Wednesday, November 12, 2008

ခွင့်စာ

အဟဲ ခွင့်စာဆိုလို့  ဇင်ယော်တစ်ယောက် ခွင့်ယူပြီး ဘာတွေ လျှောက်ရှုတ်ဦးမလို့ လဲ ထင်နေကြဦးမယ်။ တခြားမဟုတ်ပါဘူး စာမေးပွဲနတ်က မျက်လုံးကြီးပြူး လျှာကြီးထုတ်၊ လက်ထဲမှာလည်း နောက်တစ်ခေါက်ဆိုတဲ့ တင်းပုတ်ကြီးကိုင်လို့  လာပြီးခြောက်ပြနေလို့  တားတားလေး မောင်ဇင်ယော် ကြောက်လန့် ပြီး စာတွေကျက်ရပါတော့မယ်ခင်ဗျာ။ ဘလော့ရပ်ရွာထဲကို ခုရက်ပိုင်းအတွင်း အရင်လို လျှောက်ပြီးလမ်းမသလားနိုင်တော့တဲ့အကြောင်း၊ ပြီးတော့ အများသူငါ လူထုကို ဒုက္ခပေးတဲ့ ( လာဖတ်ရင် အချိန်ကုန်ပြီးမျက်လုံးညောင်းတာက လွဲလို့ ဘာမှကို အရည်လည်းမရ၊ အဖတ်လည်းမရ ဆရာဦးသုမောင်လေသံနဲ့ ပြောရရင် ကွမ်းစကားပေါ့ဗျာ ) ပို့ စ်လေးတွေလည်း လောလောဆယ် မတင်နိုင်သေးတဲ့အကြောင်း အများသူငါ ညီအစ်ကိုမောင်နှမတွေကို အကြောင်းကြားခွင့်တိုင်ပါတယ်ခင်ဗျ။

21 comments:

sin dan lar said...

စာမေးပွဲမှာ ရွှီးနိုင်ပါစေသောဝ်....
ခွင့်စေ့ရင်ပြန်လာပါ...
ကိုဇင်ယော့်ဘလော့မှာ အရည်နဲ့ အဖတ်မရပေမယ့်..
အရည်မဟုတ်အဖတ်မဟုတ် သပွတ်ရစ်လေးတွေ ဖတ်ချင်လို့မြန်မြန်ပြန်လာခဲ့ ဝေ့

အလှတရား said...

ကိုလူဝ
ပိန်သွားတော့မှာပဲ

khin oo may said...

12 Nov 08, 13:06
kom: အခုမှဘဲ စိတ်ချလက်ချ သစ်သီးတွေ မုန့်တွေ ရေခဲသေတ္တာထဲ က အန္တရယ်ကင်းဝေးပေတော့တယ်။်
12 Nov 08, 13:05
kom: နားအေးတာပေါ့။

khin oo may said...

12 Nov 08, 13:09
kom: ပြောင်သထက်ပြောင်း ကိုကိုပြောင်..ကိုကိုလောင်....။အောင်ပါစေ အောင်ရတုခြွေသည်. သက်တော်ရာကျော်ရှည်ပါစေ..
12 Nov 08, 13:08
kom: စာမေးပွဲရှိတော့စာကျက်.စာမရတော့ စိတ်င်ြစိ စိတ်ငြစ်တော့ဘာလုပ်ရမလဲစဥင်္းစား စဉ်းစားတော့ မုန့်စားဘို့ အကြံရ။ အကြံရတော့စား စားပြီးတော့ဝ။ ဝတော့ဗိုက်ကြီးကပူ. အင်း....အကြံထုတ်တေ့ခေါင်းကိုပွတ်.ခေါင်းကြီးက ပြော

khin oo may said...

kom: အသံနေ အသံထားဖြင့်ကဗျာရွတ်သကဲ့သို့ဖတ်ပါရန်။

ဝါ၀ါခိုင်မင်း said...

အိုကေ..စာမေးပွဲ နီးပါသောကြောင့် အစ်မတော် မှ
မောင်ငယ်ဇင်ယော်အား ခွင့်တစ်ပတ်တိတိ ပေးလိုက်ပါ
သည်။ ၁၉ ရက်နေ့တွင်စာမေးပွပြီးပါက ၂၀ ရက်နေ့
တွင် အိမ်တကာလည်ပြီး ပြန်နှုတ်ဆက်စေ။
ဒီအတောအတွင်း အိမ်ခိုးမလည်ရ...
စာကောင်းကောင်းကျက်စေ...
နာ့မောင်လေးဇင်ယော်အား ကိုလူဝ ဟုခေါ်သူရန်သူကြီး
မောင်ဒေါက်တိုအား အမတော် နှိမ်နင်းထားပါမည်။

ပုံ
အမတော်
အစ်မ၀ါ

thihanyein said...

ကိုဇင်ယော်ရေ .....
အောင်မြင်ပါစေခင်ဗျာ....

Dream said...

