Showing posts with label ဟိုဟိုဒီဒီ. Show all posts
Showing posts with label ဟိုဟိုဒီဒီ. Show all posts
Sunday, December 7, 2008
..................................
အဟဲ ညီအစ်ကိုမောင်နှစ်မတွေအားလုံး မင်္ဂလာပါဗျာ။ မောင်ဇင်ယော်တစ်ယောက် ခွင့်တိုင်ပြီး လစ်သွားတာ ပေါ်မလာ ဇာတ်ကားရိုက်နေတယ်လို့  ထင်နေတော့မှာပဲ။ အဟီး တချို.ကလည်း ကောလဟာလ သတင်းတွေကြားပြီး ဇင်ယော်တစ်ယောက် ဟောလီးဝုဒ်က သတင်းကြီးတဲ့မင်းသမီးလေးနဲ့  စုံတွဲခုတ်ပြီး မီယာမီကမ်းခြေမှာ အပန်းဖြေနေတယ်တဲ့။ ဟေဟေ. အမှန်ကတော့ ရုံးက သင်တန်းတစ်ခု အရေးပေါ်တက်ခိုင်းလို့  အပြေးအလွှား သွားတက်ရတာပါ။ သင်တန်းလည်းပြီးရော မပြန်ခိုင်းသေးပဲ လေ့လာရေးခရီး ထပ်လိုက်သွားရလို့  ခုလို ဇင်ယော်တစ်ယောက် ပျောက်ချက်သားကောင်းနေရတာပါ။ အီး ရွှတ် ခု ပြန်ရောက်လို့ မှ မနားရသေး နှုတ်ဖြေစာမေးပွဲဖြေဖို့  ရက်ချိန်းစာရွက်က စာတိုက်ပုံးထဲမှာ အခန့် သား ပြုံးဖြဲဖြဲနဲ့  မောင်ဇင်ယော်ကို ဆီးလို့ ကြိုနေတော့တာပဲ။ တေချင်တယ် တကယ်ပဲ။ ခုလာမယ့် ၂၆တဲ့။ တေပါပြီ။ ခုမှ ကြုံးရုန်းပြီး စာဖတ်ရတော့မှာပဲ။ သူများတွေ ခရစ်စမတ် ပျော်နေချိန်မှာ မောင်ဇင်ယော်တစ်ယောက်ကတော့ စာအုပ်တွေနဲ့  နပန်းလုံးနေရတော့မှာပဲ။ အိမ်တွေလည်း နောက်နေ့ မှ အေးအေးဆေးဆေး လိုက်လည်တော့မယ်ဗျာ။ တက်ဂ်ကြွေးတွေကတော့ အေးဆေးပေါ့နော်။ အကြွေးနဲ့ မကင်းတဲ့ လောကကြီးမှာ ဇင်ယော်လည်း လူရာဝင်အောင် အကြွေးထားလိုက်တာ။ အဟဲ နောက်ပြီး ဇင်ယော်က ဦးနှောက်သိပ်မကောင်းဘူးဗျ။ မေ့တတ်တယ် အဟဲ ကိုယ်ကပေးရမယ့် အကြွေးဆို သာဆိုးသေး။ ဒါကြောင့် မောင်ဇင်ယော် လောလောဆယ် စိတ်ရှိလက်ရှိ အနားယူပါဦးမယ်။ အဆင်ပြေရင် တက်ကြွေးတွေ ဆပ်မှာပါ။ တော်ကြာ ကြွေးရှင်တွေ ဆိပ်ကမ်းလေးရှေ.မှာ လာတန်းစီပြီး စောင့်နေမှ ဒုက္ခ။ ဟီးဟီး ပုဆိုးခေါင်းမြီးခြုံပြီး လုံအောင်ပုန်းနေတော့မယ် ဟေဟေ.။
Labels:
ဟိုဟိုဒီဒီ
Wednesday, November 12, 2008
ခွင့်စာ
အဟဲ ခွင့်စာဆိုလို့  ဇင်ယော်တစ်ယောက် ခွင့်ယူပြီး ဘာတွေ လျှောက်ရှုတ်ဦးမလို့ လဲ ထင်နေကြဦးမယ်။ တခြားမဟုတ်ပါဘူး စာမေးပွဲနတ်က မျက်လုံးကြီးပြူး လျှာကြီးထုတ်၊ လက်ထဲမှာလည်း နောက်တစ်ခေါက်ဆိုတဲ့ တင်းပုတ်ကြီးကိုင်လို့  လာပြီးခြောက်ပြနေလို့  တားတားလေး မောင်ဇင်ယော် ကြောက်လန့် ပြီး စာတွေကျက်ရပါတော့မယ်ခင်ဗျာ။ ဘလော့ရပ်ရွာထဲကို ခုရက်ပိုင်းအတွင်း အရင်လို လျှောက်ပြီးလမ်းမသလားနိုင်တော့တဲ့အကြောင်း၊ ပြီးတော့ အများသူငါ လူထုကို ဒုက္ခပေးတဲ့ ( လာဖတ်ရင် အချိန်ကုန်ပြီးမျက်လုံးညောင်းတာက လွဲလို့ ဘာမှကို အရည်လည်းမရ၊ အဖတ်လည်းမရ ဆရာဦးသုမောင်လေသံနဲ့ ပြောရရင် ကွမ်းစကားပေါ့ဗျာ ) ပို့ စ်လေးတွေလည်း လောလောဆယ် မတင်နိုင်သေးတဲ့အကြောင်း အများသူငါ ညီအစ်ကိုမောင်နှမတွေကို အကြောင်းကြားခွင့်တိုင်ပါတယ်ခင်ဗျ။
Labels:
ဟိုဟိုဒီဒီ
Subscribe to:
Posts (Atom)