( ပျင်းပျင်းရှိတာနဲ့  ဟိုလှည့်ဒီလှည့် လုပ်နေတာ။ စာမရေးဖြစ်တာလည်း နည်းနည်းကြာပြီဗျ။ အရင် ရေးထားတဲ့  အဟောင်းလေး ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ မပြုံးရပဲ စိတ်ညစ်စရာတွေလို့  ထင်မိရင်တော့ တောင်းပန်ပါတယ်။ သည်းခံပြီး ဖတ်ရှုပေးကြပါလို့ ။ )
ခရီးသွားရတာ တခါတလေမှာ ပျော်စရာကောင်းပေမယ့် တခါတလေကျတော့ သေချင်စော်နံလောက်အောင်ကို စိတ်ညစ်ရပါတယ်။ အဆင်မပြေတာတွေ တန်းစီပြီးတွေ.ရင်ပိုဆိုးတာပေါ့။ တခါတုန်းကပေါ့ စပိန်က အယ်ဂျီးစီးရပ်စ်ဆိုတဲ့ ဂျီဘရော်လ်တာ ရေလက်ကြားအ၀က မြို.လေးကို သွားရဖို့  အကြောင်းဖန်လာတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာမို့  စိတ်တော့ဝင်စားသား။ ဒါနဲ့  သွားဆိုတော့လည်း သွားရတာပေါ့ဗျာ။ Transit စီးတဲ့ နေရာက အရင်တစ်ခါ လွဲခဲ့ ဖူးတဲ့  ကျနော်ချစ်တဲ့  ပဲရစ်လေ။ ဒီတခါတော့ မလွဲရလေအောင် သေသေချာချာ ဂရုတစိုက်နဲ့  မေးမြန်းပြီး သွားလို့ လေယဉ်ပေါ်တော့ တည့်တည့်ရောက်တယ်ဗျို.။ ဟဲ အဲဒီမှာ စတာပါပဲ။
လေကြောင်းလိုင်းက အဲယားဖရန့် စ်က ဘတ်ဂျက်ဆွဲတဲ့ လေယဉ်ဗျ။ ခပ်သေးသေးရယ်။ ခရီးသည်က အများဆုံးမှ အယောက် ၂၀ လောက်ပဲရှိတယ်။ စထွက်ပြီးသိပ်မကြာပါဘူး။ သူတို့ တိုက်တဲ့  အအေးလေး သောက်ကာစရှိသေးတယ်။ ခါးပတ်တွေ ပြန်ပတ် ထားကြပါတဲ့ ။ ရှေ.မှ ရာသီဥတုဆိုးလို့ တဲ့ ။ ခါးပတ်ပတ်ပြီးလို့ မှ မကြာသေးဘူး။ ၀ုန်းဒိုင်းကြဲတော့တာပဲဗျို.။ အောက်ကိုကျသွားလိုက်၊ မြောက်တက်သွားလိုက်၊ ဘေးကိုစောင်းပြီးဆင်းသွားလိုက်နဲ့  စကောထဲ ဆီးဖြူသီးထည့်လှိမ့် နေသလားမှတ်ရတယ်။ စီးဖူးသမျှ လေယဉ်တွေထဲမှာ အဲဒီတစ်ခါ အကြမ်းဆုံးပဲဆိုပါတော့။
ဇင်ယော်လည်း ပုထုဇဉ်ပဲ၊ ကြောက်တာပေါ့ဗျ။ ရွတ်လိုက်ရတဲ့  ဘုရားစာတွေ။ သံဗုဒ္ဓေဆိုတာ အစကနေကို မတက်တော့ဘူး။ ရှေ.မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေတဲ့  လေယဉ်မယ်လေး လှမ်းကြည့်လိုက်တော့ သူလေးလည်း မျက်နှာက ဇီးရွက်သာသာရယ်။ အားပေးတဲ့ အနေနဲ့  လှမ်းပြီးတော့ ပြုံးပြရှာသား။ ဒါပေမယ့် ဆားမပါတဲ့ ဟင်းလိုပဲ ပေါ့ရွှတ်ရွှတ်ကြီး။ ဟီး ကြံကြံဖန်ဖန်လည်း တွေးမိသေး။ အခုနေသာ ပျက်ကျလို့ ကတော့ သေချာပေါက် မာလကီးယားမှာပဲ။ မသေခင် ကုသိုလ်ယူစရာကလည်း လောလောဆယ်မတွေ.မိဘူး။ ထူးပါဘူး သူလေးကိုပဲ ရင်ခွင်ထဲထည့်လို့  မကြောက်နဲ့ နော် ခဏလေးပါ တို့ လည်းရှိတာပဲဆိုပြီး အားပေးရ ကောင်းမလားလို့ ။ သူတပါး
စိတ်ချမ်းသာအောင် အားပေးတာလည်း ကုသိုလ်ရတာပဲဟာ ဟုတ်တယ်ဟုတ်။ တကယ်တမ်းစီးရတာက တစ်နာရီသာသာ လောက်စီးရတာ။ ဒါပေမယ့် တစ်ကမ္ဘာလောက်ထင်ရတယ်။ ကွင်းဆင်းခါနီးအထိ ဆော်လို့ ကောင်းတုန်း။ မြေကြီးပေါ် ဘီးချတော့မှပဲ သက်ပြင်းကြီး ဟီးကနဲ ချနိုင်တော့တယ်။
