Monday, September 29, 2008

အ၀ါရောင်စာရွက်လေး

တိတ်ဆိတ်ငြိမ်သက်မှုတွေ ကြီးစိုးထားတဲ့ ရုံးခန်းလေးထဲရှိ နောက်မှီကုလားထိုင်လေးပေါ်မှာ အသာအယာ မှီထိုင်လိုက်ရင်း ကျနော် ပြောစရာ စကားလုံးတွေကို စိတ်ကူးထဲမှာ ရွေးချယ်နေမိသည်။ ဒီနေ့  ကျနော်နှင့်တွေ့ ဆုံရန် သူတို့ လာကြပေလိမ့်မည်။ ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေး အားပေးနေမိသည်။ ငါလုပ်ပေးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် သူ့ အတွက် ငါ မဖြစ်ဖြစ်အောင် ကူညီပေးနိုင်မှာပါ။

ထိုင်နေရင်းက သူ့ အကြောင်းလေးကို တွေးတောနေမိသည်။ အမြဲတမ်း ပျော်ရွင်ရယ်မောနေတတ်တဲ့၊ ဖြတ်လတ်တက်ကြွတဲ့၊ စာပေထူးချွန်တဲ့ သူ့ နဂိုပုံရိပ်လေးတွေ ပျောက်ဆုံးသွားခဲ့တာ မဝေးသေးသောကာလ၊ လပိုင်းမျှသာရှိပေဦးမည်။ ခုချိန်မှာတော့ တွေဝေ ငေးမှိုင်နေလေ့ရှိပြီး ကျောင်းစာကိုလည်း စိတ်မ၀င်စားတော့ပဲ ကျောင်းဆင်းချိန်မှာ ကျောင်းအားကစားကွင်း မြက်ခင်းအစပ်လေးမှာ တစ်ယောက်တည်း သွားပြီးထိုင်နေတတ်တဲ့  သူ့ အကြောင်းကို ကျနော်တွေးရင်း ရင်ထဲမှာ နာကျင်နေမိသည်။ ကျောင်းဆရာ တစ်ယောက် ဖြစ်တဲ့  ကျနော့်အဖို့ တော့ အဖိုးတန်ကျောက်မျက်တစ်ပွင့် ဖြစ်လာနိုင်စရာရှိသည့် ကျောက်ရိုင်းတုံးလေးကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ပေ။ ဒါ့ကြောင့်လည်း အကြောင်းရင်းအမှန်ကို စုံစမ်းမိတော့ ရင်ထဲမှာ သူ့ ကို အတော်သနားသွားမိသည်။

သူဆိုတဲ့  တော်မီလေးရဲ. မိဘနှစ်ပါးက မကြာသေးခင်ကမှ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့  တစ်ယောက်တစ်နေရာစီ ခွဲခွာနေထိုင်နေကြပြီး တရားဝင်ကွာရှင်းပြတ်စဲဖို့  စီစဉ်နေကြတာတဲ့။ လောလောဆယ် တရားဝင်အုပ်ထိမ်းခွင့်ကို တရားရုံးမှ အမိန့် မချမချင်း သူကတော့ အဖိုးအဖွားတွေဆီမှာ ခဏတာ မှီခိုနေရသည်။ စိတ်နှလုံးကြေကွဲနေတဲ့ ကလေးတစ်ယောက်ရဲ.ရင်ထဲမှာ ပျော်ရွင်မှုတွေ ပြန်လည်မွေးဖွားလာအောင် ကျနော်ဘယ်လိုဆောင်ကြဉ်းပေးနိုင်မလဲ နေ့ စဉ်နဲ့ အမျှတွေးတောရင်း ကျနော် တော်မီလေးရဲ့ မိဘနှစ်ပါးနှင့်  တွေ့ ဆုံဆွေးနွေးဖို့  ဆုံးဖြတ်လိုက်သည်။ ဒါ့ကြောင့်လည်း တော်မီလေးရဲ့ မိခင်နှင့် ဖခင်ဆီကို ကျောင်း ကိစ္စှနှင့် ပတ်သက်ပြီး ကျနော်နဲ့ လာတွေ့ ဖို့  စာတစ်စောင်စီ ပို့ လိုက်တာပါ။ ဒီနေ့  ကျနော်နဲ့ တွေ.ဖို့  သူတို့  လာကြပေလိမ့်မည်။

