Thursday, September 25, 2008

နားလည်နိုင်ပါစေ

အမှန်အတိုင်း ပြောရရင် ကျနော်က စာတွေဖတ်နေရရင် ပျော်နေတတ်တဲ့သူ တစ်ယောက်ပါပဲ။ ဘယ်လိုစာမျိုးပဲဖြစ်ဖြစ် ကိုယ့်ကို လမ်းမှားရောက်အောင် တွန်းပို့ တဲ့ စာကလွဲရင် တော်တော်များများကို ကျနော်ဖတ်လေ့ရှိပါတယ်။ စာတွေဖတ်တာ ၀ါသနာပါတဲ့  ကျနော့်ကို ခင်မင်တဲ့ သူငယ်ချင်းတချို.က ဖတ်လို့ ကောင်းတဲ့၊ ရသပေးတဲ့  စာလေးတွေကို forward မေးလ်နဲ့  ပို့ ပေးတတ်ကြတယ်။ အဲဒီမေးလ်တချို.မှာ လင့်လေးတွေပါတော့ ဘာပါလိမ့်ဆိုပြီး လိုက်ကြည့်ရင်းကနေ ဘလော့ဆိုတဲ့ ဝေါဟာရနဲ့ စတင်သိကျွမ်းခွင့်ရခဲ့တာပါ။ ဒီလိုနဲ့  ဘလော့တွေကို လိုက်ဖတ်ရင်းကနေ ဘလော့ဂါတွေရဲ. အချင်းချင်း မောင်နှမတွေလို၊ မိသားစုတွေလို၊ မိတ်ဆွေအပေါင်းအသင်း
အရင်းအချာတွေလို ခင်မင်ရင်းနှီးနွေးထွေးတဲ့  ဆက်ဆံရေး၊ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့  စိတ်ဓါတ်လေးတွေကို လေးစားအားကျ မိခဲ့တယ်ဗျာ။ ဖတ်သာဖတ်မိပေမယ့် စီဗုံးမှာရေးဖို့ ၊ ကွန်မန့် ပေးဖို့  လက်တွန့် ခဲ့တဲ့ကျနော် ညီငယ်မောင်မျိုးရဲ. ဘလော့မှာကျတော့ စီဗုံးမှာ သွားသွားအော်ပြီး စခဲ့ရင်းက ညီအစ်ကိုတွေလို ခင်မင်သွားခဲ့ တယ်။ နောက်တော့ ညီငယ်မောင်မျိုး တိုက်တွန်းတာကြောင့် ဒီဘလော့လေးကို စပြီးရေးဖြစ်ခဲ့တာပါ။ ဖတ်နေရင်းက ရေးရတာကိုပါ ပျော်နေမိတာပါ။ ရေးရတဲ့  ရည်ရွယ်ချက် ထွေထွေထူးထူး မရှိခဲ့ပေမယ့် ကိုယ့်ဆီလာလည်တဲ့သူတွေကို ပျော်ရွှင်စေလိုတဲ့  စိတ်နဲ့ ပျော်စရာလေးတွေ ဦးစားပေးပြီး ရေးခဲ့တာပါ။ ဘယ်သူ့ ကိုမှ နစ်နာထိခိုက်စေလိုတဲ့ စိတ်မရှိသလို ဒီဘလော့လေးကို ခုတုံးလုပ်ဖို့ စိတ်ကူး လုံးဝကို မရှိခဲ့ပါဘူး။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို လှုပ်ခါဖို့  ဘယ်စာပိုဒ်ကိုမှ ရည်ရွယ်ပြီး မရေးခဲ့ပါဘူး။ အနည်ထိုင်နေတဲ့ ဘ၀တွေကိုလည်း လေပြင်းမတိုက်စေရပါဘူး။ ကျနော်ရေးခဲ့တဲ့ စာတစ်ပုဒ်ကြောင့် တစုံတရာ ထိခိုက်နစ်နာ သွားတာရှိခဲ့ရင် ကျနော်အနူးအညွတ် တောင်းပန်ပါတယ်။ ပြီးခဲ့တဲ့ပို့ စ်လေးကိုလည်း
ကျနော်ပြန်လည် ဖြုတ်သိမ်းလိုက်ပါပြီ။ ကျနော့်အစ်မ မ၀ါကိုရော၊ ခင်မင်စွာနဲ့  ကွန်မန့် ရေးပေးခဲ့သူတွေကိုရော ကျနော် တောင်းပန်ပါတယ်။ မလေးစား တန်ဖိုးမထားလို့  မဟုတ်ပါဘူး။ အကြောင်းကြောင်းမို့  နားလည်ပေးပါလို့ ။ ပြီးတော့ ကျနော် ဒီဆိပ်ကမ်းလေးကနေ ခဏတာ ခရီးထွက်ပါဦးမယ်။ ဘလော့တွေ လိုက်မလည်ဖြစ်ခဲ့ ရင်၊ စီဗုံးမှာ ပြန်မအော်နိုင်ခဲ့ရင် နားလည်ပေးနိုင်မယ်လို့  မျှော်လင့်မိပါတယ်။

ခင်မင်လေးစားစွာဖြင့်
ဇင်ယော်

13 comments:

Anonymous said...