လေယဉ်ကွင်းထဲရောက်လို့  လမ်းလျှောက်တော့ လူက ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ မထင်မိဘူး။ မသောက်ရပဲနဲ့  ကောင်းနေ တာလေ။ ၀ီစကီတစ်ပုလင်း တစ်ယောက်တည်း ဖြိုထားရသလိုပဲ။ လူကနောက်ကျိပြီး နားတွေကလည်းအူလို့ ။ ဒီလိုနေလို့ တော့ ဖြစ်သေးဘူးဆိုပြီး အိမ်သာကို အမြန်ပြေးလို့  ထိုးအန်လိုက်မှပဲ ပေါ့သွားတော့တယ်။ ပြီးတာနဲ့  အထုပ်ရွေးတဲ့ နေရာကို ပြေးရတာပဲ။ ဒီလေဆိပ်ရှိတဲ့  မာလဂါဆိုတဲ့ မြို.လေးက တောမြို.လေးမို့ ထင်ပါရဲ့။ လ၀ကလည်း မရှိ၊ အကောက်ခွန်လည်းမရှိ အထုပ်ဆွဲပြီး တန်းထွက်ရုံပဲဗျ။ စောင့်နေရင်းက ကိုယ်နဲ့ တူတူလာတဲ့ သူတွေသာ တစ်ယောက်ပြီးတစ်ယောက် ဆွဲယူသွားကြတယ်။ ဇင်ယော်လေးအထုပ်ကတော့ ပေါ်မလာဇာတ်ကား ရိုက်နေလေရဲ့။ ဟ ဘယ်လိုဖြစ်တာတုန်း။ ဘာလုပ်ရမှန်းမသိ ဒါနဲ့  Baggage claim ကောင်တာကို သွားပြောတာပေါ့။ ဟိုရောက်တော့ ဒီလိုဒီလိုပဲ ဆိုတော့ အဲဒီက မရွှေချောကပြောတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်တဲ့ ။ စိတ်မပူနဲ့  နောက်နေ့ လေယဉ်နဲ့ ပါလာမှာပါတဲ့။ မပါလာရင်တော့ ဘုရားသခင်မှပဲ သိလိမ့်မယ်တဲ့ ။ ဒါပေမယ့် ငွေကြေး ပြန်လျော် ပေးမှာပါတဲ့ ။ ဒေါသက ထွက်လိုက်တာ ဘေးနားကတွေ.တဲ့ တိုင်နဲ့  မရွှေချောခေါင်းကို တိန်ကနဲနေအောင် ကောက်ထုပစ်ချင်တယ်။
သူပြောမှလား မပါလာရင်တော့ ဆုံးပြီပေါ့။ ဒါများ ကြီးကြီးကျယ်ကျယ် ဘုရားသခင်ကို ဆွဲထည့်လိုက်သေးတယ်။ ကိုယ်နဲ့ မကွာပါတာ ဆိုလို့  အရေးကြီးစာရွက်စာတမ်းတချို.နဲ့  ကွန်ပြူတာလေးတစ်လုံးပဲပါတယ်။ ကျန်တဲ့ အ၀တ်အစား၊ အသုံးအဆောင် လိုမယ်ထင်သမျှ ဒီအထုပ်ထဲ ကောက်ထည့်လာတာ သူလျော်ပေးလည်း ဒါတွေအကုန် ဒီမှာဝယ်လို့ မှမရပဲ။ စိတ်တော်တော်ညစ်သွားတယ်။ မတတ်နိုင်ဘူး တည်းမယ့်ဟိုတယ် လိပ်စာပေးပြီး အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့  ဇင်ယော်တစ်ကောင် ယော်တောင်တောင်နဲ့  လိမ့်ရတော့တာပေါ့။ တွေးကြည့်မိတယ် ခုမှငါ့အဖြစ်က သောင်ပြင်မှာ လွှတ်လိုက်တဲ့  ရွှေဟင်္သာလေးလိုလို။ ဟီး ဖြေတွေးလေးတွေးရတာပါ့။
ကားကိုနှစ်နာရီသာသာ စီးလိုက်ရပြီး ညနေစောင်းတော့မှပဲ ဟိုတယ်ကိုရောက်တော့တယ်။ ဟိုတယ်အသေးစားလေးပေမယ့် မဆိုးပါဘူး။ အခန်းက ကျယ်ကျယ်ဝန်းဝန်းနဲ့  တော်တော် သပ်သပ်ရပ်ရပ် ရှိတယ်။ လေ့လာရေး အကြာကြီး မလုပ်အားပါဘူး။ ချက်ချင်းရေမိုးချိုးပြီး အောက်ထပ်က စားသောက်ဆိုင်ကို တန်းပြေးရတော့တာပဲ။ မပြေးလို့ လည်း မရတော့ဘူး။ ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ်က အစွမ်းကုန် ထကြွသောင်းကျန်းနေပြီဗျ။ ကျနော့်ညီမတစ်ယောက် ဘလော့မှာ ရေးထားတာ တွေ့ ဖူးတယ်။ တရားနဲ့ ဖြေသော်လည်း မပြေနိုင်တဲ့ အရာတွေထဲမှာ ဗိုက်ဆာတာလည်း ပါတယ်တဲ့ လေ။ မှန်လိုက်တာ အပြည့်အ၀ကို ထောက်ခံတယ်ဗျ။ ကိုယ်တိုင်ဆာလောင် မွတ်သိပ်နေလို့ ကတော့ ဘာလာလာ ဂေါ်ဇီလာ အကောင်လိုက် လာချပေးတောင် စားမိမှာပဲ။ အဲ လိုရင်းမရောက်ပဲ ဘေးချော်ကုန်ပြီဗျ။
