Tuesday, August 5, 2008

မျက်ဖြေလင်္ကာ

မနေ့ က ဘလော့အလည်ထွက်ရင်းနဲ့  ကိုအောင်သာငယ် ရဲ. ဘလော့မှာ မျက်ဖြေ ဆိုတဲ့ ကဗျာလေးကိုတွေ့ တော့ ကျနော်လည်း တရံရောအခါက မျက်ဖြေလင်္ကာ လေးကို သွားသတိရမိတယ်။ ကြာတော့ ကြာခဲ့ ပါပြီ။ လွန်ခဲ့ တဲ့  ၃နှစ်လောက်က သူငယ်ချင်းတယောက် Mail Attach နဲ့  လှမ်းပို့ လိုက်တဲ့ ကဗျာလေးပါ။ ဇင်ယော်လေး အလှည့်ကျမှပဲ မျက်ဖြေလင်္ကာမဟုတ်ပဲ ဖြတ်စာဖြစ်သွားတော့ တယ်။ ဒီလိုပါ သူလေးက မဆိုစလောက် နဲနဲလေး ၀တယ်လေ။( အတိအကျတော့ မမေးနဲ့  ဖြေဘူး ) ဟီးဟီး...ချစ်စခင်စကြင်နာစမှာအလုပ်တွေရှုပ်ပြီး ပစ်ထားမိလို့  စိတ်ကောက်ပါလေရော။ ဇင်ယော်ပဲ ဘယ်ရမလဲ ။ မျက်ဖြေလင်္ကာလေးကို ပဲပင်ပေါက်ကို ကောက်ရိုးနဲ့ သီတဲ့ လက်ရေးနဲ့ ရေးပြီး သူလေးရဲ့ အိမ်ရှေ့ စာတိုက်ပုံးထဲ သွားထည့်ထားလိုက်တာပေါ့ ။အောင်မလေးဗျာ တခါတည်း သူ့လေးရဲ့  လှပြီးဝနေတဲ့ ကိုယ်လုံးလေးကို လှောင်ပြောင်တယ်ဆိုပြီးအဆက်ဖြတ်လိုက်ပါလေရော။

မတော်လိုက်ရတဲ့ ယောက္ခမလောင်းတွေကလည်း ဒီအကောင်ခုတည်းက
ဝိတ်ချခိုင်းနေပုံထောက်ရင် သူတို့ လိုမကျွေးထားနိုင်လို့ ပဲဖြစ်ရမယ်ဆိုပြီး အားပေးအားမြှောက်ပြုကြတယ်လေ။ အခုတော့  ကျနော့် ညီ ဇာတ်မင်းသားလေးက Rapper လုပ်ချင်တယ်ဆိုတော့  သူ့ ကိုပဲ ဒီကဗျာလေးကို Rap သီချင်းပြောင်းဆိုခိုင်းရကောင်းမလားလို့ ။ သူငယ်ချင်းတို့ ရော ဘယ်လိုသဘောရလဲ။

( မျက်ဖြေလင်္ကာလေးရဲ. မူရင်းပိုင်ရှင်ကိုမသိတဲ့ အတွက် ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်။ တချို.နေရာလေးတွေမှာ ဟိုဟိုဒီဒီလျှောက်ကလိပြီး ပြင်ဆင်ထားတာလေးတွေကိုလည်း ခွင့် လွှတ်ပါလို့ တောင်းပန် ပါတယ်ဗျာ။ )


