Monday, September 22, 2008

ပြပွဲနဲ့ ပြိုင်ပွဲ

တနေ့ က ကိုငယ်ရဲ. အလင်းနဲ့ ရေးတဲ့  ပန်းချီကားတွေကို သွားငေးရင်း စီဗုံးမှာ ရေးထားတာ တွေ့ လိုက်တယ်။ နောက်နေ့ မနက်ကျမှ မြူးမြူးကြွကြွလေး တင်မယ်တဲ့ ။ နောက်နေ့ မနက် သွားစပ်စုတော့ မတွေ့ လို့  သွားအော်တာပေါ့။ ညနေကျမှ
ကိုငယ်က လာပြန်အော်တယ်၊ လာကြည့်တော့ ရပြီတဲ့ ။ ဟဲဟဲ သွားကြည့်တော့ ဟိုက်ရှားဘား.... တစ်ဆယ်တန် ပြပွဲလေး အကြောင်းကို ဓါတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့  ဖော်ပြထားတာ သွားကြည့်ချင်စရာ။ ဇင်ယော်လေးလည်း ဒီပွဲလေးကို အရင်တည်းက သတင်းစာ ထဲမှာရော လက်ကမ်းကြေငြာစာရွက်တွေထဲမှာရော တွေ့ ဖူးတော့ စိတ်ဝင်စားနေခဲ့ တာ ကြာပြီပေါ့ဗျာ။ ဒါနဲ့ ပဲ ဇင်ယော်လေးလည်း ကိုငယ်ရဲ့ ကြေငြာကောင်းမှုကြောင့် အပြေးအလွှား သွားရတော့တာပေါ့။

ရောက်သွားတော့ ညနေစောင်းနေပြီ။ ဆန်းဒေးဆိုတော့ လူကလည်း များမှများ။ ၀င်ကြေး၁၀နဲ့  လက်မှတ်လေး ၀ယ်ပြီးသကာလ ၀င်ဖို့ အပေါက်က မှားနေရသေးတယ်။ အပြင်ခဏထွက်ပြီး ပြန်ဝင်တဲ့ လူတွေ ၀င်တဲ့ အပေါက်ကို သွားဝင်တာကိုး။ အပြင်ခဏ ထွက်ချင်ရင် လက်မှာတံဆိပ်တုံး ထုပေးလိုက်တယ်။ ပြန်ဝင်ရင် အဲဒီတံဆိပ်ကို စကမ်ဖတ်တဲ့စက်နဲ့  ဖတ်ပြီးဝင်ခွင့်ပေးလိုက်ရော။ ဇင်ယော်လေးတို့ ကို လက်ပြဆိုလို့  ဘာလုပ်ဖို့ လည်း မေးမှအဲဒီ တံဆိပ်ကိစ္စ သိရတာလေ။ ဒီလိုနဲ့  အထဲလည်း ရောက်ရော သားရေကျစရာတွေ များမှများ။ ပြထားတဲ့ ကားတွေကို ပြောပါတယ်။

