Wednesday, December 10, 2008

နှလုံးသားရပ်ဝန်းကို အခြေတည်၍

ဘာရယ်တော့မဟုတ်ဘူး။ ကိုယ့်စိတ်ထဲ တစ်ခုခုကို သိနေခဲ့သလိုပဲ။ မသိစိတ်က ပတ်ဝန်း ကျင်မှာ တစိမ်း တစ်ယောက် ရှိနေတယ်တဲ့။ သတိရလို့  ဧည့်ခန်းလေးထဲ လှမ်းကြည့်မိလိုက်တော့ လားလား ဧည့်သည် တစ်ယောက် ရောက်နေပါလား။ သော့ခတ်မထားပဲ စေ့ရုံလေးစေ့ထားတဲ့ တံခါးလေးကို ၀င်ခွင့်မတောင်းပဲ တွန်းဖွင့်လို့  ၀င်လာခဲ့တဲ့ ဧည့်သည် တစ်ယောက်ပေါ့လေ။ ဘယ်အချိန်တည်းက ၀င်လာခဲ့မှန်းတောင် သတိမထားမိလိုက်ပါဘူး။ သိလိုက်တဲ့အချိန်ကျတော့ သူက ဧည့်ခန်းမှာ အခန့် သားထိုင်လို့ ။

သူကကိုယ့်ကို လှမ်းကြည့်ပြီး ပြုံးပြခဲ့တယ်။ သူ ရဲ့အပြုံး အင်း အရှင်းဆုံးပြောရရင် တစ်ခါတွေ.ဖူးရင် နောက်ဘယ်တော့မှ မမေ့ တော့မယ့်အပြုံး။ မဖိတ်ခေါ်ပဲနဲ့  ရောက်လာခဲ့တဲ့ ဧည့်သည်အပြုံးပေါ့လေ။ ဧည့်သည်လက်မခံပါဘူးဆိုပြီး ဆိုင်းဘုတ်ချိတ်ထားကာမှ ရောက်လာပြန်ပါရောလား။ အားနာတတ်တဲ့ ကိုယ့်အတွက်တော့ နှင်ထုတ်ရမှာလည်းခက်၊ အောင့်သက်သက်နဲ့  လက်ခံထားရမှာ လည်းခက် ဘာလုပ်ရမှန်း မသိအောင် ဝေခွဲရခက်လို့ နေလေရဲ့။ ကိုင်းဘယ်လိုလုပ်ရပါ့။ သူကတော့ ပြောရှာတယ် ။ အိမ်ရှင်နဲ့  တည့်အောင်ပေါင်းပြီး ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်နဲ့  အကြာကြီးနေမှာတဲ့။ သူ့ ဆီမှာ မမြင်နိုင်တဲ့ စွမ်းအင်တချို.ရှိထားပုံ ရတယ်။ ကျနော် ဘာပြန်ပြောရမှန်း မသိအောင်ပါပဲ ဆွံ.အနေမိတော့တယ်။ အော် သူ့ နံမည်လား သူ့ ကိုယ်သူ မိတ်ဆက်ပြီး ပြောလိုက်တာက သူ့  ကိုလူအများက အချစ် လို့  ခေါ်ပါတယ်တဲ့။


လက်နဲ့ မရေး
အသက်နဲ့ ရေးသတဲ့ .....
ဆေးနဲ့ မခြယ်
သွေးနဲ့ ခြယ်သတဲ့ ....
ဘယ်တော့ဖြစ်ဖြစ်
ထာဝရသစ်လွင်
"အချစ်" မြင်လား
ပန်းချီကား
နှလုံးသားရဲ့ နံရံမှာ ..... ။
( မောင်စိန်ဝင်း - ပုတီးကုန်း )


အချစ်ဆိုသည်မှာ ဆိုတဲ့ တက်ဂ်ပို့ စ်လေးရေးကာနီး စိတ်ကူးထဲမှာ ပေါ်လာတဲ့ အတွေးစလေးကို အရင်ဆုံး ချရေးကြည့်လိုက်တာပါ။ တချို.တချို.သောသူတွေမှာ အချစ်ဆိုတာကို တကယ်တမ်း သေသေချာချာ မသိလိုက်ပဲ ချစ်မိပြီဆိုမှ အော် ဒါအချစ်ပါလားလို့  ကိုယ်တိုင် သိလိုက်ရတယ်လေ။ ဟိုးနှစ်ပေါင်းများစွာကနေ ခုချိန်ထိ လူတွေက အချစ်ကို အဓိပ္ပါယ်မျိုးစုံ ဖွင့်ဆိုနေကြတုန်းပဲ။ ပြီးပြည့်စုံပြီလား ဆိုတော့လည်း ဟင့်အင်းတဲ့။ ရှုထောင့်မျိုးစုံ နေရာမျိုးစုံကကြည့်ပြီး အမျိုးမျိုး ဖွင့်ဆိုလိုက်ကြတာ 3 ဖြစ်လိုက် က ဖြစ်လိုက် ဖြစ်လိုက် င် ဖြစ်လိုက်နဲ့ ။

