Thursday, October 23, 2008

ဗရုတ်သုတ်ခ ခပ်ကျကျနေ့ လေးတစ်နေ့ 

စာမေးပွဲပြီးလို့  အားရပါးရ နားမယ်မှ မကြံသေး။ အကြွေးလာတောင်းတယ်ဗျ (တက်ဂ်ကြွေးလေ)။ ဘယ်သူ ရှိမလဲ အနိုင်ကျင့်နေကျ ကျနော့်အစ်မကြီးလေ။ နောက်ပြီး ခြိမ်းခြောက်ထားသေးတယ်။ နောက်ဆုံးကျန်တဲ့သူ လူပျိုကြီး ဖြစ်ပါစေတဲ့။ ဟွန်း ကိုယ့်အစ်မကြီးမို့  ချစ်လည်းချစ်၊ ကြောက်လည်းကြောက်၊ ရိုလည်းရိုသေရလို့  ရေးပေးတာနော်။ ခြိမ်းခြောက်ထားတာ ကြောက်လို့ တော့ ဟုတ်ဘူး။ ဒီမှာ သီတင်းကျွတ်အမှီဆိုပြီး ဇင်ယော်လေး ဆီမှာ နိုင်ငံပေါင်းစုံက ကောင်မလေးတွေ လျှောက်လွှာလာတင်နေကြတာ မနည်းမနော။ လာလျှောက်သူတွေ များလွန်းလို့  လှမ်းကြည့်လိုက်ရင် မျက်စိတစ်ဆုံးပဲ။ ဒါတောင် တစ်ယောက်တန်း ဟုတ်ဘူး။ လေးယောက်တန်း စီခိုင်းထားတာ။ ဟာဟ ဒါပေမယ့် ဇင်ယော်လေးက စိတ်မကူးပါဘူး။ တင်းခံနေတာ။ အန်နာ အီဗန်နိုဗစ်ဆိုတဲ့ တင်းနစ်ရိုက်တဲ့ ကျနော့် ချစ်ချစ်လေး မလာမချင်းကို စောင့်နေဦးမှာ ဟဲဟဲ။

အဲ...အင်ထရိုဝင်တာ များပြီးဘေးချော်ကုန်ပြီဗျ။ ဘာတဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တစ်နေ့ ဆိုလားပဲ။ ဇင်ယော်ဆိုတဲ့ကောင်က ဗရုတ် မကျရရင် ထမင်းစားမ၀င်လို့  ဘယ်နေ့ ကိုရေးရကောင်းမလဲ စဉ်းစားနေတာ။ ထူးတော့ဘူး မနေ့ တနေ့ က အကြောင်းပဲ ရေးလိုက် တော့မယ်။ အင်း တနေ့ က ဇင်ယော်လေးတို့ အဖို့  အင်မတန် နတ်ကြီးတဲ့  စာမေးပွဲ တစ်ခုဖြေရတဲ့နေ့ ပေါ့။ မနက်စောစောသွားခါနီး တစ်ဘက်ခန်းက အတူ တူဖြေမယ့် အစ်ကိုက လာချောင်းတော့ ဇင်ယော်လေးက ဒီမှာ youtube ကြည့်နေတာလည်း မြင်ရော ဆဲပါ လေရော။ အဟဲ ဒီမှာက ကိုယ့်အကြောင်းနဲ့ ကိုယ်လေ။ စာမေးပွဲဖြေရင် ရှပ်လက်ရှည်ကို နက်တိုင်စည်းပြီး ဖြေရတာ။ ခုမှ နက်တိုင်က မစီးတာ ကြာလို့  ပုံမကျပန်းမကျ ဒုက္ခ။ ဒါနဲ့ youtube ထဲမှာ စီးပုံစီးနည်း လက်ချာ ကြည့်နေတာကို စာနွှေးရမယ့်အချိန် အင်တာနက် ကြည့်နေလို့ တဲ့ လာဆဲသွားပါလေရော။ မသိရင်တော့ တော်ပြီးသား တတ်ပြီးသားလိုလို ဟီဟိ။

