Thursday, October 23, 2008

ဗရုတ်သုတ်ခ ခပ်ကျကျနေ့ လေးတစ်နေ့ 

စာမေးပွဲပြီးလို့  အားရပါးရ နားမယ်မှ မကြံသေး။ အကြွေးလာတောင်းတယ်ဗျ (တက်ဂ်ကြွေးလေ)။ ဘယ်သူ ရှိမလဲ အနိုင်ကျင့်နေကျ ကျနော့်အစ်မကြီးလေ။ နောက်ပြီး ခြိမ်းခြောက်ထားသေးတယ်။ နောက်ဆုံးကျန်တဲ့သူ လူပျိုကြီး ဖြစ်ပါစေတဲ့။ ဟွန်း ကိုယ့်အစ်မကြီးမို့  ချစ်လည်းချစ်၊ ကြောက်လည်းကြောက်၊ ရိုလည်းရိုသေရလို့  ရေးပေးတာနော်။ ခြိမ်းခြောက်ထားတာ ကြောက်လို့ တော့ ဟုတ်ဘူး။ ဒီမှာ သီတင်းကျွတ်အမှီဆိုပြီး ဇင်ယော်လေး ဆီမှာ နိုင်ငံပေါင်းစုံက ကောင်မလေးတွေ လျှောက်လွှာလာတင်နေကြတာ မနည်းမနော။ လာလျှောက်သူတွေ များလွန်းလို့  လှမ်းကြည့်လိုက်ရင် မျက်စိတစ်ဆုံးပဲ။ ဒါတောင် တစ်ယောက်တန်း ဟုတ်ဘူး။ လေးယောက်တန်း စီခိုင်းထားတာ။ ဟာဟ ဒါပေမယ့် ဇင်ယော်လေးက စိတ်မကူးပါဘူး။ တင်းခံနေတာ။ အန်နာ အီဗန်နိုဗစ်ဆိုတဲ့ တင်းနစ်ရိုက်တဲ့ ကျနော့် ချစ်ချစ်လေး မလာမချင်းကို စောင့်နေဦးမှာ ဟဲဟဲ။

အဲ...အင်ထရိုဝင်တာ များပြီးဘေးချော်ကုန်ပြီဗျ။ ဘာတဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တစ်နေ့ ဆိုလားပဲ။ ဇင်ယော်ဆိုတဲ့ကောင်က ဗရုတ် မကျရရင် ထမင်းစားမ၀င်လို့  ဘယ်နေ့ ကိုရေးရကောင်းမလဲ စဉ်းစားနေတာ။ ထူးတော့ဘူး မနေ့ တနေ့ က အကြောင်းပဲ ရေးလိုက် တော့မယ်။ အင်း တနေ့ က ဇင်ယော်လေးတို့ အဖို့  အင်မတန် နတ်ကြီးတဲ့  စာမေးပွဲ တစ်ခုဖြေရတဲ့နေ့ ပေါ့။ မနက်စောစောသွားခါနီး တစ်ဘက်ခန်းက အတူ တူဖြေမယ့် အစ်ကိုက လာချောင်းတော့ ဇင်ယော်လေးက ဒီမှာ youtube ကြည့်နေတာလည်း မြင်ရော ဆဲပါ လေရော။ အဟဲ ဒီမှာက ကိုယ့်အကြောင်းနဲ့ ကိုယ်လေ။ စာမေးပွဲဖြေရင် ရှပ်လက်ရှည်ကို နက်တိုင်စည်းပြီး ဖြေရတာ။ ခုမှ နက်တိုင်က မစီးတာ ကြာလို့  ပုံမကျပန်းမကျ ဒုက္ခ။ ဒါနဲ့ youtube ထဲမှာ စီးပုံစီးနည်း လက်ချာ ကြည့်နေတာကို စာနွှေးရမယ့်အချိန် အင်တာနက် ကြည့်နေလို့ တဲ့ လာဆဲသွားပါလေရော။ မသိရင်တော့ တော်ပြီးသား တတ်ပြီးသားလိုလို ဟီဟိ။

