Tuesday, November 4, 2008

ဘလော့ရပ်ရွာ သတင်းအဖြာဖြာ

ကျန်းခံသာလို့  မာတော်မူပါစခင်ဗျာ။ ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၀ တန်ဆောင်မုန်းလဆန်း ၇ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၈ နိုဝင်ဘာလ ၄ရက် ဘလော့ရပ်ရွာ အတင်းအဖြာဖြာ အဲ မှားလို့  သတင်းအဖြာဖြာများကို စတင်ကြေငြာပါတော့မယ်။ ကျနော်များ သတင်းအစီအစဉ်ကို ရေဒီယို အထူးလှိုင်းတို ၀၅(ည) လှိုင်းလတ် ၃၉၂ လှိုင်းရှည် ၄၂၀ တို့ မှ ဖမ်းယူနားဆင်နိုင်ပါတယ်။ ဆက်သွယ်မှုဧရိယာ ပြင်ပဖြစ်သော မီးဖိုချောင်တွင်းမှ၎င်း၊ အိမ်သာတွင်းမှ၎င်း၊ ရေချိုးခန်းတွင်းမှ၎င်း ဖမ်းယူနားဆင်၍ မရနိုင်ပါ။ ဒါ့အပြင် ဆက်သွယ်ရေး ဂြိုဟ်တု ဘာညာဘာညာစတား ၀၀ - ဖင်ခေါင်းစတား ၀၁၊ သုည၀လုံးဘဲဥ ဒီဂရီ အ၀ီစိဘက်ခြမ်း ၊ ညွှန်းရပ် horizontal လိုလို vertical လိုလို ခပ်စောင်းစောင်း၊ ၁၀၉၊၁၁၀ မီဂါဟတ်ဇ်၊ တို့ မှ ၂၄နာရီလုံးလုံး ( ပြတ်ချင်လည်းပြတ်မည်၊ ကောင်းချင်လည်းကောင်းမည် ) ဖမ်းယူကြည့်ရှုပါတယ်ခင်ဗျာ။ သေချာပေါက်ရရှိနိုင်သော Receiver များအဖြစ် IE ကို အသုံးပြု၍၄င်း၊ FireFox ကို အသုံးပြု၍၄င်း တကိုယ်တော် အင်တာတိန်းမန့် ဂရုပ်၏ ရုပ်မမြင်သံမကြားအစီအစဉ်များကို အစီအစဉ်များကို ဖမ်းယူ ကြည့်ရှုနိုင်ကြပါတယ်။

သတင်းအစုံအလင်မှာ...................................................................................................................

အများပိုင်ကုမ္ပဏ္ဏီတစ်ခု ဖွဲ.စည်းတည်ထောင်ခြင်း
ယနေ့ နောက်ဆုံးရ သတင်းများအရ ဇင်ယော် အထွေထွေလုပ်ငန်းစု ရောင်းဝယ်ချေးငှားရေး ကုမ္ပဏ္ဏီလိမီတက်ကို ဖွဲ.စည်းတည်ထောင် လိုက်သည်ဟု ကြားသိရပါသည်။ အဆိုပါ ကုမ္ပဏ္ဏီသည် မူလက ဘီလျံနာကြီး ဦးဇင်ယော်ပိုင်ဆိုင်ပြီး ယခုအခါ ကမ္ဘာအရပ်ရပ်တွင် အခြားစီးပွားရေးလုပ်ငန်းများ တိုးချဲ.နေသောကြောင့် သူ၏မိတ်ဆွေအပေါင်းအသင်း ညီအစ်ကိုမောင်နှစ်မများလည်း စီးပွားဖြစ်စေချင်းငှာ အများပိုင်ကုမ္ပဏ္ဏီအဖြစ် ပြောင်းလဲဖွဲ.စည်းခဲ့ကြောင်း၊ အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် စိတ်ပါဝင်စားသူအပေါင်းအား လက်ခံကြိုဆို ပါကြောင်း၊ စိတ်ပါဝင်စားလျှင် သူ၏ဘဏ့်အကောင့်သို့  ချက်ချင်းခဏမဆိုင်းတွပဲ ရှယ်ယာများထည့်ဝင်ကြစေလိုကြောင်း၊ ယခုအခါ အာရှစတော့ရှယ်ယာ ဈေးကွက်တွင် ၄င်း၏ရှယ်ယာများမှာ ထိပ်ဆုံးသို့  ရှောက်ရှိနေသဖြင့် သိကြားမင်းဦးမာဃပင် သူနေထိုင်ရာ
မြကျောက်ဖြာကြီးနှင့် မလွတ်မည်စိုးသဖြင့် နေရာပြောင်းတော့မည်ဟု ကြားသိရကြောင်း ကျွန်ုပ်တို့ ၏ အဝေးရောက် သတင်းထောက် ထံမှ ကြားသိရပါသည်။

