Saturday, August 16, 2008

သင်ခန်းစာ

အင်း သောကြာနေ့  ညနေဆိုတော့ မိတ်ဆွေ သူငယ်ချင်း တော်တော်များများက ပျော်နေကြပြီလေ။ ၂ ရက်ကြီးများတောင် နားရတော့မယ် ဆိုပြီး။ ဇင်ယော်တယောက် မှာတော့ စာအုပ်ပုံကြား ခေါင်းနှစ်ပြီး သူများပျော်လို့ အပျော်နိုင် လဒကြီးလိုမှိုင် ဖြစ်နေတယ်။ ဇင်ယော်လည်း ပျော်ချင်တာပေါ့။ ဒါပေမယ့် စာမေးပွဲနတ်က တလှမ်းချင်း လှမ်းပြီးလာနေတာ ခုဆို ခဲနဲ့ လှမ်းပေါက်ရင်တောင် ထိလောက်တယ်။ ပါးစပ်ကလည်း အော်လာသေးတယ်။ resit တွေ re exam တွေ တစ်ဘာသာကို ၂၀၀။ လျှော့ဈေးတဲ့လေ။ စိတ်တိုတိုနဲ့ ထဆော် လိုက်ရရင်တော့  နာတော့မယ်။ ကိုယ့်ကိုကိုယ် ပြောတာ ဟီး။ ဒီကြားထဲ ဘော်ဒါတွေထဲမှာ ဒကာခံမဲ့သူက ဖုန်းဆက်ပြီး တကူးတက ခေါ်နေသေးတယ်။ စိတ်နာလာပြီ။ စာကျက်နေရင်းနဲ့  ပါးစပ်ထဲ ဘီယာအရသာပဲ ရလာသလိုလို၊ နှာခေါင်းထဲ အကင်နံ့ တွေပဲ ရလာသလိုလို၊ နားထဲမှာပဲ သီချင်းသံတွေ ကြားနေရသလိုလိုနဲ့  လူကဂနာမငြိမ် ဖြစ်လာတယ်။ မဖြစ်ချေဘူး။
မြန်မြန် အာရုံပြောင်းမှပဲ။ ဒီလိုနဲ့ ပဲ ကဗျာလေးတစ်ပုဒ် ချရေးဖြစ်သွားတယ်။ သင်ခန်းစာ တဲ့ ။

သင်ခန်းစာ

အနမ်းတစ်ပုဒ် ပန်းတစ်ဆုပ်နဲ့ 
ကြဲခဲ့ ဖူးတဲ့  နှုတ်ခမ်းတွေပေါ့
ငါ့ကိုပြုစားခဲ့ တာ။

ညနက်နက်တွေတိုင်းမှာ
အိပ်မက်မြူခိုးတွေဝေနေမိတာက
မင်းရဲ. ဒဏ္ဍာရီတွေပဲပေါ့။

တစုံတယောက်က ဆိုဖူးတယ်။
အလွမ်းဆိုတာ ဓါးထက်ထက်တစ်ချောင်းကို
ရင်ဘတ်ထဲ အလျားလိုက် မြိုထားရသလိုပဲတဲ့။

မျှော်လင့်မိရင် မျှော်လင့်သလောက်
ခံစားရတယ်ဆိုတဲ့ စကား
သီအိုရီတွေ မသုံးပဲ သက်သေပြခဲ့တာလား။

အမှတ်တမဲ့တွေ တိုက်ဆိုင်မိတိုင်း
အမှတ်တရတွေ ဖြစ်လာတတ်မှန်း ကြိုသိခဲ့ရင်
ငါ ဒီဇာတ်လမ်းကို မကခဲ့ ပါဘူး။

ဟိုးအဝေးကို လှမ်းငေးမိတော့
အနမ်းမပြယ်သေးတဲ့ အလွမ်းပင်လယ်လေးထဲမှာလေ
နှလုံးသားကိုရွက်လွှင့် အပြုံးစကားကိုနားစွင့်လို့ 
လှေငယ်တစ်စီး
မတွေ.နိုင်တော့တဲ့ ဆိပ်ကမ်းကိုရှာနေတုန်း။

သေချာပါတယ်
ပြန်မရတော့တဲ့ အိပ်မက်ဟောင်း
ဘ၀တသက်တာမှာ တက်ခဲ့ဖူးတဲ့ကျောင်းတစ်ကျောင်းလို့ 
သဘောထားလိုက်တော့မယ်။ ။ ။ ။

6 comments:

Anonymous said...

ဘာမှမဆိုင်ဘူး ဘီယာသောက်ချင်တာနဲ့  ကောင်မလေး သတိရသွားလို့  ကဗျာရေးလိုက်တာနဲ့း) အဝေးကြီးနော် မဲဆောက်နဲ့  မြ၀တီ ဟားဟားးး စတာ စတာ ကဗျာလေးကောင်းတယ် ကိုဇင်ယော် လက်သွက်လာတယ် ဆက်ချ (မြှောက်ပေးတာ ဖြစ်ချင်တာဖြစ် ရေးချင်တာရေး မြှောက်နေမယ် စိတ်သာချ :P )

ကိုရုပ်ဆိုး said...

မောင်မျိုးပြောသလို ဟုတ်ပ ကိုဇော်ယော်ရ ... ပါးစပ်ကဘီယာအရသာ ရတာနဲ့၊ စာမေးပွဲနီးတာနဲ့၊ ရင်ဘတ်ထဲ ဓားကို အလျားလိုက် မြိုထားရတာနဲ့ ??? :) ကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဗျာကောင်း တစ်ပုဒ်ဖတ်လိုက်ရတာကတော့ ကျေနပ်ဖွယ်ပါ။

Anonymous said...

ဟုတ်တယ်အစ်ကိုကြီး.
ဘာ ဘာ ဘာမှဆိုင်ဘူး.. ဟိ ဟိ..
ဒါပေမယ့် .. ကဗျာလေးဂွတ်တယ်.. တော်ချက်..
:P

Anonymous said...

ကဗျာလေး ဖတ်နေရင်းနဲ့ ဗိုက်ထဲမှာ ကလိကလိနဲ့
ညီဗိုက်ထဲမှာ အူတွေရော ရှိသေးရဲ့လားမသိဘူး
ညီလည်းလွမ်းတတ်တယ်
ကဗျာလေးက အဲလောက်အထိပဲ
ပြောရင်းနဲ့ ရှာရာပိုဗာ လေးကို လွမ်းလိုက်တာ
ဝိုင်းစုလေးကိုလည်းလွမ်းတယ်
ဟိဟိ

ရွှန်းမီ said...

သင်ခန်းစာကို လေ့လာဖတ်ရှုမှတ်သားသွားပါတယ်။
ကဗျာက မီ့ကိုလဲ စာလုပ်ဖို့ သတိထပ်ပေးနေသလိုပါပဲ။
ဒီ သင်ခန်းစာကို လေ့လာမိသလောက်တော့ . . လွမ်းနေတာ ဘီယာ မဟုတ်ဘူး ထင်တယ် :-P

သက်တန့် said...

ကို'ဇင်ယော်'က 'လဒကြီး'လိုမှိုင်တယ်ဆိုတော့ ဘယ်လိုပုံပါလိမ့်... @_@