ်ဇင်ယော်အတွက်***ကလေးတစ်သိုက်နဲ့
အုပ်ဖွဲ့နေတဲ့ငှက်မကြီးက ***၀ပ်ကျင်းထဲ မှာ နားစေမယ်တဲ့***အဖြူရောင်အလံကိုဝှေ့ရမ်းနေပြီး***
စာကပ်ထားတယ်***ဟားဟား****

thihanyein said...

ကွန်မန်းပေးခဲ့တာ ၂ ခုထပ်ပြီး ဘာတွေပေါ်ကုန်လဲမသိဘူး
***စလို့ရဘူးနဲ့တူတယ်ဗျ***အဟဲ

Anonymous said...

ဗျို့ ကိုဇင်ယော် မဟုတ်တဲ့ နေရာတွေ လှေျုာက်မသွားနဲ့နော် ဟင်း ကျနော်နဲ့ တွေ့တော့မယ်
( တွေ့ရင်လည်း ပူးပေါင်းလိုက်တာပေါ့ဗျာ ဟုတ်ဘူးလား အဟီး ဟီး .. ကိုအလှတရားပါ ၀င်ခေါ်ခဲ့လိုက်ဗျို့ သုံးယောက်ပေါင်း လစ်ကြတာပေါ့ )

WWKM said...

တက်ဂ်ထားတယ်..
နောက်ဆုံးကျန်တဲ့သူလူပျိုကြီးဖြစ်..
တော်ကြာလူပျိုကြီးဖြစ်သွားမှာစိုးလို့ ကိုယ့်အစ်မက
လာသတိပေးရတာ. ကိုစွမ်း နဲ့ လင်းဒီပ တို့ က လူပျိုကြီး
မဖြစ်ချင်ကြလို့ ချက်ချင်းရေးကြတာ.အဟတ်.
ဒါပဲ..ပြန်ပြီ :D

:P said...

စာဖတ်နေတယ်ဆိုပြီး ညက ........မှာတွေ့ခဲ့ပါလား
:P:P:P

Anonymous said...

စာမေးပွဲတွေကလည်းများလိုက်တာနော့် စိတ်ညစ်စရာကြီး နာ့အစ်ကိုကြီးလည်း အရွယ်တွေ ကျတော့မှာပဲ ကြည့်လုပ်ဗျို့ ဒီထောက်ခေါင်းမွှေးမပြောင်စေနဲ့  ဟိဟိ

Dr Phyo Wai Kyaw said...

ကြိတ်ဟ
ကိုငှက်ဝကြီး
ဘိုးဘိုးအောင်ဝလုံးနဲ့တွေ့နေတယ်ပေါ့
ပိန်သွားတော့မှာပဲနော်
တက်ဂ်ကြွေးတွေ အတွက်တော့မပူနဲ့
အတိုးနဲ့ပါဆပ်ခိုင်းမယ်
ကျနော်ကိုယ်တိုင်
ကန်ထရိုက်ဆွဲပြီး
ယူပေးထားမယ်။
တိုက်ပင် ကျင့်ထား။
စာမေးပွဲပြီးရင်
လက်ကို ပရုတ်ဆီလူးပြီးရေးပေတော့။

RePublic said...

အောင်မြင်ပါစေ ညီဇင်ယော် ကြီးရေ ၊၊

မြတ်သွယ် said...

ဒီဇင်ဘာ ၂၆ ပြီးလို့လဲ ကိုဇင်ယော်ကိုမတွေ့ရလို့ကတော့
ထမီကို ဒူးခေါင်းဖုံးအောင်ဝတ် တုတ်ကလေးတစ်ချောင်းနဲ့ ...
ဟဲဟဲ ကိုဇင်ယော် ပုံဖမ်းပြီးမြင်ယောင်ကြည့်လိုက်ရင် တော်တော်ချောမှာနော် ....
အားတဲ့တစ်နေ့ထိ ပို့စ်တွေအားပေးဖို့စောင့်နေမှာပါ
အဆင်ပြေပါစေ

Anonymous said...

ကိုကြီးအောင်...X'Mas Greeting ကကြောက်ချရာကြီးဗျ။ အတောင်မချွတ်ပဲ...
ထည့်ပြုတ်မယ်တဲ့။ အတောင်ကိုချွတ်ပြီးပြန်ချင်နေတဲ့သူတွေကို ရောင်းစားရင် ဈေးကောင်းရမှာဗျ။

အမ်းမား...သူဋ္ဌေးအချင်းချင်း ခြေမြင်တယ်ပေါ့။ ဟီး ဇင်ယော့်ဘ၀အတောင်မပါပဲ ဟင်းအိုးထဲရောက်တော့မယ် ကယ်ပါဦး။

ဦးချင်တေ့...၀ပ်ကျင်းထဲက ကလေးတစ်သိုက်နဲ့
အုပ်ဖွဲ့နေတဲ့ငှက်မကြီးက အနာ့်အတွက် ဟုတ်ဘူးဗျ။ ဦးချင်တေ့ အတွက်တဲ့။ ဟေဟေ.။

ကိုသောက်...မဟုတ်တဲ့ နေရာတွေ မသွားပါဘူး။ ဟုတ်လောက်တဲ့နေရာပဲ ရွေးသွားတာ။ ဟေဟေ. ရင်ဆိုင်တွေ.ရင်တော့ ဖင်ထိုင်မေ့အောင်ကို ကဲဦးမှာ။ ဟီး။