ကားငှားတော့ အများရုံးစသွားချိန်မို့  ထင်ပါရဲ့။ တစ်စီးမှ မရဘူး။ ဒုက္ခပဲ အဲ ခပ်လှမ်းလှမ်းမှာ တက်စီတစ်စီး ခရီးသည် ချနေပါရောလား။ အမ် အဲဒီဘက်လမ်းဘေးမှာ မရွှေချောနှစ်ယောက် အိုက်တင်ခပ်များများနဲ့ ရပ်နေလေရဲ့ ၊ သူတို့ လည်း ကားငှားမလို့  စောင့်နေတာပဲ။ ကြံစမ်း ဘယ်လိုလုပ်ရပါ့။ အဟဲ လေချွန်ပြီး လမ်းလျှောက်ရင်း၊ သူတို့ ကို ရေရေလည်လည် ငမ်းပေးလိုက်တယ်။ မမတွေက အချင်းချင်း တွတ်ထိုးလိုက် ပဲကြွေးလိုက်နဲ့  အလုပ်ရှုတ်နေတဲ့အချိန် သူငယ်ချင်းက တက်စီဆီ အပြေးသွားပြီး လက်တားငှားလိုက် ပါလေရော။ ဟေဟေ. မမတွေ စူပုတ်ပြီး ပွစိပွစိနဲ့  မျက်စောင်းနဲ့  လှမ်းထိုးပြီးကျန်ခဲ့တယ်။ ဟီး ကမ္ဘာပေါ်မှာ ရှိတဲ့ မိန်းကလေးတော်တော်များများဟာ မဆိုစလောက်လေးစိတ်ဆိုးကြရင် တော်တော်လေး ကြည့်ကောင်းကြတာပဲနော်။

ရောက်လို့ မှမကြာသေးလူစုံမစုံ စစ်ပြီး familiarisation လုပ်ဖို့  simulator ခန်းထဲထည့်၊ ဖြေဖို့ နံမည် စာရင်းလည်း အော်ရော ဇင်ယော် က ၈ယောက်မှာ နံပါတ် ၇ တဲ့။ သေပါပြီ စောင့်ပေတော့ တစ်နေ့ လုံး။ ဖြေပြီးသမျှ ထွက်လာတဲ့သူတွေ ဘယ်လိုမေးတယ်၊ ဘယ်လို ဖြေတာ ဘယ်လိုဂိန်တယ၊် ဘယ်လိုအောင် သွားတယ် ဆိုတဲ့ စကားတွေနဲ့  pressure တက်ဖို့ သာပြင်ပေတော့။ နေ့ ခင်းထမင်းစား ပြီးတော့ ဘယ်လိုမှ မဟန်နိုင်တော့ဘူး။ ထိုင်ခုံလေး အခန်းထောင့်ဆွဲပြီး အဲယားကွန်းအေးအေးလေးနဲ့  အပြီယူတော့တာပဲ။ ကိုယ့် အလှည့်နီးလို့  examiner လာခေါ်မှပဲ နိုးတော့တယ်။ အဟီး ကောင်လေးအတော် ကြိုးစားတာပဲလို့ တော့ ထင်တော့မှာပဲ။

စစ်မယ့်ဆရာက Control room ထဲခေါ်ပြီး ဘယ်ကနေဘယ်ကိုမောင်း၊ ဒါမင်းမောင်းရမယ့်ကောင်ရဲ့ data တွေဆိုပြီး ချပေးလိုက်တယ်။ မတိုက်မိစေနဲ့ ၊ ပေးထားတဲ့ လမ်းကြောင်းအပြင်ကို မရောက်စေနဲ့ ၊ ပေါက်တတ်ကရ လျှောက်မလုပ်နဲ့ တဲ့။ အဲဒီပေါက်ကရတွေကို ဆရာက control room ထဲကထိုင်ပြီး လမ်းတလျှောက်လုံး မိုးပေါ်က ကျလာသလို လျှောက်ထည့်တော့မှာလေ။ ဟဲဟဲ သိနေတယ်။ အခန်းထဲပြန်ပြီး တွက်ချက်ရင်းက ဘယ်နေရာရောက်ရင်တော့ ဘယ်လိုလုပ်ရပါ့ဆိုပြီး အစီအစဉ်ဆွဲနေတော့တာပေါ့။

