Monday, August 18, 2008

လိပ်စာလေးပဲ မှားတာပါ

ဇင်ယော်တစ်ယောက် အရှုပ်တွေလုပ်...အဲ မှားလို့ ....အလုပ်တွေရှုပ်နေတာနဲ့  သူငယ်ချင်းဘလော့တွေဆီကိုတောင် ဟုတ်တိပတ်တိ အလည်မထွက်နိုင်ဘူး။ စာမေးပွဲနီးနေလို့  စာအုပ်ကို ချစ်သူ့ မျက်နှာအမှတ်နဲ့  တစိမ့်စိမ့်ကြည့် နေရတယ်။ ( ဟီး ဖိုးကာ ဆိုထားတဲ့ သီချင်းလေးတောင် သတိရမိသေးတယ် ) စာအုပ်ထဲဖွင့် ကြည့်လိုက်ရင် မမြင်မတွေ.ဘူးတဲ့ စာမျက်နှာက အတော်တော် များများရယ်။ ( ကြိုးစားအားထုတ်မှုက အဲလိုကောင်းတာ )။ ကိုယ်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ရင်း ငို၍ရယ်၍ မရသောမျက်နှာ ဆိုတာ အခုမှပဲ သဘောပေါက်သလိုလို ရှိလာတယ်။ နောက်ဆုံးတော့ မထူးပါဘူး ၊ ပို့ စ်လေး တစ်ပုဒ်တော့ တင်လိုက်ဦးမှပဲ။ ဒါမှလည်း နေသာထိုင်သာရှိမှာလေ။
မိတ်ဆွေတစ်ယောက် ပို့ လိုက်တဲ့  ဟာသလေးပါ။ မရယ်ရရင်တော့ ဇင်ယော်လေးရဲ. ဘာသာပြန် ညံ့ဖျင်းမှု
လို့ ပဲ သဘောထား လိုက်ပေတော့ဗျို.။ ။ ။

လိပ်စာလေးပဲ မှားတာပါ

ဟိုတယ်သို့  ရောက်ခါစ လူတစ်ယောက် အခန်းထဲကို လျှောက်ကြည့်ရင်း စားပွဲပေါ်တွင် အင်တာနက် အသုံးပြုနိုင်သော ကွန်ပြူတာကို တွေ့ လိုက်ရသည့်အခိုက် အလွန်ဝမ်းသာ သွားလေသည်။ သူချက်ချင်း ဆုံးဖြတ်လိုက်သည်။ ရှုမငြီးတဲ့ ချစ်ဇနီးလေးထံ အီးမေးလ် ပို့ ဦးမှပဲ။ သူရိုက်လိုက်သည့် အီးမေးလ်လိပ်စာက typing error ကြောင့် အမည်ဆင်တူရိုးမှား အခြားလိပ်စာတစ်ခု ဖြစ်နေသည်။ သို့ ပေမယ့် သူ့ အမှားကို သတိမပြုမိပဲ ထိုအီးမေးလ်ကို ၀မ်းသာအားရ ပို့ လိုက်လေတော့သည်။

တချိန်တည်းမှာပင်......
ဆုံးပါးသွားသော လင်ယောက်ျားဧ။် အသုဘ အခမ်းအနားမှ ပြန်ရောက်လာသော မုဆိုးမလေး အိမ်တံခါးဖွင့်ရင်း စဉ်းစားနေသည်။ အင်း..... မိတ်ဆွေသူငယ်ချင်းတွေဆီက အားပေးတဲ့ အီးမေးလ်တွေ ရောက်သေးလား မသိဘူး။ inbox ဖွင့်ပြီး စစ်ကြည့်ဦးမှပဲ။

ပထမဆုံး အီးမေးလ်ကို ဖတ်ပြီးနောက် သူမ မူးမေ့ကာ လဲပြိုကျသွားသည်။ အိမ်နီးနားချင်းများ ရောက်လာတော့ သူမက ကြမ်းပြင်ပေါ်မှာ ခွေခွေလေး။ ဘာတွေများ သူမ ဖတ်မိလိုက်ပါလိမ့်။ ကွန်ပြူတာ မော်နီတာ ပေါ်မှာ ရှိနေတဲ့ အီးမေးလ်တစ်စောင်....ဖတ်ကြည့်လိုက်တော့

သို့း ရှုမငြီးတဲ့ ချစ်ဇနီးလေး
အကြောင်းအရား မျှော်နေမယ်
နေ့ စွဲး ..................................

