Friday, September 19, 2008

လွဲချက်ရယ်က ကုန်နိုင်ပေ

ဇင်ယော်လေး အခုတလော ကံဇာတာပဲ ဂြိုဟ်စီးနေလား၊ နဂါးကြီးကပဲ မျက်စိအောက်က အပျောက်မခံနိုင်လို့  သူ့ ခေါင်းကြီး ဇင်ယော်လေး ဘက်ပဲ လှည့်ထားလားမသိ။ ကြုံရသမျှ တွေ့ ရသမျှ တစ်ခုမှကို အမြီးအမောက်ကို မတည့်တာပါ။ အမြီးအမောက် မတည့်ဘူဆိုလို့  ခေါင်းလိမ် ကိုယ်စောင်းပြီး ခြေတစ်ဘက် ထော့နဲ့ ထော့နဲ့ ဖြစ်နေတဲ့  ကြက်ဖကြီးကိုလည်း မြင်ယောင်နေဦးမယ်။ တကယ်ပါဗျာ လွဲချက်ကတော့ ရက်စက်ပါပေ့။

စာမေးပွဲဆိုတဲ့  ဓါးစက်အောက်က လွတ်တာ ဘာကြာသေးလို့ တုန်း၊ စိတ်ထင် ၁၀ရက်လောက်ပဲ ရှိသေးတာ လူကလည်းနားလို့ ကို မ၀နိုင်ဘူးဖြစ်နေတယ်။ ဟီး ပျင်းတာလည်း နည်းနည်းပါမှာပေါ့လေ။ နေ့ လည်ခင်းဆို တရေးတမော အိပ်ပြီးဖြည့်လိုက်ရတဲ့ အား။..ဟီးဟီး...စိုးရိမ်ရေမှတ်တော့ တဖြည်းဖြည်းနဲ့ ရောက်လာပြီထင်တယ်။ လူကအသွားအလာ နည်းနည်းလေးလာသလားလို့ ။ ဒါတင်မက ဗိုက်လေးကလည်း နည်းနည်းချင်းပူလာတာ တချို.ဘောင်းဘောင်းတွေက ၀တ်မရချင်တော့ဘူဗျ။ အင်း ရှိစုမဲ့စု ပိုက်ပိုက်လေးတော့ လက်လေးပြလို့ နှုတ်ဆက်တော့မယ်ထင်ပါ့။ လူကတော့ သိပ်အ၀ကြီး မဟုတ်သေးဘူးလို့ ထင်တာပဲ။ ဟိုတနေ့ က အိမ်ကိုလူကြုံရှိလို့  ဘာမှပေးစရာ မရှိတာနဲ့  ဓါတ်ပုံတချို.ထည့်ပေးလိုက်တာ ဖုံးဆက်လိုက်တော့ မွေးမိခင်ကပြောတယ်။ သားကြီးမျက်နှာကြည့်ရတာ စကောကို နားရွက်တတ်ထားသလိုပဲတဲ့။ စိတ်ချမ်းသာလို့ ထင်တယ်တဲ့ ။ ဟီးဟီး အမှန်တော့ မျက်နှာကြီးမျိုးဆိုတာ ဒါပဲနေမှာပေါ့ဗျာ။