ဖြစ်ရပြန်ပါပြီ

Anonymous said...

ဖြစ်ရပြန်ပါပြီ

WWKM said...

ကိုဇင်ယော်..
ဘာဖြစ်.. ????????????
စိတ်ညစ်သွားလို့..လေလံတင်မောင်းထုပြီးသွားပြီ။
အမ တက်တဲ့ပို့စ်လေးကြောင့် စိတ်အနှောက်အယှက်
ဖြစ်စရာ တစ်ခုခုကြုံခဲ့ရင်..တောင်းပန်ပါတယ် မောင်လေး။ အဆင်ပြေ ပျော်ရွှင်ပါစေ။

Anonymous said...

ဟားဗျာာာာာာာာာာ လုပ်ပြန်ပြီးးးးးးး :(

ခေါင်ခေါင် said...

ကိုဇင်ယော်ကြီးရယ်.. ဘာများဖြစ်လို့လဲ..

Anonymous said...

အစ်ကိုကြီးရေ.. ဘာတွေဖြစ်ရတာလဲ.....
စိတ်မကောင်းလိုက်တာ....... ;(

သက်တန့် said...

ကိုကြီးဇင်ယော်ရေ...
အဆင်မပြေမှု တစ်စုံတစ်ရာ ရှိခဲ့ရင် အမြန်ဆုံး ပြေလည်နိုင်ပါစေလို့...
ကိုကြီးဇင်ယော်တစ်ယောက် နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေ... :)

ကိုရုပ်ဆိုး said...

ငါ့ညီ ဇင်ယော်ရေ ... ဘာတွေဖြစ်ကုန်တာလဲ။ အကိုလည်း စာမေးပွဲမပြီးသေးတာနဲ့ မရောက်ဖြစ်တာ။ ဘာပဲ ဖြစ်ဖြစ်ကွာ ... ဆိပ်ကမ်းလေးကိုတော့ အကြာကြီးမပစ်သွားပါနဲ့။ ပိုင်ရှင် ဇင်ယော်လေးမရှိရင် ၀ယ်လာတဲ့ ပါမုန့်တွေ ကိုယ့်ဖာသာကိုယ် စားပြီးပြန်နေရတယ်ကွ ..။

ရွှေပြည်သူ (ShwePyiThu) said...

အစ်ကိုဇင်ယော်ရေ... ဘာဖြစ်သလဲဆိုတာ တိတိကျကျ မသိရပေမယ့် ကိုဇင်ယော်ရဲ့စိတ်ဓာတ်ကို နားလည်နိုင်ပါတယ်။ ရိုင်းပင်ခင်မင်တတ်ကြတဲ့ ကျန်တဲ့ ညီအစ်ကို မောင်နှမတွေကလည်း နားလည်ကြမှာပါ။ ဘာပဲဖြစ်ဖြစ် ခရီးက ပြန်ရောက်ရင်တော့ အသစ်တွေ အများကြီးရေးပါဦး။ ပျော်ရွှင် အဆင်ပြေပါစေ အစ်ကိုဇင်ယော်ရေ...

khin oo may said...

စိတ်မကောင်းဘူး။ ညာတယ်လို.ထင်တယ်။ စိတ်ထိ ခိုက် လို. ခဏ ရှောင် နေသလားလို.။

Anonymous said...

ဦးလေး ... အဲဒီလိုမလုပ်နဲ့လေဟာ...ဒီမှာစာတွေများလို့ ငိုချင်နေတာ..ကိုယ့်သူငယ်ချင်း.. ဦးလေးက အဲဒီလိုကြီး စိတ်မကောင်းဖြစ်နေတာ မြင်ရတော့ တကယ် ငိုချင်လာပြီ..ဘာဖြစ်လို့လဲ ရင်ဖွင့်လေ..ဒါမှပေါ့သွားမှာ...ဒီလို တိတ်တိတ်နေရင် ပိုခံစားရမှာပေါ့...စိတ်မကောင်းဖြစ်အောင် မလုပ်နဲ့.. ပို့စ်အသစ်လေးတစ်ခုနဲ့ ပြန်လာခဲ့ပါနော်.. ..

:P said...

ကိုဇင်ယော်..
ဘာတွေဖြစ်မှန်းတော့မသိဘူး..ဒါပေမယ့် အကြာကြီးပျောက်မနေပဲ မြန်မြန်ပြန်ခဲ့ပါ..
စာတွေလာဖတ်သွားပါတယ်

Blogger မဟုတ်တဲ့ Reader

အလင်းစေတမန် said...

ဖတ်လို့ကောင်းတဲ့ စာတွေရှိရင် ကျွန်တော့်ကိုလည်း Forward ပေးပါဦးဗျ။