ကိုရွာသားခရီးသွားနေသည် ဒီဗီဒီခွေ ဖြန့် ချီတော့မည်
အကယ်ဒမီလွင်မိုးကဲ့သို့  ခပ်ချောချော ရုပ်ဖြောင့်ဖြောင့် ( ထင်ရတာပဲ ) ကိုရွာသားလေး( ဒေါ်ရင်ဝိုင်းမူကြို ) ဆိုသော ခရီးသွားရင်း မှတ်တမ်းတင်ဝါသနာပါသူတစ်ဦး၏ ကိုရွာသားခရီးသွားနေသည် ဒီဗီဒီခွေများကို KOM ရုပ်ရှင်ဗီဒီယိုဖြန့် ချီရေးမှ ထုတ်လုပ်ဖြန့် ချီ တော့မည် ဖြစ်ကြောင်းသတင်းရရှိပါသည်။ သူ၏ဒေါ်လေးဖြစ်သူ ဥရောပမှာ နေထိုင်သော စေတနာကောင်း၍ စားစရာတွေ အများကြီး ချက်ပြီး စားပွဲပေါ်မှာ အုပ်ဆောင်းနဲ့ အုပ်ထားတတ်တဲ့ ဒေါ်လေးအယ်ဇီကို ဂျီကျလို့  ဟိုကရှိစုမဲ့စုလေးများရောင်းကာ ငွေရင်းစိုက်ထုတ်၍ ရိုက်ပေးလိုက်ရကြောင်းသိရပါသည်။ ယင်းဒီဗီဒီအခွေများကို ၃ခွေနှင့်အထက်မှာယူပါက ဖြန့် ချီရေးပိုင်ရှင် မခင်ဦးမေကိုယ်တိုင် သူ၏သီတင်းကျွတ်ကန်တော့ခံရထားသော ကားသစ်ကြီးကို မောင်းကာ ( ဃ လိုင်စင်ရှိ၍ အချဉ်မဟုတ်ပါ ) အိမ်တိုင်ရာရောက် လိုက်လံပို့ ဆောင်မည်ဟု သိရှိရပါသည်။ ထို့ အပြင် ရိုက်ချက်များကို ဆန်းသစ်စေရန် အထူးအောင်မြင်နေသော စူပါ ဒါရိုက်တာမောင်မျိုး ( ရေတွင်းပျက် ) မှ အထူးရိုက်ကူးကာ ဇတ်လမ်းအကြံပေးမှာ အတွေးအခေါ်ကောင်းများဖြင့် နံမည်ကြီးပြီးရင်းကြီးနေသော သရုပ်ပြ အမွှန်းတင် ကိုလစ်ကြီးဖြစ်ကြောင်း သိရှိရပါသည်။ ( ပရိုမိုးရှင်းကို ယခုလာမည့် ရာဟုနေ့ တွင် အော်ချဒ်ရှိ စတားဘတ် ကော်ဖီဆိုင်၌ ပြုလုပ်မည် ဖြစ်ပြီး ကိုရွာသားကိုယ်တိုင် လက်မှတ်ထိုးပေးမည်ဟု သိရှိရပါသည်။ ) ရုပ်မမြင်သံမကြားအစီအစဉ်တွင် ထုတ်လွှင့်ရန် ကြေငြာများကို ဒါရိုက်တာ မောင်မျိုးမှ ၎င်းကိုယ်တိုင် ဒေါ်ဂွက်ထော်၊ ဂွမ်းပုံ၊ ဂွက်၂၊ ပွင့် စသည့် သရုပ်ဆောင်များနှင့်အတူ ကိုလစ်ကြီးနှင့်တကွ ပါဝင်ရိုက်ကူး သရုပ်ဆောင်ထားကြောင်း သိရှိရပါသည်။

အဟမ်း ကြုံတုန်းကြေငြာဝင်ပါပြီ။ ( မြ၀တီတို့  ၅မူဗီတို့ လိုပေါ့ဗျာ ) အိမ်ထောင်မရှိသေးသူ အပျိုကြီးများ ၀မ်းမြောက်ဖွယ် သတင်းကောင်း............... ( ကိုရွာသားလေး လက်မလည်အောင် လက်မှတ်ထိုး ပေးနေရချိန်တွင် လက်ထပ်စာချုပ်တစ်ခု အမြန်ဆုံးဝယ်ယူကာ ရောရောင်၍ လက်မှတ်ထိုးခိုင်းပါလေ။ သေချာမကြည့်ပဲ လက်မှတ်ထိုး လိုက်ပါက ပွပြီဟု သဘောထားပါ။ ဒန်တန်တန့်  )

