HI EVERYBODY! SUCH A LOVELY & COLOURFUL DAY, I JUST WANNA ANNOUNCE THE BLOGGER'S RUMOURS OF THE DAY ( OPPS! ) SORRY ... DAILY NEWS OF THE BLOGGER SOCIETY. OK! LET'S START THE SHOW ..... AHHH ..SORRY AGAIN...CONFUSE WITH THE I.C SHOW. NOW LET'S START THE NEWS PROGRAM ...... OK!
( အဟဲ အင်တာနေရှင်နယ် သတင်းဌာနမှန်း သိအောင်လို့  ဘိုလိုနှုတ်ဆက်လိုက်တာ။ တစ်ကိုယ်တော် အင်တာတိန်းမန့်  ကထုတ်လွှင့်တဲ့ သတင်းအစီအစဉ်ကလည်း စီအန်အန်တို့ ၊ ဘီဘီစီတို့ လို ကမ္ဘာကျော်ဆိုတော့ ဂလိုနှုတ်ဆက်မှ တော်ကာ ကျတော့သကိုးဗျ။ )
ယမန်နေ့ က ပြတ်တောက်သွားခဲ့တဲ့ သတင်းအစီအစဉ်များကို ခပ်တည်တည်နဲ့  ဆက်လက်ထုတ်လွှင့် နေပါတယ်။ နားဆင် အဲ မှားလို့  ဖတ်ရှုတော်မူနိုင်ကြပါပြီခင်ဗျာ။...................................................................................................
သေနတ်ပြ၍ ခြိမ်းခြောက် အကြွေးတောင်းသွားခြင်း
ယမန်နေ့ က ဘီလျံနာ သူဌေးကြီးဦးဇင်ယော်အား သူ၏အကြွေးရှင်တစ်ဦးမှ ( သူဌေးလည်း ခေတ်မှီအောင်နေရတာပါ့။ ခေတ်မှီသူတိုင်း အကြွေးနှင့်မကင်းကြပါ။ မယုံလျှင် အကြွေးဝယ်ခွင့်ကတ်ပြားများ ဖောင်းပွနေသည်ကိုရှုလော့။ ) သေနတ်ကြီးပြ၍ ခြိမ်းခြောက် အကြွေး တောင်းသွားကြောင်း သိရပါတယ်။ အဆိုပါ အကြွေးရှင်မှာ ခပ်ဖြောင့်ဖြောင့် ကမ္ဘာကျော်ဟောလီးဝုဒ် မင်းသားကြီှးနှင့်ခပ်ဆင်ဆင်တူသူ ကိုကြီးအောင်ဆိုသူ ဖြစ်ကြောင်းသိရပါတယ်။ ( ဖားထားမှ မလွယ်ဘူး။ တက်ကြွေးလေးလည်း ရေးပါ့မယ်ဗျ ဒါပြီးရင် ခဏလေးတော့ စောင့်လက်စနဲ့  စောင့်လိုက်ပါနော် )။ သူ၏အေကေသေနတ်ကြီးကို တပြပြလုပ်ကာ လာဆော်လို့  ဆိပ်ကမ်းမှာ လိပ်မဖမ်းလိုက်ရပဲ ဖြစ်နေမယ်ဟု ခြိမ်းခြောက်သွားကြောင်း သိရပါတယ်။ ( ဘလော့ဂါ မောင်နှမအပေါင်းတို့  ကယ်တော်မူကြပါဗျို. )။ ယခုအချိန်တွင် အကြွေးမရ၍ ကြံရာမရဖြစ်ကာ လေးထောင့်တုံးများဖြင့် ဆလင်ဒါများ၊သက်တန့် များကို ရသေ့စိတ်ဖြေ၊ဖိုးသူတော်ကစား၊ မယ်သီလဆန်ရွေး ( ဟီး ဖောတာမျာသွားပြီ ) ဖန်တီးနေပါကြောင်း သတင်းရရှိပါသည်။
ကြေငြာ။ ။ကြက်ဥတစ်လုံး မျိုးစုံ အသုံးချနည်း