ကားငှားတော့ အများရုံးစသွားချိန်မို့  ထင်ပါရဲ့။ တစ်စီးမှ မရဘူး။ ဒုက္ခပဲ အဲ ခပ်လှမ်းလှမ်းမှာ တက်စီတစ်စီး ခရီးသည် ချနေပါရောလား။ အမ် အဲဒီဘက်လမ်းဘေးမှာ မရွှေချောနှစ်ယောက် အိုက်တင်ခပ်များများနဲ့ ရပ်နေလေရဲ့ ၊ သူတို့ လည်း ကားငှားမလို့  စောင့်နေတာပဲ။ ကြံစမ်း ဘယ်လိုလုပ်ရပါ့။ အဟဲ လေချွန်ပြီး လမ်းလျှောက်ရင်း၊ သူတို့ ကို ရေရေလည်လည် ငမ်းပေးလိုက်တယ်။ မမတွေက အချင်းချင်း တွတ်ထိုးလိုက် ပဲကြွေးလိုက်နဲ့  အလုပ်ရှုတ်နေတဲ့အချိန် သူငယ်ချင်းက တက်စီဆီ အပြေးသွားပြီး လက်တားငှားလိုက် ပါလေရော။ ဟေဟေ. မမတွေ စူပုတ်ပြီး ပွစိပွစိနဲ့  မျက်စောင်းနဲ့  လှမ်းထိုးပြီးကျန်ခဲ့တယ်။ ဟီး ကမ္ဘာပေါ်မှာ ရှိတဲ့ မိန်းကလေးတော်တော်များများဟာ မဆိုစလောက်လေးစိတ်ဆိုးကြရင် တော်တော်လေး ကြည့်ကောင်းကြတာပဲနော်။

ရောက်လို့ မှမကြာသေးလူစုံမစုံ စစ်ပြီး familiarisation လုပ်ဖို့  simulator ခန်းထဲထည့်၊ ဖြေဖို့ နံမည် စာရင်းလည်း အော်ရော ဇင်ယော် က ၈ယောက်မှာ နံပါတ် ၇ တဲ့။ သေပါပြီ စောင့်ပေတော့ တစ်နေ့ လုံး။ ဖြေပြီးသမျှ ထွက်လာတဲ့သူတွေ ဘယ်လိုမေးတယ်၊ ဘယ်လို ဖြေတာ ဘယ်လိုဂိန်တယ၊် ဘယ်လိုအောင် သွားတယ် ဆိုတဲ့ စကားတွေနဲ့  pressure တက်ဖို့ သာပြင်ပေတော့။ နေ့ ခင်းထမင်းစား ပြီးတော့ ဘယ်လိုမှ မဟန်နိုင်တော့ဘူး။ ထိုင်ခုံလေး အခန်းထောင့်ဆွဲပြီး အဲယားကွန်းအေးအေးလေးနဲ့  အပြီယူတော့တာပဲ။ ကိုယ့် အလှည့်နီးလို့  examiner လာခေါ်မှပဲ နိုးတော့တယ်။ အဟီး ကောင်လေးအတော် ကြိုးစားတာပဲလို့ တော့ ထင်တော့မှာပဲ။

စစ်မယ့်ဆရာက Control room ထဲခေါ်ပြီး ဘယ်ကနေဘယ်ကိုမောင်း၊ ဒါမင်းမောင်းရမယ့်ကောင်ရဲ့ data တွေဆိုပြီး ချပေးလိုက်တယ်။ မတိုက်မိစေနဲ့ ၊ ပေးထားတဲ့ လမ်းကြောင်းအပြင်ကို မရောက်စေနဲ့ ၊ ပေါက်တတ်ကရ လျှောက်မလုပ်နဲ့ တဲ့။ အဲဒီပေါက်ကရတွေကို ဆရာက control room ထဲကထိုင်ပြီး လမ်းတလျှောက်လုံး မိုးပေါ်က ကျလာသလို လျှောက်ထည့်တော့မှာလေ။ ဟဲဟဲ သိနေတယ်။ အခန်းထဲပြန်ပြီး တွက်ချက်ရင်းက ဘယ်နေရာရောက်ရင်တော့ ဘယ်လိုလုပ်ရပါ့ဆိုပြီး အစီအစဉ်ဆွဲနေတော့တာပေါ့။