Simulator ခန်းထဲလည်းရောက်ရော အရေးထဲ ဖိနပ်ကြိုးက ပြည်သွားလို့ မမြင်မစမ်းနဲ့  ကုန်းချည်နေတာကို ဆရာက အင်တာကွန်း ကနေ ဘာလုပ်နေတာလဲ setting တွေချိန်ပြီးအဆင်သင့်လုပ်တော့လေတဲ့။ ဟဲဟဲ ဟုတ်သားပဲ သူကကိုယ့်ကို လေးဘက်လေးတန် ကင်မရာတွေချိန်ပြီး ထိုင်ကြည့်နေတဲ့ဟာ။ ဟီး မိုက်ခရိုဖုန်းတွေကလည်း တခန်းလုံး နေရာအနှံ့ မှာ မြှုပ်ထားသေး။ ဘာပြောပြော ကြားရအောင်လေ။ ဟီး စိတ်ထဲကတော့ ထင်မိသား ဇင်ယောက်လေးလည်း ခုမှ စတူဒီယိုထဲ ရောက်နေသလိုလို။ စတာနဲ့  သူကကိုယ့်ကို မှတ်တမ်းတင်ထားတော့မှာဗျ။ ဇင်ယော်မင်းသား မင်းသားဇင်ယော်ပေါ့ ဟေဟေ.။

စတာနဲ့  အချိန်၄၅မိနစ်အတွင်းရောက်အောင်မောင်းတဲ့။ ဒီလောက်တော့ ရပါတယ် ဇင်ယော်ပဲဟာ။ တွေ့ သမျှကောင်ကျော်တက်၊ ကြုံရင်ကြုံသလို ဖြတ်ချ ဒလဟော သွန်တော့တာပဲ။ အမယ် ဆရာက လမ်းကြောင်းထိမ်းသိမ်းရေးလည်းသူ၊ ကိုယ့်လက်အောက် ကလည်းသူ၊ ကိုယ့်အထက်ကဆိုလည်းသူ တစ်ခါခေါ်ရင် လေသံတစ်မျိုးနဲ့  ဘီအီဒီအောင်သိုက်ကျနေတာပဲ။ ဒီလိုနဲ့  အချိန်တ၀က် လောက်ကျော်လာတော့ နဲနဲသတိထားနေရပြီ။ လာတော့မယ်လေ emergency situation တစ်ခု။ စာမေးပွဲရဲ့ အဓိကအသက်ပဲဆိုပါတော့။ အရေးပေါ်အခြေအနေနဲ့  ကြုံလာရင် အချိန်တိုအတွင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ရဲ့လား။ လုပ်နည်းလုပ်ဟန်တွေ မှန်ကန်ရဲ့လား။ အန္တရာယ်ကို ရှောင်လွှဲနိုင်ရဲ့လား ဆိုတာကြည့်တာလေ။

အဟဲ ဆရာက ပြသနာမပေးခင် ဇင်ယော်က ဦးအောင်အရင်ပေးလိုက်ပါရောလား။ control room နဲ့  Simulator ဆက်သွယ်တဲ့ အင်တာကွန်းကို အားရပါးရဖိပြီး ပြောလိုက်တာ ခလုပ်အထဲကျွံဝင်သွားလို့  တွီဆိုပြီး အသံရှည်ကြီး မြည်နေတာ မရပ်တော့ဘူး။ ဟီး simulation ကိုခဏရပ်ပြီး လာပြင်ရပါလေရော။ ပြီးတော့မှ ဆက်ဖြေတော့ ပြီးခါနီးလေးမှာ တိုက်မိတော့မလို့  နဲနဲလေးပဲလိုတော့တယ်။ သွားပြီမှတ်တာ တော်သေး။

အားလုံးလည်းပြီးရော ဆရာက အခန်းထဲခေါ်ပြီး debriefing ပေးပါလေရော။ အလျှောက်ကောင်းမှ အထောင်းသက်သာမှာလေ။ အမေးသုခမိန် အဖြေ ပညာရှိပေါ့ဗျာ ဟဲဟဲ။ အခန်းထဲ ရောက်တာနဲ့  ဆဲတော့တာပဲ မင်းတွေ.သမျှ အကုန်ကျော်တက်၊ ဟိုကဒီက ဖြတ်ချနဲ့  safety နဲ့ environment ကို ခေါင်းထဲရှိသေးရဲ့လားတဲ့။ ပြီးခါနီး တိုက်မိတော့မလို့  နဲနဲပဲလိုတော့တယ် ဘယ်လိုဖြစ်တာလဲတဲ့။ ဘယ်ရမလဲ ကျက်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ကိုးကားပြီး ကိုယ့်ဘာသာကိုယ် ရှေ.နေငှားပြီး အလွတ်ရုန်းရတော့ တာပေါ့။

