Showing posts with label ဟိုလိုလို ဒီလိုလို. Show all posts
Showing posts with label ဟိုလိုလို ဒီလိုလို. Show all posts

Saturday, November 1, 2008

လွမ်းမိတဲ့ အဖြစ်လေးတွေ

အဟဲ ခုတလော အလုပ်တွေ တော်တော်လေး ရှုတ်နေလို့  ဘယ်ကိုမှ မရောက်ဖြစ်ဘူး။ ရိုးရိုးသားသား ၀န်ခံရရင် ကိုယ့်ဆိပ်ကမ်း လေးကိုတောင် တစ်နေ့ တစ်ခေါက် ရောက်နိုင်ဖို့  တော်တော် အားထုတ်နေရလို့ ပါ။ ဒီနေ့  အားရက်လေးတော့ အားရပါးရ နားပြီပေါ့ဗျာ။ လာလည်ခဲ့ကြတဲ့ ၊ နားလညးပေးခဲ့ကြတဲ့ ၊ စာနာစွာနဲ့  ကူညီအားပေးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမ မိတ်ဆွေသူငယ်ချင်း အားလုံးကို အထူးကျေးဇူးတင်ပါတယ်ဗျာ။ ခုတော့ သိပ်ခေါင်းစားမခံချင်သေးတာနဲ့  ဆားကောက်ချက်လိုက်တာ ဟဲဟဲ လွမ်းမိတဲ့ အဖြစ်လေးတွေ ဆိုတာ ဖတ်ပြီး ဇင်ယော်လေးတော့ မျက်ရည်နဲ့ မျက်ခွက် ဒူးနဲ့ သာမက ခြေသလုံးနဲ့ ပါ အားရပါးရ သုတ်နေရပြီလို့  ထင်တော့မှာပဲ။ တကယ်ပါ ဇင်ယော်လေး အားရပါးရကို လွမ်းနေတာပါ။ ဘယ်သူ့ ကို လွမ်းလည်းဆိုရင်တော့ အောက်မှာသာ ကြည့်ပေတော့။ ဇင်ယော်လေးက စွဲလမ်းရတဲ့သူများတော့ လွမ်းလိုက်ရတာ ရင်ကွဲမတတ်ပဲ။ တချို.တွေကတော့ တခါတလေ လမ်းကြုံရင် တွေ.ဖြစ်သေးတယ်။ တချို.ကတော့ မတွေ.ရတာ အတော်ကြာလို့  တွေ.ချင်လိုက်တာ လွန်ပါလေရော။ ဘာပဲဖြစ်ဖြစ် ဇင်ယော်လေးရဲ့ လွမ်းရတဲ့ သူလေးတွေကို ကြည့်ကြပါဦးဗျာ။






















အလွမ်းဆုံး ချစ်သူလေးကတော့ သူပဲဗျို.။ ခုနေ တွေ.များတွေ.လိုက်လို့ ကတော့ဗျာ ဘာပြောကောင်းမလဲ။ ဟင်း တခါတည်း အားရပါးရ ။