တကယ်တော့ ဘလော့ကမမတို့ကိုကိုတို့ကို ညာနေတာ
သိလား.. ဦးဂျင်ရော် ဘာလို့ခွင့်ယူတာလဲဆိုတာ မက်မက်တစ်ယောက်ပဲ သိတယ်.. ဟားဟား..
သူကို ရှာရာဘိုပါဒရင်းကုမ္ပဏီ ကနေပြီး ကိုယ်ဝန်
ဆောင်ခိုင်းတာကို အောင်မြင်စွာနဲ့ မီးဖွားဖို့ .. အဟိ..
အနားယူနေကြောင်းပါ.. မကြာခင်မှာ... ကလေး
တယောက်နဲ့.... လက်ဆွဲပြီး ပြန်လာမှာပါလို့.. စိတ်
မပူကြပါနဲ့ လို့.. အဟတ်အဟတ်... :P :P


စပါးတိုင်ကြီး ဦးဂျင်ရော်.. ဟီးဟီး..
အိမ်ရှင်တွေ မရှိတုန်း ဟီးဟီး မက်မက် ကတော့
ဖွခဲ့လိုက်ပြီ... ဒါပဲ...အမြန်ပြန်လာ.. :P :P

အလှတရား said...

အယ်
ဒွင်းကြောတလိုဂျီးလား
အနော်ခေတ်နောက်ကျတွားပြီ
ကျွတ်ကျွတ်ကျွတ်။

Apprenticeship said...

အဆင်ပြေပါစေ..

သက်တန့် said...

မက်မက်ပြောသလိုဆို
ခွင့်ယူပြီး ပြန်လာရင် ကိုလူဝ ဟုတ်တော့ဘူးပေါ့...
ကိုလူပိန် ဖြစ်သွားမှာပေါ့နော်...
ဟုတ်လား... :P

ဖြေနိုင်ပါစေ... ဖြေနိုင်ပါစေ...
ဘာနဲ့လည်း မမေးနဲ့...
ပြောပြဘူး... :D

မိုးသောက် said...

ဟဟဟ
အန်တီဒွင်း ပြောသလို ဖြစ်ကုန်ပြီလား ကိုလူဝရယ် အဟဲဟဲ..
ခွင့်ယူပြီး မြို့ထဲတော့ လျှောက်မသွားနဲ့ဗျာ ကျနော်နဲ့ တွေ့မှာစိုးလို့ :P

မောင်ခင်လေး said...

ဟဟဟ ဘယ်ရမလည်း သူများကိုကုပ်နဲ့ကော်ချင်နေတဲ့ကိုဇင်ယော်ကြီး အခုတော့ ကုပ်ကြီးက ကိုဇင်ယော်ဘက်လှည့်လာပြီနော်
မှတ်ပြီလား ဟဟဟ ဖြေနိုင်ရင်ဘော်ကာတိုက်မယ်နော် နောင်တော်ကြီး ကြိုးစားထား ဟဟဟ :P

မသက်ဇင် said...

ဇင်ယော်ရေ---
အမြန်ပြန်လာခဲ့--
စာမေးပွဲ ပြီးတာနဲ့--
စာမေးပွဲဖြေနိုင်ပါစေ---

ဝေလေး said...

စာမေးပွဲဖြေနိုင်ပါစေဗျို့....
ခုမှ လာအော်ရတယ်..... ခိုးလည်နဲ့နော် တိုင်ပြောမယ်.. ဟိဟိ.... :P

အိမ် said...

ပင်လယ်ပျော်တဲ့ကိုကိုဇင်ယော်ရေ စာမေးပွဲကို အောင်အောင်မြင်မြင်နဲ့ မဖြေဆိုနိုင်ပါစေလို့တော့.....
မပြောပါဘူး ကျက်ထားသမျှစာတွေနဲ့ တိုးပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်

sin dan lar said...

http://ponyate.blogspot.com/2008/11/blog-post.html

Yegyi said...

စာမေးပွဲ ဖြေနိုင်ပါစေဗျာ။

မောင်ရှင်းသန့် said...

ကိုဇင်ယော်ကြီး က ကျနော် ဘလော့ စရေးတော့မှခွင့်ယူရတယ်လို့ဗျာ...... ။
လာဖတ်လှည့်ပါအုံး ကျနော့်ဆီကို
အကိုဇင်ယော်ကြီးကိုလင့်ထားတယ်ဗျ :)

BLACK DREAM said...

သြော်..။ အကြံတွေတူလိုက်တာ...။ :)

မောင်မျိုး said...

ကျနော့် အစ်ကိုလည်း အသက် ၅ နှစ်ကစ ကျက်လာလိုက်ရတဲ့ စာတွေ ကုန်ကိုမကုန်နိုင်တော့ပါလားနော် သနားစရာ သွပ် သွပ်း) စာမေးပွဲ ဖြေနိုင်ပါစေ အစ်ကိုကြီးရေ့ .။