ယခုလို ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေတဲ့ ခေတ်ကြီးထဲမှာ စားရေးသောက်ရေး အခက်မပွေးရလေအောင် ကြက်ဥတစ်လုံး မျိုးစုံ အသုံးချနည်းစာအုပ်ကို ဂျပန်နိုင်ငံမှ ဂျေကေရိုးလင်းကဲ့သို့  နံမည်ကြီးလှသော စာရေးဆရာမ MES ဘွဲ.ရ မယ်ဂုမိ ( Master of Egg Research ) မှ ရေးသားထုတ်ဝေလိုက်ပါတယ်။ သူမကိုယ်တိုင် လေ့လာထားသော အထူးပြုလုပ်ချက်များကို စာအုပ်အဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး ကံစမ်းမဲအဖြစ် သူမအင်မတန် ကြိုက်လှစွာသော ရေတစ်ပုလင်းနှင့်တကွ သူမနှင့်အတူ Tokyo Dome မှာ ရိုလာကိုစတာ စီးခွင့်ရရှိမှာ ဖြစ်ပါတယ်။ ( ဟေဟေ. မစီးဘူးငြင်းရင် အတင်းချုပ်ပြီး အပေါ်သာတင်ပေးလိုက်၊ ကိုယ်တိုင်လိုက်မစီးရင် နေပါစေ၊ မယ်ဂုစီးရင်ပြီးရော ဟီး )။
မီလျံနာကို အရှင်လတ်လတ် အမွေတောင်းကြသူများ
ဂျပန်နှိင်ငံမှ မီလျံနာသူဌေးကြီး ဒေါ်ဝါ၀ါခိုင်မင်းအား အလှူလုပ်သည့်သတင်းကို ကြားသိကာ သူမ၏ မောင်ဆိုးလေး ၃ယောက်မှ အရှင်လတ်လတ်ကြီး ရှိစဉ်မှာပင် အမွေလာတောင်းနေကြကြောင်း သိရှိရပါတယ်။ ကျွန်ုပ်တို့ ၏ အဝေးရောက် သတင်းထောက်ပေးပို့ သော သတင်းများအရ ထိုသူ ၃ ဦးမှာ ---- အမှတ်(၁) ဦးချင်တေ့အမည်ရ ဦးသီဟညိမ်း ( ချစ်သူကို လွမ်းလွန်း၍ ကြံရာမရ ဖြစ်ကာ သေချင်သေပါစေတော့ဟု ဓါတ်ဆီကို ဆားခတ်သောက်ရင်း အကြိုက်တွေ.သွားကြောင်း၊ ထို့ ကြောင့်ကမ္ဘာ.တလွှား ဆီဈေးနှုန်းများ တက်သည်မှာ ဒင်းလက်ချက်ဖြစ်ပါကြောင်း၊ အချစ်ကို ထိပ်ပေါ်တင်၍ ကိုးကွယ်ရုံအားမရပဲ ယခုအခါ သစ်ပင်ပေါ်သို့ တက်ချိတ်ရန် အကြံရှိကြောင်း )၊ အမှတ်(၂) ဦးအလှတရား ( ဘူတာရုံမှာ ဟိုကျဒီကျနဲ့ လူမကျတာ ကံကောင်းတဲ့သူ၊ မိုးထဲရေထဲ အတွဲချောင်းဖို့  သစ်ပင်နားမှာ ထိုင်ခုံဦးထားသူ၊ သူ၏အိမ်သို့ အလည်လာသူများအား မိုးမမိ မိစေရန်ကြံစည်၍ နေမကောင်းဖြစ်ပါက မိုးရေထိုးပေးရန် ကြံစည်နေကြောင်း သိရှိရ )( မှတ်ထား ကိုလူဝတဲ့ကွနော် )၊ အမှတ်(၃)ဦးလမင်း ( ဂျီးဒေါ်ညခင်း မနိုင်၍လက်မြှောက်ထားရသူ၊ ပေါ့ကျနှင့်ဂိတ်ဆုံးကို စိတ်နာနာနဲ့ လမ်းခွဲကာ နောက်ဆုံးတွင် အာလူးဗူးနဲ့ ဖြစ်သလို ညားရလေသူ ကိုလူပျင်း ငှင်းငှင်း ) တို့ ၃ဦးဖြစ်ကြောင်း ကြားသိရပါတယ်။ ထို့ ကြောင့် ဒေါ်ဝါ၀ါမှ ထိုသူ၃ဦးအား အမွေဖြတ်ရန် ရှေ.နေရှေ.ရပ်များနှင့်တိုင်ပင်နေပြီး ချမ်းသာသမျှ အားလုံးကို မောင်ငယ်ဖြစ်သူ ဦးဇင်ယော်အား လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း သတင်းရရှိပါတယ်။
