Friday, January 2, 2009

နောက်ဆုံး













တချို.ကပြောကြတယ်
ဘ၀ဆိုတာ တိုက်ပွဲတဲ့။
အသေအကြေ တိုက်နေရတာ
နှစ်သစ်ဆိုတဲ့ နယ်နိမိတ်ထဲတောင် ခြေကျွံလာခဲ့ပြီ။
ကျဆုံးစာရင်း ပြန်ဖွင့်ကြည့်တော့
အတိတ်လွင်ပြင်ထဲမှာ
မှတ်တိုင်တွေ ပြည့်လို့ နေလေရဲ့။
ပြိုကျလုဆဲ ရင်ဘတ်ထဲက ဆေးရုံလေးမှာ
ဆေးဆိုတာ နတ္တိ
ဒဏ်ရာရနေတဲ့ သင်ခန်းစာတွေအတွက်
ဂွမ်းနဲ့ ပတ်တီးတောင် မကျန်တော့ဘူး။
မထင်မှတ်တဲ့ ချုံခိုတိုက်ပွဲ
အလဲအကွဲနဲ့ ပြန်ကျလာတာ
ငါ့တပ်တွေပါလား။
ယဲ့ယဲ့ပဲကျန်တော့တဲ့ စိတ်ဓါတ်
အပြီးအပြတ်ချေမှုန်းခံလိုက်ရသလိုပဲ။
အားတင်းပြီးလူးလဲအထ
ခွေကနဲပြန်အကျမှာ
သိလိုက်ရတာက
ခြေကုန်လက်ပမ်းကျနေခဲ့ပြီလေ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ
တမ်းတမက်မောခဲ့ရတဲ့ အောင်မြင်မှုအတွက်
လျော့ရဲရဲဆုပ်ကိုင်ထားရတဲ့ ဂုဏ်သိက္ခာအတွက်
မခံစားနိုင်တဲ့ အရှက်တရားအတွက်
နောက်ဆုံးထွက်သက်အထိ ဆက်တိုက်ပါရစေတော့။ ။ ။
( ပုံကို http://www.diversitystore.com/ မှ ကူးယူဖော်ပြပါသည်။ )

26 comments:

Anonymous said...

ဒီတိုက်ပွဲကို မနိုင်ဘဲနဲ့တော့ မတိုက်နဲ့နော်။ သိနေတယ်လေ သိနေတယ်

ATN said...

နိုင်သည် ရှုံးသည် အရေးမကြီးပါဘူး ဇင်ယော်ကြီးရေ့ အရေးကြီးတာကတော့ နောက်ဆုံးထွက်သက်အထိ ဆက်တိုက်ပွဲဝင်နေဖို့ပါပဲ... ဆက်တိုက်... ဟေ့...

Phyu said...

Aja Aja Fighting !!! :)
နောက်ဆုံးထွက်သက်အထိ ဆက်တိုက် Ok!
အောင်မြင်မှုက ကြိုးစားတဲ့လူတွေအတွက် ပြေးမလွတ်ပါဘူး.. အားမလျှော့နဲ့နော် အစ်ကိုေ၇...။

မောင်ပိစိ said...

ဆက်တိုက် ကြတာပေါ့ဗျာ..
လာပါ သွားရအောင် ဘီယာဆိုင်.. တိုင်ပင်ကြတာပေါ့..
:P

PS ဘယ်တော့ ပြန်လာမှာလဲ ပြောအုံး

Anonymous said...

အစ်ကိုကြီး တိုက်ပွဲ အတွက်ပြင်ဆင်ထားပြီး၂လား လက်နက်တွေ လူအင်အားလိုရင်လည်းပြောဗျ အသင့်ရှိတယ် ညီဗလး) အင်းးး သိနေသလိုလိုနဲ့ ။ လက်ရှိအခြေနေကိုဖတ်ပြီးးးး ဘာပြောရမလဲမသိ အစ်ကိုကြီးက တော်ပါတယ်လေ အဲ့လောက်ပဲပြောတော့မယ် အားတင်ထား တိုက်ပွဲတွေအများကြီးရှိသေးတယ် ။

Anonymous said...

မသေမချင်းတိုက်နေရမှာပဲဗျ ဒီတော့ နိုင်လဲ
အောင်ပွဲခံပေါ့ ကျရှုံးချိန်ကျတော့လဲ ခါးစီးခံနိုင်
အောင် ကြိုးစားရမှာပဲဗျာ။
ကဗျာကောင်းလေးတပုဒ်ပါပဲ

thihanyein said...

ကဗျာလေးမြောက်တယ်ဗျာ မထင်ရဘူး
ကဗျာရေးလည်းကောင်းတာပဲ ကိုဇင်ယော်
ဂွတ်တယ်ဗျို့ ကဗျာလေးက မိုက်တယ်

WWKM said...

ကောင်းလိုက်တဲ့ ကဗျာလေးပါလား မောင်ငယ်ဇင်ယော်
ရေ... အဆင်ပြေပါစေ။

:P said...

