Wednesday, October 22, 2008

Why women hate soccer

ဆိုရိုးတစ်ခု ရှိတယ်လေ။ အစားကောင်း အသောက်ကောင်း စားရရင် မိတ်ဆွေကောင်းကို သတိရတတ်တယ်တဲ့။ ဇင်ယော်လေးလည်း ဒီလိုပါပဲ။ ရယ်စရာ ဟာသလေးတွေ တွေ.တော့လည်း ညီအစ်ကို မောင်နှစ်မ သူငယ်ချင်းတွေကို မျှဝေချင်တာပေါ့နော်။ ( အဟဲ ဆားချက်တယ်ဆိုလည်း လက်ခံပါတယ် )။ စာမေးပွဲ တစ်ခုပြီးလို့  ခဏနားရမယ်မှတ်တယ် ရုံးက အားနေမှန်းသိလို့ ထင်ပါ့။ ခဏလာပါဦးဆိုပြီး ဆွဲစားနေလို့  နည်းနည်းအလုပ်ရှုတ်နေလေရဲ့။ အားလုံးပြီးရင် ရုံးပေါ်ရောက်သွားမလား မသိဘူး။ အဲဒါဆိုရင်တော့ ဒုက္ခ။ မနက်သွား ညနေမိုးချုပ်မှပြန် တစ်နေ့ ကို အီးမေးလ်အစောင် ၃၀၀ လောက်ဖတ်ရတဲ့ အလုပ်တော့ လုံးဝ(လုံးဝ)ကို အာရုံခံလို့ မရဘူး။ ဇင်ယော်လေးက လတ်လျားလတ်လျားနဲ့  လျှောက်သွားနေရတာကိုပဲ သဘောကျတာ။ ဟီး ခြေထောက်ဗွေပေါက်နေတယ် ဆိုပါတော့။ ဟီး ရန်ကုန်မှာဆိုလည်း အမေက ပြောယူရတယ်။ အိမ်စောင့်နတ်က နှင်ထားလို့ လားတဲ့။ ကြည့်ကျက်လုပ်တဲ့ ခုဆို အိမ်ဦးနတ်ကပါ သိပ်ကြည့်မရတော့ဘူးတဲ့။ အဟဲ ဒါတော့ ဖြစ်သေးဘူးလေ။ အိမ်ဦးနတ်နှင်လို့ ကတော့ နေစရာ ဘုံပျောက်ကိန်း မြင်တာမို့  ဒီကို ခဏလာပြီး စတေးရှောင်နေတာ။

အဲ လိုရင်းမရောက်ပဲ ချော်တောငေါ့ကုန်ပီဗျ။ အကြောင်းအရာကတော့ မိန်းကလေးတွေ ဘာကြောင့် ဘောလုံးကို မုန်းရပါသလဲတဲ့။ ကျနော့် ညီမလေးတစ်ယောက် ပို့ လိုက်တဲ့ မေးလ်ထဲက ဟာသဗီဒီယိုလေးတွေပါ။ ခုလိုပို့ ပေးတဲ့ ညီမလေးရည်မွန်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကဲ ပြောနေကြာတယ် ခုပဲ ခံစားကြည့်လိုက်ကြပါစို့ ဗျာ။ ဒန် တန် တန့် ............................

အားပေးချက်ရယ်က ဒီလိုဒီလိုလေ။



အဟဲ အောင်ပွဲခံတာ လွန်သွားတယ်။





ကဲ အမောင်အမျိုးသားအပေါင်းတို့  မိမိတို့ ၏ အိမ်သူသက်ထား ဇနီးမယားတို့ အား ဘောလုံးပွဲ ၀ါသနာပါရန် အလို့ ငှာ စည်းရုံးကြကုန်လော့။ မယူသေးသောသူတို့ ကလည်း မိမိတို့ ၏ ချစ်သူရည်းစားများအား ဘောလုံးပွဲ အင်မတန် ကြိုက်ကြောင်း ကြိုတင်အသိပေးအပ်လော။ ဘာမှမရှိသူ လူပျိုကြီးအပေါင်းတို့ ကား လာသမျှဘောလုံးပွဲတို့ အား စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် အားပေးကြကုန်လတ္တံ့ ။ ဒူ ဝေ ဝေ ဝေ ဝေ :)

9 comments:

WWKM said...

hee hee hee hee!!!! :P
Really funney. ;)
I also hate soccer. :D

With regards,
Ma War

:P said...