Simulator ခန်းထဲလည်းရောက်ရော အရေးထဲ ဖိနပ်ကြိုးက ပြည်သွားလို့ မမြင်မစမ်းနဲ့  ကုန်းချည်နေတာကို ဆရာက အင်တာကွန်း ကနေ ဘာလုပ်နေတာလဲ setting တွေချိန်ပြီးအဆင်သင့်လုပ်တော့လေတဲ့။ ဟဲဟဲ ဟုတ်သားပဲ သူကကိုယ့်ကို လေးဘက်လေးတန် ကင်မရာတွေချိန်ပြီး ထိုင်ကြည့်နေတဲ့ဟာ။ ဟီး မိုက်ခရိုဖုန်းတွေကလည်း တခန်းလုံး နေရာအနှံ့ မှာ မြှုပ်ထားသေး။ ဘာပြောပြော ကြားရအောင်လေ။ ဟီး စိတ်ထဲကတော့ ထင်မိသား ဇင်ယောက်လေးလည်း ခုမှ စတူဒီယိုထဲ ရောက်နေသလိုလို။ စတာနဲ့  သူကကိုယ့်ကို မှတ်တမ်းတင်ထားတော့မှာဗျ။ ဇင်ယော်မင်းသား မင်းသားဇင်ယော်ပေါ့ ဟေဟေ.။

စတာနဲ့  အချိန်၄၅မိနစ်အတွင်းရောက်အောင်မောင်းတဲ့။ ဒီလောက်တော့ ရပါတယ် ဇင်ယော်ပဲဟာ။ တွေ့ သမျှကောင်ကျော်တက်၊ ကြုံရင်ကြုံသလို ဖြတ်ချ ဒလဟော သွန်တော့တာပဲ။ အမယ် ဆရာက လမ်းကြောင်းထိမ်းသိမ်းရေးလည်းသူ၊ ကိုယ့်လက်အောက် ကလည်းသူ၊ ကိုယ့်အထက်ကဆိုလည်းသူ တစ်ခါခေါ်ရင် လေသံတစ်မျိုးနဲ့  ဘီအီဒီအောင်သိုက်ကျနေတာပဲ။ ဒီလိုနဲ့  အချိန်တ၀က် လောက်ကျော်လာတော့ နဲနဲသတိထားနေရပြီ။ လာတော့မယ်လေ emergency situation တစ်ခု။ စာမေးပွဲရဲ့ အဓိကအသက်ပဲဆိုပါတော့။ အရေးပေါ်အခြေအနေနဲ့  ကြုံလာရင် အချိန်တိုအတွင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ရဲ့လား။ လုပ်နည်းလုပ်ဟန်တွေ မှန်ကန်ရဲ့လား။ အန္တရာယ်ကို ရှောင်လွှဲနိုင်ရဲ့လား ဆိုတာကြည့်တာလေ။

အဟဲ ဆရာက ပြသနာမပေးခင် ဇင်ယော်က ဦးအောင်အရင်ပေးလိုက်ပါရောလား။ control room နဲ့  Simulator ဆက်သွယ်တဲ့ အင်တာကွန်းကို အားရပါးရဖိပြီး ပြောလိုက်တာ ခလုပ်အထဲကျွံဝင်သွားလို့  တွီဆိုပြီး အသံရှည်ကြီး မြည်နေတာ မရပ်တော့ဘူး။ ဟီး simulation ကိုခဏရပ်ပြီး လာပြင်ရပါလေရော။ ပြီးတော့မှ ဆက်ဖြေတော့ ပြီးခါနီးလေးမှာ တိုက်မိတော့မလို့  နဲနဲလေးပဲလိုတော့တယ်။ သွားပြီမှတ်တာ တော်သေး။

အားလုံးလည်းပြီးရော ဆရာက အခန်းထဲခေါ်ပြီး debriefing ပေးပါလေရော။ အလျှောက်ကောင်းမှ အထောင်းသက်သာမှာလေ။ အမေးသုခမိန် အဖြေ ပညာရှိပေါ့ဗျာ ဟဲဟဲ။ အခန်းထဲ ရောက်တာနဲ့  ဆဲတော့တာပဲ မင်းတွေ.သမျှ အကုန်ကျော်တက်၊ ဟိုကဒီက ဖြတ်ချနဲ့  safety နဲ့ environment ကို ခေါင်းထဲရှိသေးရဲ့လားတဲ့။ ပြီးခါနီး တိုက်မိတော့မလို့  နဲနဲပဲလိုတော့တယ် ဘယ်လိုဖြစ်တာလဲတဲ့။ ဘယ်ရမလဲ ကျက်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ကိုးကားပြီး ကိုယ့်ဘာသာကိုယ် ရှေ.နေငှားပြီး အလွတ်ရုန်းရတော့ တာပေါ့။