ဆော့ပ်ဟိုဆဲလ် က လူသားတွေအတွက် ဘ၀ရဲ့ နာကျင်မှုနဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်စရာ စကားလုံးတစ်ခုရှိတယ်တဲ့ အဲဒါ အချစ် ပဲတဲ့။ ဒေါ်ရော်သီပါကားဆိုသူကတော့ အချစ်ဆိုတာ လက်ဖ၀ါးပေါ် တင်ထားတဲ့ ပြဒါး လိုပဲတဲ့။ လက်ဖ၀ါးကို အသာလေးဖွင့်ပြီး ဒီအတိုင်း ထားရင် လက်ထဲမှာ ရှိနေပေမယ့် သေသေချာချာ ဆုပ်ကိုင်ဖို့ ကြိုးစားရင်တော့ လက်ချောင်းတွေကြားကနေ ယိုစိမ့်ပြီး ပျောက်ကွယ် သွားလိမ့်မယ်တဲ့။

ဇင်ယော်လေးရဲ့ အမြင်လား ကိုယ်တိုင်လည်း သေသေချာချာတော့ အဓိပ္ပါယ် မဖွင့်ဆိုတတ်ပါဘူး။ အချစ်ဆိုတာ အချစ်ပဲပေါ့။ အချစ်ဆိုတာ ဘာလဲလို့  သိပြီးမှ အချစ်ကို ကြုံကြတာ မဟုတ်ပါဘူး။ အချစ်ကို ကြုံခဲ့ရပြီးမှ အချစ်ဆိုတာကို သိမြင်လာခဲ့ကြတာပါ။ ဇင်ယော်လေးရဲ့ တစ်ပုဒ်တည်းသော ၀တ္တုလေး ( အမြဲထာဝရ ရှိနေမယ့် အိမ်ကလေး ) မှာတော့ ရေးခဲ့ဖူးပါတယ်။ "အချစ်ဆိုတာ တခါတလေတော့ လည်း ရယူ ပိုင်ဆိုင်ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မမည်ခဲ့ ပါဘူး။ ချစ်သူ သိသိမသိသိ သူ့ ဆန္ဒလေးတွေကို
တိတ်တိတ်လေး အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကျေနပ်နှစ်သိမ့် နေခြင်းကလည်း ချစ်ခြင်းတစ်မျိုးရယ်ပါ
"
။ ဆရာမ ဂျူးရဲ့ ဆောင်းပါးမှာ ရေးထားတာလေး ဖတ်ဖူးတယ်။ "အချစ်ကို ဘယ်လိုသိနိုင်မလဲ။ ဒီမေးခွန်းရဲ့အဖြေက မေးသူထံမှာပဲ ရှိပါတယ်။ အချစ်ကိုသိချင်ရင် အချစ်ကို ကြုံတွေ.တဲ့အခါမှာ စိတ်ပါလက်ပါနဲ့  ခြေစုံပစ်ဝင်လိုက်ရုံပါပဲတဲ့။ ဒါကြောင့်လည်း အင်္ဂလိပ်၊ အမေရိကန် စကားမှာ falling in love လို့ သုံးကြတာ ဖြစ်ပါလိမ့်မယ်။ ဒါမှလည်း အချစ်ကို ထဲထဲဝင်ဝင် သိနိုင်မှာပေါ့လေ" ။

အချစ်မှာ Impersonal love လို့ ခေါ်တဲ့ ပုဂ္ဂိုလ်စွဲမရှိတဲ့ အချစ်နဲ့  Interpersonal love လို့ ခေါ်တဲ့ လူသားအချင်းချင်း ချစ်တဲ့ အချစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ Impersonal love က ဥပမာပေးရရင် တိုင်းပြည်ကို ချစ်တာ၊ စာပေယဉ်ကျေးမှုကိုချစ်တာ၊ ရည်မှန်းချက်ကိုချစ်တာ နောက်တစ်မျိုးပြောရရင် မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး စိတ်ထဲက စူးစူးနစ်နစ် ယုံကြည်သက်ဝင်တဲ့ အရာတွေကို ချစ်တာကို Impersonal love လို့  ခေါ်တဲ့ ပုဂ္ဂိုလ်စွဲမရှိတဲ့ အချစ်နဲ့ တင်စားကြတာပဲ။ ဒါ့အပြင် လူတွေက အရာဝတ္တုတွေ၊ တိရိစ္ဆာန်တွေ၊ ပြုမူလှုပ်ရှားမှု တွေရဲ့ သံယောဇဉ်တွေထဲမှာ ကိုယ့်ကိုကိုယ် မြှုတ်နှံထားလိုက်ပြီဆိုရင် အဲဒါတွေကို ချစ်တာလည်း Impersonal love ပါပဲတဲ့။ Interpersonal love လို့ ခေါ်တဲ့ လူသားအချင်းချင်း ချစ်တဲ့ အချစ်ကတော့ ရှင်းရှင်းလေးပါ။ လူသားတစ်ဦးနဲ့ တစ်ဦးကြားမှာ သာမန်ရှိတဲ့ ဆက်နွယ်မှုတဲ့ ပိုပြီးအင်အားကြီးတဲ့ တန်ခိုးသြဇာ ရှိတဲ့ ဆက်နွယ်ပတ်သက်မှုမျိုးပါ။ မိဘသားချင်း ညီအစ်ကိုမောင်နှမ အချင်းချင်း၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း၊ ချစ်သူမောင်မယ်တွေ အချင်းချင်း ချစ်တဲ့ အချစ်မျိုးပေါ့လေ။