ဟားဟားဟား...
အဲလိုရီသွားပါတယ်....
နံပတ် ၁ ရန်သူ = တရုတ်သိုင်းကား DVD Series များ
နံပတ် ၂ ရန်သူ = ဘောလုံးပွဲများ
သူတို့နဲ့ပြိုင်ဘက်လုပ်ပြီး သ၀န်တိုရခက်..မတိုရခက်..
:((((

Anonymous said...

အစ်ကိုကြီးလည်း အဲ့လိုမဖြစ်စေနဲ့ နော်း) သတိထား ကြောက်ချာကြီးဗျာ အားပေးချက်ကတော့ ။

Anonymous said...

ကိုဇင်ယော်ကြီး အလှည့်ကြရင် ပိုပြီး အဆင်ပြေအောင် ဘော်လုံးသမား အဲလေ ဘောလုံးလက်ရွေးစင် အမျိုးသမီးရပါစေသော်(ဝ်)..ဒူ ဝေ ဝေ ဝေ ဝေ :)

Anonymous said...

ကိုကြီးဇင်ယော်
ဘောလုံးပွဲကြိုက်တယ်ပေါ့ ....
မဒမ်ဇင်ယော်လောင်းလျာကရော ဘောလုံးပွဲကြိုက်ရဲ့လား
ကျွန်တော့ရဲ့ လက်သုံးစကားယူမလား ဟဲဟဲ
ကျွန်တော်ပြောပြမယ် မမ၀ါကြီးမသိစေနဲ့နော်
သူက ကျွန်တော့မဒမ်လောင်းကိုပြန်ပြောလိမ့်မယ်..
ဘောလုံးနဲ့ (မန်ယူ) ပါတ်သက်ပြီး ကျွန်တော့ကို
လာ ကြပ် ရင် ကျွန်တော်ပြန်ပြောလိုက်တာက
" ကြိုက်တဲ့လမ်းကိုရွေးလိုက်
No one above the ball "
ဟဲဟဲ ပြောင်ရှင်း မင်း ပိုင်သကွာ
အဲဟုတ်ပေါင် ညီလေး မင်း ပိုင်သကွာ လို့တော့
မအော်နဲ့နော်
အကို့ရဲ့ညီငယ် ဥယျာဉ်မှူး

khin oo may said...

22 Oct 08, 23:19
kom: ဟုတ်ကဲ။ကြ့ည့်သွားပါတယ်။ကြည့်ရတာ ဝါသနာရှင်နဲ့တူတယ်။

လင်းလက်ကြယ်စင် said...

ဘောလုံးပွဲဆိုရင် ကျွန်မအိမ်မှာ အမေနဲ့အဖေက နှစ်ယောက်လုံး တက်ညီလက်ညီ ကြည့်ရင်း အားပေးတဲ့ဘက် မတူရင် ငြင်းခုန်ကြ ၊ နောက်ကြနဲ့ ဆူညံနေတတ်ပါတယ်။ အမေနဲ့အဖေ အိမ်ပြန်ရောက်ရင် ဘောလုံးချန်နယ်ကိုပဲ မလွတ်တမ်းကြည့်နေချိန် ကျွန်မက စာအုပ်တစ်အုပ်နဲ့ပဲ အဖော်ပြုဖြစ်တာပေါ့။ ၀ါသနာမပါတာရော ၊ ဘောလုံးပွဲကြည့်ရင် ရှုံးတဲ့ဘောလုံးသမားတွေရဲ့ ခံစားချက်မျက်နှာတွေကို အရမ်းသနားတာကြောင့် မကြည့်ဖြစ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ ကျွန်မချစ်သူက ဘောလုံးဝါသနာအရမ်းကြီးသူ မဖြစ်ဘဲ သူ့ဝါသနာက သတင်းနဲ့စာဖတ်ခြင်းပဲ ဖြစ်တဲ့အတွက် အချင်းချင်းစည်းရုံးစရာ မလိုတော့ဘူးလေ :)

ယောနသံစင်ရော် said...

တော်ပါသေးရဲ့ ယူထားတဲ့ ယောင်္ကျားက ဘော်လုံးပွဲကြိုက်တဲ့သူမဟုတ်လို့...
ဟုတ်လို့ကတော့...အဲ့လိုကြီးတွေဖြစ်မယ်ဆို ဒုက္ခ

Anonymous said...

ဟိဟိ ကိုဇင်ရေ ကျနော်မှာလဲအဲဒါမျိုးဆင်တူရှိတယ်ဂျ မိုက်တယ်
ဟိဟိ လိုချင်ပြော အကို့ဟာလဲ(ဗီဒီယိုနော်)
ကူးသွားသဗျ