ဘလော့ရပ်ရွာအတွင်း အချစ်အကြောင်းများ ဖောင်းပွနေမှု
ဘလော့ရပ်ရွာအတွင်းမှာ အချစ်အကြောင်းများ ဖောင်းပွနေမှုကြောင့် အရွယ်ဟုတ်တိပတ်တိ မရောက်သေးသူများပင် အချစ် အကြောင်းကို လက်တည့်စမ်းချင်နေကြောင်း ကြားသိရပါတယ်။ သတင်းအစုံအလင်မှာ ပျော်ရွှင်စရာ မိသားစုလေးမှ ( ဟုတ်ကဲ့ ယခင်က လက်ဝှေ.ပွဲ နပန်းပွဲများ ကြည့်ရှုလိုပါက အဲဒီအိမ်ကို ကျနော်သွားလည်ပြီး အတို့ အထောင်လုပ်ပေးတတ်ပါကြောင်း ) ကလေးလေး တစ်ယောက်လည်း အချစ်အကြောင်းကို သူမသိသလောက် ဟိုဟိုဒီဒီလျှောက်ခြစ်သွားသောကြောင့် အုပ်ထိမ်းသူများပူပန်နေရကြောင်း သိရှိရပါတယ်။ ဦးလေးဖြစ်သူ ကိုရင်နော်မှာ ဘီအီးသောက်ပြီး ဘီအမ်ဒဘလူ မောင်းကာ အိမ်စရိတ်ရှာနေရသလို မေမေခင်မှာလည်း
ကျူရှင်လခ၊အာစရိယပူဇော်ပွဲ၊တီချယ့်မွေးနေ့၊တယ်ရင်းမွေးနေ့၊လွယ်အိပ်အသစ်ဖိုးတို့ အတွက် ရှာဖွေနေရမှုတို့ ကြောင့် ဆုံးမချိန်မရ ဖြစ်နေရမှုတို့ ကြောင့် ယခုလို ဂျစ်ရခြင်း ဖြစ်ကြောင်း ၊ ယခုအခါ အားရပါးရ ဆိုဆုံးမရန် တုတ်ကောက်ခိုင်းသောအခါ ကလေးလေးမှာ တောင်ကြီးမီးပုံးပျံပွဲ သွားလည်နေသောကြောင့် လက်မှိုင်ကျ၍ ထိုင်နေရကြောင်း ကြားသိရပါတယ်။
ပင်လယ်၏ အညှို.ခံရမှုကြောင့် ကောင်မလေးတစ်ယောက် နှင်းဆီဖြူပန်၍ ထကနေခြင်း
ရူးပေါဂိုဏ်း၏ အသင်းသားချုပ်ဖြစ်သူ ခေါင်ခေါင်ဆိုသူ ကောင်မလေးတစ်ဦးမှာ ညနေခင်းမှာ ပင်လယ်ကမ်းစပ်သို့ သွားရင်း လမင်းကို ငေးကြည့်မိရာမှ သွက်သွက်ခါအောင် ဘာဖြစ်မှန်းမသိ ဖြစ်သွားရကြောင်းကြားသိရပါတယ်။ ယခုအခါ ဆေးဆရာ စနေသားမှ ပင်လယ် ကမ်းစပ်နှင့် ဝေးရာသို့  ရှောင်ရှားခိုင်းထားပြီး နှင်းဆီဖြူတစ်ပွင့် ဆေးဖော်ရန်ပေးထားရာ ဘာလုပ်ရမှန်းမသိဖြစ်နေသဖြင့် ခေါင်းမှာပန်၍ ကွေးနေအောင် ထကနေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရပါသည်။
လက်ရှိ၂၁ရာစုသမိုင်းပညာရှင်တစ်ဦး ရုပ်ရှင်ရိုက်ကူးတော့မည်