တကယ်တမ်းပြောရရင် အပင်မှန်ရင် အမြစ်နဲ့ မကင်းသလို လူမှန်ရင်လည်း အချစ်နဲ့ မကင်းကြပါဘူး။ တခြား မကြည့်ပါနဲ့  မွေးကင်းစ ကလေးငယ်ဘ၀မှာကိုက အချစ်နဲ့ စတင်ဆုံတွေ.ခဲ့ကြရတာပါ။ မွေးကင်းစကလေးငယ် တစ်ယောက်ဟာ မိခင်ရဲ့ရင်ခွင်ထဲမှာပဲ အချစ်ကို ရှင်းရှင်းပြောရရင် မိခင်ဖခင်တို့ ရဲ့ အချစ်ကိုစပြီး လေ့လာ သင်ယူခဲ့ကြတာပါ။ မိခင်ရဲ့အချစ်က ကလေးကို နွေးထွေးလုံခြုံစေခဲ့သလို ဖခင်ရဲ့အချစ်ကလည်း လောကထဲကို ၀င်ရောက်ကြီးပြင်းရှင်သန်တတ်ဖို့  သင်ကြားပေးခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ အချစ်ကို နောက်ထပ် အမျိုးအစားတွေ အများကြီး ခွဲခြားထားပါသေးတယ်။ ဆရာမ ဂျူးရဲ့ ဆောင်းပါးထဲမှာ ဖော်ပြထားတာပဲကို ပြန်ပြီး ညွှန်းဆိုပြရရင်
- မြန်မာဗုဒ္ဓဘာသာအဆိုအရ ၅၂၈ဆိုတဲ့မေတ္တာဘက်နွယ်တဲ့အချစ်၊ ၁၅၀၀ဆိုတဲ့ ကိလေသာဘက်နွယ်တဲ့အချစ်။
- Motherly Love / Tender Love လို့ ခေါ်တဲ့ မိခင်မေတ္တာနဲ့ တူသောအချစ်၊ ကြင်နာသော အချစ်။
- Self - Love လို့ ခေါ်တဲ့ ကိုယ့်ကိုကိုယ် ချစ်တဲ့အချစ်။
- Love of Life လို့ ခေါ်တဲ့ ဘ၀ကို ချစ်သောအချစ်။
- Love of God လို့ ခေါ်တဲ့ ဘုရားသခင်ကို ကြည်ညိုလေးစားမြတ်နိုးသောအချစ်။
- Brotherly Love လို့ ခေါ်တဲ့ ညီအစ်ကိုစိတ်၊ရဲဘော်ရဲဘက်စိတ်ဖြင့် ချစ်သောအချစ်။
- Passionate Love လို့ ခေါ်တဲ့ ကိလေသာအချစ် သို့ မဟုတ် ပေါင်းစပ်သောအချစ်။ ကိလေသာလို့  ဆိုလိုက် တော့ ညစ်ညမ်းတဲ့ လိင်ကိစ္စနဲ့ ရောထွေးစဉ်းစားမိမှာကိုတော့ စိုးရိမ်စရာ ရှိပါတယ်။ ကိလေသာ ဆယ်ပါးနဲ့ မလွတ်ကင်းတဲ့ အချစ်မှန်ပေမယ့် သိမ်မွေ. နူးညံ့လှတဲ့အချစ်ပါပဲလေ။ ဆန့် ကျင်လက်လိင်(opposite sex)ကို ချစ်မိတဲ့ သဘာဝတွေအကြောင်းပေါ့။ အဲဒီအချစ်မှာမှ
- Love at first sight လို့ ခေါ်တဲ့ မြင်မြင်ချင်း ချစ်မိတဲ့အချစ်။
- အုံ့ ပုန်းအချစ်။
- Jealous Love လို့ ခေါ်တဲ့ မနာလိုတဲ့အချစ်
- Anguish Love လို့ ခေါ်တဲ့ သောကအချစ်
စသဖြင့် အမျိုးမျိုးပေါ့လေ။ အသေးစိတ် သိချင်ရင်ဖြင့် ဆရာမဂျူးရဲ့ "လကိုဖမ်းဖို့ပိုက်ကွန် ရက်ရအောင်"ဆောင်းပါးကိုသာ ရှာဖတ်ကြပေတော့။

