Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, January 2, 2009

နောက်ဆုံး













တချို.ကပြောကြတယ်
ဘ၀ဆိုတာ တိုက်ပွဲတဲ့။
အသေအကြေ တိုက်နေရတာ
နှစ်သစ်ဆိုတဲ့ နယ်နိမိတ်ထဲတောင် ခြေကျွံလာခဲ့ပြီ။
ကျဆုံးစာရင်း ပြန်ဖွင့်ကြည့်တော့
အတိတ်လွင်ပြင်ထဲမှာ
မှတ်တိုင်တွေ ပြည့်လို့ နေလေရဲ့။
ပြိုကျလုဆဲ ရင်ဘတ်ထဲက ဆေးရုံလေးမှာ
ဆေးဆိုတာ နတ္တိ
ဒဏ်ရာရနေတဲ့ သင်ခန်းစာတွေအတွက်
ဂွမ်းနဲ့ ပတ်တီးတောင် မကျန်တော့ဘူး။
မထင်မှတ်တဲ့ ချုံခိုတိုက်ပွဲ
အလဲအကွဲနဲ့ ပြန်ကျလာတာ
ငါ့တပ်တွေပါလား။
ယဲ့ယဲ့ပဲကျန်တော့တဲ့ စိတ်ဓါတ်
အပြီးအပြတ်ချေမှုန်းခံလိုက်ရသလိုပဲ။
အားတင်းပြီးလူးလဲအထ
ခွေကနဲပြန်အကျမှာ
သိလိုက်ရတာက
ခြေကုန်လက်ပမ်းကျနေခဲ့ပြီလေ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ
တမ်းတမက်မောခဲ့ရတဲ့ အောင်မြင်မှုအတွက်
လျော့ရဲရဲဆုပ်ကိုင်ထားရတဲ့ ဂုဏ်သိက္ခာအတွက်
မခံစားနိုင်တဲ့ အရှက်တရားအတွက်
နောက်ဆုံးထွက်သက်အထိ ဆက်တိုက်ပါရစေတော့။ ။ ။
( ပုံကို http://www.diversitystore.com/ မှ ကူးယူဖော်ပြပါသည်။ )

Saturday, August 16, 2008

သင်ခန်းစာ

အင်း သောကြာနေ့  ညနေဆိုတော့ မိတ်ဆွေ သူငယ်ချင်း တော်တော်များများက ပျော်နေကြပြီလေ။ ၂ ရက်ကြီးများတောင် နားရတော့မယ် ဆိုပြီး။ ဇင်ယော်တယောက် မှာတော့ စာအုပ်ပုံကြား ခေါင်းနှစ်ပြီး သူများပျော်လို့ အပျော်နိုင် လဒကြီးလိုမှိုင် ဖြစ်နေတယ်။ ဇင်ယော်လည်း ပျော်ချင်တာပေါ့။ ဒါပေမယ့် စာမေးပွဲနတ်က တလှမ်းချင်း လှမ်းပြီးလာနေတာ ခုဆို ခဲနဲ့ လှမ်းပေါက်ရင်တောင် ထိလောက်တယ်။ ပါးစပ်ကလည်း အော်လာသေးတယ်။ resit တွေ re exam တွေ တစ်ဘာသာကို ၂၀၀။ လျှော့ဈေးတဲ့လေ။ စိတ်တိုတိုနဲ့ ထဆော် လိုက်ရရင်တော့  နာတော့မယ်။ ကိုယ့်ကိုကိုယ် ပြောတာ ဟီး။ ဒီကြားထဲ ဘော်ဒါတွေထဲမှာ ဒကာခံမဲ့သူက ဖုန်းဆက်ပြီး တကူးတက ခေါ်နေသေးတယ်။ စိတ်နာလာပြီ။ စာကျက်နေရင်းနဲ့  ပါးစပ်ထဲ ဘီယာအရသာပဲ ရလာသလိုလို၊ နှာခေါင်းထဲ အကင်နံ့ တွေပဲ ရလာသလိုလို၊ နားထဲမှာပဲ သီချင်းသံတွေ ကြားနေရသလိုလိုနဲ့  လူကဂနာမငြိမ် ဖြစ်လာတယ်။ မဖြစ်ချေဘူး။
မြန်မြန် အာရုံပြောင်းမှပဲ။ ဒီလိုနဲ့ ပဲ ကဗျာလေးတစ်ပုဒ် ချရေးဖြစ်သွားတယ်။ သင်ခန်းစာ တဲ့ ။