အင်း ပျိုးရင်းပျိုးရင်း လိုရင်းကလည်းမရောက်နိုင်ဘူးဖြစ်နေတယ်။ ဆိုပါတော့ဗျာ နေ့ လည်ခင်းလေး အနားယူအားဖြည့်နေတုန်း ဗြန်းဆို ဖုံးကထမြည်ပါလေရော။ အိမ်ပျော်နေတုန်း ဖုံးထမြည်တော့ နည်းနည်းတော့ တင်းတာပေါ့ဗျာ။ အရေးကြီးလား၊အရေးသေးလား မသိတော့လည်း ထကိုင်ရတော့တာပေါ့။ အိပ်ချင်မူးတူးနဲ့ ထပြီး ဟဲလို ပြောကာစရှိသေး ဘယ်ကမမမှန်း မသိ၊ စက်သေနတ်ပစ်သလို တရစပ်ရွတ်ပြီး တရော်နဲ့ ရုံးပတေသီး ရောကြိုထားတဲ့ အသံနဲ့  အားရပါးရ ချွဲတော့တာပဲ။ ဟန်နီရေ..ကိုယ်အခုမှ vacation ပြန်ရောက်ကာစ သတိရလွန်းလို့  ဖုံးဆက်လိုက်တာဆိုပဲ။ သွားသာသွားရတာ ဟန်နီမပါလို့  မပျော်ရတဲ့ အကြောင်း တချိန်လုံးဟန်နီကိုပဲ သတိရနေတဲ့ အကြောင်း ခုအရမ်းလွမ်းနေလို့  ဒီည၈နာရီကျရင် အတူတူ ညစာစားချင်ကြောင်း စုံနေအောင်ပွားတော့တာပဲ။ အသက်မှ ရှူသေးရဲ.လားမသိ။ ပြီးတော့မှ စကားလည်းပြန်မပြောဘူး စိတ်ဆိုးနေလားတဲ့ ။ ဘုကျကျနဲ့  လူ့ ဂွစာ စကားပြောချင်စိတ်ကို မနည်းမြိုသိပ်လို့  ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလိုက်ပါတယ်။ ဒီ ဖုံးနံပါတ်က မင်းရဲ. ဟန်နီဖုံးနံပါတ် ဆိုတာသေချာရဲ.လား။ ငါ့မှာတော့ ဆွီတီဆိုတဲ့  မင်းလို ကောင်မလေးမရှိတာတော့ သေချာပါတယ်လို့  ပြောလိုက်မှ အွန်...ဆိုပြီး ခဏအသံတိတ်သွားတယ်။ ခုမှ နံပါတ်အသေအချာ ပြန်ကြည့်မိတယ်ထင်ပါရဲ.။ ပြီးတော့မှ Sorry...wrong number ဆိုပြီး ဖုံးချသွားတယ်။ စဥ်းစားလိုက်မိတယ်...မနက်၃နာရီ ၄နာရီလောက်မှ ဒီဖုံးနံပါတ် ကိုပြန်ခေါ်ပြီး ဟုတ်တယ် မင်းဖုံးမှားဆက်တာ သေချာတယ်ကွ။ ငါ့မိတ်ဆွေတွေထဲမှာ ဒီနံပါတ် မရှိဘူးဆိုပြီး ပြန်ပြောရကောင်းမလားလို့ ။ စဉ်းစားကြည့်ပါဦးဗျာ။ အိပ်ပျော်နေတာကို နှိုးပြီး ချွဲပြစ်ပြစ်နဲ့ လာကြူသွားတယ်။ dinner
တူတူစားရအောင်တဲ့ ။ ပြီးတော့မှ ဖုံးမှားလို့ ဆိုတော့ ဘယ်လိုနေမလဲဗျာ။ တွေးကြည့်ပေတော့။ ပြန်အိပ်လို့ မရတော့ပဲ အီလည်လည်ကြီး ဖြစ်ကျန်ခဲ့တယ်။ လွဲချက်ကတော့ ရက်စက်ပါ့ဗျာ။

ဒီလိုနဲ့  ပြန်အိပ်မရမယ့်တူတူ ထူးပါဘူးဆိုပြီး ရေမိုးချိုး၊ ဘေးခန်းက သူငယ်ချင်းကို ချောဆွဲပြီး အပြင်ကို စောစော ထွက်လာခဲ့ တယ်။ ၀ါးတီးပေးရမယ့် အချိန်ကလည်း စောနေသေးတာမို့  ဗိုက်ချောင်ပြီး ပိုစားဝင်သွားအောင်လို့  ဒီဈေးကြီးတစ်ပတ်ပတ်ကျစို့ ဆိုပြီး window shopping ထွက်ကြတော့တာပေါ့။ ဒီလိုနဲ့  အ၀တ်အစားတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှေ့ ရောက်တော့ အမြင်အာရုံထဲကို လှတီးလှတ ကောင်မလေး တစ်ယောက် စက္ကူပုံးလေးတစ်ပုံးကို လက်နှစ်ဘက်နဲ့  သေသေချာချာကိုင်ပြီး ဂွတီးဂွကျ ရပ်နေတဲ့ ပုံလေးက တန်းပြီးဝင်လာတယ်။ ဇင်ယော်လေးဘာသာ လမ်းလျှောက်လာတာ၊ သူလေးက အမြင်အာရုံထဲ ၀င်လာတော့လည်း အော် အနိစ္စ အမြဲမရှိ ပါတကား၊ အခုရှိတုန်းလေး အားပေးလိုက်ဦးမှ ဆိုပြီး တရားသဘောလေး ရှုပြီး အားပေးလိုက်တာပေါ့။