နောက်ဆုံးတော့ လူကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မင်းလုပ်တာတွေ သိပ်ပြီးဟီးရိုးဆန်တယ်။ ငါတို့  ထရိန်နင်ပေးတာ ဟီးရိုးဖြစ်ဖို့ မဟုတ်ဘူး။ အန္တရာယ်ကင်းအောင် လုပ်တတ်ဖို့ ကွဆိုပြီး ထပ်ဆဲသေးတယ်။ တခါတည်း traffic control လှမ်းလှမ်းခေါ်ပြီး တခြား ကောင်တွေ လမ်းဖယ်ခိုင်းလိုက်၊ နောက်ကသွားခိုင်းလိုက်၊ အတင်းကျော်တက်လိုက်နဲ့ မင်းကိုယ်မင်း မင်းတို့ တိုင်းပြည်က ဗိုလ်ချုပ် များမှတ်နေလားတဲ့။ ဟီး အစ်မ မစန္ဒာပြောသလို သွား၃၂ချောင်းအကုန်ပေါ်အောင် ထုတ်ရှိုးထားရတယ်။ ပြီးတော့မှ ဥပဒေတွေ သုံးသွားတာရော၊ လုပ်ကိုင်ပုံ မှန်ကန်တဲ့အတွက် မတိုက်မိတာရော၊ တခြားဟာတွေ အားလုံးပေါင်းပြီး overall အားလုံးကောင်းတဲ့ အတွက် မင်းကို အအောင်ပေးလိုက်မယ်၊ အပြင်မှာ အဲဒီအတိုင်း သောက်ရမ်းလျှောက်မလုပ်နဲ့ ၊ လာမယ့်နှုတ်ဖြေကျရင် သတိထား သွားတော့ဆိုပြီး ပြောတော့ အောင်မလေး ပျော်လိုက်တာ ထခုန်မိမတတ်ပါပဲဗျာ။ ဒီလိုနဲ့  ဇင်ယော်လေးလည်း ဗရုတ်သုတ်ခ ခပ်ကျကျနဲ့  စာမေးပွဲတစ်ခု ပြီးမြောက် အောင်မြင်ခဲ့တာပေါ့ဗျာ။

( အဲဒီည အောင်ပွဲခံတော့ နောက်ထပ်ဗရုတ်သုတ်ခ ကျခဲ့တဲ့အကြောင်းလေးတွေ နောက်မှ ပို့ စ်တစ်ပုဒ် ရေးတင်ဦးမယ်။ ခုတော့ အစ်မ၀ါ ရေ ကျေနပ်ပေတော့ဗျာ။ အဆင်ပြေအောင် ကြည့်ကျက်ရေးလွှတ်လိုက်ပြီဗျို.။ နောက်ထပ် တက်ဂ်ကြွေးများလည်း ဖြေးဖြေးချင်း ဆပ် သွားမည် ဖြစ်ပါကြောင်း အကြွေးရှင်များအား အကြောင်းကြားအပ်ပါသည်ခင်ဗျား။ ) :P

