Friday, August 15, 2008

နေ့ လေးတစ်နေ့ 

နံနက်ခင်း နေခြည်နွေးနွေးက ပြာလဲ့လဲ့ ကောင်းကင်အောက်မှ တိုးထွက်ကာ ဆီးရက်တယ်လ် အိုလံပစ် အားကစားကွင်းကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ပြာ၊စိမ်း၊နီ။ဝါ အလံပေါင်းစုံက လေအဝေ့မှာ တလူလူလွင့်လျှက်။ တမြို.လုံးက လူတွေအားလုံး ဤအားကစားကွင်းကြီး အတွင်းရောက်နေသည်ဟု ထင်ရလောက်အောင်ပင် လူတွေပျားပမ်းခပ်မျှ စည်းကား လှသည်။ ဒီနေ့ ... သာယာလှပတဲ့နေ့ လေးတစ်နေ့ ........မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပနေတဲ့နေ့ လေးတစ်နေ့ ရယ်ပါ။

အားကစားနည်းပေါင်းစုံကို နေရာဒေသ အမျိုးမျိုးမှ အားကစားသမားများက အသီးသီးလာရောက် ယှဉ်ပြိုင်နေကြသည်။ မသန်ပေမယ့် စွမ်းသည့်သူများပေမို့  မိမိကိုယ်စားပြုယှဉ်ပြိုင်သည့် ရပ်ရွာဒေသအတွက် အထူးအားထုတ် ကြိုးစားယှဉ်ပြိုင် ကြသည့်ပွဲ ဖြစ်ရာ ပရိတ်သတ်ကလည်း အုံးအုံးကြွက်ကြွက် အားပေးနေကြသည်။

ဒီလိုနဲ့  အသက် ၁၀နှစ်အောက် မီတာ၁၀၀ ပြေးပွဲ စတင်ရန်အတွက် ပါဝင် ယှဉ်ပြိုင်မည့်သူ အားလုံး အသီးသီး နေရာယူ နေကြသည်။ အားလုံး စုစုပေါင်း ၉ ယောက်။ သူတို့ လေးတွေအားလုံး ရုပ်ပိုင်းဆိုင်ရာ သို့ မဟုတ် စိတ်ပိုင်းဆိုင်ရာ တစ်ခုမဟုတ်တစ်ခု ချွတ်ယွင်း နေကြသူလေးများပါ။ သို့ ပေမယ့် သူတို့ လေးတွေ အားလုံးရဲ့  မျက်နှာမှာ တူညီမှုတစ်ခုက အထင်းသား ပေါ်လွင်နေသည်။
ပြိုင်ပွဲဝင်စိတ်ဓါတ်.... မိမိ ရပ်ရွာဒေသအတွက် အသိအမှတ်ပြု ဆုတခုခု ရယူပေးချင်သည့် ပြိုင်ပွဲဝင်စိတ်ဓါတ်။

တာလွှတ်လိုက်သည့် ခရာသံအဆုံး သူတို့ အားလုံး ပန်းတိုင်ဆီသို့  ကိုယ်နည်းကိုယ့်ဟန်ဖြင့် အပြေးလှမ်း ကြတော့သည်။ ပရိတ်သတ်ကလည်း ဆူညံစွာအော်ဟစ် အားပေးလျှက်။ ပြေးပုံပြေးနည်း မတူညီကြပေမယ့် သူတို့ အားလုံးရဲ့ ပန်းတိုင်ကတော့ တစ်ခုတည်းရယ်ပါ။

ခြေတဖက်ထော့နဲ့ ထော့နဲ့ ဖြင့် ပြေးနေသော ကောင်လေးတစ်ယောက်..... ပြေးလမ်းပေါ်မှာ မကြာခဏ ခလုပ်တိုက်မိကာ လဲပြိုကျသည်။ နောက်ဆုံးတော့ လက်လျှော့ လိုက်ဟန်တူသည်။ ပြန်မထတော့ပဲ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ကျန် ၈ ယောက်က ငိုသံကြားတော့ ရုပ်တရက်ရပ်ကာ ပြန်လှည့်ကြည့်ကြသည်။ နောက်တော့ သူတို့ အားလုံး ကောင်လေးဆီသို့ 
ပြန်လျှောက် သွားကြတော့သည်။ ပရိတ်သတ်က မှင်တက်မိကာ ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။ ဘာလုပ်ကြမလို့ ပါလိမ့်။ အားကစားကွင်းကြီး တစ်ခုလုံး အလံများကို လေတိုးသံမှအပ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူတို့ အားလုံး ကောင်လေးနားရောက်တော့ သူတို့ ထဲမှ ဥာဏ်ရည်မမှီသော ရောဂါခံစားနေရသော ကလေးမလေး တစ်ယောက်က ကောင်လေးနားမှာ ဒူထောက် ထိုင်လိုက်သည်။ ပြီးတော့ ကောင်လေးနဖူးကို အသာအယာ နမ်းကာ
အခု ကောင်းသွားပြီ...ထထ ...တို့ တွေသွားကြရအောင်....တဲ့။
ကောင်လေးကို အသာအယာ တွဲထူမကာ သူတို့ တွေအားလုံး လက်မောင်းချင်းချိတ်လျှက် ပန်းတိုင်ဆီသို့  တစ်လှမ်းချင်း လျှောက်လှမ်း သွားကြတော့သည်။ ၁ လှမ်း ၂ လှမ်း ၃ လှမ်း..........