သင်ခန်းစာ

အနမ်းတစ်ပုဒ် ပန်းတစ်ဆုပ်နဲ့ 
ကြဲခဲ့ ဖူးတဲ့  နှုတ်ခမ်းတွေပေါ့
ငါ့ကိုပြုစားခဲ့ တာ။

ညနက်နက်တွေတိုင်းမှာ
အိပ်မက်မြူခိုးတွေဝေနေမိတာက
မင်းရဲ. ဒဏ္ဍာရီတွေပဲပေါ့။

တစုံတယောက်က ဆိုဖူးတယ်။
အလွမ်းဆိုတာ ဓါးထက်ထက်တစ်ချောင်းကို
ရင်ဘတ်ထဲ အလျားလိုက် မြိုထားရသလိုပဲတဲ့။

မျှော်လင့်မိရင် မျှော်လင့်သလောက်
ခံစားရတယ်ဆိုတဲ့ စကား
သီအိုရီတွေ မသုံးပဲ သက်သေပြခဲ့တာလား။

အမှတ်တမဲ့တွေ တိုက်ဆိုင်မိတိုင်း
အမှတ်တရတွေ ဖြစ်လာတတ်မှန်း ကြိုသိခဲ့ရင်
ငါ ဒီဇာတ်လမ်းကို မကခဲ့ ပါဘူး။

ဟိုးအဝေးကို လှမ်းငေးမိတော့
အနမ်းမပြယ်သေးတဲ့ အလွမ်းပင်လယ်လေးထဲမှာလေ
နှလုံးသားကိုရွက်လွှင့် အပြုံးစကားကိုနားစွင့်လို့ 
လှေငယ်တစ်စီး
မတွေ.နိုင်တော့တဲ့ ဆိပ်ကမ်းကိုရှာနေတုန်း။

သေချာပါတယ်
ပြန်မရတော့တဲ့ အိပ်မက်ဟောင်း
ဘ၀တသက်တာမှာ တက်ခဲ့ဖူးတဲ့ကျောင်းတစ်ကျောင်းလို့ 
သဘောထားလိုက်တော့မယ်။ ။ ။ ။

Sunday, August 10, 2008

ဥယျာဉ်မှုး

ဇင်ယော်တစ်ယောက် အလုပ်တွေရှုပ်ပြီး စာအုပ်တွေထဲ ခေါင်းမြုပ်နေတဲ့ ကြားက အငြိမ်မနေနိုင်ပဲ ကဗျာလေးတစ်ပုဒ် ရေးမိပြန်တော့  ထုံးစံအတိုင်း ဆိပ်ကမ်းလေးရဲ့  တစ်နေရာမှာ ကဗျာလေးနဲ့  အလှဆင်မိလေရဲ့ ။

ဥယျာဉ်မှုး

မခူးရက်ပါ
ဆူးချက်ကို ကြောက်လို့ မဟုတ်။
မဆင်ရက်ပါ
အပင်ထင်ကို မမှီလို့ မဟုတ်။
မနမ်းရက်ပါ
အလှမ်းခက်မှာ စိုးလို့ မဟုတ်။
ခူးချင် ဆင်ချင် ယုယချင်မင့် 
သခင့် အတွက်
ပင့် သက်ဟာကဗျာ
ကာရန်ဟာ အိမ်မက်ပေမို့ 
ရေလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့
ဥယျာဉ်မှုးလို ကျွန်ုပ်။ ။ ။

