Thursday, August 7, 2008

ဘယ်တော့မှ မ၀ယ်ဘူး

ဇင်ယော်တို. ဒီနေ့ ရွာလည်ရုံတင်မက မြို.ပါပတ်တဲ့ နေ့ ပါ။ တနေကုန် မောလည်းမော စိတ်လည်းတိုနဲ့  နဂါးခေါင်းက ဇင်ယော်ရှိတဲ့ ဘက် တစ်နေကုန်လှည့်နေလား အောက်မေ့ရတယ်။ ဘာမှလုပ်ဖို့ စိတ်မပါတာနဲ့  စာအုပ်လေးဖတ်ပြီး နှပ်တော့မယ်ပေါ့ ။ ဟာသလေးတွေမြင်တော့လည်း မနေနိုင်ဘူး။ လက်ကရွလာတာနဲ့  ကောက်ရေးလိုက်မိတော့တယ်။ Reader's Digest ထဲက ကူးချလိုက်တာပါ။ ခံစားကြည့်လိုက်ပါဦး။


ဘယ်တော့မှ မ၀ယ်ဘူး

ဟိုတလောက ဇင်ယော်လေးတို့  အိမ်နားမှာ အဆင့်မြင့်  စူပါမားကက်ကြီးတစ်ခု ဖွင့်တယ်ဗျ။ မဖွင့်ခင်တည်းက နာမည်ကြီးနေပြီ၊ ကြော်ငြာအားက တော်တော်သုံးထားတော့  လူတွေက စိတ်ဝင်စားကြတာပေါ့ ။ ထုံးစံအတိုင်း မော်ဒယ်ရှိုးတွေ၊ကံစမ်းမဲတွေလည်း ပါတယ်။နောက်ပြီး တချို.ပစ္စည်းတွေကို ဈေးလျှော့ပြီးလည်း ရောင်းပေးတယ်တဲ့။

အဓိက ကတော့ သူများနဲ့ မတူအောင် (interactive media) ဆိုတဲ့ အဆင့်မြင်.နည်းပညာတွေ သုံးပြီး စားသုံးသူတွေ ၀ယ်ယူရ လွယ်ကူအောင် ၊ စိတ်ချမ်းသာမှု အပြည့်ရှိအောင် စီစဉ်ထားတယ်တဲ့ ။ ဇင်ယော်လေးလည်း ဘယ်နေနိုင်မလဲ။ မော်ဒယ်လေး တွေလည်းငေးရင်း ၊ ကံစမ်းမဲလည်း ပေါက်လိုပေါက်ငြား လျှော့ဈေးနဲ့ ရောင်းတဲ့ပစ္စည်းတွေသွားဝယ်တာပေါ့ ။

ဘယ်လို နည်းပညာတွေ သုံးထားလဲဆိုတာကို သိချင်စိတ်ကတော့ ထိပ်ဆုံးကပဲ။ ဟား .. တကယ့်ကို အဆင့်မြင့်တယ်ဗျ။ ဟင်းသီးဟင်းရွက် ၀ယ်ချင်လား။ အနားမှာရှိတဲ့ တီဗွီလေးပေါ်က ဟင်းသီးဟင်းရွက် ပုံလေးကို လက်လေးနဲ့ ထိလိုက်။ ဘယ်လိုသွား ဘယ်လိုကွေ့ ဆိုတဲ့  လမ်းညွှန်လေးချက်ချင်းပေါ်လာလိမ့်မယ်။ ဟင်းသီးဟင်းရွက်တန်းကို ရောက်တာနဲ့  နောက်ခံရှုခင်းက သီးနှံစိုက်ခင်းတွေနဲ့ ၊ မိုးဖွဲလေးတွေ ရွာကျနေတဲ့ အသံ၊ကျေးငှက်လေးတွေ အော်မြည်နေတဲ့ အသံတွေကိုလည်းကြားနေရတယ်၊ နောက်ပြီး သီးနှံစိုက်ခင်းတွေ ဘေးက ဖြတ်သွားရင် ရနေကျ စိမ်းစိုလတ်ဆတ်တဲ့ ရနံ့ လေးတွေလည်း လွှတ်ထားသေးတယ်။ ဟားးးးးးတယ်ဟုတ်ပါလား။