နောက်ဆုံးတော့ လူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မင်းလုပ်တာတွေ သိပ်ပြီးဟီးရိုးဆန်တယ်။ ငါတို့  ထရိန်နင်ပေးတာ ဟီးရိုးဖြစ်ဖို့ မဟုတ်ဘူး။ အန္တရာယ်ကင်းအောင် လုပ်တတ်ဖို့ ကွဆိုပြီး ထပ်ဆဲသေးတယ်။ တခါတည်း traffic control လှမ်းလှမ်းခေါ်ပြီး တခြား ကောင်တွေ လမ်းဖယ်ခိုင်းလိုက်၊ နောက်ကသွားခိုင်းလိုက်၊ အတင်းကျော်တက်လိုက်နဲ့ မင်းကိုယ်မင်း မင်းတို့ တိုင်းပြည်က ဗိုလ်ချုပ် များမှတ်နေလားတဲ့။ ဟီး အစ်မ မစန္ဒာပြောသလို သွား၃၂ချောင်းအကုန်ပေါ်အောင် ထုတ်ရှိုးထားရတယ်။ ပြီးတော့မှ ဥပဒေတွေ သုံးသွားတာရော၊ လုပ်ကိုင်ပုံ မှန်ကန်တဲ့အတွက် မတိုက်မိတာရော၊ တခြားဟာတွေ အားလုံးပေါင်းပြီး overall အားလုံးကောင်းတဲ့ အတွက် မင်းကို အအောင်ပေးလိုက်မယ်၊ အပြင်မှာ အဲဒီအတိုင်း သောက်ရမ်းလျှောက်မလုပ်နဲ့ ၊ လာမယ့်နှုတ်ဖြေကျရင် သတိထား သွားတော့ဆိုပြီး ပြောတော့ အောင်မလေး ပျော်လိုက်တာ ထခုန်မိမတတ်ပါပဲဗျာ။ ဒီလိုနဲ့  ဇင်ယော်လေးလည်း ဗရုတ်သုတ်ခ ခပ်ကျကျနဲ့  စာမေးပွဲတစ်ခု ပြီးမြောက် အောင်မြင်ခဲ့တာပေါ့ဗျာ။

( အဲဒီည အောင်ပွဲခံတော့ နောက်ထပ်ဗရုတ်သုတ်ခ ကျခဲ့တဲ့အကြောင်းလေးတွေ နောက်မှ ပို့ စ်တစ်ပုဒ် ရေးတင်ဦးမယ်။ ခုတော့ အစ်မ၀ါ ရေ ကျေနပ်ပေတော့ဗျာ။ အဆင်ပြေအောင် ကြည့်ကျက်ရေးလွှတ်လိုက်ပြီဗျို.။ နောက်ထပ် တက်ဂ်ကြွေးများလည်း ဖြေးဖြေးချင်း ဆပ် သွားမည် ဖြစ်ပါကြောင်း အကြွေးရှင်များအား အကြောင်းကြားအပ်ပါသည်ခင်ဗျား။ ) :P

20 comments:

khin oo may said...

ကြွေးရှင်တွေ နာမည်လေးသေချာမှတ်ထားဦး။အမ်းမားလို အကြွေးတွေ မှားဆပ်နေလို့ ခက်နေဥိးမယ်။

တို့စိတ် ထဲတော့ စာမေးပွဲဖြေ နေတယ် မထင်ပါဘူး။ တို့ တူ လေး တီဗွီ ဂီမ်း ကစားနေ သလားလို့။ ကားမောင်းနေသလိုဘဲ။ ဟိုကို သွားလိုက် ဒီ ကို သွားလိုက် ကျော်လိုက်. ခွ လိုက်။ အမြန်သွားလိုက်။ အနယ်ရယ်တွေပေါ်လာလိုက်။ ချေမှူန်းလိုက်။ သားသား ကိုလှမ်းခေါ်ပြီး မေးတောင် ရမလား မသိ။