အချစ်ကို သေသေချာချာ အဓိပ္ပါယ် မဖွင့်တတ်ပေမယ့် အချစ်မှာ ထူးခြားတဲ့ စွမ်းအင်တွေရှိမှန်းတော့ သတိထားမိပါတယ်။ သူ့ မှာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ရှိသလို မသုံးတတ်ရင် အဖျက်သဘော ဘက်ရောက်သွားတတ်တဲ့ စွမ်းအင်တွေလည်း ရှိပါတယ်။ သုံးတတ်ရင်ဆေး မသုံးတတ်ရင်တော့ ဘေးဖြစ်စေ မယ်လေ။ စဉ်းစားကြည့်ပါလေ တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးရတဲ့အရသာဟာ လောကကြီးမှာ နှစ်သက် ကြည်နူးတိမ်းမူးစရာ ကောင်းတဲ့အရသာတစ်ခုပါပဲ။ ချစ်မြတ်နိုးစိတ်နဲ့  လှမ်းကြည့်လိုက်စမ်းပါ။ မိုးပေါ်ကို
မော့ကြည့်လိုက်ရင် ပြာလဲ့လဲ့ကောင်းကင်ကြီးက တိမ်စတွေနဲ့  လွင့်မြောလှပနေလိုက်တာ၊ မြေပြင်ပေါ် လှမ်းကြည့်လိုက်တော့ မြက်ခင်း စိမ်းစိမ်းပေါ်မှာ ပန်းတွေက ရောင်စုံဖူးပွင့်လို့  လေပြည်အဝေ့မှာ အလှချင်း ပြိုင်နေကြလေရဲ့။ တိရိစ္ဆာန်လေးတွေက တစ်ကောင်နဲ့  တစ်ကောင် စနောက်ရင်းဆော့ကစားလို့  ငှက်ကလေး တွေကလည်း လေထဲမှာ ၀ဲပျံရင်း ကကြိုးအသစ်ကို လှလှပပ ကပြအသုံး တော်ခံနေကြသလိုပါပဲ။ ကြည့်လိုက် မိသမျှ တောင်တန်းနဲ့ တောအုပ်တွေ၊ ပင်လယ်သမုဒ္ဒရာတွေ၊ လူတွေ သက်ရှိသက်မဲ့ အရာအားလုံးက လှပနေလေတော့ ဒါဟာလည်း သူ့ ရဲ့စွမ်းအင်တစ်ခုပါလားလို့  သိသိသာသာကို လက်ခံထားမိတာလေ။ ဒီလို အစစ အရာရာ လှပသာယာတာပဲ တွေ.မြင်ခံစားမိနေတဲ့ လူတစ်ယောက်မှာ အကောင်းမြင်စိတ်လေးတော့ ရှိမှာပါပဲ။ ဒီအကောင်းမြင်စိတ်လေး အခြေခံထားပြီး သူပြုမူပြောဆိုဆောင်ရွက်သမျှ အရာအားလုံးဟာ ၁၀၀% မဟုတ်တောင်မှ % တစ်ခုခုတော့ အကောင်းဘက်မှာ ရှိမှာသေချာသလို၊ သူလုပ်သမျှတွေကလည်း အပြု သဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ဖို့ များပါတယ်။

အဲ အချစ်ရဲ့ဘေးထွက်ဆိုးကြိုးတွေလား။ အများကြီးပါပဲ။ အချစ်ကြောင့် ဘ၀ပျက်သွားရသူတွေ အများကြီး ရှိသလို ရည်မှန်းချက် ပန်းတိုင်တွေ၊ မျှော်လင့်ချက် လှေကားထစ်တွေ တစစီကြေမွပြိုပျက်သွားရသူတွေက ဒုနဲ့  ဒေးလေ။ အင်္ဂလန်ဘုရင် အက်ဒွတ်(၈) ဆိုရင် အမေရိကန်သူ မစ္စက်ဆင်မဆင်ကို စွဲစွဲလန်းလန်း ချစ်ခဲ့မိလို့  ထီးနန်းကို စွန့် ခဲ့ရဖူးပါတယ်။ ဂရိမင်းသမီး ဟယ်လင်ကို စူးစူနစ်နစ် ချစ်ခဲ့မိကြလို့  ကမ္ဘာကျော်ထရိုဂျန်စစ်ပွဲကြီး ဖြစ်ပွားခဲ့တာ ဘယ်သူငြင်းနိုင်မှာလဲ။ ကျန်စစ်သားဟာ မချစ်သင့်ခဲ့တဲ့ ဥသာမင်းသမီးခင်ဦးကို သွားချစ်မိခဲ့လို့  အနော်ရထာမင်းကြီးရဲ့ ရာဇမာန်ရှတာ ခံရပြီး တနယ်တကျေးကို ပြေးလွှားခိုလှုံခဲ့ရဖူးပါတယ်။ အဲဒါတွေအားလုံး ဟာလည်း အချစ်ကြောင့်ဖြစ်ခဲ့ရတာပါဆိုရင် ဘယ်သူငြင်းဦးမှာလဲ။