အင်း နွားနို့ ဝယ်ဖို့ သွားတော့လည်း နွားတင်းကုပ်ပုံ အိမ်လေးထဲမှာ နွားမကြီးနဲ့ နွားပေါက်လေးတွေရဲ့ အသံတွေ ကြားနေရတယ်။ နွားစာ မြက်စိမ်းနံ့ လေးတွေ၊ ကောက်ရိုးနံ့ လေးတွေ ဆိုတာ သင်းနေတာပဲ။ မိုက်တယ်ကွာ။ မနက်စာအတွက် ကြက်ဥ၀ယ်ရဦးမယ်။ ၀ိုး...ကြက်မွေးမြူရေး ခြံပုံစံ နောက်ခံလေးမှာ ကြက်မကြီးနဲ့ ကြက်ပေါက်စလေး တွေရဲ့ အသံလေးတွေ ကြားနေရတယ်။ လေထဲမှာလည်း သန့် ရှင်းလတ်ဆတ်တဲ့ ကြက်ဥကြော်နံ့ လေးက မွှေးလို့ ။ ဟား.... ကြိုက်သွားပြီ။ နောက်ဆို ဈေးဝယ်ရင် စူပါဝမ်းမှာ မှစိတ်ချရတယ်...
အဲ ဆောရီး... ကြော်ငြာနဲ့ မှားသွားလို့ .... နောက်ဆို ဈေးဝယ်ရင် ဒီမှာပဲ
ဝယ်တော့ မယ်။

အာ...အခုမှ သတိရတော့ တယ်၊ အိမ်မှာ အိမ်သာသုံးစက္ကူ ကုန်နေပြီ၊
ဝယ်ဦးမှ။.......အမ်..........အောင်မလေးဗျာ ....................................................................................................................
................................................................................ဇင်ယော်လေး ဆုံးဖြတ်လိုက်ပါတယ်။
ဒီတခုတော့  အိမ်နားကဆိုင်လေး မှာပဲ
အမြဲတမ်းဝယ်တော့ မယ်လို့ ။။။။။။။။။။။။။။။။။။။။။

6 comments:

Anonymous said...

ဟား ဟား...
ရယ်ရတယ်... :P
စူပါဝမ်းမှာဝယ်တော့ဘူးပေါ့လေ...
တစ်လက်စတည်းဝယ်သွားလိုက်ပါလား.. အဟဲ..
အိမ်နားကဆိုင်လေးဆီတစ်ခါပြန်သွားနေရအုံးမယ်
ကိုယ့်အစ်ကိုကြီးပင်ပန်းနေမှာစိုးလို့ပါ.. :P

Anonymous said...

ဘာဖြစ်သွားလို့ လဲ အစ်ကို ။ စက္ကူဝယ်မယ်ဆိုတော့ ဘာပုံလေးကို နှိပ်လိုက်တာလဲ မရှင်းဘူး အောက်ဆုံးရောက်မှး)

ကိုစွမ်း said...

သေချာလည်း ရှင်းမပြဘူး နားမလည်ဘူး ခင်ညာ. အဟီး

Anonymous said...

ကုန်ပစ္စည်းတစ်ခု ၀ယ်တော့မယ် ဆိုရင်
ရောင်းတဲ့ ကောင်တာလေးမှာ အဲဒီ
ကုန်ပစ္စည်းနဲ့ သက်ဆိုင်တဲ့  နောက်ခံရှုခင်းလေးတွေ၊အဲဒီ ပစ္စည်းနဲ့ ပတ်သက်တဲ့  အသံဗလံလေးတွေ၊ရနံ့ သင်းသင်းလေးတွေ ထိတွေ့ ခံစားရတယ်လေ။ အိမ်သာသုံးတဲ့ စက္ကူပါဆို.......
တွေးကြည့်ပေတော့ ဘာပုံကိုတွေ့ ပြီး ဘာနံ့ တွေ
ရလို့  ဘာသံတွေကြားရမလဲဆိုတာကို...........ဟီး တကယ်လက်တွေ.သိချင်ရင်တော့  ကိုယ်တိုင်ပဲ
ပြေးဝယ်ကြည့်လိုက်ပါတော့ခင်ဗျာ။.......ကြော်ငြာကြော်ငြာ...

Unknown said...

ဟဲဟဲ ကြော်ငြာကလည်း ဘယ်လိုကြီးလည်းနော် အဆန်းပဲ ရီရတယ် :D

:P said...

တွေးတတ်ပ