၂၁ရာစု သမိုင်းပညာရှင် ကိုဖားကြီး ( သရေခေတ္တရာမြို.ဟောင်းအား အထူးတွေ.ရှိချက်ဖြင့် ကမ္ဘာကျော်လာသူ ) ဆိုသူမှာ ဟောလီးဝုဒ်မှ ဒါရိုက်တာကြီး စတီဗင်စပီးဘတ်ခ်ရိုက်ကူးမည့် ပုဂံခေတ်မှ အိုဂွက်ထော် ရုပ်ရှင်ဇာတ်ကားကြီးတွင် အရည်းကြီးနေရာမှ ပါဝင် သရုပ်ဆောင်မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။ အဆိုပါ ကိုဖားကြီးဆိုသူသည် Suicide လုပ်ခြင်း တည်းဟူသော လေ့လာတွေ.ရှိချက်အသစ်ကို စာတမ်းတင်၍ ရေးသားပြီးသကာလ ဘုရင်အလက်ဇန္ဒား၏ ဂေးတစ်ယောက်ရဲ့ချစ်ခြင်းအကြောင်းကို ဆက်လက်၍ သုတေသနပြုလုပ်ရန်ရှိကြောင်း၊ ထိုသို့ သော အကြောင်းခြင်းရာများကြောင့် သူ၏ယောက္ခမမှ သူ၏ဓါတ်ပုံအား သားရေကွင်းဒိုးကြီးဖြင့် အညှိုးတကြီး ဆော်ပလော်တီးနေကြောင်းများလည်း ကြားသိခဲ့ရပါသည်။
ကြော်ငြာ။ ။Deramအထွေထွေအကျိုးဆောင်လုပ်ငန်း
ဟောဒီမှာ ဆူပူလွန်းတဲ့ အလုပ်ရှင်သူဌေးကြောင့် စိတ်ဆင်းရဲနေပါသလား။ အဆင်ပြေရုံမက အလုပ်ပါပြုတ်စေရမယ်။ ကိုယ်ချင်းမစာ တတ်တဲ့ အိမ်ထောင်ရှင်ယောက်ျားကြောင့် စိတ်ညစ်နေရပါသလား။ အကြံဥာဏ်ကောင်းများပေး၍ အမျိုးသားအား ကိုယ်ဝန်ဆောင်ခိုင်း ပါစေ့မယ်။ သင့်ကံကြမ္မာကို သိရှိလိုပါသလား ကိန်းဂဏန်းများသုံးကာ ဖောရွှီးပညာဖြင့် အတတ်ဟောပေးပါမယ်။ ဟောဒီက ရှာရာပိုဗါ ဒရင်း ရဲ့ အထွေထွေအကျိုးဆောင်လုပ်ငန်းမှ ကူညီပါရစေ။ (မှတ်ချက် ခမည်းခမက်တော်ချင်သူများ စိတ်ဝင်စားပါက ချက်ချင်း ဆက်သွယ်နိုင်ပါသည်။ ) ( ဦးရီးတော်ကို ဦးဂျင်ရော်ခေါ်လိုက်၊ လူဂျိုဂျီးဆိုပြီးလာစလိုက်၊ ဂေါ်လီရော်ခိုင်းလိုက်နဲ့  ဟေဟေ. မှတ်ပြီလား )
ဘီဘီဆိုသည်မှာ အရက်မဟုတ်ပါကြောင်း ကြားသိရ။
ကြုံရာဆုံရာတွင် အဆင်ပြေသလို မချောနှစ်ယောက်ကိုယ်တစ်ယောက် တွဲခုတ်တတ်သော ကိုမိုးသောက်ဆိုသူ စာရေးဆရာ ( သူ့ ရဲ့ ပန်းချစ်သူ ဇာတ်လမ်းက အတော်ပေါက်တယ်ဆိုပဲ ဆေးလိပ်မီးတဖွားဖွားနဲ့ လေ ) ဆိုသူတစ်ဦးမှာ ကိုးနတ်ရှင်ကို အကြောင်းပြကာ ခွင့်တင်၍ လစ်ချင်တိုင်းလျှောက်လစ်ပြီး၍ ကြုံရာသောက်မိကာမှ လူမိသွားလေသောကြောင့် ဘီဘီဆိုသည်မှာ ကြက်ကင်နဲ့ တွဲသောက်တဲ့ အချိုရည်တစ်မျိုး ဖြစ်ကြောင်း၊ နည်းနည်းလေး ဝေတေတေ ဖြစ်တာပဲရှိကြောင်း အတင်းကာရော ဖြေရှင်းချက် ထုတ်ပြန်နေရကြောင်း ကြားသိရပါသည်။ ( မသိတဲ့လူတွေပဲ ရောချပါ ကိုရင်ရယ် နာတိတယ်ကွ )။