ဟိုရောက်တော့ စောသေးလို့ ထင်ပါရဲ့။ လာစားတဲ့ သူ တစ်ယောက်မှကို မရှိဘူးဗျ။ နောက်ပိုင်းဇင်ယော်လေးရောက်ပြီးမှ သုံးလေးဝိုင်း လောက် ရောက်လာတာ။ အင်း အကဲခတ်ကြည့်ရတာတော့ အပြင်အဆင်လေးက မိုက်တယ်။ သီချင်းသံအေးအေးလေးကို တိုးတိုးလေးဖွင့်လို့ ။ အလယ်လောက်မှာလည်း ရေတံခွန်အသေးစားလေးနဲ့  တော်တော်လေး သားနားတယ်ဗျ။ ဟိုက် လာထိုင်တာ ငါးမိနစ်လောက်ရှိပြီ။ ၀ိတ်တာတစ်ယောက်မှ ပေါ်မလာသေးဘူး။ ဖြစ်သေးပါဘူး။ ထပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်တော့မှ ဘေးနားက အခန်းလေးတစ်ခုမှာ မန်နေဂျာက အားလုံးကိုစုပြီး မှာတမ်းခြွေနေလေရဲ့။ ( နောက်မှသိရတာက ဒီနေရာမှာ ညစာလာစားကြရင် ညရှစ်နာရီလောက်မှ လာကြတာတဲ့ ။ သိဘူးလေ ဗိုက်ဆာနေမှတော့ ဒါတွေလည်း နားမလည်ပါဘူး။ )
ဇင်ယော်လေးလာချောင်းတာတွေ.တော့မှ ၀ိတ်တာတစ်ယောက် ကမန်းကတန်း ရောက်လာပြီး Menu စာရွက်လာချပေးသွားတယ်။ ဖွင့်ကြည့်လိုက်တော့ ဟိုက်ရော ခုမှခက်ပြီ။ ဘိုလိုလည်း ဟုတ်ဘူးဗျ။ သူတို့ စပိန်လိုကြီးရေးထားတာ။ ခုနဆရာသမားကို လှမ်းခေါ်ပြီး အနော် စပိန်လိုနားမလည်ဘူး။ ဘိုလိုရေးထားမရှိဘူးလား မေးကာမှ ပိုဆိုးသေး။ သူလည်း ဘိုလိုမမှုတ်တတ်ဘူး ဖြစ်နေတယ်။ ဇင်ယော်ကလည်း စပိန်လို ပြောတတ်တာ ဆိုလို့  ဒီမလာခင်ကသူများ သင်ပေးလိုက်တဲ့  မင်းသိပ်လှတာပဲဆိုတာရယ် ဟီးဟီး ပြီးတော့ မင်းကိုချစ်တယ်ဆိုတာရယ် ရှားရှားပါးပါး စပိန်စကားကြီးနှစ်ခွန်းပဲ ပြောတတ်တာ။ ခုတော့ ဒုက္ခက မဖိတ်ခေါ်ပဲ ညစာစားပွဲမှာ ခပ်တည်တည်နဲ့  ဧည့်သည်လာလုပ်နေတယ်။ သေပြီဆရာ တတ်နိုင်ဘူးဗျာ မီးစင်ကြည့်ကရတော့မှာပဲ။
အရင်ဆုံး စာမျက်နှာမှာတွေ.တာ ခေါင်းစဉ်က sopa တဲ့ ။ အဟဲ သေချာတယ် ဒါတော့ စွပ်ပြုတ်ပဲနေမှာ။ ခက်တာက အောက်က ရေးထားတာတွေ တစ်လုံးမှ နားမလည်ဘူး။ ဒီလိုနဲ့  အင်တာနေရှင်နယ် ဘာသာစကားသုံးပြီး ကိုယ့်ဆရာကို မေးရတော့တာပေါ့။ ဘာကောင်းလဲဆိုပြီး။ သူက တစ်ခုကို လက်ညှိုးထိုးပြတယ်။ အားကြီးကောင်းဆိုပဲ ဘာလို့ လဲဆိုတော့ လက်မကို တစ်ချောင်းဟုတ်ဘူး
နှစ်ချောင်းတောင်ထောင်ပြပြီး အပြည့်အ၀ အာမခံချက်ပေးတာ။ လုပ်လိုက်ကွ သူကကောင်းတယ်ဆိုတော့လည်း အင်းကောင်းတယ်ပေါ့။ တခြားဟာတွေလည်း ထိုနည်းလည်းကောင်းရယ်။ ဘာဘာ ဘာမှမသိဘူး သူကောင်းသမျှ ဇင်ယော်ပါ ခပ်တည်တည်နဲ့  လိုက်ကောင်း နေရတော့တာပဲ။ ဒင်းကတော့ ထင်မှာပဲ ဘယ်ကတောသား ဒီလာပြီး ၀ါးတီးဆွဲပါလိမ့်ဆိုပြီး။