ဘာတွေလျှောက်ရေးနေလဲမသိဘူး။ ခေါင်းစဉ်နဲ့ လည်း ဘာမှမဆိုင်ဘူးလို့  ထင်နေဦးမယ်။ လျှောက်ကြည့်နေရင်း ဇင်ယော်လေး တွေးမိတဲ့ အတွေးလေးကို ခေါင်းစဉ်လေးတင်လိုက်မိတာပါ။ ဒီပြပွဲလေးမှာ အားပြိုင်ပွဲလေးတစ်ခုကို တွေ့ လိုက်ရသလိုပဲ။ လူသားတွေ ဖန်တီးထုတ်လုပ်ထားတဲ့  ကားနဲ့ အပိုပစ္စည်းတွေရယ်၊ နောက်ပြီး လူသားစင်စစ်ဖြစ်တဲ့  car model လေးတွေရယ် အားပြိုင် နေကြ သလိုပါပဲ။ ဘာလို့ လည်းဆိုတော့ လာကြည့်တဲ့ သူတွေ တော်တော်များများပေါ၊့ ဖြစ်ပုံရယ်လေ ကားတွေကို အာရုံစိုက်ပြီး ငေးမော သဘောကျ၊ ပြီးတော့ ဓါတ်ပုံတွေရိုက်ကြနဲ့ ပေါ့။ ဟော ဗြုန်းဒိုင်းဆို မော်ဒယ်လေးတွေက ကားတွေနဲ့  အလှဓါတ်ပုံ အရိုက်ခံ ကြတော့လည်း အလုအယက် ဓါတ်ပုံရိုက်ကြပြန်ရောဗျ။ ယောက်ျားလေးတွေ မပြောနဲ့ ၊ လာကြည့်တဲ့  ကောင်မလေးတွေကတောင် အတင်းတိုးဝှေ့ ပြီး ရိုက်ကြ၊ သူတို့ ကိုယ်တိုင်လည်း တွဲပြီးရိုက်လိုက်ကြနဲ့  ဟုတ်နေတော့တာပဲ။ ကားတွေကိုလည်း မရောင်း ရောင်းရအောင်၊ နံမည်လည်းရအောင် အလှဆင်ယင်ပြီး ပြကြသလို သူတို့ လေးတွေကလည်း နံမည်ကြီးအောင် နောက်ပြပွဲ တွေမှာတွေလည်း သူတို့ ကို ငှားအောင် ဖော်ဖော်ရွေရွေနဲ့  အပြုံးလေးတွေ ဆင်ယင်ပြီး ဓါတ်ပုံလေးတွေ အရိုက်ခံကြ၊ နှုတ်ဆက်ကြနဲ့  ဘယ်သူ့ ကို အာရုံစိုက်လို့ စိုက်ရမှန်းမသိအောင်ပါပဲ။ အင်း လူနဲ့ ကား ဘယ်ဟာက ပိုပြီးအာရုံစိုက်ခံရလဲ၊ ဘယ်သူ့ ကို ပိုပြီးစိတ်ဝင် စားကြလဲ အားပြိုင်တဲ့  ပွဲလေးတစ်ခုလိုပါပဲလေ။

စိတ်နာစရာလည်း ပြောရဦးမယ်။ ဇင်ယော်လေးလည်း ပြထားတဲ့ ကားလေးတွေကို သဘောကျလွန်းလို့  ဓါတ်ပုံလေးတွေ လှည့်ပတ် ရိုက်လိုက်၊ ကြေငြာကမ်းတဲ့  စာရွက်လေးတွေ ဖတ်ကြည့်လိုက်၊ သိချင်တာလေးတွေ ၀င်မေးလိုက်နဲ့  အလုပ်ကို ရှုတ်နေတော့တာပေါ့။ တခါတလေ စိတ်ဝင်တစားနဲ့  ဓါတ်ပုံရိုက်နေတုန်း စာရွက်လာကမ်းပြီး ဘာကားအမျိုးအစားကို စီးပါသလဲတဲ့ ဗျာ။ လာလေ့လာ ပါတယ်ပေါ့။ ကားမစီးနိုင်ပါဘူးလို့ ပြောတော့ ၀ယ်မယ်စိတ်ကူးရင် ဒီလိပ်စာလေးအတိုင်း လာခဲ့ ပါဆိုသေး။ ၃ ခါလောက် အမေးခံရတော့ နဲနဲရွဲ.ချင်လာတယ်။ နောက်တခါဆို SMRT ဘတ်စ်ကား စီးပါတယ်ပြောရင်ကောင်းမလားလို့ ။နောက်လာမေးတာနဲ့  စိတ်ကူးထဲက တွေ့ ရာ နံမည်ကောက်ပြောတော့တာပဲ။ ဒီတော့မှ သာဆိုးသေး၊ သူတို့ ဆီမှာ ကားရေဆေးပါလားတဲ့ ၂ခါရေဆေး ဖရီးဆိုလား လက်ဆောင်ပေးသေး။ အာမခံကုမ္မဏ္ဏီကလည်း သူတို့ ဆီမှာ ကားအာမခံထားပါလားတဲ့  ဘယ်လိုကောင်းကြောင်း ကြေငြာဝင်သေးတယ်။ Survey လုပ်တဲ့ မေးခွန်းတွေဖြေခိုင်းပြီး ချက်ချင်း ကံစမ်းမဲဖောက်ပေးသလို နောက်ထပ်ကံစမ်းမဲလည်း ရှိသေးတယ်တဲ့ ။
ဖြေထားတဲ့  စာရွက်တွေကို သိမ်းထားပြီး မဲပြန်နှိုက်ဦးမှာဆိုပဲ။ တွေးလိုက်မိသေး ထပ်ပေါက်လို့ ကတော့ ရီရဦးမယ်လို့ ။ ကားမစီးနိုင်လို့  ရထားစီးပြီး လမ်းလျှောက်နေတဲ့ ကောင်က ကားအာမခံက ပေးတဲ့  လက်ဆောင်ရပါတယ်ဆိုလို့ ကတော့ ဟာသဖြစ်ဦးတော့မှာလေ။