မွေးနေ့ ပွဲတွင် လာသူများ အထိတ်တလန့် ဖြစ်ရခြင်း
အသက်၂၄နှစ်ပြည့် မွေးနေ့ ပွဲတွင် ကြံကြံဖန်ဖန် တောက်တဲ့ကင်၊ ကင်းမြီးကောက်နဲ့မိကျောင်းတို့ ကို အကောင်လိုက် တည်ခင်းဧည့်ခံ ခဲ့သော မီးလေးဇာဆိုသူ ( လင်ဗန်းပေါ်မတင်တော့ပဲ online တင်၍ one get one free စနစ်ဖြင့် ရောင်းချတော့မည် ကြိုတင်စာရင်း ပေးရန် ဦးဇင်ယော်ထံတွင် ဖောင်များကို တစ်စောင် 10$ ဖြင့် အကန့် အသတ်မရှိ ၀ယ်ယူနိုင်ပါကြောင်း ) ၏ စတန့် ထွင်မှုကြောင့် မွေးနေ့ ပွဲလာသူများ အထိတ်ထိတ်အလန့် လန့် ဖြစ်ရကြောင်း၊ သို့ ရာတွင် မွေးနေ့ လက်ဆောင်များ အဆမတန်ရရှိမှုကြောင့် ပျော်မဆုံး တပြုံးပြုံးဖြစ်နေကြောင်း ကြားသိရပါသည်။
( အင်း နာလည်း မြန်မာလို၊ တရုတ်လို၊ ဘိုလို၊ ကုလားလို၊ ကမ္ဘာပေါ်ရှိရှိသမျှ ပြက္ခဒိန်တွေထဲက တရက်ရက်နဲ့ ကိုက်တဲ့ မွေးနေ့ ပွဲတော့ လုပ်ဦးမှပါ အများအမြင်မှာ ခေတ်မှီအောင်ပေါ့ အမှန်တော့ လက်ဆောင်တွေ လိုချင်တာပါ ခုချိန်ထိ ဘယ်သူကမှ အလိုက်တသိ လက်ဆောင် မပေးကြသေးဘူး ငိုချင်လာပြီ အီး ရွှတ် )
ကဗျာဆရာတစ်ဦး ဒုက္ခရောက်ပုံ
ကဗျာအရေးကောင်းသူ ကဗျာဆရာ ပဲခပ်များများ မောင်ခင်လေးခေါ်ပလုတ်တုတ်တစ်ယောက် စာအပုံကြီးပိနေသည့်အတွက် ကရိန်းကား ငှား၍မနည်းဆွဲထုတ်ရကြောင်း၊ ထိုသို့ သော အကြောင်းများကြောင့် နဲနဲထိသွားသည်ဟုထင်မိပါကြောင်း၊ ယခုအခါ
အလွမ်းရဲ့ရေယဉ်ကြောမှာ ဒီကောင်ပျော်မောနေတတ်ပြီဟူသော ကဗျာတစ်ပုဒ်ကို တေးလုပ်၍ သီဆိုကခုန်နေသည်ဟု ကြားသိရပါသည်။
AD2500 မှ တွေးခေါ်ပညာရှင်တစ်ဦး၏ ခေါင်းခြောက်နေခြင်း
ဘလော့ရပ်ရွာနေရာတကာတွင် နံမည်ကြီးသော တွေးခေါ်ပညာရှင် ခေတ်သစ်မင်းနန္ဒာခေါ် မောင်မောင်အိမ်မက်မဲ တစ်ယောက် ဈေးကွက်စီးပွားရေးကို အမှန်အကန်လုပ်ဆောင်နေရာ ယခုအခါ ဒုက္ခရောက်နေကြောင်းကြားသိရပါသည်။ အကြောင်းမှာ သူ၏ စီးပွားရေးလုပ်ငန်းမှ ထုတ်လုပ်သော ပစ္စည်းအချို့ ကို ရှောင်တခင် စစ်ဆေးကြည့်ရာ ဈေးကွက်တွင်းမှ လေသန့် ဘူးများတွင် လေညှိတစ်ချို့ ပါဝင်နေသည်ကို တွေ.ရှိရခြင်း၊ အပိုဦးနှောက်များအတွင်း၌ အရည်အသွေး မပြည့်မှီသော ဦးနှောက်များကို ထည့်သွင်း ရောင်းချနေခြင်း၊ ကမ္ဘာ.