လိုအပ်သည်များကို မှာကြားပြီးသကာလ ( အဟဲ သတင်းစာ ဖတ်တာများသွားလို့ အဲဒီထဲက အတိုင်းရေးလိုက်မိတာ၊ စိတ်မရှိနဲ့ ) ဆရာသမား လာချပေးထားတဲ့  ရေတစ်ဖန်ခွက်ကို အဖော်လုပ်နေရတာ ကြာပေါ့။ စားစရာက တော်တော်နဲ့ မရောက်သေးဘူး။ ဗိုက်ဆာပါတယ်ဆိုမှနော် အလိပ်လိပ်ထွက်လာတဲ့ ဒေါသကိုပဲ ၀ါးတီးအမှတ်နဲ့  ပြန်မြိုချနေရတယ်။ အတော်လေးကြာမှ ရောက်လာ ပါပြီဗျား သူကောင်းတယ်လို့  ညွှန်းတဲ့ မဟာစွပ်ပြုတ်တော်ကြီး။ ဘယ်လိုဟာပါလိမ့်ဆိုပြီ့း သေသေချာချာကြည့်လိုက်တော့ အမ် အထဲမှာ ပုဇွန်ကောင်လေးတွေနဲ့ ၊ ပြီတော့ ဘာမှန်းမသိတဲ့ အရွက်စိမ်းစိမ်းတချို.ရယ် ဟဒါပဲလား ဆိုပြီးမေးလိုက်တော့ နောက်ထပ်လက်မ ထပ်ထောင်ပြလို့  ကမန်းကတန်း လက်ကာပြလိုက်ရသေး။ မတော်လို့  အဲဒီလက်မကြီး စွပ်ပြုတ်ပန်းကန်ထဲ ရောက်လာမှ ဒုက္ခနော်။
ထူးပါဘူး ဗိုက်ဆာဆာနဲ့  အားပါးတရ ခပ်သောက်လိုက်တော့ ဟိုက်ရှားဘား ခေါင်းပေါ်က ရှိသမျှဆံပင်တွေ အကုန်ထောင်ကုန် ပါရောလား။ ပူချက်ဗျာ စွပ်ပြုတ်ပူပူမှာ ငရုတ်ကောင်းမှုန့် နိုင်ချင်းခတ်ထားတာ ပါးစပ်ထဲ ပင်နာတူဘိုမီးတောင် ပေါက်နေသလား မှတ်ရတယ်။ သေပြီဟ ဒီစွပ်ပြုတ်သာ အကုန်ဆက်သောက်လို့ ကတော့ သေချာတယ် ဒီည အိမ်သာထဲမှာပဲ အိပ်ယာလုပ်အိပ်ရမှာ။ နောက်ဘာလာဦးမလဲ မျှော်နေတုန်း လာချတာက စပါဂတီလိုလို ခေါက်ဆွဲကြော်လိုလိုတစ်ပွဲနဲ့  သိုးသားကြော်ချက်တစ်ပွဲ၊ ဆလပ်တစ်ပွဲရယ် ဒါပဲ။ ဇင်ယော်ကလည်း ခေါက်ဆွဲကြော်ဆို ဘယ်လိုမှ ခံတွင်းတွေ.တဲ့ ကောင်မဟုတ်ဘူး။ ခုတော့ ဒါကိုပဲ အဟုတ်ကြီးလုပ်ပြီး စားရတော့မယ်။ မှတ်ပြီလား ကိုလက်မကြီးရေ။ ထောင်ပြစမ်းပါဦး နောက်ထပ်မဟုတ်တရုပ်တွေ။ စိတ်ထဲကနေ ခုန ၀ိတ်တာကို ရေရေလည်လည်ကို ကြိမ်ဆဲနေတော့တာ။
စိတ်တိုတိုနဲ့  ခေါက်ဆွဲကို စားပွဲပေါ် တွေ.ရာ ဆော့စ်ဆမ်းပြီး တီးရတော့တာပေါ့။ အမ် ဒင်းကလည်း စပ်တယ်ဗျ။ ခေါက်ဆွဲက စပ်ရတဲ့ ကြားထဲ ဆမ်းမိတဲ့  ဆော့စ်က လူဝီစီယားနားငရုတ်သီးဆော့စ် ပုလင်းအကြီးပါလားဗျာ။ တကယ်ပြောတာ ထိုင်ငိုချင်စိတ် ပေါက်သွားတယ်။ ဒီညတော့ ငါ့ဘ၀ ငရုတ်သီးခွက်ထဲ ပက်လက်မျောရတော့မယ် ထင်ပါရဲ့ဆိုပြီးတော့လေ။ စိတ်ကလည်းတို ဒေါသကလှိမ့်ပြီးတော့ထွက် ငရုတ်သီးစပ်တာပါ ပေါင်းပြီး လူကတရှုးရှုးရှဲရှဲနဲ့ ။ ပြီးမှ ဖြစ်သေးပါဘူး တော်ကြာငါ့ကို နွားသိုးကြီး နှာမှုတ်နေတယ်ထင်ပြီး သူတို့ ဆီက နွားရိုင်းသတ်ပွဲပို့ လိုက်မှဖြင့် ဒုက္ခဆိုပြီး အသာလေးကြိတ်မှိတ်ပြီး မြိုချနေရတာပေါ့။