ဂျပန်နိုင်ငံတွင် ပြုလုပ်မည့်လေလံပွဲ
ဂျပန်နိုင်ငံတွင် နေထိုင်သော အင်မတန် လူချစ်လူခင်ပေါများသော မ၀ါဝါခိုင်မင်း ဆိုသူ မီလျံနာကြီးတစ်ဦးမှ သူမ၏မွေးနေ့ ပွဲတွင်ရရှိထားသည့် အလွန်တရာမှ များပြားလှစွာသော လက်ဆောင်ပစ္စည်းများကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန် အလို့ ငှာလေလံတင် ရောင်းချ၍ ရန်ပုံငွေ ရှာဖွေပွဲ ကျင်းပမည်ဟု သိရှိရပါသည်။ ထို့ အပြင် နောင်တွင်လည်း မင်္ဂလာရွှေ၊ငွေ၊စိန်ရတုပွဲများ ကျင်းပ၍ ထပ်မံပြီး ရန်ပုံငွေ ရှာဖွေပေးမည်ဟု သိရှိရကြောင်း၊ ထို့ အပြင် သူ၏မောင်ငယ်ဖြစ်သူ ဦးဇင်ယော် ကန်တော့ထားသော ကားသစ်ကြီးကိုလည်း လှူဒါန်းတော့မည် ဖြစ်ကြောင်း၊ ထို့ အတွက်ကြောင့် လူမှုရေးလုပ်ငန်းများအတွက် စေတနာထား ဝေမျှတတ်သူ ကိုအောင်ဦး နှင့် စင်ကာပူနိုင်ငံတွင် လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ဆောင်ရင်း မကြာမီကမှ ရာထူးတက်သွားခဲ့သူ ကိုဂျူလိုင် ( ဘာမှလည်း မစားရသေးပါ ခင်ဗျား ) တို့ မှ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြကြောင်း သတင်းရရှိပါသည်။

မော်လီးဝုဒ်မှ နံမည်ကြီး ဒါရိုက်တာတစ်ဦး အော်တယ်ဗျာ ( အော်စကာ မဟုတ် ) ကြေးကမ္ဘာလုံးဆုကြီး ရရှိသွားခြင်း
မော်လီးဝုဒ်မှ နံမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်သူ မောင်ခန့် ( စင်ကာပူရ ) သည် သူ၏ နှင်းဆီရင်ခုန်သံ ဇာတ်လမ်းတွဲ ရုပ်ရှင်ကားဖြင့် အော်တယ်ဗျာ ကြေးကမ္ဘာလုံးဆုကြီးကို ( ရွှေဈေးတက်နေလို့  ကြေးပဲပေးရတာပါ ) ဆွတ်ခူးရရှိသွားပါသည်။ အဆိုပါ ရုပ်ရှင်ကား များတွင် သူကိုယ်တိုင်လည်း ပုံမကျပန်းမကျ ပါဝင်သရုပ်ဆောင်ထားကြောင်း၊ အခြား နံမည်ကြီး သရုပ်ဆောင်များကိုလည်း ထည့်သွင်းရီုက်ကူးထားသည်ဟု သိရှိရပါသည်။ (သို့ သော် ယခုချိန်ထိ သရုပ်ဆောင်ခများ မပေးနိုင်သေးကြောင်းလည်း သီရှိရပါသည်)သတင်းအရ ပါဝင်သရုပ်ဆောင်ထားသူများမှာ နံမည်ကြီး ( ကိုကြီးပန် ) အမည်ရ ပေါင်မုန့် ဆိုင်ပိုင်ရှင် ဓါတ်ရှင်မင်းသမီးချော ရွှန်းမီမီ ( စိတ်မဆိုးနဲ့  ညီမရေ ခေတ်မှီအောင် တစ်လုံးတိုးပေးထားတာဗျ )၊ KOM ရုပ်ရှင်ဗီဒီယိုဖြန့် ချီရေးပိုင်ရှင် ဓါတ်ရှင်မင်းသမီး အကယ်ဒမီ အထပ်များစွာကွမ်း အမ်းမား ( မသိရင် ကိုရီးယားမင်းသမီးလိုလိုပဲ )၊ ဂျပန်စကားကို ထမင်းစားရေသောက်မက အချိုတည်းလက်ဖက်စား အထိ တံတွေးစင်အောင် ကျွမ်းကျင်စွာ ပြောတတ်သော မင်းသမီးချော အပျိုကြီး သက်တန့် ရောင်စဉ် ( ဟဲဟဲ မသိရင်တော့ နန္ဒာလှိုင်နဲ့  ဆင်သလိုလိုပဲ သိရင်တော့ လုံးဝမတူပါကြောင်း )၊ ပါးစပ်က ညလေးကို တပြားမှမချပဲ လာသမျှ လဒမလေးများအား အပြတ်ငမ်းကာ ကြွက်ကပ်ဆေးကြေငြာဖြင့် နံမည်ကြီးနေသော စူပါမင်းသားချောလေး မောင်မောင်ပိကျိ၊ ၁၀၁ကြိမ်မြောက် လူထုအား ဒုက္ခပေးခြင်း ဇာတ်ကားဖြင့် နံမည်တအားကြီးလှသော ပရိတ်သတ်အပေါင်းက လွန်စွာချစ်ခင်ကြသဖြင့် ပျောက်နေချိန်တွင်ပင် တသသ တမ်းတနေ ကြရသော စူပါ့စူပါ မင်းသမီးချောလေး 6060 အဲမှားလို့  ဝေေ၀လေး၊ တရုတ်သိုင်းကားများမှ မင်းသမီးကဲသို့  လေပေါ်ဝဲကာ ခုန်ပျံပြီး နံရံပေါ်ခြေရာထင်အောင် ကန်ကျောက်တတ်သူ အမုန်းဆိုတာ ကစားနည်းတမျိုးလား ဇာတ်ကားဖြင့် နံမည်ရလာသူ မင်းသမီးချော ပန်းခင်းလေးတို့ ပဲ ဖြစ်ကြပါတယ်။ ဒါ့အပြင် အဲဒီဇာတ်ကားမှာ ဘီလျံနာကြီး ဦးဇင်ယော်နဲ့  သူ၏ဘော်ဒီဂတ်ဖြစ်သူ ဂျက်ကီမျိုးတို့ အကြောင်းကိုလည်း ဇာတ်ဝင်ခန်းအဖြစ် ထည့်သွင်းရိုက်ကူးထားကြောင်းလည်း သိရှိရပါတယ်။