အချစ်လေးရေ....
မမျှော်လင့်ပဲ ကိုယ့်ဆီက အီးမေးလ် ရောက်လာလို့  တော်တော် အံ့ သြ သွားလား။ ကိုယ်ခုပဲ ဒီကိုရောက်တယ်ကွ။ ချောချောမောမောနဲ့  အားလုံး အဆင်ပြေတယ်။ ဒီမှာ ကွန်ပြူတာလဲ ပေးထားတယ်။ အင်တာနက်လည်း သုံးလို့ ရတော့ အီးမေးလ်ပို့ လို့  အဆင်ပြေတယ်လေ။ မနက်ဖြန် အချစ်လေးရောက်လာရင် အဆင်သင့်ဖြစ်အောင် အစစအရာရာ စီစဉ်ထားတယ်။ ဘာမှမပူနဲ့ ။ စိတ်အေးအေး ထားပြီးတော့ သာလာခဲ့ပေတော့။ အချစ်လေးနဲ့  ဆုံတွေ.ရမယ့် မနက်ဖြန်ကို မျှော်လင့်နေတဲ့ 

ချစ်ခင်ပွန်း.....

( မရယ်ရရင်တောင် ပြုံးမိမယ်လို့  မျှော်လင့်ပါတယ်။ ဒါမှမဟုတ်...ကိုယ့်ကိုကိုယ်ပဲ ကလိထိုးပြီး ရယ်ကြည့်ကြပါလို.။ )

7 comments:

Anonymous said...

ဟီးဟီး မုဆိုမလေး သနားပါတယ်ဗျာ သူ့ ခမျာ လန့် မှာပေါ့ ချောချောမောမောရောက်တယ်ဆို ပါလား သေချာတာ ကားနဲ့ လိုက်ပို့ တာလား မသိဘူးး ကြောက်ချာကြီးး အစ်ကိုလည်း မေးလ်ပို့ ရင် သေချာပို့ အုံးး :P

Anonymous said...

ဟိ ဟိ..
သနားစရာ.. မေ့တောင်သွားရှာတယ်..
ဟုတ်တယ်အစ်ကိုကြီး.. အစ်ကိုတော်ပြောသလိုမေးလ်ပို့ရင်
လိပ်စာသေချာစစ်..

မြရွက်ဝေ said...

ကိုဇင်ယော်ရေ စာမေးပွဲဖြေတုန်း ဆိုရတဲ့ စိုင်းထီးဆိုင်သီချင်းလည်း ရှိတယ်လေ။ :D

Unknown said...

ကိုဇင်ယော်ရေ ဒီဟာသလေးသဘောကျတယ် ကျနော့်ချစ်သူလေးကိုပြောပြလိုက်မယ် :D

Anonymous said...

ဟိ ဟိ ဖြစ်ရမယ်နော် မုဆိုးမလေးသနားစရာသူ့ခမျာ့ခုချက် ချင်းပဲထွက်တော်မူနန်းကခွာရတော့မလိုလိုပဲ

ကိုစွမ်း said...

ဟားဟား...မှားလည်း မှားတတ်ပါပေ့အကိုရာ.
မောင်မျိုး ပဲ နေမှာပါ။ အင်တာနက်လည်း သုံးလို့ရတယ် ဆိုပဲ အဟား

အလင်းစေတမန် said...

ကြံကြံဖန်ဖန်ဗျာ စိတ်ကူးကောင်းတဲ့ဟာသလေးပဲ