Wednesday, October 22, 2008

Why women hate soccer

ဆိုရိုးတစ်ခု ရှိတယ်လေ။ အစားကောင်း အသောက်ကောင်း စားရရင် မိတ်ဆွေကောင်းကို သတိရတတ်တယ်တဲ့။ ဇင်ယော်လေးလည်း ဒီလိုပါပဲ။ ရယ်စရာ ဟာသလေးတွေ တွေ.တော့လည်း ညီအစ်ကို မောင်နှစ်မ သူငယ်ချင်းတွေကို မျှဝေချင်တာပေါ့နော်။ ( အဟဲ ဆားချက်တယ်ဆိုလည်း လက်ခံပါတယ် )။ စာမေးပွဲ တစ်ခုပြီးလို့  ခဏနားရမယ်မှတ်တယ် ရုံးက အားနေမှန်းသိလို့ ထင်ပါ့။ ခဏလာပါဦးဆိုပြီး ဆွဲစားနေလို့  နည်းနည်းအလုပ်ရှုတ်နေလေရဲ့။ အားလုံးပြီးရင် ရုံးပေါ်ရောက်သွားမလား မသိဘူး။ အဲဒါဆိုရင်တော့ ဒုက္ခ။ မနက်သွား ညနေမိုးချုပ်မှပြန် တစ်နေ့ ကို အီးမေးလ်အစောင် ၃၀၀ လောက်ဖတ်ရတဲ့ အလုပ်တော့ လုံးဝ(လုံးဝ)ကို အာရုံခံလို့ မရဘူး။ ဇင်ယော်လေးက လတ်လျားလတ်လျားနဲ့  လျှောက်သွားနေရတာကိုပဲ သဘောကျတာ။ ဟီး ခြေထောက်ဗွေပေါက်နေတယ် ဆိုပါတော့။ ဟီး ရန်ကုန်မှာဆိုလည်း အမေက ပြောယူရတယ်။ အိမ်စောင့်နတ်က နှင်ထားလို့ လားတဲ့။ ကြည့်ကျက်လုပ်တဲ့ ခုဆို အိမ်ဦးနတ်ကပါ သိပ်ကြည့်မရတော့ဘူးတဲ့။ အဟဲ ဒါတော့ ဖြစ်သေးဘူးလေ။ အိမ်ဦးနတ်နှင်လို့ ကတော့ နေစရာ ဘုံပျောက်ကိန်း မြင်တာမို့  ဒီကို ခဏလာပြီး စတေးရှောင်နေတာ။

အဲ လိုရင်းမရောက်ပဲ ချော်တောငေါ့ကုန်ပီဗျ။ အကြောင်းအရာကတော့ မိန်းကလေးတွေ ဘာကြောင့် ဘောလုံးကို မုန်းရပါသလဲတဲ့။ ကျနော့် ညီမလေးတစ်ယောက် ပို့ လိုက်တဲ့ မေးလ်ထဲက ဟာသဗီဒီယိုလေးတွေပါ။ ခုလိုပို့ ပေးတဲ့ ညီမလေးရည်မွန်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကဲ ပြောနေကြာတယ် ခုပဲ ခံစားကြည့်လိုက်ကြပါစို့ ဗျာ။ ဒန် တန် တန့် ............................

အားပေးချက်ရယ်က ဒီလိုဒီလိုလေ။



အဟဲ အောင်ပွဲခံတာ လွန်သွားတယ်။





ကဲ အမောင်အမျိုးသားအပေါင်းတို့  မိမိတို့ ၏ အိမ်သူသက်ထား ဇနီးမယားတို့ အား ဘောလုံးပွဲ ၀ါသနာပါရန် အလို့ ငှာ စည်းရုံးကြကုန်လော့။ မယူသေးသောသူတို့ ကလည်း မိမိတို့ ၏ ချစ်သူရည်းစားများအား ဘောလုံးပွဲ အင်မတန် ကြိုက်ကြောင်း ကြိုတင်အသိပေးအပ်လော။ ဘာမှမရှိသူ လူပျိုကြီးအပေါင်းတို့ ကား လာသမျှဘောလုံးပွဲတို့ အား စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် အားပေးကြကုန်လတ္တံ့ ။ ဒူ ဝေ ဝေ ဝေ ဝေ :)

Saturday, October 11, 2008

ဖြစ်သလို ဆိုပါ့လား

အောက်အီးအီးအွတ်.... အင်း အိပ်ကောင်းတုန်းရှိသေး စောစောစီးစီး ဘယ်ကကြက် ၀ီရိယကောင်းပြီး တွန်နေလဲမသိ။ ဘကြီးသာဝ အိမ်ကလား၊ ဒါမှမဟုတ် အရီးလေးမြတို့ အိမ်ကလား။ ကိုယ့်အိမ်နွားတင်းကုပ်ထဲက အကောင်ပဲလားမသိ။ ဒီလောက် တောင်ရှိလှတာ နောက်နေ့  ကာလသားဟင်းအိုးထဲ အလည်ခေါ်သွားလိုက်မယ်။ ဇင်ယော်တစ်ယောက် အိပ်ရာထဲမှာ မျက်လုံးမဖွင့်နိုင်သေးပဲ အသာလေး ပြန်မှိန်းရင်း စဉ်းစားခန်းဝင်နေတာလေ။ ဟ ဒီကောင် တွန်နေတာ ခုထိမရပ်သေးပါလား။ လေးဂွနဲ့ တော့ တွေ.ပြီပေါ့ကွာ။ မျက်လုံးကို ပွတ်သပ်ပြီး လူးလဲထလိုက်တော့ အမ် ... ရွာမှာလည်း ဟုတ်ဘူးဟ။ဟိုက်ရော နှိုးစက် .. နှိုးစက် မြည်နေတာဟ။ ကျောင်းချိန်နီးနေပြီ။ ထုံးစံအတိုင်း အပြေးတပိုင်းနဲ့  ကြွချီတော်မူရတော့မယ်။