( ကြုံတုန်းကြေငြာ ၀င်ပါဦးမယ်။ ဘီလျံနာကြီး ဦးဇင်ယော်ရဲ့ အောင်မြင်မှုကို မလိုတမာသူတွေက သူ၏ဆီပုံးတွင် ပေါက်ကရများ လာရောက်ရေးသားခြင်းဖြင့် နှောက်ယှက်လျှက်ရှိကြရာ သူ၏ဘော်ဒီဂတ် ဂျက်ကီမျိုးနှင့် ညီအစ်ကိုမောင်နှမများမှ ၀ိုင်းဝန်းကာကွယ် ပေးကြသည့်အပြင် Reader's Digest ( ဘလော့တွေဖတ်လွန်းလို့  ဒီဘွဲ.ရသွားတာ ဖြစ်ပါကြောင်း ) ဘွဲ.ရ ( ၀င်းဒိုး၂ခုတပြိုင်တည်း ဖွင့်ကာ ခပ်တည်တည်မှင်သေသေဖြင့် read တတ်သော ) စင်ဒန်းလားဆိုသည့် ခပ်ချောချောအစ်မကြီးဦးစီးသည့် Security Company မှ မေတ္တာစေတနာဖြင့် အခကြေးငွေ တစ်ပြားမှမယူပဲ စောင့်ရှောက်ပေးလျှက်ရှိပါကြောင်း၊ အကူအညီလိုသည့်သူများ ငှားရမ်းပါကလည်း အထူးလေ့ကျင့်ထားသော Security Officer များမှ လိုက်လံစောင့်ရှောက်ပေးမည် ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်ခင်ဗျား။)

တရားမ၀င် ဆက်တယ်လိုက်များမှလာသော တီဗီအစီအစဉ်များ နှိပ်စက်မှု
တရားမ၀င် ဆက်တယ်လိုက်များမှလာသော တီဗီအစီအစဉ်များသည် လူထုကို ကောင်းကျိုးမပြုပဲ ဒုက္ခပေးလျှက်ရှိကြောင်းသိရှိရပါသည်။ ယနေ့ ရရှိသော သတင်းများအရ မြန်မာနိုင်ငံမှ ဥယျာဉ်စိုက်စားသူ ဥယျာဉ်မှူးတစ်ဦးသည် နောင်နှစ်တွင် မင်္ဂလာဆောင်ရန် စုဆောင်းထားသည့် ငွေများကို ဆက်တယ်လိုက်မှလာသော ဘောလုံးပွဲများကို ကြည့်၍လောင်းကစား လိုက်သောကြောင့် တက်တက်ပြောင်သွားပြီဟု သတင်းရရှိပါသည်။ ထို့ ကြောင့် မဟေသီဒေ၀ီထိပ်ထား အလောင်းအလျာမှ မသေမချင်း သားရေကွင်းဖြင့် ပစ်သတ်စေရန် အမိန့် တော်ချမှတ်လိုက်ကြောင်း ကြားသိရပါသည်။
ထို့ အပြင် ကိုရီးယားဇာတ်ကားများကို ကြည့်ရှုပြီး အားကျမိသူ မိန်းကလေးတစ်ဦးမှာ ( အလွမ်းပြေလို့  ခင်တဲ့သူတွေက ခေါ်လေ့ ရှိပါတယ် ) ၎င်း၏ချစ်သူအား ကိုရီးယားကားထဲကအတိုင်း ခြေထောက်နာတာကို အကြောင်းပြုပြီး ကုန်းပိုးခိုင်းခဲ့မိသည့်အတွက် ချစ်သူမောင်မှာ အလွမ်းမပြေပဲ အမောဆို့ သွားကြောင်း၊ ယခုအခါ ချစ်သူမောင်တစ်ယောက် နောက်ထပ်ကုန်းပိုးရမည့်အရေး တွေးကြောက်မိစွာဖြင့်  ပြန်ပြေးပြီဖြစ်သဖြင့် နှပ်တွေထွက်ပြီး တရှုံ.ရှုံ.ဖြင့် ငိုကြွေးကာ စာတမ်းအကြောင်းကို အင်တာနက်ထဲမှ ရှာရင်း ကိုရီးယားကားများကို ဆက်လက်အားပေးနေသည်ဟု သိရှိရပါသည်။

..............တွီတွီ.....ဂျစ်ဂျစ်ဂျစ်.................ရှဲရှဲရှဲ.......................ရှူး..............ဖောက်................

( လျှပ်စစ်ဓါတ်အား ၀ုန်းကနဲ ပြုတ်ကျသွားပါသဖြင့် အစီအစဉ်များ ခေတ္တ - မည်မျှကြာမည်မသိ ပြတ်တောက်သွားခြင်းကို သည်းခံကြပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်ခင်ဗျား ).............................................................................