ကြာတော့ ဗိုက်ကဆာနေပေမယ့် ပါးစပ်က မခံနိုင်တော့ဘူး။ စပ်လွန်းလို့  ချွေးတွေလည်းထွက်၊ လျှာကလည်း အပြင်တစ်တောင် လောက်ရောက်၊ မျက်လုံးကြီးပြူးပြီး ဇင်ယော်ကနေ ဇီးကွက်ဖြစ်တော့မယ်။ ရေတစ်ဖန်ခွက်ကလည်း ခုနတည်းက ကုန်ပြီ။ ဟိုပြေးဒီပြေးနဲ့  အလုပ်များနေတဲ့  ကိုယ်တော်ချောကို လှမ်းခေါ်ရတော့တာပေါ့။ ဆရာသမားက ခဏလေးပါတဲ့  ပြေးရင်းလွှားရင် လက်ကလေးထောင်ပြတယ်။ ၀ါးတားမြန်မြန်ယူခဲ့ လို့ အော်ပြီး ဖန်ခွက်ကို လက်ညှိုးထိုးပြတော့ နားမလည်တဲ့ ပုံလေးနဲ့  အဝေးက မျက်လုံးကြီးပြူးပြတယ်။ ဇင်ယော်ဒေါသက မထိမ်းနိုင်တော့ဘူး။ ၀ါးတားဆိုတာ ဟောဟို ရေတံခွန်ပေါ်က စီးကျနေတဲ့  နင့်အမေလင် ရေတွေပဲကွဆိုပြီး ရေတံခွန်ကို လက်ညှိုးထိုးလို့  ဗမာလို အော်ဆဲမိတော့တာပဲ။ အဲဒီတော့မှ ခပ်ကုပ်ကုပ်လေးပြေးတော့တာ။ ရေယူလာမလားအောက်မေ့လို့  စောင့်နေမိပါတယ်။ ကိုယ်တော်ချောက ရေတံခွန်လေးနားမှာ တစ်ယောက်ထိုင်စာ ခုံလေးသွားခင်းပြီး ဇင်ယော်လေးစားနေတဲ့  စားပွဲပေါ်က ပန်းကန်တွေယူပြီး အဲဒီစားပွဲလေးပေါ် ပြေးပြီးတင်တော့တာပဲဗျာ။
ဒင်းဘာသာပြန်လိုက်တာက ရေတံခွန်နားမှာ စားချင်လို့  နေရာပြောင်းခိုင်းတယ် ထင်သွားတယ်လေ။ အောင်မလေးဗျာ လွဲချက်က တော်တော်ရင်နာဖို့ ကောင်းတယ်။ ဇင်ယော် ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ စိတ်တိုဒေါသထွက်တာရော စိတ်ညစ်တာရော ပူစပ်နေတာရော အာလုံးပေါင်းပြီး မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးဟပြီး ဒင်းကို ထိုင်ကြည့်နေမိတယ်။ ဇင်ယော်လေးအဖြစ်ကို မြင်မိတဲ့  မလှမ်းမကမ်းက ၀ိုင်းကလူတစ်ယောက်က ထလာပြီး သူဘာများကူညီပေးရမလဲတဲ့  ဘိုလိုလာမေးရှာတယ်။ အောင်မလေး ကျေးဇူးရှင်ရယ် ခုနတည်းက ပေါ်လာပါတော့လား။ ဇင်ယော်လေးလည်း ဖြစ်သမျှအကြောင်း နတ်သံနှောလို့  ဇာတ်စုံခင်းရတာပါ့။ အဲဒီတော့မှ အကြာင်းစုံသိရတဲ့  ဆရာသမားလည်း ရေသန့် အေးအေးတစ်ဗူး အမြန်ပြေးယူပြီး ဇင်ယော်လေးကို တောင်းပန်တော့တယ်။ ဘေးဝိုင်းကလူက ဘာသာပြန်ပေးတော့လည်း သူမသိလို့ ပါလားဆိုပြီး ကျေနပ်ရတော့တာပေါ့။ အားလုံးပြီးလို့  ပြန်မယ်လုပ်တော့ ခုန၀ိုင်းကို သွားပြီး ကျေးဇူးတင်စကားပြောရတာပေါ့။ သူတို့ က တခွိခွိနဲ့  အကြောင်းစုံသိလိုက်ရတာကိုး။ ၀ိတ်တာ ဆရာသမားကတော့
မျက်နှာလေး မချိုမချဉ်နဲ့  ဘလာဘလာ လာပြောနေသေးတယ်။ အသာလေးလက်ကာပြပြီး ရပါတယ်၊ နားလည်ပါတယ်ဆိုပြီး ပြန်လာရတယ်။ အော် ဘာသာပြန်လွဲချက်ကတော့ တစ်သက်မှာတစ်ကိုယ် မှတ်သားလောက်ပေတယ်ဗျာ။ ။ ။
လမ်းတွေအားလုံးဟာ ရောမမြို့သို့ ဦးတည်
-
ဒုတိယနေ့ကိုတော့ စိန့်ပီတာ ရင်ပြင်ကို မြင်ရတဲ့ စိန့်ပီတာ ဘုရားကျောင်းရဲ့
ခေါင်မိုးထိပ်ဆုံးကို တက်ကြမယ်။ ရောမမြို့ရဲ့ နေထွက်ချိန်
နေဝင်ချိန်ရှုခင်းတွေကို အ...