အစ်မ၀ါ...အဟဲ လာမယ်လေ။ ဖြည်း၂ပေါ့။ လူပျိုကြီးက ခုတည်းက ဖြစ်ပြီးသားမို့  အဟေး ထူးတော့ပါဘူး။

မစန္ဒာ...ဘယ်မှာတွေ.တာတုန်းဗျ။ ဟီး ကြည့်ရတာ ဘွန်းဂဲလ် လားမသိ။ ထောက်လှန်းရေး တယ်ကောင်း။

ညီငယ်မျိုး...များတာတော့ မပြောနဲ့ ညီရေ။ ခေါင်းကတော့ ခုတည်းက နောက်ပြောင်ခြင်း သည်းခံပါ စာကပ်ရတော့မှာ။

ဒေါက်တိုကြီး...တက်ဂ်ကျတော့ ကန်ထရိုက်ပေးမယ်တဲ့။ ပေးပါလား ဟောလီးဝုဒ်က သာမီးလေးတွေကို ကန်ထရိုက်ဆွဲပြီးတော့။ လက်နာရင် ခင်ဗျားဆီ ဆေးလာကုမယ် အလာကားကုပေး ဒါပဲ။

ကိုလစ်ကြီး...ဆုတောင်းပေးတာ ကျေးဇူးအစ်ကိုရေ။ အစ်ကိုလည်း အဆင်ပြေပါစေဗျာ။

ပုလဲလုံး...နာ့ကို ထမီကို ဒူးခေါင်းဖုံးအောင်ဝတ် တုတ်ကလေးတစ်ချောင်းနဲ့ တဲ့ ဘာလုပ်ရမှာတုန်းဟ။ နာတော့မယ် ပုလုံးလဲရေ။ ဟီး တရေးတမော အိပ်ပြီး စောင့်ဦးဟ။ လာမယ် ကြာမယ်။

Anonymous said...

အစ်ကိုကြီး ပြန်ရောက်လာပြီကိုး....
စာမေးပွဲနဲ့ နပန်းလုံးရအုံးမယ်ပေါ့လေ။ ကျြိုးစားထား ကြိုးစားထား.... :D

flowerworld said...

ကိုဇင်ယော်ကြီးခေါင်းမြီးခြုံတာသတိထားနော် ဒီဖုံးဟိုပေါ် အပေါ်ဖုံးအောက်ပေါ်မလုပ်နဲ့ ညီမတော်ရှက်တယ်တော့ ဟိဟိ

မြတ်သွယ် said...

ကိုဇင်ယော်ကတလွဲတွေးတာကို
ညီမလေးကအဲလိုရေးတဲ့သဘောဟုတ်ဘူး
ညီမလေးကထမီကိုအဲလိုဒူးခေါင်းဖုံးအောင်ဝတ်ပြီး တုတ်တချောင်းနဲ့ ကိုဇင်ယော်ပြန်မလာရင်စောင့်နေမယ်ပြောတာဂျ
စာရေးတာကမှားတွားလို့ တွေ့ပုချိ တွေ့ပုချိ

Dream said...

တိပါဒယ်တိပါဒယ်.. ဟောလီဝုဒ်မှာ တတင်းတွေထွက်နေ တာ လက်စသတ်တော့ ဂယိုဂိုး..
ဟတ်ဟတ်...တိတွားပီ..မပေါပျဖူး..ရာမမေးနဲ့.. ဦးဂျင်ရော် ထရေးမွေးပီးထဲက မတွေ့ဒါ တူက ဟောလိဝုဒ်မှာ တွားကဲနေ ဒါဂိုး...ခစ်ခစ်... ဒါကြောင့် ဦးဂျင်ရော် မချိတုန်း... ဦးဂျင်ရော်ထရေးဒွေ ကို ဦးပတ်ကျိ
ကကင်ချားယိုက်ပီ... ချိဒေါ့ဖူး..အကုန်တတ်ချားယိုက်ပီ..ဟားဟား

Anonymous said...

စာမေးပွဲတွေ နဲ့ပတ်ချာလှည့်နေတာ.. မိုင်ဘရားသားကြီး တော့ ၀ိတ်ကျဦးမယ်.. ဟီးဟီး
မပူနဲ့.. ကြွေးရှင်တွေကို လိုက်ပြီးတော့ကို လက်တို့ပေးဦးမယ်...

ဖိုးဂျယ် said...

အီ တီတီမက် ပိကျိ ကင်စားတာ ဦးဇင်ယော်
ခယေးယေးတွေယား တားကတိဘူးလေ
ဘီဘီနဲ့ မြည်းမိတွားတယ်။
ဆောတီး ဦးဦးဇင်ယော်
လူတွေ.ဖြေဆိုအောင်မြင်ပါစေ ဦးဇင်ယော်

Anonymous said...

ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်တွေအမျိုးမျိုးနဲ့
မရေးခြင် ၊မရေးခြင်းဘူးပြောပါဗျ။
အဲလိုဆက်လုပ်ရင် နောင်ဆိုနှုတ်ဖြေစာမေးပွဲတင်မကဘူး
တင်ပါးဖြေပါဖြေနေရမယ်နော်(အီးပေါက်ပြိုင်ပွဲ)
အဟိဟိ

Phyu said...

ဟိ..ဟိ... နောက်ဆုံးမှ ရောက်တော့ ဘာမှ မပြောဘဲ .. ရှေ့ကလူတွေ ပြောတာတွေဖတ်ပြီ.. တဟိဟိ ရယ်သွားတယ်...