( ဟဲဟဲ ခင်မင်တဲ့ ညီအစ်ကိုမောင်နှစ်မတွေကို ပျော်ရွှင်စွာ စနောက်ချင်လို့  နံမည်တွေ ခွင့်မတောင်းပဲ ယူသုံးမိတာ ခွင့်လွှတ်ကြပါခင်ဗျား။ နောက်ထပ်မပါသေးသူများလည်း မျက်ခုံးလှုတ်၍ ဘုရားစာရွတ်ပြီး နေတော်မူကြပါရန် ကြိုတင်အကြောင်းကြားအပ်ပါသည်။ :P )

30 comments:

Anonymous said...

ကောင်းပါလေ့

WWKM said...

ဟဟဟား.. ကိုဇင်ယော် ဆားချက်တာကလည်း ရယ်ရ
ဒယ်ဂျို့ ...း)
ဆားချက်နေတာ နှစ်အိုးရှိနေပြီနော်. ဆားတွေပေါနေလို့
ဆားတွေအရမ်းမစားနဲ့ဦး သွေးတိုးနေဦးမယ်.အဟီး
************
အဟတ်..မီးမီးက မီလျှံနာ ဟုတ်ဖူးနော်.ဘီလျှံနာ.သိလား.. အဟား... တီဌေးမဂျီး။ (တီ တွေဌေးတာလေ
..ယူမလား.. မောင်ဂျင်ယော်က ဆားတွေပေါတော့ တီ
တွေကို ဆားနဲ့ ပက်ရင်... အီးးးးးးး စောစောစီးစီး
********************
အကုသိုလ် စိတ်တွေးနေရတယ်..တော်ဘီ)
ကားသစ်ကြီးကတော့ စီးလို့တောင်မ၀သေးဘူးလေ. ဗြဲးး
ပြန်လှူရတော့မယ်တဲ့.. နောက်တစ်စင်းပြန်လာပို့ရင်လှူ
မယ်.... အဟီး
*******************
အဟီးဟီး...မောင်ဥယျဉ်မှူးလေး..တနားပါဒယ်.
မနေ့ဒုန်းက တူများကို အချွန်နဲ့ လာမလို့ ဒီနေ့ တူ
ဝတ်ပြန်လည်ဒါလေ... အဟေဟေ...
အဲလိုထင်တော့ထင်နေသား.. အခုမှ အမှန်အကန်သ
တင်းက ကြော်ငြာလာတာလေ. အဟီး..
တာရေဂွင်းဘိုးတော့ တော်တော်ကုန်မှာပဲ.. တေမှာဒေါ့
ဟုတ်ဖူး... ဟီးဟီး ။ ၅ ရက်ဆက်ပြီး တာရေဂွင်းနဲ့
ပစ်ခိုင်းပြီး..မတေရင် နာ့မောင်လေးကို ပြန်လွှတ်ပေး
လိုက်ပါနော်... တနားပါဒယ်။ ဟတ်ဟတ်
***********
အိမ်မလည်ချင်ပါဘူးဆို.. တွေ့တော့လည်းနေနိုင်ပါဘူး.
အရှည်ဂျီး ရေးတွားဘီ။ တာ့တာ ..ပြန်ပြီ။ အိပ်တော့မယ်။

:P said...

ကိုဇင်ယော်က ဘလော့မရေးချင်လို့..စီဘောက်စ်မှာ ကိုယ့်ကိုယ်ကိုယ်
ပြန်ပြီးမကောင်းရေးတယ်လို့ မထင်အောင် ဒီပို့စ်နဲ့ သက်သေပြတာလား...ငှင်......
ကြောက်ပါပြီ..နောက်ကိုအဲလို ဟိုထင်ဒီထင် မထင်တော့ပါဝူးးးးးးးး
စင်းဒန်လာက ရုပ်ခပ်ချောချောဆို..သူက ခေါင်းဆောင်မင်းသမီးလေ..
(သရဲကားထဲမှာ) :))))

ATN said...

တို့ဇင်ယော်ကြီးက ဆားချက်ပညာ မာစတာ ရထားပုံရ၏။

တက်ဂ်ကြွေး မဆပ်ဖြစ်အောင် ဝေ့လည်ကြောင်ပတ် လုပ်နည်းမှာလည်း ဧတဒဂ် ရပုံပေါ်၏။

တက်ဂ်ကြွေး မကြေလို့ကတော့ အေကေနဲ့ လာမယ် အမောင် ဇင်ယော်....

ဆိပ်ကမ်းမှာ လိပ်ဖမ်းလို့တောင် မရပဲ ဖြစ်သွားမယ်....း)

Anonymous said...