ဒီလိုဆို အချစ်ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါရဲ့လား။ သေချာတာ တစ်ခုကတော့ ထမင်းနပ်မှန်ဖို့ အတွက် အချစ်မလိုပါဘူး။ ၀ယ်စားနိုင်ဖို့  ပိုက်ဆံပဲလိုအပ်တာပါ။ အလင်းရောင်ရဖို့  အချစ်လိုအပ်ပါသလား။ ကျောခင်းစရာ တစ်နေရာရဖို့  အချစ်လိုအပ်ပါသား။ လျှပ်စစ်စွမ်းအင် တွေအတွက်ရော အချစ်လိုအပ်ပါသလား။ မကျန်းမာလို့  ဆေးကုသဖို့ ရော အချစ်လိုအပ်ပါသလား။ သောမတ်စ်အက်ဒီဆင်က လျှပ်စစ်ကို တီထွင်ခဲ့တာ အချစ်အတွက်လား။ ဂရေဟမ်ဘဲလ်က တယ်လီဖုန်းဆိုတာ အချစ်အတွက်သီးသန့် ဆိုပြီး မတီထွင်ခဲ့တာတော့ သေချာတယ်။ အလောင်းမင်းတရားက အချစ်အတွက် မြန်မာနိုင်ငံကို စုစည်းတည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ အမေရိကန်သမ္မတ လင်ကွန်းက အချစ်အတွက် ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တာ မဟုတ်ပါဘူး။

ဒါဆိုရင် လူတွေက အချစ်ကို ဘာ့ကြောင့် တန်ဖိုးထားမြတ်နိုးနေကြတာလဲ။ ဘာ့ကြောင့် ရေးကြီးခွင်ကျယ် တခမ်းတနား ဖွဲ.နွဲ.ညွှန်းဆို နေရတာလဲ။ တကယ်တော့ "အချစ်ဆိုတာ လူတွေကို ယဉ်ကျေးသိမ်မွေ.အောင် ပြုပြင်ပေးနေတဲ့ မမြင်နိုင်တဲ့ စွမ်းအင်တစ်ခုပါ" လို့  ဆရာမဂျူးက ဆိုထားပါတယ်။ ဆက်ပြီးပြောရရင် "အချစ်ရဲ့ အသုံးဝင်ပုံတွေဟာ ရုပ်ဝတ္တုပစ္စည်း အသုံးဝင်ပုံတွေလို ရုတ်တရက် မြင်သာထင်သာတာမျိုး မဟုတ်ပါဘူးတဲ့။ အချစ်ရဲ့စွမ်းအင်ဟာ အလွန်နက်နဲသိမ်မွေ.စွာ အရေးပါနေပါတယ်တဲ့။ ဒါ့ကြောင့်လည်း သုံးမိသူဟာ သုံးမှန်း မသိဖြစ်ရ၊ အကျိုးပြုခံရသူကလည်း အကျိုးပြုခံရမှန်းမသိ ဖြစ်နေတတ်ပါတယ်" တဲ့။

ဇင်ယော်လေးအမြင်ပြောရရင် အချစ်ဆိုတာ သေသေချာချာ တိတိကျကျ သိစရာ မလိုအပ်ပါဘူး။ ချစ်ချင် စိတ်ရှိဖို့ နဲ့  ချစ်တတ်ဖို့ ပဲ လိုအပ်တာပါ။ အချစ်အကြောင်းသိချင်ရင် အချစ်နဲ့ တွေ.တဲ့အခါကျတော့ ခြေစုံပစ်ပြီးဝင်လိုက်ပေတော့။ အတိအကျမဟုတ်တောင် အချစ်နဲ့  ပတ်သက်တဲ့ ဒသနတစ်ခုတော့ ကိုယ်တိုင်ကောက်ချက် ဆွဲပြီး ရေးဖွဲ.လာတတ်လိမ့်မယ်။ ဒီနေ့ ကမ္ဘာလောကကြီးကို ကြည့်လိုက်စမ်းပါ။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ ဆန္ဒပြမှုတွေ၊ လူမျိုးရေး မျိုးဖြုတ်သတ်ဖြတ်မှုတွေ၊ သဘာဝကပ်ဘေးအန္တရာယ်တွေ၊ ငတ်မွတ် ခေါင်းပါးမှုတွေ၊ ...... နေရာတကာမှာ စိတ်ဆင်းရဲစရာတွေက ပိုပြီးများပြားလာသလိုပဲ။ ဒီလိုအချိန်မှာ စွမ်းအင်ကြီးမားလှတဲ့ အချစ်ဆိုတာကို ကောင်းကောင်းအသုံးချတတ်ဖို့  လိုအပ်ပါလိမ့်မယ်။

ဟိုမှာကြည့်လိုက်စမ်းပါ မိဘမဲ့ကလေးငယ်တွေက ရင်ထဲက တောင့်တနေတဲ့ အရာတစ်ခု.....အချစ်တဲ့။ ခိုကိုးရာမဲ့ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေအတွက် အချစ်ဆိုတာ နွေးထွေးတဲ့ အားကိုးရာတစ်ခုတဲ့။ သဘာဝဘေးဒုက္ခနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူတွေအတွက် အချစ်နဲ့ ကမ်းတဲ့ လက်တစ်စုံဟာ သဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဆိုရင် မမှားလောက်ပါဘူး။ အငတ်ဘေးနဲ့ ရင်ဆိုင်နေရသူ တွေအတွက် အချစ်နဲ့  ထုပ်ပိုးထားတဲ့ စားနပ်ရိက္ခာထုပ်တွေ ကမ္ဘာပေါ်မှာ အရေးတကြီးလိုအပ်နေပါတယ်။ စစ်မျက်နှာနှစ်ဘက်မှာ ထိပ်တိုက်ရင်ဆိုင်နေတဲ့ သေနတ်ပြောင်းဝတွေအတွက် အချစ်ကို ငြိမ်းချမ်းရေး ဂျိုးဖြူစေတမန်အဖြစ် စေလွှတ်ကြရအောင်။ လူမျိုးရေးအဓိကရုဏ်းတွေ၊ ဆန့် ကျင်ဆန္ဒပြမှုတွေအတွက် အချစ်နဲ့ ငြိမ်းချမ်းတဲ့ အဖြေကိုရှာဖွေကြည့်ကြရအောင်။

