Saturday, August 2, 2008

ကလေးရေ

လောလောလတ်လတ် တင်စရာ အိုင်ဒီယာ ကောင်းကောင်းမရသေးတာနဲ. အရင်တုန်းကရေးခဲ.ဖူးတဲ. ကဗျာလေးတစ်ပုဒ်ကိုပဲ ပြန်ပြီး modify လုပ်ပြီး တင်ပေးလိုက်တာပါ။ .....




ကလေးရေ...


မက်ခဲ.ဖူးတဲ. ပျော်ရွှင်အိမ်မက်
ခွင်.ရှိသေးရင် ဆက်မက်နေချင်သေးတယ်။
လှပလွန်းတဲ. ကလေးရဲ.ပုံရိပ်
စုံမှိတ်ထားတဲ. မျက်ဝန်းထဲမှာတောင် မြင်ယောင်နေဆဲပဲ။
ကြည်နူးခဲ.ဖူးတဲ. စကားသံချိုချို
ခုတော. တကယ်.ကို လိုနေပြီ ကလေးရယ်။
ရင်ခုန်သံမြန်စေတဲ. ကလေးရဲ.အပြုံး
ကိုယ်.ဘ၀တသက်လုံး အတွက်
သိမ်းထားမိလိုက်တယ်။
ကလေးရေ......
မင်းချည်နှောင်ခဲ.တဲ. တစ်ချောင်းတည်းသောကြိုး
သံယောဇဉ် ဆိုတဲ. သူ.တန်ခိုးက
မမြင်နိုင်ပေမယ်. ဖြတ်ဖို.မလွယ်ပါ.လား။ ။ ။


ကလေးရေ....
အမှတ်တမဲ့တွေတိုက်ဆိုင်မိတိုင်းသာ
အမှတ်တရတွေဖြစ်လာမယ်ဆိုတာကို
ကြိုသိခဲ့ရင် ကိုယ်လေ...............။ ။ ။ ။ ။

1 comment:

Anonymous said...

ကလေးရေ့ ဆိုတော့ ”“ရှင်...အစ်ကိုကြီးရေ့ ” လို့ ပြန်မထူးဘူးလားဗျ ဟီးး ကောင်းတယ်ဗျို့  ကဗျာလေးက နုညံ့တယ် အားပေးနေတယ် ချီးယားးးး)