ရွာကြီးအား ကမ္ဘာ.အိမ်သာကြီး ( ယင်း၏အဆိုအမိန့် အရ အချစ်ဆိုသည်မှာ ယင်လုံအိမ်သာ တစ်ခုသာ ဖြစ်ကြောင်း၊ ထို့ ကြောင့် ကမ္ဘာတစ်ခုလုံး အချစ်များဖြင့် ဖုံးလွှမ်းစေရန် ကြံစည်ရခြင်းဖြစ်ကြောင်း ကြားသိရပါသည် ) အဖြစ်ပြောင်းလဲရန် ၎င်း၏စီမံချက်မှာ ယခုအခါတွင် ဘတ်ဂျက်ပြတ်လတ်နေခြင်းကြောင့် ရပ်နားထားလိုက်ရခြင်း စသည်တို့ ကြောင့် မောင်မောင် အိမ်မက်မဲတစ်ယောက် ခေါင်းခြောက်နေကြောင်း ကြားသိရပါသည်။ နောက်ဆုံးသတင်းအရ ယခုအခါ ကွက်လပ်ဖြည့်ပါဆိုသော ခေါင်းစဉ်အောက်မှ အပေါက်ပေါင်းများစွာ ပါဝင်သော ဘ၀ဆိုသည့် မေးခွန်းတစ်ပုဒ်အား ဖြေဆိုရန် ကြိုးပမ်းနေရင်း ပေါက်မြောက် သွားကြောင်း သတင်းရရှိပါသည်။
ကြော်ငြာ။ ။ကိုယ်ဟန်ပြမောင်တစ်ဦးအလိုရှိသည်
ဓါတ်ပုံအရိုက်ကောင်းသူ Apprenticeship ( ဂရိနှင့်အမေရိကန်တို့ ၏ ခေါင်းညိမ့်ခြင်းနှင့်ခေါင်းခါခြင်းမတူညီရပုံကို ကိုယ်တိုင်သုတေသန
ပြုလုပ်နေသူ ) မှ သက်မဲ့ရှုခင်းများ သစ်ရွက်များအစား သက်ရှိများဖြင့် အသက်ဝင်အောင် ( အသက်မ၀င်ရင်လည်း ငှဲငှဲ ရေခဲတိုက်ထဲပဲ သွားရိုက်ရမလိုလို ) ရိုက်ကူးလိုသောကြောင့် ဓါတ်ပုံအရိုက်ခံရန် ကိုယ်ဟန်ပြမောင်တစ်ဦးအလိုရှိပါသည်။ အရည်အချင်းသတ်မှတ်ချက် = ရုပ်ရည်း တစ်ခါတွေ.ဖူးလျှင် တစ်သက်လုံး သရဲမကြောက်တော့အောင် ချောမောသူ၊ အရပ်း တခြားသူများ မော်မကြည့်ဝံ့သူ၊ အသက်း နှင်းဆီကုန်းဘိုးဘွားရိပ်သာမှ သတ်မှတ်ချက်အတိုင်း၊ ကိုယ်ခန္ဓာအချိုးအစားး အီသီယိုးပီးယားနှင့်ဆူဒန်တို့ မှ မောင်ဘွဲ.ရသူနီးနီး နံရိုးကိုင်းကန်နေသူဖြစ်လျှင် ပို၍ဦးစားပေးမည်။ ( လျှောက်လွှာများကို တကိုယ်တော်အင်တာတိန်းမန့် ဂရုပ်တွင် လာရောက်ဝယ်ယူနိုင်ပါသည် တစ်စောင် 10$ )
ကောင်လေးများ ကြောက်ကြတဲ့ အပျိုကြီးတစ်ယောက်အကြောင်း
ဘလော့ရပ်ရွာထဲက စာရေးအရမ်းကောင်းတယ်လို့  နံမည်ကြီးနေတဲ့ ( ကောင်းမကောင်းတော့ သိဘူး။ သူမရဲ့ ပို့ စ်တွေကတော့ သူမ မသိပဲ အကူးခံရလိုက်၊ ဖော်ဝဒ်မေးတွေထဲမှာ ရေးသူအမည်မပါပဲ ပလူပျံနေလိုက်နဲ့  ) ရွှေပြည်သူ ဆိုတဲ့ အစ်မကြီးတစ်ယောက် လက်ရှိဘ၀ကို ပြောင်းလဲဖို့  မလွယ်ကူတော့ကြောင်း ကြားသိရပါတယ်။ သူမဟာ သိုးတစ်ကောင်ရဲ့ နှလုံးသားကို ဖြစ်သလို ချက်စားလိုက် တာကြောင့် ကောင်လေးများက သူတို့ ၏ သိုးကဲ့သို့ နူးညံ့သိမ်မွေ.