မျက်ဖြေလင်္ကာ
ချစ်လေးရေ စိတ်ဆိုးလို့ ပိတ်ထိုးမယ်ဆိုရင်လည်းထိုးပါ။
ကိုယ်ရှောင်ပေးပါ့ မယ်။
ချစ်လေးကအပြစ်ပေးမယ်ဆိုရင်
Empire State Building ပေါ်ကလေထီးနဲ့ ခုန်ချရခုန်ချရ။
Statue Of Liberty ပေါ်ကို Spiderman နဲ့ တွယ်တက်ရတက်ရ။
Antlatic Ocean ကို Submarine နဲ့ ဖြတ်ကူးရင်ကူးရပါ။
ဒါမှ မကျေနပ်သေးရင် ပင်လယ်ရေထဲကို ကျင်ငယ်ရေ စွန့် ခိုင်းရင်ခိုင်း။
Everst တောင်ပေါ်ကို တွဲဖက်နောင်တောင်မပါပဲ Chopper နဲ့ တက်ရတက်ရ။
Heaven ပေါ်တက်ပြီးကွမ်းယာရောင်းရင်ရောင်းရ။
Hell အောက်ဆင်းပြီးဓါတ်ဆီရောင်းရင်ရောင်းရ။
Amazon တောထဲကခြင်္သေ့တွေကိုလောက်စာလုံးနဲ့ ဆော်ရဆော်ရ။
Jurassic Park ထဲက ဒိုင်နိုဆောရဲ. Ass ကိုပင်အပ်နဲ့ ထိုးရထိုးရ။
Japan Sumo မိန်းမပျိုလေးတွေနဲ့  နပန်းပဲ လုံးရလုံးရ။
Binlardin ကို နင်ဟာအချဉ်လို့ ခေါ်ခိုင်းရင်ခေါ်ခိုင်း။
Mr. Bush ကို ဒီမှာ ငချွတ် နင်ဟာဖွတ်လို့ အော်ခိုင်းအော်ခိုင်း။
Classical Music ကို အထူးချစ်ပြီး နားကွဲအောင် နားထောင်ခိုင်းခိုင်း။
အချစ်တွေမပေါ့ ဖို့  Rock ပဲ ဟစ်ရဟစ်ရ။
အပြစ်တွေလျှော့ဖို့  Hip Hop ကိုပဲ ဆိုရင်ဆိုရပါ။
Beyonce နဲ့ အဆက်အသွယ်ဖြတ်ဆိုလည်းဖြတ်ပါ့ မယ်။
Shakira ကိုစာမပြန်နဲ့ ဆိုလည်း မပြန်ပဲနေပါ့ မယ်။
အသက်မရှူ ပါးစပ်မကူပဲ စက္ကန်.၀က်နေဆိုနေပါ့ မယ်။
မလှုပ်မရှား မုန့် မစားပဲ ၁ မိနစ်နေဆိုနေပါ့ မယ်။
ငိုနေဆိုလည်း ငိုပါ့ မယ်၊ ရယ်နေဆိုလည်း ရယ်ပါ့ မယ်။
ချစ်လေးရယ်....စိတ်ကိုလျှော့ လို့ ဝိတ်ကိုလည်းလျှော့ ။
ဖြေပါလေတော့  ပြေလေတော့ ။
အမည်မသိ ၂၁ရာစုစာဆို ။။။။။။။။။။။။

6 comments:

Anonymous said...

Rapper သီချင်းလေးက ဆိုလို့ ကောင်းသား ဒါပေမယ့် ဒီအဆိုတော်က အင်္ဂလိပ်လိုမတော်ဘူးဗျ ဘီလိုလုပ်ရပါ့ ကျူရှင်လာသင်အုံးမယ်း)

ATN said...

ဟိုက ဖြတ်သွားတာတောင်နည်းသေး ကိုဇင်ယော်း)

ရွှန်းမီ said...

အင်းပေါ့..
ရယ်အောင် လုပ်တာကို သူက ငိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲလေ..
(ဟီး ရယ်ချင်ရက် ဖြတ်သွားခံရတယ် ဆိုလို့ မရယ်တော့ပါဘူး။)

Anonymous said...

မျက်ဖြေလင်္ကာက မိုက်ပါတယ်...
အဲ...သူကဝနေတာကိုအစ်ကိုမေ့သွားတယ်ထင်တယ်..
ဟဲ...နောက်ဆိုသတိထားပေါ့ဗျာ။
အစ်ကိုတော်မောင်မျိုးကို Rapper လုပ်ခိုင်းလိုက်အစ်ကို
ဆိုလို့ကောင်းတယ်ဆိုပဲ... အစ်ကိုကလက်ချာပေးလိုက်ပေါ့နော် :P

သက်တန့် said...

မျက်ဖြေလင်္ကာ ဖတ်ပြီး မျက်ရည်တောင် လည်လာတယ်... ရယ်ရလို့... ဟိ... :D

Unknown said...

အချိန်ရတုန်းလေးလာဖတ်တာ တော်တော်သဘောကျတယ်ဗျာ လာဖတ်ရကျိုးနပ်လိုက်တာ အဟိ... :D