4 years ago
23 comments:
ကိုဇင်ယော်ရေ...
ဖတ်ရတာစိတ်ဝင်စားစရာလည်းကောင်း ၊ လေယာဉ်
ပေါ်မှာ ဇီးရွက်လောက်မျက်နှာနဲ့ ကိုဇင်ယော်ကြီးကို
လည်း ကိုယ်ချင်းစာမြင်ယောင်မိပြီး ရယ်လိုက်ရတာ
အူတက် ရောပဲ... လာမိမှားတာပဲ. အိပ်ချင်နေပြီ..
ပို့စ်အရှည်ကြီးကို မျက်စိဒေါက်ထောက်ပြီး ပြီးအောင်
ဖတ်ပြီး ရယ်သွားတယ်။ စာရေးကောင်းတာကတော့
ဂွတ်ရှယ်ပဲ.. :D
ကိုဇင်ယော်ရေ..
ဆော်တီးနော်..အဟီး.. အဲဒီအပေါ်က dr.Nyan က
အမ ရေးလိုက်တာ ။အိပ်ချင်မူးတူးနဲ့ sing out
မလုပ်လိုက်ရလို့ ။ အဟီး ။ တွေ့ပုချိ :P
ဟား ဟား
အစ်ကိုကြီးရာ ရယ်နေရတယ် အိပ်ချင်စိတ်လေးပျောက်သွားပြီ.. ခွိ ခွိ
အောင်မယ် လုပ်လိုက်သေးတယ် သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာတဲ့. တစ်ခါမှကိုမကြားဖူးတာ. ဟီးး
ဘာတဲ့ စပိန်လိုတတ်တဲ့စကားနှစ်ခွန်းကလည်းတော်တော်လေးကို
အသုံးတဲ့တာပဲနော်။
တော်သေးတာပေါ့ ကယ်မယ့်သူပေါ်လာလို့ နို့မို့ဆို ဘယ်ထိလွဲနေအုံးမလဲမသိဘူး..... :P
ရယ်ရတယ်။ နီကီုရဲ ထက်သာတယ်။ ကောင်မလေးနဲ့တွေ့တုံးက အလွဲ လေးတွေ လုပ်ပါဦး တခါထည်း ဘလော.နောက်တခေါက် အပြီး ပိတ်သွားရစေချင်လို့.။
စိတ်မငြစ်ပါ. ကျေးဇူးတောင်တင် တယ် ရယ်ရလိဲု. ဟိုလေ များလေ.. ရေ ရေ ဆိုတဲ့ အခန်း ကို အကြိုက် ဆုံးဘဲသိလား။
တို.ရေးလိုက်တဲ. ကွန်မက် အရှည်ြ့ကိးဘယ်ရောက်သွားပါလိမ.်
ကိုဇင်ယော်ကြီးကလည်း တတ်တဲ့နှစ်ခွန်းကို သင်ပေးဦးနော်... ဟီးဟီး ရယ်လို့သာရယ်ရတာ.. အဲဒီအချိန်တုန်းက ကိုဇင်ယော်ကြီး ရယ်နိုင်မှာ မဟုတ်တာ ကိုယ်ချင်းစာမိတယ်...
ဇင်ယော်ကြီးကွ ဘာမှတ်သတုန်း....
ဇီးကွက်ဖြစ်သွားမှ မှတ်မှား)
ဒါနဲ့ baggage က ပြန်ရသလား ပြောပါဦး
ကိုကြီးဇင်ယော်တို့ကတော့ဖြစ်ရမယ် အစအဆုံးဖတ်ရင်း ဖတ်ရင်းတခွိခွိနဲ့ ဘေးနားကအစ်မကြီးကတောင်ဟဲ ပါးစပ် ထဲယင်ကောင်ဝင်တော့မယ် ပါးစပ်ကြီးကိုဖြဲနေတာ ပဲတဲ့ရယ်ရပုံများ မျက်စိထဲကို ကွင်းကွင်းကွက်ကွက်ကိုမြင်တာ ဟီးဟီးဟီး
အင်းကိုကြီးဇင်ယော်တို့လွဲလိုက်မှဖြင့် သောင်ပြင်လွတ်တဲ့
ရွှေဟင်္သာဆိုပဲ ဒါလဲ လွဲတာပဲထင်တယ်နော် ကိုကြီးဇင်
ယော် ဟီးဟီး.... မျက်စိထဲကို ထင်းကနဲ ရှင်းကနဲ
နေအောင်ကိုရေးနိုင်ပါတယ် ကိုကြီးဇင်ယော်ရေ.....