အယ်....အစ်ကိုကြီး ဘယ်တုန်းက ဂလိုဖြစ်သွားတာတုန်း ဆေးသောက်ပါဆိုတာကိုနော် =) မရယ်ရတာကြာလို့  မေးကြောတွေနာနေတာ ခုမှပဲပြေတော့တယ်ဗျာ ကျေးဇူးးးး။ ကိုရွာသားက မူကြိုဖွင့်ထားတာကိုး ဒါဆို ဒါရိုက်တာက ကောင်း၂လေးရိုက်ပေးမှပဲ ခလေး ၃ နှစ်ပြည့်ရင် မူကြိုအလကားပို့ ရအောင်.. ဘော်ဒီဂတ်က ဗလကောင်းလို့ ဆီပုံးကသူတွေကြောက်ကုန်ပြီတဲ့ လာရဲတော့ဘူးဆိုပဲ ငှင်းငှင်းး ဖြောင်းးး လေသိုင်း နဲ့  သရက်ကိုင်းတက်ချိုးပြလိုက်တာ ဟဟားးး :P

သက်တန့် said...

ကိုဇင်ယော်ကြီးရေ...
ဒီဆားချက်ပုံလေးကိုတော့ အရမ်းကြိုက်တယ်...
တအားရယ်ရတာပဲ... :D

မင်းသမီးချော သက်တန့် ရောင်စဉ်ဆို ရပါပြီ...
အပျိုကြီးက ပါလိုက်သေး... ဟွန်း...
မင်းသမီးက နန္ဒာလှိုင်နဲ့ တူတာဟုတ်ဘူး...
ရှင်ဖုန်းနဲ့ ဆင်တာ... အဟက်...
ဘယ်သူ့မှ မပြောနဲ့နော်... ရှူးးးးးးးးး... :P

အကိုတော်က ဂလိုလား... ဟားဟား...
သိပါဘူး... ဒီလထဲလားလို့... :P

Anonymous said...

ရယ်ရတာ အူတောင်နာတယ်အစ်ကိုကြီး
ဝှူးးးး မောသွားပြီ ရယ်ရလွန်းလို့...... :P
၁၀၁ကြိမ်မြောက် လူထုအား ဒုက္ခပေးခြင်း တဲ့.. အဟီးး
စူပါ့စူပါမင်းသမီးချောဆိုလို့ နောက်ကနာမည်ဖျက်ထားတာကို ခွင့်လွှတ်လိုက်တယ်..
ဘော်ဒီဂတ် ဂျက်ကီမျိုးတဲ့လား။ ဂျက်ကီမျိုးက သရက်ကိုင်း တက်ချိုးပြသွားတယ်။ လောလောဆယ်တော့
ဂျက်ကီမျိုးတစ်ယောက် ခေါင်းစားနေတယ်လေ။
တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်ပဲ.. :P
သြော် စကားမစပ်... အရုးတစ်ယောက်ရဲ့အတွေးများ ကိုဖတ်ပြီး ဂလိုဖြစ်သွားတာလားဟင်.... ဟီးးး စတာ စိတ်မဆိုးနဲ့ =)

Dr Phyo Wai Kyaw said...

ဟက်ဟက်ဟက်
ကိုလူဝက တူကျတော့ ဘီလျံနာတဲ့ ဟက်ဟက်။
ရယ်ရတာမောတယ်ဗျာ
နောက်လာတော့ဘူး။

Anonymous said...

ဟင့်အင် ဟင့်အင်
နာဝူး နာဝူး
ပန်းနဲ့ပေါက်သလောက်ပဲရှိတာ (ခွေးသေးပန်းတော့ ဟုတ်ဘူးနော်) တူကချစ်ရို့ပေါက်တာပဲနော်
သားသားက နာပါဝူး
ဒီလိုကျီစယ်နေကြတာကို တူတို့က မနာရို ခြစ်နေကြတာ
ဟဲဟဲ
ကိုကြီးဇင်ယော်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ
ရှူး တိုးတိုး သွားစို့ ဘီယာဆိုင်
အဲလို ဟုတ်တာတွေ လျှောက်မပြောနဲ့နော်
၇သင်း မောင်းက ၆ သင်းထဲကျိုးတာပါ
ဘော်ဒီနဲ့ကာထားတာလဲ မရဘူး ကျွန်တော့ဘော်ဒီက
သေးနေလို့လေ.. ဂိုးပေါင်းအောက်ရိုက်မိတာကလဲ
နှစ်သင်းပေါင်း ဂိုး ၂၀ ရှူးသွားလို့ ရှုံးတာပါ
သိပ်မကုန်သေးပါဘူး ကား ၂ စီးစာလောက်ပဲ
ပြုတ်သေးတာပါ အနော်ကမဖြုံပါဘူး သီတင်းကျွတ်ပြီး
သွားပြီပဲ အဲဒီမီးပုံးကားတွေက ဆွဲရတော့မှာမဟုတ်လို့
ဖျောပြစ်လိုက်တာပါ အဟဲ..
ကျန်ဘလော့ဂ်ဂါများ ကိုကြီးဇင်ယော်လက်စာ မမိစေ
ရန် ဂါထာတစ်ပုဒ်ပေးလိုက်ပါသည် မနက်တိုင်း ရွတ်ပါလေ သေချာပေါက် ကိုကြီးဇင်ယော်ရန်မှ မဝေးနိုင်ပါပြီ
" ဥုံ မနောကြီးစက်စက် ချုံခုနှစ်ပီး ကားအောင်စုံ "

Anonymous said...