ဟိုက်ရှားဘား သေသေချာချာကြည့်မိမှ တော်တော်လှတယ်ဗျ။ ဆိုင်ရှေ.နံရံကို ကျောလေးမှီလို့  ကတ်ထူပုံးလေးကို လက်နှစ်လက် နဲ့ သေသေချာချာ ကိုင်ပြီး ပြုံးပြုံးလေးရပ်နေတာ။ ဒါနဲ့  နှစ်ယောက်သား မတိုင်ပင်ရပဲ ညာညှိအလေးပြုပြီုး လျှောက်လာခဲ့တာပေါ့ဗျာ။ မရွှေချောကလည်း သိပါ့၊ မခို့ တရို့ လေးတောင် ပြန်ကြည့်လိုက်သေး။ ဇင်ယော်လေးကတော့ ကိုယ့်ကိုကိုယ် ပြန်တရားချနေရတယ်။ အော် အပုတ်ကောင်ကြီး ရုပ်ဆောင်နေတာလို့  ဟီးဟီး ဒါပေမယ့် မပုတ်သေးခင်တော့ တော်တော်ကြည့်လို့ ကောင်းတာပဲ။

ဒါပေမယ့် ငြိမ်ငြိမ်မနေတာက ဘေးကသကောင့်သား။ အစ်ကိုရေ ကောင်မလေးက ချစ်စရာလေးနော်တဲ့။ အေးလို့  ပြောရုံရှိသေး သနားစရာ လေးဗျတဲ့ ။ ဟင်ဘာလို့ တုန်းဆိုလို့  မတွေ့ ဘူးလားအစ်ကိုရ အလှူခံပုံးလေးပိုက်ပြီး ရပ်နေတာ စကားမပြောတတ်လို့  အလှူခံနေတာလားမသိဘူးတဲ့ ။ နင့်ကြီးတော်ကြီး စကားမပြောတတ်ရမှာလား ဆိုပြီးလူတတ်ကြီးလုပ်ပြီး ထဟောက်လိုက်မိတယ်။ ပြီးမှ သေသေချာချာ ပြန်တွေးကြည့်တော့ ကတ်ထူစက္ကူပုံးလေးကို အပေါ်က အပေါက်ဝိုင်းဝိုင်း သေးသေးလေး တစ်ပေါက် ဖောက်ထား သေးတယ်။ ဘေးမှာလည်း တရုပ်ဘူးသီးငါးပေါင်းကြော် စာတွေလည်းရေးထားသေးတယ်။ အင်း အရင်ကမြင်ဖူးတဲ့  charity orgaizations က volunteer တွေ ဘူတာရုံမှာ၊ food court တွေမှာအလှူခံတာ သွားပြီးသတိရမိလို့  တရုပ်စာနားမလည်ပေမယ့် သူလေးလည်း အဲလိုလားမသိဆိုပြီး ထင်လိုက်မိတယ်။ ဘေးကကိုယ်တော်လေးကို ပြောပြလိုက်တော့ ဟာသေချာတာပေါ့၊ လာသွားလှူရအောင်တဲ့ ။ အမ်.... ဘယ်ကဘယ်လို သဒ္ဒါတရားပေါက်နေလဲမသိ။ ဇင်ယော်လေးလည်း ကျပ်တန်လေးခေါက်ကိုင်ပြီး သူလေးရှိရာ ပြန်လျှောက်ရတော့တာပေါ့။

မျက်နှာကို အချိုဆုံးပြုံးပြီး ဟဲလိုဆိုပြီး နှုတ်ဆက်လိုက်တော့ သူလေးက မျက်လုံးလေးပြူးပြီး ဟိုင်းဆိုပြီး ပြန်နှုတ်ဆက်ရှာတယ်။ ဒီငတနှစ်ကောင် ဘာလာရှုတ်တာလဲလို့  ထင်ရင်ထင်မှာပေါ့။ လှူမယ့်လှူ ဘာအတွက်လှူရတာလည်း ဇင်ယော်လေးလည်း သိချင်တာပေါ့။ ဒါကြောင့် အလှူငွေမထည့်ခင်တော့ စပ်စုဦးမှဆိုပြီး ကျပ်တန်ခေါက်လေး လက်မှာကိုင်လို့ သူလေးကို ကတ်ထူပုံလေး လက်ညှိုးထိုးပြီး မေးရတာပေါ့။ Is the box intend for some charity purpose လို့ လည်းမေးလိုက်ရော အလန့် တကြားနဲ့  no... no ,.. inside is the bird....a bird ပါတဲ့ ဗျာ။