လှသော နှလုံးသားကို ဖြစ်သလို ချက်စားမည်ကို စိုးရိမ်သော ကြောင့်၎င်း၊ ထို့ အပြင် သူမတွေ.ရှိခဲ့သော လျှို.၀ှက်ချက်တစ်ခုအရ ယခုအခါ ခြောက်လုံးပြူးသေနတ်ကို ခါးချိတ်၍ ဒါပထမဆုံး အကြိမ်နော်ဟု မကြာခဏပြောတတ်သောကြောင့်၎င်း ပို၍ပို၍ကြောက်နေကြပါကြောင်း သတင်းရရှိပါသည်။
ဘလော့ဂါများ အတွက် အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည်
ရူးပေါဂိုဏ်းမှ အကောင်ကြီးကြီးရာထူးတစ်ခု ရထားသူ ခပ်ပိန်းပိန်းကောင်လေး မောင်ဂျဲဂျယ်၏ Western Hub ဆိုင်တွင် ( လိပ်စာ အတိအကျ မပြောတော့ဘူး။ တော်ကြာ ကိုဇင်ယော် အချွန်နဲ့ မတယ် ဖြစ်မှာစိုးလို့  ) ဘလော့ဂါ ဖြစ်ကြောင်း သက်သေအထောက်အထား အတိအကျ ပြသနိုင်ပါက ၀ယ်ယူထားသော ပစ္စည်းများကို သူများထက်ထူး၍ အထူးဈေးနှုန်းနှစ်ဆဖြင့် ( ရူးပေါဂိုဏ်းဝင်များကို ၃ဆမှ ၅ဆအထိ ) ရောင်းချပေးမည်ဟု ကြားသိရပါသည်။ လက်ရှိကြားသိရသော သတင်းများအရ ယင်းကဲ့သို့  ရောင်းချရခြင်းမှာ နောက်ဘ၀တွင်သုံးရန် စုဆောင်းနေခြင်းဖြစ်ကြောင်း၊ နတ်ဆိုးတစ်ကောင်၏ ကျီစယ်မှုကြောင့် ယခုအခါ လူမှန်းသူမှန်း မသိအောင် အားရပါးရ ပျော်နေပါကြောင်း၊ လောလောဆယ်တွင် ကောင်မလေးနှစ်ယောက်ကြား ဗျာများနေပြီး ဘယ်သူ့ ကို လက်တွဲရမှန်း မသိနိုင် လောက်အောင် အလုပ်ရှုတ်နေပါကြောင်း ( အခုမှ တကယ်မတာ အဟဲ ခက်ရင်းခွနဲ့  ) အဝေးရောက် သတင်းထောက်ထံမှ ကြားသိ ရပါသည်။
ဖလပ်.....ရွှီ
( မီးပြတ်သွားပါပြီ။ ဘယ်အချိန် ပြန်လာမယ် မသိရသေးပါ။ လာရင်လာသည်ဟု မှတ်ပြီး မလာသေးပါကလည်း မလာပါဟု မှတ်ပါလေ။ )
( အဟဲ နံမည်တွေ ခွင့်မတောင်းပဲ ယူသုံးမိတဲ့၊ ပျော်ရွှင်စွာ စနောက်ခံခဲ့ကြရတဲ့ ချစ်ခင်ရင်းနှီးတဲ့ ညီအစ်ကိုမောင်နှမတွေကို ဒီကနေပဲ တောင်းပန်လိုက်ပါတယ်ဗျာ။ အားလုံးပျော်ရွှင်စေလိုသော ဆန္ဒမှတပါး တစ်စုံတစ်ဦးအား ထိခိုက်နစ်နာစေလိုသော စိတ်ကူး လုံးဝလုံးဝ မပါရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ခင်ဗျား။ ညီအစ်ကိုမောင်နှမအားလုံး ပြုံးပျော်ရယ်မောနိုင်ကြပါစေ :P )