ကြည်း၊ရေ၊လေ စစ်ကူလိုရင်ပြောပါ။
နောက်ဆုံးထွက်သင်ထိ တိုက်နေရမှာပဲပေါ့
အားမလျှော့နဲ့....ချ.......

ကိုရုပ်ဆိုး said...

တိုက်ဟေ့ ... တိုက်ဟ ........ ဘီယာ ... :)

khin oo may said...

စာမေးပွဲကျပြန်ပြီထင်တယ်။

khin oo may said...

ကဗျာလေးအတော်ကောင်းတယ်။ ခံစားချက်ပီပြင်လို့ဖြစ်မယ။်

အလင်းစေတမန် said...

အလဲ့ ကဗျာရေးတော့လည်း ကောင်းတာပဲ။

RePublic said...

ဇင်ယော်ကြီးရေ ..တိုက်ဗျာ ၊ တွန်းဗျာ ၊၊ ဒိုင်မမြင်အောင် ခြေချိုး ၊၊ အနိုင်တော့ရပစေ ၊၊

မြတ်သွယ် said...

-ဘာပဲဖြစ်ဖြစ်ပေါ့လေ
တမ်းတမက်မောခဲ့ရတဲ့ အောင်မြင်မှုအတွက်
လျော့ရဲရဲဆုပ်ကိုင်ထားရတဲ့ ဂုဏ်သိက္ခာအတွက်
မခံစားနိုင်တဲ့ အရှက်တရားအတွက်
နောက်ဆုံးထွက်သက်အထိ ဆက်တိုက်ပါရစေတော့-
ဆက်တိုက်တဲ့အခါမှာလဲ အောင်မြင်စွာနဲ့အနိုင်ရပါစေ
ဘ၀တိုက်ပွဲမှာလည်း ထိခိုက်ဒဏ်ရာတွေ သိပ်မများပါစေနဲ့
ကဗျာကဂွတ်တယ် ကိုဇင်ယော်
အားပေးတယ်နော့်

Dr Phyo Wai Kyaw said...

ဒါမှ တို့ကိုဂျီး ကိုငှက်ဝဗျ
ချ ဗျာ..........အားမငယ်နဲ့.......

megumi said...

ချ ချ၊ မနိုင်မခြင်းချ၊ မြှောက်ပေးပါသည်။ အားမငယ်ပါနှင့်။

Ps: ကြက်ဥလေးမကွဲသ၍ပေါ့နော်။ ဟိ ဟိ။

ခေါင်ခေါင် said...

တိုက်သာ တိုက် .ချသာချ။။။ စစ်ကူလိုလဲပြော..

s said...

အကို ဇင်ယော် ကဗျာလေး အရမ်းမိုက်တယ် ။ အားတွေ မာန်တွေ အပြည့်ပဲ ။ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်လိုက်ရလို့  ဖန်းတီးတဲ့ အကိုကြီးဇင်ယော် ကို ဂုဏ်ယူပါတယ်ရှင်။ ဒါနဲ့ ကင်းနဲ့ ကွင်း ၁၆ယောက်ကို ဂျပန် အလည်ခရီးစဉ်ပို့ဘို့အတွက် အလုပ်တွေ ရှုပ်နေတာလား ပာင် :P :P

Anonymous said...

ကဗျာလေး ဂွတ်တယ်ဗျာ ..
ဆက်သာတိုက်ဗျို့ ..
တက်ကျိုးရင်တော့ လက်ထိုးလှော်ရမှာပေါ့ဗျာ
ချသာချ

Unknown said...

ကဗျာလေးလာဖတ်သွားတယ် ကိုဇင်ယော် ကောင်းသောနေ့ပါ ဗျာ :)

Anonymous said...

Fighting!! :)
ကြိုးစားထားပါအစ်ကိုကြီး...
လာအားပေးသွားပါတယ်......

Apprenticeship said...

နှစ်သစ်မှာ အားယူနေတာလား :D :)

သက်တန့် said...

ယှဉ်ပြိုင်ခြင်းသာ အဓိက...
အနိုင်အရှုံးက အဓိက မကျဘူး...
အဲ့လိုပဲပေါ့...
အနိုင်အရှုံးက အဓိကမကျပါဘူးလေ...
အားရှိသလောက်တော့ တိုက်နေရမှာပဲ...

အားတင်းထားပါ ကိုကြီးဇင်ယော်ရေ...
တစ်ခုခုဆို လက်တို့လိုက်...
ပြေးပြီးသားပဲ... :P

Unknown said...

အတူတူတိုက်ရအောင်....

မောင်ရှင်းသန့် said...

ဦးဦးဇင်ယော် ရေ.....
ကဗျာခေါင်းစဉ်ကို ပြန်ပြောင်းလိုက်အုံးဗျ
“ တိုက်ပွဲခေါ်သံ” လို့ ။ ဟီဟိ