ဟိုက်.....သောက်ကျိုးနဲ... လွဲပြီဟ။ သေတော့မှာပဲ။ ဒါနဲ့  အကျိုးအကြောင်း ရှင်းပြပြီး မနည်းတောင်းပန်ရတာပေါ့။ ငါတို့ ထင်တာက ဒီလိုဒီလို ထင်လို့ ပါဆိုတော့ သူလေးက အားရပါးရ ရယ်တော့တာပဲ။ ပြီးတော့ ရှင်းပြရှာတယ်။ သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးလို့  ဒီငှက်ကလေးကို ခုမှသွားယူလာတာတဲ့။ ဘာနဲ့ သယ်ရမှန်း မသိတာနဲ့  ကတ်ထူပုံးလေးကို လေ၀င်ပေါက် လေးဖောက်ပြီး ယူလာတာတဲ့။ သူလေးရဲ. သူငယ်ချင်းတွေ ဆိုင်ထဲမှာ ဈေးဝယ်နေလို့  အပြင်မှာ ငှက်ထည့်ထားတဲ့  ပုံးလေးကိုင်ပြီး စောင့်နေတာတဲ့ ။ သေစမ်းကွာ ပညာရှိတို့ များ တွေးကြည့်လိုက်လို့ ကတော့ ကွက်တိချည်းပဲ။ သူလေးရဲ. သူငယ်ချင်းတွေ အပြင်ထွက်လာပြီး ဘာဖြစ်လို့ လည်းတဲ့။ သူလေးက ဇာတ်ရည်လည်အောင် ရှင်းပြလိုက်တော့ ရယ်လိုက်ကြတာ ဘေးနားက လူတွေတောင် ဘာဖြစ်တာလဲလို့  စပ်စုတဲ့ အကြည့်နဲ့  ကြည့်သွားကြသေးတယ်။ ဒီကကောင်ကတော့ ရှက်လို့ သေတော့မယ်။ တော်သေးတာပေါ့ဗျာ အလှူငွေမထည့်ခင် မေးမြန်းမိလို့ ။ နို့ မို့ လာနောက်တယ်ထင်ပြီး ရဲကိုဖုံးဆက်လိုက်လို့ ကတော့ ဒီမှာတင် ကားပြာလေး စီးနေရဦးမယ်။ ဒါတောင် နှုတ်ဆက်ပြီး ပြန်တော့ သူလေးက လက်ညှိုးလေးထောင်ပြီး လှမ်းမှာလိုက်သေးတယ်။ နောက်တခါ အလှူငွေထည့်ခါနီးကျရင် သေသေချာချာမေးဦးနော်တဲ့ ။ အော် လွဲချက်ကယ်များ ပြောပါတယ်။..........။

14 comments:

Anonymous said...

မျက်နှာ စကေားလောက်ရှိတဲ့ အစ်ကိုကြီး လွဲပြန်ပြီပေါ့ တော်သေးတယ် ကောင်မလေးက အစ်ကို့ ရုပ်ကိုကြည့်ပြီး အားနာလို့ ဖြစ်မယ် မဟုတ်ရင်တော့ ဖြန်းးးးးးးးး ဆိုတာ ဘာသံလဲဝေ့ :) အော်..အပုပ်ကောင်ကြီးဆိုပါလားးး

ကိုရုပ်ဆိုး said...

တော်သေးတာပေါ့ ဇင်ယော်ရာ .. မင်းကိုပါ ဖမ်းပြီး ပုံးထဲထည့်မသွားတာ ကံကောင်း။ ကံမကောင်းတာတောင်မှ ညုတဲ့လူနဲ့၊ ခပ်ချောချောကောင်မလေးတွေနဲ့ မဟားတရား ဟုတ်နေပါလား။

WWKM said...

ဟဟဟား..
ကိုဇင်ယော်ကြီး ရေ..တကယ်ရယ်ရတယ်.
စာရေး တကယ်ကောင်းတာပဲ..
လာအားပေးသွားပြီ။
ဒါနဲ့ စကောလောက်ရှိတဲ့ မျက်နှာကြီးနဲ့ ဆိုရင်
ပိုလန်သူ လည်းကြိုက်မှာ မဟုတ်ဘူး၊ဂျပန်မလည်း
ကြိုက်မှာ မဟုတ်ဘူး. အဟီး
လူပိုကြီးပဲ..အဲ ..လူပျိုကြီးပဲဖြစ်မှာပဲ သေခြာတယ်.
စိတ်ကောင်းဘူး။
ပြန်ပြီ။

Anonymous said...

အဟိ.. ရယ်နေရတယ် အစ်ကိုကြီးကတော့ ဖြစ်ရမယ် တော်သေးတာပေါ့နော် မမေးမမြန်းဘဲပိုက်ပိုက်သွားထည့်မိရင်တော့လား.. အဟမ်း အဟမ်းး.. :P

Anonymous said...

