Saturday, November 1, 2008

လွမ်းမိတဲ့ အဖြစ်လေးတွေ

အဟဲ ခုတလော အလုပ်တွေ တော်တော်လေး ရှုတ်နေလို့  ဘယ်ကိုမှ မရောက်ဖြစ်ဘူး။ ရိုးရိုးသားသား ၀န်ခံရရင် ကိုယ့်ဆိပ်ကမ်း လေးကိုတောင် တစ်နေ့ တစ်ခေါက် ရောက်နိုင်ဖို့  တော်တော် အားထုတ်နေရလို့ ပါ။ ဒီနေ့  အားရက်လေးတော့ အားရပါးရ နားပြီပေါ့ဗျာ။ လာလည်ခဲ့ကြတဲ့ ၊ နားလညးပေးခဲ့ကြတဲ့ ၊ စာနာစွာနဲ့  ကူညီအားပေးခဲ့ကြတဲ့ ညီအစ်ကို မောင်နှမ မိတ်ဆွေသူငယ်ချင်း အားလုံးကို အထူးကျေးဇူးတင်ပါတယ်ဗျာ။ ခုတော့ သိပ်ခေါင်းစားမခံချင်သေးတာနဲ့  ဆားကောက်ချက်လိုက်တာ ဟဲဟဲ လွမ်းမိတဲ့ အဖြစ်လေးတွေ ဆိုတာ ဖတ်ပြီး ဇင်ယော်လေးတော့ မျက်ရည်နဲ့ မျက်ခွက် ဒူးနဲ့ သာမက ခြေသလုံးနဲ့ ပါ အားရပါးရ သုတ်နေရပြီလို့  ထင်တော့မှာပဲ။ တကယ်ပါ ဇင်ယော်လေး အားရပါးရကို လွမ်းနေတာပါ။ ဘယ်သူ့ ကို လွမ်းလည်းဆိုရင်တော့ အောက်မှာသာ ကြည့်ပေတော့။ ဇင်ယော်လေးက စွဲလမ်းရတဲ့သူများတော့ လွမ်းလိုက်ရတာ ရင်ကွဲမတတ်ပဲ။ တချို.တွေကတော့ တခါတလေ လမ်းကြုံရင် တွေ.ဖြစ်သေးတယ်။ တချို.ကတော့ မတွေ.ရတာ အတော်ကြာလို့  တွေ.ချင်လိုက်တာ လွန်ပါလေရော။ ဘာပဲဖြစ်ဖြစ် ဇင်ယော်လေးရဲ့ လွမ်းရတဲ့ သူလေးတွေကို ကြည့်ကြပါဦးဗျာ။






















အလွမ်းဆုံး ချစ်သူလေးကတော့ သူပဲဗျို.။ ခုနေ တွေ.များတွေ.လိုက်လို့ ကတော့ဗျာ ဘာပြောကောင်းမလဲ။ ဟင်း တခါတည်း အားရပါးရ ။


20 comments:

sin dan lar said...

သူများဘလော့က စီပုံးတွေမှာ ကိုဇင်ယော်အာဗြဲနဲ့အော်နေတာတွေ့ကတည်းက ထင်သား

Dr. Nyan said...

I wanna eat too . :(

ဝေလေး said...

အား ဗိုက်ဆာသွားပြီ စားချင်တယ် စားချင်တယ်...
အစ်ကိုကြီးကတော့လုပ်တော့မယ်. ခုနေအလွမ်းဆုံးလေးကိုဝေလေးလဲလွမ်းတယ်.... တွေ့လို့ကတော့..... အပီပဲ...... :P

ဝါ၀ါခိုင်မင်း said...

hee hee hee,
I m sorry again n again.
Dr.Nyan is me . :P

With regards,
Ma War

အလှတရား said...

ကိုဇင်ယော်
ဒီအတိုင်းဆို ခင်ဗျားဟာ
လူဝကြီး တစ်ယောက်ဖြစ်ရမယ်
ဟုတ်တယ်ဟုတ်???:P

thihanyein said...

အင်း ကိုဇင်ယော်လွမ်းလည်းလွမ်းလောက်တာကိုးဗျ
တင်ထားလိုက်တာကလဲ ဝေလေးပြောသလိုပဲ
အဟဲ

ဝါ၀ါခိုင်မင်း said...

နောက်တခါပြန်လာကြည့်ပြီးသွားရည်ပြန်လာကျတာ
လေ. ဂလု. စားလဲ မစားရပဲနဲ့ ဘယ်ကပုံတွေရှာပြီးတင်ထားမှန်းလဲမတိပါဘူး.
မုန့်လုံး ရေပေါ် စားချင်တယ်.
ကြေးအိုးစားချင်တယ်.
ရှောက်သီးသုတ်စားချင်တယ်။
ဖာလူဒါ သောက်ချင်တယ်.း(
တော်ပြီ.ပြန်တော့မယ်.
နေမကောင်းနေပါဘူးဆိုနေမှ..စားချင်စရာတွေက အများကြီိးပဲ.

sin dan lar said...