တွေးတောနေရင်းက တော်မီလေးရဲ့ အဖေနဲ့ အမေတို့  မရှေးမနှောင်းပင် ရောက်လာကြပေပြီ်။ ခရီးဦးကြိုနှုတ်ဆက်ကာ ကျနော့်စားပွဲရှေ.က ကုလားထိုင်တစ်လုံးစီမှာ နေရာချပေးလိုက်သည်။ သူတို့ ကို မသိမသာ အကဲခတ်ရင်း တော်မီလေးရဲ့ ပညာရည်တိုးတက်မှု မှတ်တမ်းနှင့် အခြားသော သက်ဆိုင်ရာ စာရွက်စာတမ်းအချို.ကို အံဆွဲထဲမှ ဆွဲထုတ်လိုက်သည်။ သူတို့ က တစ်ဦးကိုတစ်ဦး မသိကျိုးကျွံပြုလျှက်၊ စကားတစ်ခွန်းမျှမဆို၊ မသိလိုက်မသိဘာသာပင်။ အရွယ်နဲ့ မမျှအောင် ခံစားနေရတဲ့  ကြေကွဲဝမ်းနည်းနေတဲ့  ကလေးတစ်ယောက်ရဲ့ ရင်ထဲကခံစားချက်၊ အပြုအမူအနေအထိုင်တွေက သူချစ်မြတ်နိုးရတဲ့ မိဘတွေရဲ့ ခွဲခြားနေထိုင်မှု၊ ကွာရှင်းပြတ်စဲ ဖို့ စီစဉ်နေမှု၊ မိဘရင်ငွေ့ အောက်မှာ နေထိုင်ရမယ့်အရွယ်မှာ အခြားသူတွေရဲ့ အုပ်ထိမ်းမှုအောက်မှာ နေထိုင်ရမှု စတာတွေရဲ့ ရိုက်ခတ်ခြင်းဆို သူတို့ တွေ သိမှသိပါလေစ။

ကျနော်တည်ငြိမ်အေးဆေးစွာပဲ သူတို့ ကို တော်မီလေးရဲ့ ပညာရည်မှတ်တမ်း၊ဘက်စုံတိုးတက်မှုမှတ်တမ်းနဲ့  အခြားသောသက်ဆိုင်ရာ စာရွက်စာတမ်းတချို.ကို လက်ဆင့်ကမ်းကာ ဖတ်ရှုစေလိုက်သည်။ အားလုံးရဲ့ ဘားဂရပ်တွေက ထိပ်ဆုံးမှ အောက်ခြေကို ထိုးကျသွားတာ သူတို့ သတိထားမိစေချင်သည်။ ပြီးတော့မှ ကျနော် တော်မီလေးရဲ့ အပြုအမူအနေအထိုင်တွေ ပြောင်းလဲသွားပုံ၊ ကျောင်းစာနဲ့  ပတ်ဝန်းကျင်ကို စိတ်မ၀င်စားတော့ပဲ တစ်ယောက်တည်း အထီးကျန်နေလေ့ရှိပုံတွေကို သူတို့ ကို အသေးစိတ်ရှင်းပြလိုက်သည်။ ဒါတွေအားလုံးဟာ မိဘနှစ်ပါးလုံးမှာ လုံးဝတာဝန်ရှိကြောင်း၊ ကြာရင် တော်မီလေးတစ်ယောက် ပတ်ဝန်းကျင်နဲ့  တဖြည်းဖြည်း ကွဲကွာသွားပြီး အထီးကျန်စိတ်ဝေဒနာ ခံစားရမှာဖြစ်ကြောင်း။ နောက်ဆုံးမှာ လူ့ အဖွဲ့ အစည်းကို အကျိုးမပြုနိုင်ပဲ လူဆိုးလူပေလေး
ဖြစ်သွားမှာ စိုးရိမ်မိကြောင်း၊ ကျနော်အကြာကြီး ပြောဆိုနေမိသည်။ သူတို့ တွေဆီက စကားတစ်ခွန်းမှ မကြားရ။ သို့ ပေမယ့် စိတ်ရှုတ် ထွေးပြီး စိုးရိမ်ပူပန်သောကတွေနဲ့  ပြည့်နှက်နေတဲ့  သူတို့ ရဲ. မျက်နှာတွေက တော်မီလေးအပေါ် သူတို့  ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေခံနေတာပဲလေ။

နောက်ဆုံးအနေနဲ့  သူတို့ မိသားစုလေးအတွက် ကျနော်ကြိုးစားကြည့်ချင်သေးသည်။ ကျနော် အံဆွဲထဲမှ ကြေမွနေသော၊ ၀ါကြင့်ကြင့် စာရွက်လေးတစ်စောင်ကို အသာအယာ ထုတ်ယူလိုက်သည်။ ဒီစာရွက်လေးကို ကျနော် ပီတာလေးရဲ့ စားပွဲခုံအောက်က ကောက်ရ ခဲ့တာပါ။ လုံးချေထားတဲ့  စာရွက်လေးကို ဖြန့် ကြည့်လိုက်တော့ အ၀ါရောင် စာမျက်နှာ နှစ်ဘက်လုံးမှာ စာကြောင်းလေးတချို.ကို ထပ်ကာထပ်ကာ ရေးသားထားသည်။ အချို.နေရာတွေမှာ မျက်ရည်စက်တွေ စွန်းထင်းလို့ နေလေရဲ့။ ကျနော်စာရွက်လေးကို ဖတ်နေရင်းက နှလုံးသားကို တစုံတရာက ဖြစ်ညှစ်နေသလို ခံစားခဲ့ရသည်။

ကျနော်စာရွက်လေးကို ပီတာလေးရဲ့ အမေဆီ အရင်ဆုံးကမ်းပေးလိုက်သည်။ ဖတ်နေရင်းက စာရွက်လေးကို ကိုင်ထားသည့်လက်တို့  တဆက်ဆက်တုန်ကာ ရှိုက်သံသဲ့သဲ့မျှ ကြားလိုက်မိသည်။ ပြီးတော့ အဖေဆီသို့  သူမလက်ဆင့်ကမ်းပေးလိုက်သည်။ သူက ပထမစာရွက်လေးကို နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကုပ်ပြီး ကြည့်နေသည်။ ပြီးတော့ တဖြည်းဖြည်းပြေလျော့လာကာ စိတ်ထိခိုက်သည့်ပုံဟန်က သူ့ မျက်နှာပေါ်မှာ အထင်းသား မြင်နေရသည်။ သူစားရွက်လေးကို သေသေချာချာခေါက်ပြီး အကျီအိတ်ထဲသို့  ယုယုယယ ထည့်လိုက်သည်။ ပြီးတော့မှ သူမ၏ တုန်ယင်နေသော လက်တစ်ဘက်ကို အသာအယာဆွဲယူရင်း သူမပါးပြင်ပေါ်က မျက်ရည်တွေကို လက်ကိုင်ပ၀ါဖြင့် အသာလေးတို့ ထိကာ သုတ်ပေးနေသည်။ သူမကလည်း သူ့ ပခုံးထက်မှာ ခေါင်းမှီငိုရှိုက်ရင်းက သူ့ ကို ပြန်လည်ပြုံးပြသည်ကို ကျနော်တွေ့ လိုက်ရသည်။