ကိုကြီးဇင်ယော်နော် ဒီတစ်ခါ မသိလို့ဆိုတော့
အနော်ခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါမှားလို့ကတော့
အနော့ကောင်မလေးကိုယ်စား အနော်လုံးဝခွင့်လွှတ်မှာ
မဟုတ်ဘူး။ ဟုတ်တယ် အနော့ကို အနော့ရည်းစားက
ပြန်ပြောပြတယ်။ ကိုကိုရယ်တဲ့ လမ်းမှာတဲ့ ညီမလေးက
ကိုကို့ကို စောင့်တာတဲ့။ အဲဒါကိုတဲ့ အူကြောင်ကြောင်
နဲ့လူကြီးနှစ်ယောက်တဲ့ မီးမီးကိုလာပြီးတော့တဲ့ အူ
ကြောင်ကြောင်လာလုပ်တာတဲ့ မီးမီးလည်းတဲ့ အားနာတာ
နဲ့တဲ့ အလိုက်အထိုက်လေးတဲ့ ပြန်ပြောလိုက်တယ်တဲ့
ချိတ်အရမ်းညစ်တယ် ကိုကိုရယ်တဲ့ အဲဒါတဲ့ ကိုကို
နဲ့မီးမီး လျှောက်လည်ကြမယ်တဲ့ အဲဒါတဲ့ ဟိုဟာတဲ့
ဒီဟာတဲ့
ကိုဇင်ယော်ကြီးရဲ့ အလွဲတွေအတွက်တဲ့ တားတားက
ကွန်းမန့်ရေးခဲ့တယ်တဲ့ ဟိုဟာတဲ့ ဒီဟာတဲ့

ခေါင်ခေါင် said...

ဖြစ်မှ ဖြစ်ရလေ ဘရားသားကြီးရယ်..
ရယ်ရတာ အရမ်းပဲ.. ဟီးဟီး..

Dream said...

အင်းတော်သေးတာပေါ့ဦးဦးရယ်။
အဲဒီကောင်မလေးအုပ်စုက
မီးမီးတို့လို့သဘောကောင်းမနှောကောင်း
ချစ်စရာကောင်းအချောအလှအုပ်စုလေးနဲ့
တွေ့လို့တော်သေးတာပေါ့။မဟုတ်ရင်ဖြင့်
တခြားသူသာဆိုရင်..အဟိ..အဟိ...
မတွေးရဲစရာ..
:P :P ဟီးဟီး

khin oo may said...

ညံချက် ကတော့ဖွတ်ဘဲ. အမှန် က ဒါ အကွက်ဘဲ။ ဒီ အဆင်.ကို ရောက် အောင် သူ များတွေ ဆို မနည်းပျိုး ရတာ။ ဖုံးနာပါတ် ကလေးတောင်း။ တောင်းပန် ချင် လို.ပါ ဆိုပြီး အအေးဆိုင် ခေါ်။ထပ် တောင်းပန် ချင် လို့ပါ ဆိုပြီး ရုပ် ရှင် ပြ.။ ဟင်း။ လည် မလို လို.နဲ.။ ခက်သေးတယ်။ လုပျိုကြီး ဖြစ် မှာသေချာ နေပြီ။ မဟုတ်ရင် လဲ အမေ ပေးစားတာနဲ.ဘဲ ရမှာဘဲ။

နှင်းပွင့်ဖြူ said...

ဟတ်ဟတ် ..... ကောင်မလေးကို ဘယ်လောက်များ လိုက်ပြီး ကျူနေလဲမသိဘူး. ။

လင်းဦး(စိတ်ပညာ) said...

အဟားးး. ရဲကို ဖုန်းမဆက်လို့ တော်သေးတာပေါ့ဗျာ။

ရွှန်းမီ said...

ဟား ဟား..
တော်သေးတာပေါ့.. ကျပ်တန် ဆုံးတော့မလို့ .. =)
ငှက်စာ ဖြစ်သွားဦးမယ်။

မသက်ဇင် said...

နိဒါန်းပျိုးပြီး စာဖတ်သူအား ဆွဲခေါ်သွားတာ
အလွန်ကောင်းပါတယ်---------
နိဂုံးရောက်မှ ဟယ်--------------လို့
ဖြစ်အောင်လေ--
အားပေးနေပါတယ်--
ဆက်ရေးပါ---
ခင်မင်လျက်
မသက်ဇင်

သက်တန့် said...

ကိုကြီးဇင်ယော်...
အမယ် ကံမကောင်းတာတောင် ကောင်မလေးချောချောနဲ့... အဲလို... အဲလို... :P
မမKOM ပြောတာဟုတ်တယ်နော်... ညံ့ချက်ပဲ...

Andy said...

ကျနော်လည်း ဒါမျိုးလွဲဖူးတယ်