ကြိုတင် ပြင်ဆင် မှူ မရှိတတ် တာ ကတော့ ကိုယ့်လိုပါဘဲလား။ နတ်ကတိုင်လဲကြို မကြည်. တက်စီလဲ ကြိုဘွတ်မလုပ်။ ကောင်မလေးတွေ ကို နီမ်နင်းလိုက် တာ တော့ သဘောကျတယ်။ ကျွမ်းတဲ့ သဘော ရှိတယ်။ ကျွှမ်းလွန်းရင်လဲ မိန်းမ မရတတ်ဘူး။

familiarisation လုပ်ဖို့  simulator ခန်းထဲထည့်၊ ဆိုတာတော့ နားမလည်ပါဘူ။။ သိဘို့လဲ မကြိုးစားတော့ဘူး။ မှန်းဘဲကြည့်လိုက်တော့တယ်။ စာမေးပွဲဖြေခါနီးပြင်ဆင်တယ်ပေါ့။

နှူတ်ဖြေလဲ အောင်ပါစေ. နောက်တခါတော့ပြင်ဆင်မှူရှိပါစေ. ခွေးမြီးကောက် ကျေတောက်စွပ် မဖြစ်ပါစေနဲ့။
(သူများကို လက်ချာ လာပေးတာ ကိုယ်ကတော့ မယိုမသေ ချေးပါခါနီးမှ ချေးတွင်းရှာတဲ့ကောင် လို့ အမည်ရပါတယ်။။)အောင်ရင် မုန့်တွေ အများကြီး ပို့လိုက်မယ်။

ကောင်မလေး တွေ ဆီကလဲ အဖြေတောင်းလို့ရတယ်နော်။ အောင်စာရင်းထွက်ရင် ဘာ ဆုချမလဲ ဆိုပြီး သော်လည်းကောင်း။ ကိုယ်တောင်းထားတဲ့ အဖြေလေးဝမ်းသာပါရစေနော်တို့ဘာ တို့ညာတို့နဲ့ နောက်တယောက် ရနိုင်ပါသေးတယ်။

ခင်မင်စွာဖြင့်။

Anonymous said...

ကွန်ဂရက်ကျူလေးရှင်း.............

မသက်ဇင် said...

ဇင်ယော်ရေ---
ပျောက်ချက်သားကောင်းနေပါတယ်အောင်းမေ့တာ
လက်စသတ်တော့--စာမေးပွဲဖြေနေရတာကိုး--
ရည်မှန်းချက်တွေ--အောင်မြင်တိုးတက်ပါစေ---
ခင်မင်လျက်

:P said...

Simulation တောင်ကြီးကို အောင်မြင်စွာကျော်လွှားနိုင်တဲ့အတွက် Congratulations...
လကုန်လာမယ့် နှုတ်ဖြေမှာလည်း.. အားလုံးဖြေနိုင်မယ်ဆိုတာကြိုသိပြီးသား..
(မေးရမယ့်သူကိုတော့ ချွေးပြန်အောင်မနှိပ်စက်နဲ့နော်..
သနားပါတယ်) :P
p.s. သြော်..သီတင်းကျွတ်ပြန်ပါပေါ့ တစ်ခါ......:)))))

WWKM said...

OMEDETO ( အိုမဲဒဲတို ပါ မောင်လေး ဇင်ယော် ရေ )
"အိုးမဲတက်သုတ် တာ မဟုတ်ဖူးနော်. အိုမဲဒဲတို ဆိုတာ
Congratulations ပါ." :P

အော်.. မောင်လေးရယ်..စာမေးပွဲသွားဖြေခါနီး ကားငှား
စီးနေရတာကိုးး.. အမသာသိရင် BMWလေးတစ်စီး
လာပို့ပေးထားမှာပေါ့..မပြောဘူး..း)
ဒါနဲ့ မင်းသားဇင်ယော်..ဇင်ယော်မင်းသား ဖိနပ်ကြိုးချည်တဲ့ အခန်း တီဗီကနေ ဘယ်တော့လွှင့်မှာလဲဟင်..စောင့်ကြည့်ရဦးမယ်..ဟတ်ဟတ်..
အဲ နောက်ပြီး မောင်လေးဇင်ယော်လည်း မောင်သံလွင်ဟီးရိုး နဲ့ ညီအစ်ကိုတော်လို့ရသွားပြီ..
မောင်ဇင်ယော်ဟီးရိုး ဆိုပြီးတော့... :P

ဗရုတ်သုတ်ခတွေကြားထဲကနေ အောင်မြင်မှုဆွတ်ခူး
နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူ ၀မ်းသာမိပါတယ် မောင်လေး
ရေ.. အစစ အရာရာ အဆင်ပြေပါစေ။ ရေးပေးတာကျေးဇူးပါ မောင်လေး။

ခင်လျှက်
အမ၀ါ

WWKM said...

