Sunday, December 28, 2008

Crazy Frog

အဟဲ တက်ဂ်ထားတာလည်း ကြာလှပြီ။ ဒီလိုပဲ အပျင်းထူနေတာလည်း ကြာပြီဆိုပါတော့။ အမှန်တော့ အကြွေးတွေ ဆပ်ရမှာ ကြောက်တာလည်း ပါတာပေါ့လေ။ တက်ဂ်ကြွေးတွေက များလွန်းလို့  ဘာတွေမှန်းတောင် မသိတော့ဘူး။ သတိရတဲ့အကြွေးလေး အရင်ဆပ်ထားတာ။ ( တက်ဂ်တယ်လို့  ပြောတည်းက ကြိုပြောထားတယ်နော် လာမယ်ကြာမယ်လို့  ဟီးဟီး။ )

တခြားမဟုတ်ပါဘူး နှစ်သက်မိတဲ့ ကာတွန်းကားလေးဆိုပါတော့။ ဇင်ယော်က တခါတလေ စိတ်လစ်ရင် အင်တာနက်မှာ ကာတွန်းကားတွေ လိုက်ရှာပြီး ကြည့်နေကြဆိုတော့ အလွယ်လေးပါထင်လိုက်တာ။ တကယ်ရေးမယ်လည်းဆိုရော ကိုယ်ကြိုက်တဲ့ ကာတွန်းကားတွေက သူများတွေ အကုန်လုံး ရေးပြီသွားပြီဗျ။ တော်ပါသေးရဲ့ နောက်ဆုံးတစ်ခုတော့ ကျန်နေသေးလို့  ( ရေးပြီးသွားတဲ့သူရှိရင်လည်း တတ်နိုင်တော့ဘူးဗျာ အကြံကကုန်နေပြီ ချက်စရာ ဆားကလည်း သူများတွေ ချက်လွန်းလို့  ဈေးတွေကျကုန်လို့  ချက်တော့ဘူး။ )

ဇင်ယော်လေး ရဲ့ Favourite က Crazy Frog လေ။ အော်ချင်တာအော် လုပ်ချင်တာလုပ် ဇင်ယော်လေးလိုပဲ။ ဟီး ဒါကြောင့် သိပ်ကြိုက်၊ ကဲကြည့်လိုက်ပါဦး။ အရင်ဆုံး ခါတော်မှီလေးနဲ့  စလိုက်ရအောင် ( အမှန်တော့ နောက်ကျနေပြီ ခရစ်စမတ်က လွန်သွားပြီလေ )။ ဒါပေမယ့် ကြည့်လို့ လည်းကောင်း သီချင်းလေးကလည်း မြူးဆိုတော့ ပြန်ပြီး မျှဝေလိုက်ပါတယ်။



DJ Frog လေ။ New Year Count Down မှာ သူက DJ လုပ်မှာ အဟေး အားပေးလိုက်ပါဦး။


သူက ဘောလုံးမှာလည်း ချန်ပီယံဗျ။

Crazy Frog - The funniest home videos are here


ကဲ နောက်ဆုံး ကျနော့်ဇာတ်လိုက် Crazy Frog ပါတဲ့ MTV လေး အားပေးသွားပါဦးဗျာ။


ကဲ တက်ဂ်ထားကြတဲ့ သူတွေကိုတော့ အတိအကျ မမှတ်မိဘူးဗျ။ မှတ်မိသလောက် ခပ်ပိန်းပိန်းကောင်လေးမောင်ဂျဲဂျယ် ( အမှန်တော့ မပိန်းဘူး ပိန်းချင်ယောင်ဆောင်နေတာ နာတိတယ်ကွ :D )၊ နောက်ပြီး ညီမအလွမ်းပြေ ( အမှန်က သူဘလော့ရေးဖို့ မလိုဘူး အက်ရှင်ကားတွေထဲကလို အကြွေးလိုက်တောင်းတဲ့ လူမိုက်လုပ်ရမှာ :P )၊ နောက်တစ်ယောက်ကတော့ ညီမငှက်ပိစိ ( ဟီးသူကတော့ အကြွေးတောင်းမရမှန်းသိတော့ လက်မြှောက်သွားလေရဲ့ ) တို့ ရေ အကြွေးဆပ်လိုက်ပြီနော်။

11 comments:

Phyu said...

ဟုတ်ပ အတော် တူတယ်နော် ... ရုပ်ရော အသံရော... ခရေစီဂျင်ယော် လို့ ပြောင်းခေါ်မှ :P ... ဘာလူမိုက်လဲ.. အစ်ကိုတူ ညီမပါ .. ဟီးဟီး ..။

Anonymous said...

အစ်ကိုကြီး ခုချိန်ထိ ကာတွန်းကားတွေကြည့်တုန်းလား =)

:P said...

ဟုတ်တယ်.. ကာတွန်းကားချည်းမကြည့်နဲ့....
အချစ်ကားအရင်ကြည့်ဦး....
အာဝါဟ၊ ၀ိဝါဟ၊ ကွိကွာကွ ပြီးမှ ကာတွန်းကားပြန်ကြည့်

ရွှန်းမီ said...

=) အဲ့ဒီကောင် ရယ်ရတယ်.. ကိုဇင်ယော်နဲ့ တကယ် တူတာလား..

ATN said...

အဲလိုမျိုး တကောင်လောက် မွေးထားချင်တယ်...း)

Anonymous said...

ဟီး ဟီး ရီနေရတယ်။ အစ်ကိုကြီးနဲ့တူတယ်ဟုတ်လား။ ကာတွန်းကားကြည့်ပြီး လိုက်ကနေသလား..... :P :P
ကာတွန်းကားကြည့်တာ စိတ်အပန်းပြေတယ် ကြည့်သာကြည့်... ထောင်ပေးသွားတယ်... :D

Dream said...

ဟယ.်..... ထရေးဒွေ မွေးပီးမှ မကျီးမနယ်နဲ့ တာတွန်းကားဒွေကျည့်နေတယ်... ဟတ်ဟတ်..... :P :P

thihanyein said...

ကိုဇင်ယော်ကြီး ကာတွန်းကားကြည့်သလားဗျ
ဟားဟား

မောင်ဖားကြီး said...

ဟား ဟား ဒီကောင်က ကျွန်တော်နဲ့ အမျိုးတော်တယ်ဗျ
အမေရိကန်က ကျွန်တော့် ဘကြီး နှစ်ဝမ်းကွဲရဲ့ မိန်းမဘက်က
တူမ ယောကျာင်္းနဲ့ ဒီကောင်နဲ့ က ညီအစ်ကို လေးဝမ်းကွဲတော်တယ်လေ

Anonymous said...

ဟ ရှိရင်လုပ်ပါဦးဗျာ သိမ်းထားချင်လို့ ဒေါင်းလို့
ရအောင်လုပ်ပေးထားဗျာ ဒါမှမဟုတ်မေးနဲ့ ပို့ပေးပါလား

ဖိုးဂျယ် said...

ညောင်မာ တူညားကိုများ ပိန်းချင်ယောင်ဆောင်နေတယ်ဆိုပဲ
အကြွေးဆပ်ပီးလို့ ဘာမှမပြောချင်တော့ဝူး