ဓါတ်ပုံတွေ ရိုက်ကောင်းကောင်းနဲ့  ရိုက်လိုက်တာ ကင်မရာက ဓါတ်ခဲလည်းကုန်၊ ဖုံးကဓါတ်ခဲလည်း ကုန်တော့မှပဲ ရပ်ဖြစ်တော့တယ်။ ဒါတောင် အပြင် Car Drifting Show ကိုမရိုက်လိုက်ရလို့  တောက်တခေါက်ခေါက်ဖြစ်မိသေးတယ်။ ကဲပါလေ....ဖတ်နေရတာ ပျင်းနေတော့မယ်။ ဓါတ်ပုံလေးတွေ ကြည့်လိုက်ပါဦး။ ကိုငယ်ရဲ့ Pro ဆန်လှတဲ့  ရိုက်ချက်တွေနဲ့ တော့  တခြားစီပါပဲ။ ဒါပေမယ့်  မတင်ရမနေနိုင်လို့  တင်လိုက်ပြီဗျို.။ ပြီးရင် ဝေဖန်ပေးသွားပါဦးနော်။


ဒါလေးတွေက သားသား သရေကျခဲ့ ရတဲ့  ကားလေးတွေပေါ့။

ကျနော့်ရဲ. အကြိုက်ဆုံးလေး

စီးလိုက်ရလို့ ကတော့ ဇိမ်ပဲ။

ဒါလေးလည်း မဆိုးပါဘူး။

Ferrari Testorossa

Ferriri White F430
ရှိသေးတယ်ဗျ။
Lamborghini Collection လေးအားပေးသွားပါဦး။

Lamborghini Murcielago Matt Black

Forward Wheel ( tyre & rim )

Rear Wheel ( tyre & rim )









ဒါကတော့ အင်ဂျင်ခန်းလေးတွေ



ကားအတွင်းပိုင်းက အပြင်အဆင်လေးတွေ


ဝါသနာပါရင် ၀င်ဆော့လို့ ရသေး။

ဘရိတ်system ကို

ဒီလို ဈေးလျှော့ပြီး ရောင်းပေးနေတာ၊ ၀ယ်သေးဘူး မကြိုက်လို့ ။ ဟီးဟီး

ကားကို ဒီလိုလည်း အလှဆင်လို့ ရတယ်တဲ့ ။


ကဲ သားသားတို့ အကြိုက် မွန်းလိုက်။ ဟဲဟဲ အများကြီး ရှိသေးတယ်။ လိုချင်သူများ ဆက်သွယ်ကြပါ။










ဘေးက ဘယ်သူလဲလို့ တော့ မသိချင်ပါနဲ့ ။ နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့  ပုံလေးတွေက သားသား သိပ်မပြရဲဘူး။ တော်ကြာ ဟောလီးဝုဒ်က မင်းသားလာငှားမှာ ကြောက်လို့  မထည့်ပေးတော့ဘူးနော်။ ရှိသေးတယ် ဟီးဟီး။

13 comments:

ဥယျာဉ်မှူး said...

အားကျတယ်ဗျာကိုဇင်ယော်ကြီးကိုမတတ်နိုင်တဲ့ကားတွေ
ကလွဲရင်ပေါ့ ဟီးဟီး။ နောက်တစ်ခါတွားရင် တားတားကို
ခေါ်အုံးနော်။ တားတားလည်းလိုက်ချင်တယ်။ ကိုဂျင်ယော်
ကြီးကလည်း ကားတွေပဲ လျှောက်ရိုက်လာတယ်။ တားတားအတွက် အခြားဟာတွေ လျှောက်ရိုက်လာခဲ့ရော
ပေါ့။ ဟီး ဟီး တားတားက ချ တာနော်။ ချိတ်အချိုးနဲ့။
တိရား

ဝေလေး said...