ကဲ မိတ်ဆွေ ..... တွေဝေငေးမော စဉ်းစားမနေနဲ့ ။ နှလုံးသားရပ်ဝန်းကို အခြေတည်လို့  အချစ်ပင်တွေပျိုး အချစ်မိုးတွေရွာပြီး ငြိမ်းချမ်း သာယာတဲ့ ကမ္ဘာသစ်တစ်ခုကို အချစ်တွေနဲ့  အားလုံးဝိုင်းဝန်း တည်ဆောက်ကြရအောင် ။ ။ ။ ။

( ကဲ ကိုကြီးအောင်သာငယ် နဲ့  တူမတော် Dream တို့ ရေ ..... နောက်အကျဆုံး တက်ဂ်ကြွေးလေးကို မျက်နှာပူပူနဲ့  ပြန်ဆပ်လိုက်တာပါ။ အရမ်းကို ကြာသွားတဲ့အတွက် တောင်းပန်တဲ့အနေနဲ့  ရင်ထဲက ဆန္ဒတွေကိုပါ ထည့်သွင်းလို့  ပို့ စ်အရှည်ကြီး ရေးတင်လိုက်ပြီဗျာ။ ကျေနပ်နိုင်ကြပါစေလို့  ........................ ခင်မင်လေးစားလျှက် ဇင်ယော် )

27 comments:

Anonymous said...

အယ်....အချစ်အကြောင်းကို ပယ်ပယ်နယ်နယ်ကို သုံးသပ်ထားပါလား ..ကိုဇင်ယော်ကြီးက..။
အဲ သယ်ရင်း အလှ၁၀၀ က တော့ အချစ်ဆိုတာ တစ်နှစ်မှာ တစ်ခါပွင့်တဲ့ ပိတောက်လိုပဲတဲ့ ...ခက်တာက သူ့ပန်းတွေက ခဏခဏ ပွင့်နေတာလေ...ဟိ.ကြုံတုန်း နှိပ်ကွပ်တာ.။
အစ်ကို့ စာဖတ်ပြီး အချစ်စိတ်တွေ နိုးကြားလာလို့ တစ်ယောက်လောက် တစ်ခါတည်းရှာပေးပါ အစ်ကို.:P

ATN said...

ဟောဗျား...
ဘုရာတောင် ပွင့်တော့ မလား မသိ...
ဇင်ယော်ကြီးတို့...
အချစ်ဆိုတာကို သိနေလိုက်ပုံများ...

စာမေးပွဲဖြေပြီးသွားတဲ့ ဇင်ယော်ကြီးကို
A++ ပေးသွားပါတယ်...း)

:P said...

ကိုဇင်ယော် .......
ဆလုရိုက်သွားပါတယ်....မထင်ရဘူးနော်....
မီးသတ်သမားကလေးလေးအကြောင်း
ဘာသာပြန်ပို့စ်ပြီးရင်
ဒီတစ်ခုကို ကြိုက်မိပါ၏

WWKM said...

အိုးးး လုံးဝမထင်ရပါလား မောင်ငယ်ဇင်ယော် ရယ်.
အချစ်အကြောင်းဒီလောက်နောကျေလိမ့်မယ်လို့.
ဟဟ.. ဘယ်အချိန်ကတည်းကရေးဖို့ စုစည်းရည်ရွယ်
ထားပါလိမ့်နော်.
အင်းး ခုအချိန်ကစပြီး အချစ်ဆရာကြီးဖြစ်ပေတော့မယ်.
လာတော့မယ် ဟို.. အချစ်မသိတဲ့ကလေးတွေ.. လှလှ
တို့ ၊ ဟဟတို့ ၊ မောင်ခြေခြင်း တို့.... ကိုကြီးဂျင်ယော်
ကို အားကိုးပါရစေလို့..း)

လှလှ ကတော့ တွေ့မရှောင်ပဲ..ဟဲဟဲ..ဒါပေမယ်သူ့ကို့်ကြိုက်မယ့်သူမရှိ။

ဟဟ ကတော့ ကျနော့ဇနီးအတွက်ကဗျာလေးမမ၀ါ
ရေ တဲ့ ဟဟား..ရယ်ရတယ်. ရည်းစားက ဘယ်ဂျောင်
ရောက်နေမယ်မှန်းမသိ ၊

မောင်ခြေခြင်းဆိုတဲ့ ကလေးကလဲ ရည်းစားမရှိဘူးဆိုပြီး
ကြော်ငြာဝင်ရတာ ခဏခဏ..း)