ညီတော် လာအားပေးသွားတယ်။ အခုညီတော်ဆီမှာ
ဘလော့ဂ်ကြော်ငြာလေးရေးထားတယ်ဗျ။ သူလဲ ကိုကြီး
ဇင်ယော်လိုပဲ အရေးအသားလေးတွေ အရမ်းညက်ညောတယ်။
ရယ်လိုက်ရတာ အူတွေတောင် နာတယ်သိလား။ ကိုဇင်ယော်ဇီးကွက်ကြီးရေ။
အဲဒီနေ့ က ဒေါသတွေ ထွက်ရလွန်းလို့ အိပ်လို့ကောပျော်ရဲ့လား။ သူများနိုင်ငံသွားပြီး အဲဒီနိုင်ငံက ဘာသာစကားမသိရင် တော်တော်ဒုက္ခရောက်တယ်နော်။ ကျမလည်း ဖြစ်ဖူးလို့ ကိုယ်ချင်းစာပါတယ်။ (ကိုရီးယားကိုလေ ၊ကိုရီးယားစကားတစ်လုံးမှ မတတ်ပဲ သွားတာ ကံကောင်းလို့ ဂျပန်ပြန်ရောက်တယ်။ ) :P :P
ဟားဟား တော်တော်ဆိုးတဲ့ အစ်ကိုကြီး ခေါင်းမူးနေပါတယ်ဆို ပိုဆိုးအောင်လုပ်နေတယ် ဟီး ကျနော်လည်း ငရုပ်သီး ကမ္ဘာထဲ သွားချင်တယ် စားချင်တယ် ပျော်စရာကြီးနော့် စပိန်စကားကလည်း ၂ လုံးကြီးများတောင်တက်တာလားဗျား)
ဟီးးးးးးးးးး ဒီနေ့မှဖတ်ဖြစ်တယ်ကိုဇင်ယော်ကြီးရဲ့လွဲချက်တွေများ ဗိုက်တောင်နာတယ်ရီရလို့ ညီလည်းဘရာဇီးလိုတော့တစ်လုံးတတ်တယ် ဟီးးးးးး တစ်ခါမှတော့ပြောဘူးသေးဘူး ဟဲဟဲ ကောင်းသောနေ့ပါဗျာ :)
ဖတ်လို့ကောင်းပြီးရီရတဲ့ ခရီသွားအတွေ့အကြုံတခုပဲ...
ကိုကြီးဇီးကွက်ရေ.. ဟီးဟီးမှားလို့
ကိုကြီးဇင်ယော်ရေ.. သေသေချာချာဖက်ကာ သေသေချာချာရီသွါးပါတယ်။
ကိုဇင်ယော်ဇီးကွက်ရွှေဟသာင်္..
ဘုရားသခင်အလိုတော်က ဘယ်လိုတဲ့လဲ
(အိတ်ပြန်ရလား..အိတ်..)
ကုသိုလ်ယူမယ့် စိတ်ကူးကတော့ အပိုင်ပဲနော်...
နစ်နာနေဦးမယ် သတိထား... :P
ဇင်ယော်ကနေ ရွှေဟင်္သာဖြစ်လိုက် ဇီးကွက်ဖြစ်လိုက်နဲ့...
ရုပ်ပြောင်းရုပ်လွှဲတတ်တယ် ထင်တယ်...
သုံးမည်ရဆိုတော့ လူဆိုးပဲ ဖြစ်ရမယ်...
ဖမ်းမယ်ဟေ့ ကိုဇင်ယော် (ခ) ရွှေဟင်္သာ (ခ) ဇီးကွက်... :P
အဟက်...အဟက်...တော်တော်ရယ်ရတယ်..
ဦးဦးဂျင်ရော်တို့ကတော့....
ဝါးတားဆိုသည်မှာရေတံခွန်ပေါ်ကစီးကျနေသော
နင့်အမေလင်ရေကိုခေါ်ပါသည် ဆိုပြီးဒက်ဖနေးရှင်း
ဖွင့်ဆိုမယ်... ဟိဟိ.. :P :P :P
တခါတခါမှာလွဲလွဲလေးလဲကောင်းပါတယ်.....