တားတား ရေးချင်တာရေးလို့ရပြီ.
စာမေးပွဲလဲ ပြီးသွားဘီ....
တက်ကြွေးလဲကျေသွားဘီ....
ဘီယာလဲ တောက်လို့ရဘီ...
ဖဲလဲရိုက်လို့ရဘီ...
တန်းစီနေတဲ့ ကောင်မလေးတွေကိုလဲ အီစီကလီလုပ်လို့ရပြီ...
လူပိုကြီး..အဲ..လူပျိုကြီးလဲ မဖြစ်တော့ဘူးးးးး

အဲဒါ ထက်လင်းရင်လူဆေး လူးလို့ပေါ့... အဟတ်

ခင်တဲ့
အမ၀ါ

Anonymous said...

အခန်းထဲက ပြန်ထွက်ကာနီး အဲဒီ ဆရာကို Bood .. my name is James Bood လို့ မပြောခဲ့ဘူးလား .. :P

Anonymous said...

အစ်ကိုကြီးး ...ညီလည်းမောင်းချင်တယ် ဘယ်လိုနေမလဲလို့း) ဘီအီးဒီအောက်သိုက်ဆိုတာ ဘာကြီးလဲ ဘရုတ်ကျတာတွေက တော်တော်ဖတ်လို့ ကောင်းပါ့ အပိုဒ်တိုင်းဆွဲဆောင်မှုရှိတယ် ဟဲဟဲ ရှိုးမင်းသားပေါ့လေ တော်သေးတာပေါ့ ဖိနပ်ကြိုးပဲပြန်ချည်ရလို့  မျက်မှန်ကျရင်တော့ အစ်ကိုကားပြီး ဟီးး ဘာပဲဖြစ်ဖြစ် အောင်သွားတာ ၀မ်းသာပါ၏ ကျနော့်အစ်ကိုမို့  တော်ပြီးသား ကွန်ဂရက်ကျူလေးရှင်း............. ဘရားသားးးး

သက်တန့် said...

ကိုဇင်ယော်ကြီး...
ဗရုတ်သုတ်ခကျပေမဲ့ စာမေးပွဲအောင်တယ်ဆိုတော့ ၀မ်းသာစရာပါ...
နှုတ်ဖြေကိုလည်း အောင်မြင်စွာ ဖြေဆိုနိုင်ပါစေလို့...
ကြိုးစားပေါ့နော်... နှစ်ခွေ သုံးခွေလောက်... :P

စာမေးပွဲအောင်တဲ့ အထိမ်းအမှတ်နဲ့ ညီမတော်တွေကို မုန့်လိုက်ကျွေးဦးလေ... :D

Anonymous said...

အလို
ကိုကြီးဇင်ယော် ကွန်ဂရက်ကျူလေးရှင်း
နှုတ်ဖြေမှာလဲ ရွှီးနိုင်ပါစေလို့ ညီတော်ဆုတောင်းပေး
ပါတယ်...
ညီတော်တော့ ပရိုမိုးရှင်းစာမေးပွဲတွေဖြေတဲ့အခါတိုင်း
တရုတ်လိုဆရာလို့ခေါ်ရမယ်..
ရွှီးလိုက် ဖောလိုက်နဲ့လေ
ကျွန်တော်ကတော့ ရွှီးဖော ......
ဟဲဟဲ ကိုကြီးဇင်ယော်လဲ ရွှီးဖော .....
မမ၀ါလဲ ရွှီးဖော
ညီမတော်တွေလဲ ရွှီးဖော
အားလုံး အားလုံး ရွှီးဖော ....

Dr Phyo Wai Kyaw said...

