Sunday, August 3, 2008

အိမ်အ၀င်


Reader's Digest ထဲကဖတ်မိတဲ့  ဟာသလေးကိုပြန်ပြီးဝေမျှ
လိုက်ပါတယ်။



အိမ်အ၀င်
တော်တော်လေး ညဥ့်နက်မှပြီးတဲ့ ပါတီကပြန်လာတဲ့ သူငယ်ချင်း ၂ယောက် ကားပတ်ကင်ကို စကားတပြောပြောနဲ့  လျှောက်လာကြတယ် ။
မောင်မျိုး -- ဒုက္ခပါပဲကွာ၊တော်တော်နောက်ကျနေပြီ။
အိမ်ရောက်ရင်တော့ လက်ဘက်ခြောက်ခတ်ရတော့မှာပဲ။
ဇင်ယော် -- မင်းမိန်းမ မသိအောင် အိမ်ကို တိတ်တိတ်လေး ပြန်ဝင်ပေါ့ ကွ။
မောင်မျိုး -- မလွယ်ပါဘူးကွာ၊ ငါ့ မိန်းမကို ဘယ်လိုမှ အရူးလုပ်လို့  မရဘူးကွ။
အိမ်နားရောက်ရင် ကားကိုစက်သတ်၊ ဂိုဒေါင်ထဲကို အသာလေးကို တွန်းပြီးထည့်၊ ပြီးရင်
လှေကားကို တိတ်တိတ်လေး ခြေဖျားထောက်ပြီးတက်၊ ရေချိုးခန်းထဲသွားပြီး
အ၀တ်အစားလဲရတယ်။ ဒါပေမယ့်သူဘယ်လိုကြားသွားလဲ မသိဘူးကွာ။ အိပ်ရာကထလာပြီး
ငါ့ကို အိမ်ပြန်နောက်ကျလို့ ဆိုပြီးဆူတော့ပူတော့တာပဲ။
ဇင်ယော် -- ဘာမှမပူနဲ့ ၊ ငါပြောသလိုလုပ်။ အားလုံးအဆင်ပြေစေရမယ်။
မောင်မျိုး -- လုပ်စမ်းပါဦးကွ၊ နည်းလမ်းကောင်းလေး။
ဇင်ယော် -- ကားကိုစက်သံမြှင်.ပြီး ဂိုဒေါင်ထဲကိုထည့်၊ လှေကားကိုခြေသံပြင်းပြင်းနဲ့  တက်၊
တံခါးကိုအသံမြည်အောင်တွန်းပြီးဖွင့်လိုက်။ ပြီးရင် အ၀တ်အစားမလဲသေးပဲနဲ့  အိပ်ရာထဲ
ဝင်ပြီးမိန်းမကိုသွားနမ်းပေတော့။ မယုံရင်ကြည့်၊
မင်းမိန်းမ အိပ်ချင်ယောင်ဆောင်နေလိမ့် မယ်။ ဟီးဟီးဟီး။ ။ ။

4 comments:

Anonymous said...

အမ်...ကျနော့် မှာမိန်းမရှိပါဘူးဗျ ကျမ်းကြေကုန်အုံးမယ်း)

Anonymous said...

ကိုမျိုး.. မိန်းမ အခုမရှိသေးပေမယ့် ရည်းစားအသစ်လေးတော့ ရှိနေပြီမလား။ အခု နည်းလမ်းလေးကို အလွတ်ကျက်ထား။ နောက်အသုံးဝင်
လိမ့် မယ်။ အဲဒါ Chapter 1 (အချိန်လွန်မှ အိမ်အပြန်) ၊
Lesson 1 (သင်ခန်းစာ ၁) ။

Anonymous said...

အော်...လတ်စသတ်တော့ လက်ဆင်ပေးနေတာကိုး...
:P

ညမီးအိမ် said...

ကောင်းလိုက်တဲ့နည်းလမ်းလေး။ သေချာမှတ်ထားဦးမှ။ :P