ပြန်တွေးမိတဲ့အခါကျတော့ ပျော်စရာ ဟာသလေး
ဖြစ်တာပေါ့နော့်။။။
ကြုံခဲ့ရတုန်းကတော့ တော်တော်စနိုးစနောင့်နိုင်မှာပဲ။ ခုနေတွေးတော့လည်း ရယ်စရာလေးဖြစ်သွားတယ်မဟုတ်လား။ တစ်ကယ်ပဲ ရယ်ရပါ၏ ။ :)
အောင်မလေး အစ်ကိုရာ....။ ရယ်ရလွန်းလို့ အူတက်ပြီးသေတော့မယ်...။ ကျွန်တော့်ပါးစပ်ထဲကို Vodka ၇ လုံးလောက် လောင်းထည့်လို့ရတော့မယ် (အဲဟုတ်ပါဘူး.. ဟီး.... ချောတီး)။ တကယ်ပြောတာ ကျွန်တော် ဘလော့စလုပ်ကတည်းက ဖတ်ဖူးသမျှပို့စ်တွေ ထဲမှာ ဒီပို့စ်က ကျွန်တော့်ကို ရယ်အောင်ရော ပျော်ရွှင်အောင် အလုပ်နိုင်ဆုံးပဲ (သူများ ဒုက္ခရောက်တာကို ပျော်ရလားလို့တော့ မတွေးပါနဲ့ အစ်ကိုရေ)။
p.s - သေရေးရှင်ရေးထဲ သူက အမြတ်ထုတ်ဖို့ ကြိုးစားနေသေး :P
ငါ့အစ်ကို ကတော့လေ ဖြစ်လိုက်ရင် အဆန်းတွေ ကြီးပဲ....
ရယ်ရမှာလားသနားရမှာ လားတောင်မသိ တော့ဘူး..
အိတ်ပြန်ရလား.. ကိုဇင်ယော်ကြီး..
အဟဲ အားလုံးပဲ အိပ်နောက်နေ့ ပြန်ရပါတယ်ခင်ဗျာ။
အစ်မ၀ါ...အိပ်ချင်မူတူးနဲ့  လျှောက်လည်နေတယ်။ အစ်ကိုဥာဏ်နဲ့  တိုင်ပြောမယ်ဗျ။
ညီမငယ်...အခုကြားဖူးပြီဟုတ်။ သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာကို မမြင်ဖူးရင် လာကြည့်။
အမ်းမား...ဘလော့ပိတ်စေချင်တယ်ပေါ့လေ။ ရေးစရာဘလာ့မရှိရင် အမ်းမားဆီမှာ လာဆော့နေမှာဗျ။
အလွမ်းပြေ...ညီမရယ် ဒီနှစ်ခွန်းနဲ့ တောင် ဒုက္ခရောက်လှပြီ။ သင်ရင် ညီမပါ ဒုက္ခတွေ.သွားမယ်။
ကိုကြီးအောင်...ဇီးကွက်ကနေ ခုလဒကြီးဖြစ်တော့မယ် အစ်ကိုရေ။
ဗိုလ်မျက်ဝန်း...ယင်ကောင်ဝင်ရင်တော့ အစ်ကိုလည်း မကယ်နိုင်ဘူး ညီရေ။
မူးမူး...သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာကတော့ မလွဲပါဘူးဗျာ။ လည်ပြီးပြီဗျ။
မယ်ဂု...အိပ်လို့ ဘယ်ပျော်နိုင်ပါ့။ ဒေါသကြောင့် ဟုတ်ဘူး။ ဗိုက်ထဲ ပူထူပြီး ရစ်နေလို့ ဗျား။
ညီငယ်...အမယ် ဒီလောက် ပူထူနေတာ သူက ငရုတ်သီး ကမ္ဘာထဲ သွားချင်တယ်လား။ အဲဒီ ၂လုံးတည်းနဲ့ လုပ်စားနေတာကြာပြီဗျ။
မောင်ခင်လေး...ဟား ဘရာဇီးလိုဆိုပဲ။ ပြောပြ။
ရှင်မင်းညို...ခုမှ ရယ်နိုင်တာပါဗျာ။
ပုလုကွေး...သေသေချာချာလည်း ပြန်ဦးနော်။ ဟိုဟိုဒီဒီ ၀င်မနေနဲ့ ဦး။
sin dan lar...ဟဲ နံမည်ခေါ်ပြီး မောနေပြီထင်ပါ့။ ဘုရားသခင်က ဇင်ယော်လေးကို သနားသွားတယ်လေ။
တန့် တန့် ...ဟဲ ဒီလိုပဲ ရှာကြံပြီး ကုသိုလ်ယူရတာပေါ့ ညီမရယ် ငှဲ ငှဲ ငှဲ။
မက်မက်...တူမတော် အဲဒီ ဒက်ဖနေးရှင်းကို အကျယ်ကြီး အော်ဖတ်မနေနဲ့ ဦး။
မစ်(စ်)သွန်းသွန်း...ညီမရေ အဲဒီတုန်းက ခုန်ဆွခုန်ဆွ ဖြစ်နေတာလေ။ ဒေါသထွက်လွန်းလို့ ။
ကိုblack dream...ဗော်ကာ ၁လုံးလောက် ပို့ လိုက်လေ။ ဟီး အမြတ်ထုတ်တာ မဟုတ်ရပါ။ စေတနာ အပြည့်အ၀နဲ့  ကူညီခြင်လွန်းလို့ ပါဗျာ။ :)
ခေါင်ခေါင်...ညီမရေ လူကလန်းတော့ အဖြစ်ကဆန်းတယ်လေ။ ဟေဟေ.။
မှတ်သားရပါဧ။် ဒီလိုလေယာဉ်တော့ နောက်ထပ်မကြူံရ ပါစေနဲ့နော်...
Post a Comment