ကဲကဲ..မောင်ငယ်ဇင်ယော်ကပဲ..သူတို့တွေအတွက်ရှာ
ကြံစီစဉ်ပေးလိုက်ပါဦး.မဟုတ်ရင် အဲ ၃ ယောက်
ဒီတစ်သက် စွန်မယ့်ပုံမမြင် ၊ :D

လမင်း ကတော့ အရမ်းစွန်တာ၊အခုတောင် မူးနေတယ်
ဆိုလား၊ ဟိုဒါ ဘယ်နှစ်လရှိပြီလဲ မတိဘူး..ဟဟ

မိုးသောက်လေးကတော့ အရှုတ်တွေလုပ်နေတယ်.
အစ်မခိုင်းစားထားတာလေ.အဟီး၊ကောင်လေးက ရည်း
စားရှိတယ် မလိုဘူး။

အရေးကြီးတာ အပေါ်က ၃ ယောက်ပဲ.... ဟဲဟဲ တော်ပြီ..ဟိုကလေးတွေမလာခင်
အရင်လျှောက်ရေးပြီးပြန်ပြီ. တာ့တာ

အစ်မ၀ါ

Anonymous said...

အစ်ကိုရေးသမျှ ပို့စ်ထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံး ၊ အရှည်ဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံး ပြီးတော့ ကျနော်မသိတဲ့အချစ်ဆိုတဲ့အကြောင်းရာတွေကိုလည်း
အများကြီးသိသွားတယ် =)

maykhinsoe said...

လုံးဝထင်မထားတဲ့  အကြောင်းကို ရေးသွားလို့  လေးစားသွားပြီ။

kay said...

ဇင်ယော်- ဒီပို့စ်လေးကို..သဘောကျမိပါတယ်။ အပြုသဘောဆောင်တယ်.. ရေရာတဲ့သုံးသပ်မူလဲ ပါတယ်။

Than Yaw Zin said...

အရမ်းကောင်တဲ့ ပို့စ်လေးပါ.. ဒါမျိုးလေးတွေ များများရေးနော်။

Phyu said...

အချစ်အကြောင်းတွေ လာဖတ်သွားတယ် .. ငါ့အစ်ကိုက...အချစ်ကျမ်းတောင် ပြုလို့ရနေပြီ..း)))...

Anonymous said...

အချစ်ဒဿနဆရာကြီးရေ မှတ်သားသွားတယ်
ဗျနော်။

ဖိုးဂျယ် said...

အချစ်ကြောင်းရေးလိုက်တာ လက်ဖျားခါတယ်။
ခွင့်ယူပြီး အချစ်လေ့လာရေး ခရီးထွက်နေတာလား။
တားတားလေးကိုလဲ သင်ပေးပါဦးနော်
ဦးဇင်ယော်

RePublic said...

ညီ ဇင်ယော် ဆီမှာ အချစ် သင်တန်း အားရင် လာတက်အုံးမှပဲဗျာ ၊၊ ကြိုတင်စာရင်းပေး ထားလိုက်ပီ ၊၊

Anonymous said...

အားပါး အချစ်အကြောင်း ရေးထားတာ ရှယ်ပါလား ကိုဇင်ယော်ရေ ...
ကဲ မရှက်မကြောက် ကျနော်တော့ ကော်ပီလုပ်ပြီး သိမ်းထားပြီဗျာ အဟီး
အဲ့ ဒါနဲ့ မမ၀ါက ကျနော့် အကြောင်းတွေ ဖွသွားပါလား
ဟင်း ဟင်း တူပဲ အရှုပ်တွေ လုပ်ခိုင်းပြီးတော့
ရည်းစား ရှိတယ်တဲ့
မယုံနဲ့ ဗျ ကိုဇင်ယော် ကျနော့် အတွက်ပါ တစ်ယောက်လောက် အဟေး ဟေး
ဒါမျိုး နောက်ကျမှာ အသေကြောက်တာ :D

ကိုရုပ်ဆိုး said...

ဟား .. ဟား .. ငါ့ညီ ဇင်ယော်တစ်ယောက် စာမေးပွဲနဲ့ အလုပ်ရှုပ်နေလို့ အချစ်အကြောင်း သိပ်မစဉ်းစားမိဘူးထင်နေတာ ... အခုတော့ သိလှချည်လားကွ ..... :D

သက်တန့် said...

အင်း... အဲ...
အင်း... အဲ...
ဘာပြောရမှန်းတောင် မသိ...
တစ်ခွန်းတည်း ပြောလိုက်မယ်...
ကိုကြီးဇင်ယောက် အလွန်တော်... :)

သက်တန့် said...

"ကိုကြီးဇင်ယော် အလွန်တော်"လို့ ပြောတာလေ...
ဘီလိုဖြစ်လို့ ဇင်ယောက်ဖြစ်သွားပါလိမ့်...
ချော်တီး... :P

Dr Phyo Wai Kyaw said...

အချစ်ဒဿနတွေ လိမ့်နေအောင်
ဖတ်ရတယ်.. ဒါတောင် သိပ်နားမလည်ဘူး..