ကားလေးတွေသွားရည်ယိုသွားတယ်.. စားချင်လို့ဟုတ်ဘူး စီးချင်လို့..... အင်းးး
အစ်ကို့လိုပဲ SMRT ဘတ်စ် စီးတယ်ပြောရမယ်. ဟိ :P

khin oo may said...

လိုချင်သည်. တစီးလောက်ပို.လိုက်ပါ.. ငွေရေးကြေးရေး ခြေသလုံးမွှေး

ဝါ၀ါခိုင်မင်း said...

အပေါ်ဆုံးက ကားအဖြူရောင်လေး ယူမယ်ဗျို့..အဟီး
ကိုဇင်ယော်ကြီးနော်..ကိုဇင်ယော်ကြီး...ကားတွေ ပြချင်တာလား..လူတွေပြချင်တာလား. အဟဲ..၂ခုစလုံးကောင်းပါတယ်လို့.. ဒါနဲ့ မြန်မြန်တက်တော့
နော်.. ဒါမျိုးဆိုပိုမြန်တယ် .အဟွန်း
လာငေးသွားပါတယ်။း)

BLACK DREAM said...

အောက်နားက ကောင်မလေးတွေ အဲမှားလို့ ကားလေးတွေက ပိုလှသလိုပဲနော်...။ ဟီး :P

လင်းဦး(စိတ်ပညာ) said...

အဟဲဟဲ သားရေကျစရာပါလား.. ကားတွေကို ပြောတာနော်

ကိုငယ် said...

တော်တော်စုံတာပဲဗျို့.. မယ်ဒေါ်လေးတွေက ဒီနေ့ ဒီဇိုင်းအသစ်နဲ့ပါလား... ကလစ်ကလစ်နဲ့ ကင်မရာကိုရိုက်ပြီး... ချစ်ချစ်လို့ရော မြန်မာလိုမခေါ်ခဲ့ဘူးလား..;)

မျက်ဝန်းနက် said...

ကိုကြီးဇင်ယော်မှန်မှန်ပြော အဲ့ဒါဘူလေးတွေတုန်း အဟီး
ကားကိုဟိုဒင်းရောအပြစ်ဆိုစရာမရှိကောင်း၏ ကောင်း၏

မောင်မျိုး said...

မျက်မှန်ထူထူနဲ့ ကောင်မလေးတွေကို ငမ်းနေတဲ့ ကျနော့်အစ်ကိုကြီး ဘယ်နားမှာတုန်းဗျး)

သက်တန့် said...

ဟာ... ဒီမှာလည်း သရေယိုစရာတွေပါလား... ကားရော... အင်း ကားရောပေါ့... :D
အဲဒီကားတွေထဲက ကြိုက်တဲ့တစ်စီးသာ ပို့လိုက်ပေတော့...
ဘယ်ကားရယ်လို့ မပြောတော့ဘူးနော်...
ကိုယ့်အကိုဖြစ်နေလို့ သနားသောအားဖြင့် ရွေးချယ်ခွင့် ပြုလိုက်တယ်... ငှဲလျောင်း ငှဲလျောင်း... :P

khaung said...

wow... အားပါးပါး... အလန်းတွေပါပဲလား.... တစ်စီးလောက်ဝယ်ပေးဗျာ.. ဟို Ferrari အနီလေး..အကြိုက်ဆုံးပဲ.. နော်..နော်..

puluque said...

တစ်စီးနဲ့ တစ်ယောက်ပေးပါဗျို့ . နှစ်ခုလုံးက လိုအပ်နေတာမို့ပါ..

LIN LET KYAL SIN said...

ကားတွေအားလုံးရှယ်ပဲ။ အပေါ်ဆုံးက ကားလေး အနီရောင်လေးဆို သိပ်လှမှာပဲ။ တစ်နေ့တော့ ကိုယ့်လုပ်အားခနဲ့ ၀ယ်စီးနိုင်အောင် ကြိုးစားဦးမယ်။ မော်ဒယ်ပုံတွေကြည့်ရတာတော့ ခပ်လန့်လန့် :)