ဟီ..Blog of the Day ဖြစ်သွားပြီ..(sin dan lar အတွက်)
တော်တော်ဆွဲဆောင်အားကောင်းတယ်
စားစရာတွေလာလာကြည့်နေတာ ၄ ခေါက်ရှိပြီ ဖြစ်ကြောင်းရှက်ရှက်နဲ့ ၀န်ခံပါရစေ..:))

နှင်းပွင့်ဖြူလေး said...

သူလွမ်းတာက ဒါတွေကို
ခုတော့သိပီ

မသက်ဇင် said...

ဇင်ယော်ရေ---
ချစ်သူများလွမ်းနေတာလားလို့--
လက်စသတ်တော့ ဒီလိုကိုး--
ဇင်ယော်ရဲ့ချစ်သူကမေးမှာပဲနော်---

မောင်မောင်ဇင်ယော်---
ကျမကိုချစ်တာလား---
အဲဒီမုန့်တွေကို ချစ်တာလားဆိုရင်--
ဘယ်လိုဖြေမှာလဲ----

ခင်လို့ စတာပါ--
ပျော်ရွှင်ပါစေ---

Apprenticeship said...

အင်းငါလဲသူတို့ကိုလွမ်းတယ်....
အမြင်အာရုံနဲ့စားသွားတယ်... အနံနဲ့အရသာတွေပါ ပါရင်တော့ပိုကောင်းမှာ ဇင်ယော်ရေ... :P

မောင်မျိုး said...

အစ်ကိုကြီး ကတိပေးထားတယ်နော် “ ဒို့ ညီအစ်ကို တွေ့ လို့ ကတော့ စားဖို့ သာပြင်ထား” ဆိုတဲ့အတိုင်း ၀မ်းနှုတ်ဆေးပါ သောက်ထားမယ် ဟဟားး ခုလည်းစားသွားတယ်လို့း)

မိုးသောက် said...

လွမ်းတယ်ဗျို့ အနော်လည်း လွမ်းတယ်
ရွှလွတ် ရွှလွတ်နေအောင်ကို လွမ်းတာဗျ အဟီး

nyein nyein said...

ကိုကြီးရေ ညီမလေးတောင်ဗိုက်ဆာလာပြီ
ဟဲဟဲ အစ်ကိုတို့ ထက်တော့ သာသွားပြီ
စားချင်တာတွေအားလုံး
မေ့ မေ့ ကိုချက်ခိုင်းရမယ်
ဒီလိုတွေကြောင့် ညီမလေးက
ဒီမြေကိုမခွဲနိုင်တာ
( ဘာမှလည်းဆိုင်ဘူးနော်
မသွားနိုင်ရင်မသွားနိုင်ဘူးပေါ့  )
ဟီး ဟီး

khin oo may said...

ငါးပိရည် နဲ့ တို့စရာ ကိုလွမ်းတယ်။

flowerworld said...

ကိုဇင်ယော်ကြီး ဘာမှန်းလဲမသိဘူး....အဲ့လိုပြထားတော့ သရေဟိုတာပေါ့..မီးမီးစားချင်လာပြီး..ဟင့်ဟင့်....၀က်သားတုတ်ထိုးကို တစ်ဗန်းလုံးစားလိုက်ရရင်တော့ဘယ်လောက်ကောင်းမလဲမသိဘူးနော်...စားချင်လာပြီး..ဟင့်

ဆုငယ်. said...

ဒီအကို ကတော့ ပွာန်း
သူများတွေကို သရည် ကျအောင် သက်သက်လုပ်နေတာပဲ.. အပာင့်အပာင့်
မတွေ့ တော့ အကောင်း တွေ့ တော့မှ မြန်မာ အစားအစာတွေကို လွမ်းလိုက်တာ.

Republic said...

စုံလင်လှချေလားဗျာ food court တောင်ဖွင့်လို့ရလောက်တယ် ၊၊ အကုန်စားချင်တယ်ဗျာ ၊၊

အိမ် said...

ဟား......သားလဲစာချင်တယ်
ကြွေးပါဗျာ။ ရှလွီး....ရေးရင်နဲ့ သရေတောင်ကျတယ်ဗျာ

ပုလဲ said...

ကိုကြီးဇင်ယော်
မဝေလေးလာပို့တယ် အဲဒီဖာလူဒါကို
ဟီးးးး