ဟက်ဟက်

ကိုလူဝတို့ သီအိုရီ အလွန်ပိုင်ဗျား..
တန်တော့..
ဗိုင်ဗာ မှာ ပြုတ်လာတာ ဖြစ်ရမယ်
မှန်မှန်ပြောစမ်း
ဘယ်နှစ်ခါ ဖြေလာသလဲဆိုတာ
ညီအစ်ကိုချင်းပဲ
မရှက်ပါနဲ့ဗျ။
ငှဲငှဲ။

မြတ်သွယ် said...

တော်၏ တော်၏
ကိုဇင်ယော်က အရေးကောင်းတယ်ဂျ
ဆွဲဆောင်နိုင်တဲ့ စာသားတွေနဲ့ ကာရံတွေ အချစ်ဗဟုသုတတွေ ကိုယ့်ထင်မြင်ချက်တွေ.. စုံနေတာပဲ
အားပေးဖတ်သွားပါတယ် ကိုဇင်ယော်

Dream said...

ဟင့်... ရေးပေးဒါဖဲ ကျေးဇူးပါ... တူမတော်က တက်ဂ်ထားတာ ဒေါင် မေ့တွားပီ.. အဟီး.. အကြွေးရှင်ကမေ့နေပေမယ့် မမေ့မလျော့နဲ့ အခု လို သတိသရ ရေးပေးတာ ကျေးဇူးပါ ဦးရီးတော်ဦးဂျင်ရော်... ...
အချစ်ဒသနတွေကလည်း များလိုက်တာနော်.. ဦးရီးတော်ခြေရာလိုက်နင်းထားမှ..မဟုတ်ရင် ခေတ်ရှေ့မပြေးပဲ ဖြစ်မှာစိုးလို့.. :P :P

ဦးရီးတော်ကလည်း ရူပါနဲ့တောင်မလိုက်ဘူး.. အရေးအသားက အလွန်တော်တယ်.. ဟိးဟီး.. :P :P

Anonymous said...

အိုး ရက်စက်ရေးနိုင်ပါလား

အချစ်အကြောင်းကို တော်တော်ရေးထားတာပဲနော်

ကောင်းပါပေတယ်ဗျာ ..ဒီလောက်အများကြီးတော့

ရှာရှာဖွေဖွေရေးတတ်ဘူး.. ဒီလိုရေးသားနိုင်တော့

ချီးကျူးပါတယ်

ဆက်လျက်ရေးသားပါ

အားပေးနေပါတယ်

Unknown said...

မသိလို့နော်။ အချစ်ဆိုတာ အရေ အ ခကွေး ရပင့် စတက် ချစ် (အချစ်)လို့ထင်နေတာ။ ကိုဇင်ယော်ရှင်းပြမှ တော်တော် ရှင်းသွားတယ်ဗျာ။လေးစားပါတယ်။

flowerworld said...

ဖတ်ပြီးမောသွားပြီးပြန်တော့မယ် ဘာမှမပြောနိုင်တော့ဘူး လာလိုက်ခဲ့သွားကြစို့

Anonymous said...

တော်လိုက်တဲ့ အစ်ကိုကြီး......
သီအိုရီတွေ သီအိုရီတွေ.....
စကားမစပ်.. အစ်ကိုကြီးရော ခြေစုံပစ်ဝင်ပြီးပြီလား.... အဟဲ... :P :P

khin oo may said...

တော်တော်လေး ဆွေးနွေးထားတာဘဲ။ ချစ်တတ်မယ်နဲ့ တူရဲ့။

အလင်းစေတမန် said...

လကိုဖမ်းဖို့ပိုက်ကွန် ရက်ရအောင် ကို ရှာဖတ်ဦးမှ။

မောင်ပိစိ said...

မထင်ရဘူး.. ဟီးး
ဦးဇင်ယော်က အချစ်နဲ့ ပက်သက်တော့လည်း တယ်နုပါလား.. အဟိဟိ
လိုက်မမှီတော့ဘူး လူပျိုကြီးရေ...
ခြေစုံ ပစ်မ၀င်ပါနဲ့... မကောင်းဘူး.. ဟီးးး
အချစ်မိုးမိပြီး နှာစေးနေအုံးမယ်နော်.. ကတုံးကြီးနဲ့.. ထီးစောင်း.. :P :P
:P :P

စလို့ ကောင်းလိုက်တာ.. ဟိဟိ
ဘလော့ ပေါ်ပြန် ရောက်နေတယ်ဆိုတာ ခုမှ သိတယ်ကွယ်..
တက်ဂ်ကြွေးတွေပဲ ဆပ်နေတယ်ပေါ့.. ပိစိတက်ဂ်လည်း ကျန်သေးတယ်.. :)

ကာတွန်းကား ပို့စ်ကတော့ ရေးရတာ... ခေါင်းတော်တော် စားတယ်.. လူလည် ကြလိုက်တာ ဟုတ်ဝူး.. ဟီးးး

ရန်ကုန် ဘယ်တော့ လာမှာလဲ ပြောအုံး..
ဟဲဟဲ.. ဘီယာစတေရှင်က ကလေးမတွေ စောင့်နေတယ်.. မြန်မြန်လာ

Saing Khan Tun said...

မျှဝေဖို့အတွက် လင့်ယူသွားတယ်ဗျ .. ဖတ်စရာကောင်းတဲ့ ပို့စ်ပဲဗျာ