ကိုဇင်ယော်ကြီးဘီလျှံနာကြီးလား ပိုက်ပိုက်တောင်းချီးရမယ်....အဟဲ
ဆားချက်ထားတာလေးရယ်ရတယ်ဗျ..ဗြဲ...ဟဲဟဲ
ကိုဥယျာဉ်မှူးကြီးကပန်းနဲ့ပေါက်တာလောက်ပဲရှိတာတဲ့ သတိထားနော်ကိုဥယျာဉ်းမှူးကြီး သူကဂေါ်ပီပန်းနဲ့ပေါက်မှာ..ဟတ်ဟတ်
မီးလေးတော့ဒီဂါထာလေးရွတ်ထားမယ် စိတ်ဝင်စားတဲ့သူတွေလိုက်ရွတ်ပေါ့...ဟိဟိ
ဥုံ..မနောစက်စက်.၂.ချုံခုနှစ်ပီး .၂..ကလားစော်..၂ များများသာရွတ်ကျပေါ့..ဟီးးးးး

Anonymous said...

ကိုဇင်ယော်ရဲ့... ခင်ဗျားကလည်း တဒွတ်ခ... ဒီမှာ ဇာတ်အကြမ်းကတင် ၃၂ ခန်းရှိနေလို့။ နောက်ပြီး ရုပ်ရှင်မဟုတ် ဘူး။ ဇာတ်လမ်းတွဲ ခင်ဗျ။

မောင်ပိစိ said...

ဒီ ရေဒီယို တယ်ရီရပါလား.. စောစောစီးစီးး ဟီးး ကောင်တာမှာ ထရီလိုက်တာ.. လဒမလေးတွေ မျက်ခုံး လှုပ်ကုန်ဘီ... ကားသစ်လှုမယ့်TT၀ါ... သမီးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ.. ကားသစ်ကြီး အတိုင်းပဲ... ဟီးးးး :P (စတာနောက်တာ သည်းခံပါ ရင်ထဲကမပါ တကယ်ပါ)
ရေးလဲရေးတတ်ပဗျာ..
အူတွေတောင် နာနေပြီ...ရီရလွန်းလို့

Phyu said...

နောက်ဆက်တွဲ အထူးသတင်း...

ညီမလေး အလွမ်းပြေ တရှုံ.ရှုံ ငိုနေညည်ကို လွန်စွာ မကြည့်ရက်သော သူမအစ်ကို ကိုဇင်ယော်သည် သူမချစ်သူ ပြန်မလာမချင်း မနက်တစ်ခါ ညနေတစ်ခါ ဘောလုံးကွင်းတစ်ပတ် ကုန်းပိုးမည်ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိသည်.. ။
;P

သက်ထွန်းညိမ်း said...


နောက်ဆက်တွဲ ကိုမျှော်နေမယ် အကိုဇင်ယော်ဟေား ပေးထားလိုက်ကြတာ ကျနော်အရင်ဖတ်ပြီးနောက်ဆုံးမှပေးသလိုဖြစ်နေပြီ
ကောင်းတယ် အကိုဇင်ယော်ရေ တကယ် ကွန်မန်းမှာရေးချင်တာတွေကို စီဘုံးမှာ ပဲရေးခဲ့လိုက်ရတယ်
ရယ်ရတာ အူတက်နေလို့ တော်တော်ထိန်းလိုက်ရတယရ

khin oo may said...

ကိုယ်တစ်ယောက်ထဲ ဘလော့ကျေတယ် အောက်မေ့တာ သူလဲ ကျေတာဘဲ။ :P

ရွှန်းမီ said...

ဇင်လျံနာကြီး ရေးတဲ့ သတင်းတွေ လာဖတ်သွားပါတယ် =)

ဂျူနို said...

ဇင်ယော် ဒါကဘာသဘောတုန်း။ ကျုပ်ကိုသဘောကောင်းတယ်ဆိုပြီးနှပ်ချတာလား။ နိုးနိုးဆရာ။ ဘယ့်နှယ်တော် ခေတ်ပျက်မှာ ကြီးမှာ သူဌေးလည်းဆိုသေး ကျုပ်တို့ တူအရီးကို လုပ်စားနေပါကောလား။
လားလားစဉ်းစားပါအုန်းအရပ်ကတို့ ရေ ကျုပ်ကငွေစိုက်ထုတ်ပြီး ကျုပ်တူက ရေးမှတော့ သူကိုယ်တိုင်သရုပ်ဆောင်ပြီး ကျုပ်ပဲမူပိုင် ကျုပ်ပဲထုတ်လုပ်ရေး ကျုပ်ပဲဖြန့် ချီရေးပေါ့။
ဘယ့်နဲ့ ဘယ့်နဲ့ ပွင့်တဲ့။ သူနဲ့ ဘယ်လိုခရီးသွားမှာလဲ။ ဥပမာ ဟိုလိုးရှင်းကြော်ငြာတဲ့မင်းသမီးလောက်ဆို တော်သေး။
ဇင်ယော်နော် စီးပွားရေးအမြင်ကလည်းတော် သူ့ အမျိုးသူပြန်ပေးထားတယ် ဟိုလူတွေကြနေတာပဲ။
ဒီက အေးအေးဝင်းစီစဉ်သလို အယ်ဇီ စီစဉ်သည်တောင်လုပ်နိုင်သေးတယ်။ ကျုပ်တူရွာသားကိုမထိနဲ့ ။ သူကခုမှနေပြန်ကောင်းတာ။ ကွေးနေတာ။ ကိုယ်က ကွေးရာက စန့် မှာပူနေတာ။ ရွာသားအဒေါ် အယ်ဇီ တဲ့ဟေ့။

ရွှေပြည်သူ (ShwePyiThu) said...