အကြံပိုင်သောကိုဇင်ယော်ကြီး
(တက္ကဆီငှားတာကိုပြောတာ)
ကိုဇင်ယော်ကြီး အရမ်းတော်တာပဲ
ဘီအီးဒီအောင်သိုက်ကို အနိုင်ယူလိုက်တယ်ဆိုပါတော့
စာမေးပွဲဖြေတာတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်
ကြုံဖူးဘူး..ဂိမ်းဆော့ပြီးဖြေရတယ်လို့
ဆရာတွေကတော့ အဲလိုချည်းပဲ တူတယ်ဗျို့
မှန်လည်းဟောက်မှားလည်းဟောက်
(ဟီး ကန်တော့နော် ဆရာဆရာမများ)
ဝမ်းတွင်းကသာ ကြိတ်သဘောကျချင်ကျနေမယ်
မျက်နှာသာမပေးဘူး
နည်းနည်းတော့ ပြောလိုက်ရမှ...
ရေးပါဦးဗျို့။

WWKM said...

အဟား..နေရင်းထိုင်ရင်း ရွှီးဖော ဖြစ်ရပြန်ပါ့။
လူဂျီးလဲ ဆွဲထည့်တာပဲ ချန်မထားဘူး။ :P

thihanyein said...

တစ်ခုပဲဗျ မိန်းကလေးတွေမဆိုစလောက်စိတ်ဆိုးလို့
မျက်စောင်းထိုးရင် လွှတ်ချစ်ဖို့ကောင်းတာတော့လက်ခံတယ်ဗျ အဟဲ
ကိုယ်တွေ့ ကိုယ်တွေ့ ဟားဟားးးးးးးးးးး
စတာဗျို့ စာမေးပွဲအောင်တယ်ဆိုတာသိလို့ ၀မ်းသာပါတယ်ခင်ဗျာ အဆင်ပြေအောင်မြင်ပါစေကိုဇင်ယော်ရေ

မောင်ပိစိ said...

တန်းစီနေတဲ့ထဲက အနော့်ကို နဲနဲလောက်ခွဲပေးပါလား... တော်ကြာ တယောက်ထဲ လက်မလယ်ဘူး ဖြစ်နေအုံးမယ်... စေတနာနဲ့ ကူညီချင်တာပါ :D ဖတ်တဲ့လူတော့ တော်တော် ဗရုတ်ကျသွားတယ်.. ပိကျိက စာတွေပေတွေ နားမလည်ဘူး :(

Anonymous said...

ကိုဇင်ယော်ရေ ပျောက်ချက်သားကောင်းနေတယ် အောက်မေ့နေတာ
စာမေးပွဲ ဖြေနေရတာကိုးဗျ ..
အရင်က လာတာ လာလို့ မရဘူးဗျ
အခုမှ ရမလားလို့ စမ်းကြည့်ရင်းနဲ့ ရသွားတာ :D
အောင်မြင်တယ် ဆိုတာ သိရတဲ့ အတွက် ၀မ်းသာပါတယ်ဗျာ ...
နောက်ထပ် အောင်မြင်မှုတွေလည်း အထပ်ထပ် ရရှိနိုင်ပါစေဗျာ ..

Apprenticeship said...

ကောင်းတယ် အဲဒီလိုနည်းမှန်လမ်းမှန်နဲ့ ပညာတွေပြသာပြ :D

အလင်းစေတမန် said...

မြှေက်ပြောတာမဟုတ်ဘူး ကိုဇင်ယော်
အစ်ကို ရေးတဲ့စာတွေ တကယ်ကောင်းတယ်။

:P said...

နှုတ်ဖြေဖြေသောအခါ ဆရာနှင့် ခပ်လှမ်းလှမ်းမှာနေပါ..
အဘယ်ကြောင့်ဆိုသော်..တံတွေးစဉ်လျှင် ဆရာ အမှတ်လျှော့လိမ့်မည် :D

Anonymous said...

အစ်ကိုကြီးဇင်ယော်တစ်ယောက် ဗရုတ်သုတ်ခ ကျပုံများ
တက္ကဆီ ဌားနည်းကတော့ရှယ်ပဲ။ ဆရာကိုပညာပြန်ပြလိုက်သေးတယ်ပေါ့လေ။ ခုရော နှုတ်ဖြေ ဖြေရမယ်ဟုတ်။ အဆင်ပြေပါစေအစ်ကိုကြီးရေ...
ဘာမပြော ညာမပြော ပျောက်သွားလို့ ဆောတီး အစ်ကိုကြီး... ပြန်လာပြီ :P

Anonymous said...

စာမေးပွဲအောင်တာသိလို့ ၀မ်းသာသဗျို့