Tuesday, August 5, 2008

မျက်ဖြေလင်္ကာ

မနေ့ က ဘလော့အလည်ထွက်ရင်းနဲ့  ကိုအောင်သာငယ် ရဲ. ဘလော့မှာ မျက်ဖြေ ဆိုတဲ့ ကဗျာလေးကိုတွေ့ တော့ ကျနော်လည်း တရံရောအခါက မျက်ဖြေလင်္ကာ လေးကို သွားသတိရမိတယ်။ ကြာတော့ ကြာခဲ့ ပါပြီ။ လွန်ခဲ့ တဲ့  ၃နှစ်လောက်က သူငယ်ချင်းတယောက် Mail Attach နဲ့  လှမ်းပို့ လိုက်တဲ့ ကဗျာလေးပါ။ ဇင်ယော်လေး အလှည့်ကျမှပဲ မျက်ဖြေလင်္ကာမဟုတ်ပဲ ဖြတ်စာဖြစ်သွားတော့ တယ်။ ဒီလိုပါ သူလေးက မဆိုစလောက် နဲနဲလေး ၀တယ်လေ။( အတိအကျတော့ မမေးနဲ့  ဖြေဘူး ) ဟီးဟီး...ချစ်စခင်စကြင်နာစမှာအလုပ်တွေရှုပ်ပြီး ပစ်ထားမိလို့  စိတ်ကောက်ပါလေရော။ ဇင်ယော်ပဲ ဘယ်ရမလဲ ။ မျက်ဖြေလင်္ကာလေးကို ပဲပင်ပေါက်ကို ကောက်ရိုးနဲ့ သီတဲ့ လက်ရေးနဲ့ ရေးပြီး သူလေးရဲ့ အိမ်ရှေ့ စာတိုက်ပုံးထဲ သွားထည့်ထားလိုက်တာပေါ့ ။အောင်မလေးဗျာ တခါတည်း သူ့လေးရဲ့  လှပြီးဝနေတဲ့ ကိုယ်လုံးလေးကို လှောင်ပြောင်တယ်ဆိုပြီးအဆက်ဖြတ်လိုက်ပါလေရော။

မတော်လိုက်ရတဲ့ ယောက္ခမလောင်းတွေကလည်း ဒီအကောင်ခုတည်းက
ဝိတ်ချခိုင်းနေပုံထောက်ရင် သူတို့ လိုမကျွေးထားနိုင်လို့ ပဲဖြစ်ရမယ်ဆိုပြီး အားပေးအားမြှောက်ပြုကြတယ်လေ။ အခုတော့  ကျနော့် ညီ ဇာတ်မင်းသားလေးက Rapper လုပ်ချင်တယ်ဆိုတော့  သူ့ ကိုပဲ ဒီကဗျာလေးကို Rap သီချင်းပြောင်းဆိုခိုင်းရကောင်းမလားလို့ ။ သူငယ်ချင်းတို့ ရော ဘယ်လိုသဘောရလဲ။

( မျက်ဖြေလင်္ကာလေးရဲ. မူရင်းပိုင်ရှင်ကိုမသိတဲ့ အတွက် ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်။ တချို.နေရာလေးတွေမှာ ဟိုဟိုဒီဒီလျှောက်ကလိပြီး ပြင်ဆင်ထားတာလေးတွေကိုလည်း ခွင့် လွှတ်ပါလို့ တောင်းပန် ပါတယ်ဗျာ။ )