ကိုဇင်ယော်ရေ မရောက်တာကြာပြီး ရောက်မိတော့မှ ဒီပို့စ်ကို ဖတ်မိရင်း ရယ်နေရပါတယ်။ တကယ်ကို ပျော်စရာပို့စ်တစ်ခုပါ။း)

မသက်ဇင် said...

ဇင်ယော်ရေ---
ပျော်တတ်တယ်နော်---
ဘလောဂ့်နားတော့မယ်ဆိုပြီး ပိုစ့်အရှည်ကြီး
ရေးထားတာတွေ့ရ တော့ ဝမ်းသာတယ်--
ရွှင်လန်းချမ်းမြေ့ပါစေ--

ခေါင်ခေါင် said...

အရမ်း အရမ်း ကိုရီ ရတာပဲ...
ဒီလိုပဲ အမြဲနေပါ ကိုဇင်ယော်.. ရယ်....
စိတ်ချမ်းသာစရာ...ကြီး....

မောင်ဖားကြီး said...

ကိုဇင်ယော် MRTV 4 မှာလုပ်ချင်ရင် ပြောဗျာ... ကျွန်တော် ထောက်ခံပေးမယ်
ပေါက်ကရာလည်း ပြောတတ်တယ်နော် အစ်ကိုကတော့... ဆက်ရေးဗျာ
ဒီလောက ကတော့ မထွက်သွားပါနဲ့ အစ်ကို။

khin oo may said...

ဇတ်ကွက် လေးဆင်ထားတာ အတော်ကောင်းပါတယ်။

Unknown said...

အင့် ကော်မန့်ရေးရမှာတောင် ခပ်လန့်လန့်ပဲ (သတိပေးသလို ဖြစ်မှာစိုးလို့ :P )

တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား မသိဘူး အစ်ကိုရာ...။ ကျွန်တော်ညစ်နေတဲ့ အချိန်တိုင်း လိုလိုမှာ အစ်ကို ပျော်စရာပို့စ်တွေ တင်တဲ့ အချိန်နဲ့ အမြဲတိုက်ဆိုင်နေတယ်...။ အရင်တစ် ခေါက်ကလောက်တော့ ပက်ပက်စက်စက် ရယ်မသွားတော့ဘူး...။ ပြုံးရုံလောက်ပဲ ပြုံးနိုင်တယ်...။ ကျေးဇူးပါ အစ်ကို ဇင်ယော်ရေ။

Anonymous said...

အဟဲ လာဖတ်တယ်ဗျ .. သိအောင်တာ ရေးခဲ့တာ ခပ်လန့်လန့် ..
တော်တော်ရီရတယ်ဗျို့ ဟာသဥာဏ်ကလည်း ပြည့်စုံလိုက်တာဗျာ ..
အဲ့လိုရေးတတ်ဖို့ လွယ်ဘူးဗျ ..
များများဆက်ရေးဗျာ :P

s said...

ဖတ်ပြီးတော့ ရယ်သွားတယ်နော်။ တော်တော် လေးရယ်ရတာပဲ။

အလင်းစေတမန် said...

ဟားဟား ကိုဇင်ယော် လူနောက်ကြီး ရယ်ရတယ်

RePublic said...

ညီ် ဇင်ယော် က ဒီလိုလဲရေးတတ် သကိုး ၊၊ ကောင်းဗျာ ၊၊ သတိရပါတယ် ညီရေ ၊၊ အမှတ်တရ ထည့်ရေးပေးတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ် ၊၊

ခင်မင်စွာဖြင့်
ကိုလစ်

Anonymous said...

ဟိဟိဟိဟိဟိဟိဟိဟိဟိဟိ
ကောင်းတယ်ဗျာ ဆက်ရေးဗျို့ ကျန်နေကြသေးတယ်

Anonymous said...

ဘီလျှံနာကြီး ဦးဇင်ယော် ရှဥ့်
...မှားပြီ... ရှင့်...ပို့စ်လေး လာဖတ်ပါတယ်။
ပဲပြုတ်ကျွေး တောင်းခံလွှာ အိမ်ရှေ့တွင် ရောက်ရှိနေကြောင်း...တွေ့ရပါသည်။အိမ်ရှေ့ကို ထွက်ကြည့်ပါရန်...။
ပျော်ရွှင်ဖွယ်နေ့လေးတွေ အများကြီးပိုင်ဆိုင်နိုင်ပါစေ။

Than Yaw Zin said...

အတင်းမျာ..အဲမှားလို့ သတင်းများ အတော်ကောင်း၏.. အိပ်ချင်နေတဲ့ အချိန်မှာ ဖတ်လိုက်ရလို့ ပိုအရသာရှိ၏်။ စောင့်မျှော်ဖတ်ရှုနေပါမည်။