လက်ခုပ်သံတစ်ချက်... နောက်တစ်ချက်..... နောက်တစ်ချက်...နောက်တစ်ချက်.......ပြီးတော့...ပြီးတော့ အဆုံးမရှိတဲ့
လက်ခုပ်သံများ......ပရိတ်သတ်အားလုံး........ အားကစားကွင်းကြီး အတွင်းမှ ပရိတ်သတ်များ အားလုံး....... မတ်တတ်ရပ်ကာ .......... ၀မ်းသာအားရ လက်ခုပ်တီး၍ အားပေးနေကြသည်။ လက်ခုပ်သံများက မိုးယံသို့  ထွင်းဖောက်လုမတတ်။ သူတို့ လေးတွေကို
လှမ်းကြည့် လိုက်တော့ လက်တွေက ခိုင်ခိုင်တွဲလျှက်၊ ပန်းတိုင်ဆီသို့  တလှမ်းချင်းလှမ်းရင်း အတူတူ လျှောက်လှမ်းနေကြသည်။

သာယာလှပတဲ့ နေလေးတစ်နေ့ ရယ်ပါ။ ထို့ အတူ ကျနော့်အဖို့ လည်း....ရင်မှာဖော်မပြနိုင်တဲ့ ပီတိလေးတစ်ခု ခံစားရတဲ့ နေ့ ၊
ဘ၀အတွက် အသိလေးတစ်ခု ထိုက်ထိုက်တန်တန် ရခဲ့ တဲ့ နေ့ လေးတစ်နေ့  ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။ ။ ။
( Chicken Soup for the Soul မှ Bob French ဧ။် What's Really Important ကို မှီငြမ်းထားပါသည်။ )

5 comments:

Anonymous said...

ကြည်နူးစရာလေးနော့် တကယ့် ညဏ်ရည်ပြည့်နေတဲ့သူဆိုရင်တောင် ပြိုင်ပွဲမှာ အနိုင်လိုချင်တဲ့စိတ်နဲ့  ကူချင်မှ ကူမယ် အခု သူတို့ စိတ်ဓာတ်လေးတွေက လေးစား အားကျစရာ ။

ပို့ စ်ကောင်းလေးတစ်ပုဒ်အတွက်ကျေးဇူးပါ အစ်ကို နောက်လည်း ဒီလို ရသ ကောင်းကောင်းလေးတွေ ရေးပေးပါအုံးလို့ 

အဆင်အားပေးလျှက်
မောင်မျိုး ( နာမည်မေ့မှာ စိုး လို့ :P )

ရွှန်းမီ said...

အားလုံးသာ ဥာဏ်ရည်ပြည့်တဲ့ ကလေးတွေ ဆိုရင်.. ကျန်တဲ့သူတွေကလည်း လှည့်ကြည့်ချင်မှ ကြည့်မယ်။ လဲကျသွားတဲ့သူကလည်း အော်ငိုချင်မှ ငိုမယ်။
. . . . စဉ်းစားမိသွားတော့ . . . အားလုံးကို သနားတယ်။
လဲကျရင် ထူမယ့်သူ ရှိတာဟာ ဘ၀မှာ အကောင်းဆုံး ဆုလာဘ်ပဲ။

Anonymous said...

ဟုတ်တယ်...
လဲကျရင်ထူမယ့်သူရှိတာဘဝမှာအကောင်းဆုံးဆုလာဘ်ပဲ..
သူတို့လေးတွေရဲ့စိတ်ဓာတ်ကလေးစားစရာပဲ..
ဥာဏ်ရည်ပြည့်တယ်လို့သတ်မှတ်ထားတဲ့လူတွေက
လောဘတွေပိုကြီးတတ်ကြတယ်ထင်တယ်...

Unknown said...

ကိုဇင်ယော်ရေ မွှေနောက်ရင်းဖတ်မိသွားတာဗျ ဒီပို့ စ်လေးကိုကြိုက်တယ်ဗျာတစ်မျိုးပဲ ဖတ်ပြီးသွားတော့ ရင်ထဲမှာဟာသွားတလို ပဲဘယ်လိုကြီးလည်းတော့မသိ ပြောမပြတတ်ပါ ကောင်းတယ် လို့ပဲပြောလိုက်တော့မယ်နော :)

:P said...

ဖတ်ပြီး..
ကြည်နူးသလိုလို.. ၀မ်းနည်းသလိုလို...
ဘိုလိုကြီးလည်းမသိဘူး..