ကျနော်ထိုင်ခုံမှ အသာထကာ ပြတင်းပေါက်မှာ မတ်တပ်ရပ်ရင်း အဝေးကရှုခင်းပန်းချီကားလေးကို ငေးမောနေမိသည်။ သူတို့ တတွေ ကဖြင့် ကျနော့်ကို သတိထားမိဟန်မတူ၊ မြင်ပုံလည်းမပေါ်။ ကျနော်ကရော တဖြည်းဖြည်း အမြင်အာရုံတို့ ကေ၀၀ါးသွားကြသည်။ ပတ်ဝန်းကျင်ကို တိုက်ခတ်လာသည့် လေနုအေးက ကျနော့်ပါးပြင်ပေါ်က အေးစက်စက်မျက်ရည်စီးကြောင်းတို့ ကို ခြောက်ခမ်း သွားအောင် အသာအယာပွတ်သပ်လို့  ကျီစယ်သွားလေသည်။ ရင်ထဲမှာ အသာလေး ဆုတောင်းနေမိသည်။ ဒီမိသားစုလေး ပျော်ရွင်ချမ်းမြေ့တဲ့  အိမ်ဂေဟာလေးကို အမြဲထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ။

ဘုရားသခင်က ဒီမိသားစုလေး ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဒီစာရွက်လေးကို ကျနော်မတွေ.တွေ.အောင် အသေအချာ ညွှန်ပြ ခဲ့ တာပါ။ တကယ်တမ်းပြောရရင် မျက်ရည်စက်တွေ စွန်းထင်းနေတဲ့ ဒီစာရွက်လေးက ကလေးတစ်ယောက်ရဲ့ ဒဏ်ရာရနေ တဲ့ နှလုံးသားက ဝေဒနာတွေကို ဖွင့်လှစ်ပြသလိုက်တဲ့ နေရာလေးတစ်ခုပါ။ သူ့ ရဲ့ မပီဝိုးတ၀ါး အိပ်မက်လေးတွေကို တကယ်တမ်း ဖြစ်လာစေဖို့  ဆုတောင်းခဲ့ တဲ့စာရွက်လေးပါ။ သေချာပါတယ် ဒီစာရွက်လေးမှာ သူ့ နှလုံးသွေးတွေကို မှင်လုပ်လို့ ရေးခြစ်ခဲ့ တာ စာမျက်နှာနှစ်ဘက်လုံးအပြည့်။ စာကြောင်းလေးတွေက အများကြီး မဟုတ်ပါဘူး။ ၃ကြောင်းတည်းရယ် ................................

"............ဖေကြီးကိုချစ်တယ်......"
"............မေကြီးကိုချစ်တယ်......"
"............သားတို့ တူတူနေချင်တယ်........." တဲ့။

( နုနယ်တဲ့နှလုံးသားလေးတွေ မထိခိုက်မနာကျင်စေဖို့ ၊ အဖြူရောင်နှလုံးသားနုနုလေးတွေကို အရောင်မဆိုးမိစေကြဖို့  Chicken Soup of the Soul မှ Jane Lindstorm ရဲ့ Tommy's Essay ကို ခံစားပြီး ရေးဖွဲ.လိုက်တာပါ။ )
( ကျနော် အဆင်မပြေတဲ့ကာလမှ ဂရုတစိုက်နဲ့  စိတ်ပူပေးကြတဲ့ ၊ ဘလော့မှာသာမက မေးလ်နဲ့ ပါ အားပေးကူညီခဲ့ကြတဲ့  ညီအစ်ကို မောင်နှစ်မအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ စိတ်ပူအောင် လုပ်ခဲ့မိလို့  ဒီပို့ စ်လေးကို အချိန်မှီရေးပြီး တောင်းပန် လိုက်ပါတယ်ဗျာ။ ညီအစ်ကို မောင်နှစ်မအားလုံး ကျေနပ်ပျော်ရွှင်နိုင်ကြပါစေလို့ ။ )

10 comments:

khin oo may said...