မျက်ဖြေလင်္ကာ
ချစ်လေးရေ စိတ်ဆိုးလို့ ပိတ်ထိုးမယ်ဆိုရင်လည်းထိုးပါ။
ကိုယ်ရှောင်ပေးပါ့ မယ်။
ချစ်လေးကအပြစ်ပေးမယ်ဆိုရင်
Empire State Building ပေါ်ကလေထီးနဲ့ ခုန်ချရခုန်ချရ။
Statue Of Liberty ပေါ်ကို Spiderman နဲ့ တွယ်တက်ရတက်ရ။
Antlatic Ocean ကို Submarine နဲ့ ဖြတ်ကူးရင်ကူးရပါ။
ဒါမှ မကျေနပ်သေးရင် ပင်လယ်ရေထဲကို ကျင်ငယ်ရေ စွန့် ခိုင်းရင်ခိုင်း။
Everst တောင်ပေါ်ကို တွဲဖက်နောင်တောင်မပါပဲ Chopper နဲ့ တက်ရတက်ရ။
Heaven ပေါ်တက်ပြီးကွမ်းယာရောင်းရင်ရောင်းရ။
Hell အောက်ဆင်းပြီးဓါတ်ဆီရောင်းရင်ရောင်းရ။
Amazon တောထဲကခြင်္သေ့တွေကိုလောက်စာလုံးနဲ့ ဆော်ရဆော်ရ။
Jurassic Park ထဲက ဒိုင်နိုဆောရဲ. Ass ကိုပင်အပ်နဲ့ ထိုးရထိုးရ။
Japan Sumo မိန်းမပျိုလေးတွေနဲ့  နပန်းပဲ လုံးရလုံးရ။
Binlardin ကို နင်ဟာအချဉ်လို့ ခေါ်ခိုင်းရင်ခေါ်ခိုင်း။
Mr. Bush ကို ဒီမှာ ငချွတ် နင်ဟာဖွတ်လို့ အော်ခိုင်းအော်ခိုင်း။
Classical Music ကို အထူးချစ်ပြီး နားကွဲအောင် နားထောင်ခိုင်းခိုင်း။
အချစ်တွေမပေါ့ ဖို့  Rock ပဲ ဟစ်ရဟစ်ရ။
အပြစ်တွေလျှော့ဖို့  Hip Hop ကိုပဲ ဆိုရင်ဆိုရပါ။
Beyonce နဲ့ အဆက်အသွယ်ဖြတ်ဆိုလည်းဖြတ်ပါ့ မယ်။
Shakira ကိုစာမပြန်နဲ့ ဆိုလည်း မပြန်ပဲနေပါ့ မယ်။
အသက်မရှူ ပါးစပ်မကူပဲ စက္ကန်.၀က်နေဆိုနေပါ့ မယ်။
မလှုပ်မရှား မုန့် မစားပဲ ၁ မိနစ်နေဆိုနေပါ့ မယ်။
ငိုနေဆိုလည်း ငိုပါ့ မယ်၊ ရယ်နေဆိုလည်း ရယ်ပါ့ မယ်။
ချစ်လေးရယ်....စိတ်ကိုလျှော့ လို့ ဝိတ်ကိုလည်းလျှော့ ။
ဖြေပါလေတော့  ပြေလေတော့ ။
အမည်မသိ ၂၁ရာစုစာဆို ။။။။။။။။။။။။

Saturday, August 2, 2008

ကလေးရေ

လောလောလတ်လတ် တင်စရာ အိုင်ဒီယာ ကောင်းကောင်းမရသေးတာနဲ. အရင်တုန်းကရေးခဲ.ဖူးတဲ. ကဗျာလေးတစ်ပုဒ်ကိုပဲ ပြန်ပြီး modify လုပ်ပြီး တင်ပေးလိုက်တာပါ။ .....




ကလေးရေ...


မက်ခဲ.ဖူးတဲ. ပျော်ရွှင်အိမ်မက်
ခွင်.ရှိသေးရင် ဆက်မက်နေချင်သေးတယ်။
လှပလွန်းတဲ. ကလေးရဲ.ပုံရိပ်
စုံမှိတ်ထားတဲ. မျက်ဝန်းထဲမှာတောင် မြင်ယောင်နေဆဲပဲ။
ကြည်နူးခဲ.ဖူးတဲ. စကားသံချိုချို
ခုတော. တကယ်.ကို လိုနေပြီ ကလေးရယ်။
ရင်ခုန်သံမြန်စေတဲ. ကလေးရဲ.အပြုံး
ကိုယ်.ဘ၀တသက်လုံး အတွက်
သိမ်းထားမိလိုက်တယ်။
ကလေးရေ......
မင်းချည်နှောင်ခဲ.တဲ. တစ်ချောင်းတည်းသောကြိုး
သံယောဇဉ် ဆိုတဲ. သူ.တန်ခိုးက
မမြင်နိုင်ပေမယ်. ဖြတ်ဖို.မလွယ်ပါ.လား။ ။ ။


ကလေးရေ....
အမှတ်တမဲ့တွေတိုက်ဆိုင်မိတိုင်းသာ
အမှတ်တရတွေဖြစ်လာမယ်ဆိုတာကို
ကြိုသိခဲ့ရင် ကိုယ်လေ...............။ ။ ။ ။ ။