သိတ်ကောင်းတယ်။ အရမ်းကောင်းတယ်။ ရှေ့ဆက် ရေးပါ။ မျှော်နေမယ်။ စောင့်ဖတ်နေမယ်နော်။ :D

မသက်ဇင် said...

ပိုစ့်လေးကိုဖတ်ပြီး စိုးရိမ်သွားမိတာတခုရှိတယ်
စာရေးသူကိုယ်တိုင်များတကယ်ဖြစ်တာလားပေါ့
ကလေးကို သနားသွားလို့ပါ---
ကိုယ်တိုင်မဟုတ်ရင်လည်း ရသ ကောင်းတပုဒ်
ကို ဖန်တည်းနိုင်စွမ်းသူ မျိုးဆက်သစ် ကလောင်ရှင်တဦးအဖြစ်ကြိုဆိုလိုက်ပါတယ်--
တကယ် ကိုယ်တိုင် ခံစားနေရတယ် ဆိုရင်----
ဇင်ယော်ရေ-----
ခင်မင်လျက်
မသက်ဇင်

ခေါင်ခေါင် said...

အမျိုးမျိုးပဲ ကိုဇင်ယော်ကြီးက.. အားလုံးကို စိတ်ပူပြီး ကျန်ခဲ့အောင်လုပ်တယ် ..
ခုတော့လဲ သူမဟုတ်တာကျနေတာ ပဲ..

တတ်လဲ တတ်နိုင်ပါ့.. ဟီးဟီး...

WWKM said...

Hello!!! Ko Zin Yaw,

Its really nice post.

Black Dream said...

ဒီလိုအဖြစ်မျိုးတွေ အများကြီးရှိနေအုံးမယ့် အရေးတော့ စိတ်လေးစရာပါပဲ အစ်ကိုရာ..။

Anonymous said...

ညီ ပြောသားပဲ ဘာသာပြန်လေးတွေ အရမ်းကောင်းပါတယ်ဆို အချစ်အကြောင်းတွေထပ် ဒီလို အရေးသားလေးတွေကို သဘောကျတော့ ကျေးဇူးပါ အစ်ကိုး)

:P said...

လာဖတ်သွားပါတယ်

Anonymous said...

ကိုဇင်ယော်ကြီး ဝေလေးရေးတာ အစ်ကိုကြီးကိုမမှီသေးပါဘူးဗျာ... တစ်ကယ်ကောင်းတယ် ဘာသာပြန်တာ ဒီလိုချောချောမွေ့မွေ့ပြန်နိုင်ဖို့မလွယ်ဘူး..
မိုက်တယ်.. :P

Anonymous said...

ကိုဇင်ယော်ကြီးတို့ကတော့ လုပ်ချလိုက်ပြန်ပြီနော်
ဘလော့ဂ်စင်မြင့်ကို မတက်ရင်လည်း မတက်ဘူး
တက်ရင်လည်း သားသားတို့ခိုက်အောင်ကို ဘာသာ
ပြန်တတ်တယ်။ ကိုဇင်ယော်ကြီး နောက်မဆုတ်စတမ်း
ပေါ့နော်။ ညီစေ တဲ့ ညီစေပါဗျာ......
အမြဲအားပေးနေတဲ့
ကိုကြီးရဲ့ညီလေး
(၀ိုင်းစုရဲ့ဒါလင်၊ ရှာရာပိုဗာရဲ့ အသဲလေး)
ဒါရိုက်တာရင် (သို့မဟုတ်) ကိုကိုဥယျာဉ်မှူး

thonn thonn said...

တစ်ကယ်ကောင်းတဲ့ ပို့စ်လေးပါ။ :)