ကမန်းကတန်း ကိုယ်လက်သန့် စင်ရင်းက သွားသတိရမိတယ်။ ဟား ဒီနေ့ မနက် အရင်ဆုံးသင်မယ့် ဆရာကလည်း ၁၀မိနစ်ထက် ပိုနောက်ကျရင် ပျက်ကွက်စာရင်းသွင်းတဲ့ဆရာ။ ကျနော့်ဆို သူကပိုသတိထားမိသေး ( အဟဲ အတန်းထောင့်မှာ နံရံမှီပြီး အမြဲငိုက် နေတတ်တာကိုး )။ ဒုက္ခနဲ့ လှလှတော့ တွေ.ကြပြီနဲ့ တူပါတယ်။ မနက်စာကို ဘယ်လိုကြံဖန်ရပါ့။ ... ခေါက်ဆွဲပြုတ် ... ဟား အချိန်မရှိတော့ဘူ။ ညတရေးနိုး ဗိုက်ဆာရင် စားဖို့ ဝယ်ထားတဲ့  မုန့် ပဲ အားကိုးရတော့မှာပဲ။ ရေခဲသေတ္တာထဲ ရှားရှားပါးပါး ကျန်သေးတဲ့ ပေါင်မုန့် နှစ်လုံးနဲ့  tea ပုလင်း လက်ကဆွဲလို့  အခန်းထဲ ပြေးရတော့တာပဲ။ လာခဲ့စမ်း ရှိသမျှအကြောင်း အကောင်းချည်းပဲပေါ့ဗျာ။

အ၀တ်အစားလဲနေရင်းက မုန့် ကိုကောင်းကောင်းမ၀ါးပဲ စားလိုက်တာ နင်နေလို့  တီးနဲ့ ကမန်းကတန်း မြိုချရတယ်။ အချိန်က မရှိတော့ဘူး။ လမ်းရောက်မှ အင်္ကျီကြယ်သီးတတ်တော့မယ်။ ကျောပိုးအိပ်ကောက်လွယ်ပြီး ဆင်းပြေးရတော့တာပဲ။ အဟဲ လမ်းမှာ ကျန်တဲ့မုန်လေးကိုက်လိုက်၊ လက်ကျန်တီးလေးမော့လိုက်နဲ့  ဘူတာလည်းရောက် အားလုံးလည်းကုန် ကွက်တိ။ ခုမှ ဘူတာထဲကို ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်လည်တဲ့ပုံမျိုး ခပ်တည်တည်နဲ့  အေးအေးဆေးဆေး ၀င်သွားတော့တာ။ အဟဲ ဒါမျိုးက တစ်ပတ်ကို လေးရက်လောက်တော့ ကြုံနေကျ။ ဖြစ်ကတတ်ဆန်း မနက်စာက ဇင်ယော်လေးအဖို့ တော့ မဆန်းတော့ သလိုပဲ။

အမှန်အတိုင်းပြောရရင် ဇင်ယော်က အစားအသောက်ဆို အင်မတန်ကို ခုံမင်တာပါ။ အဲလက်စ်ဆိုတဲ့ သီချင်းထဲကလိုပေါ့ဗျာ။ ဘာတဲ့ မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ ပါပဲ စားလွန်းလွန်းလို့  မင်းလေးကတောင် စိတ်ကုန်နေတယ်။ မိုးလင်းလို့  မျက်စိနှစ်လုံး ကောင်းကောင်းမပွင့်သေးဘူး။ ဒီမနက် ဘာစားရရင် ကောင်းမလဲ စဉ်းစားနေတဲ့ကောင်။ အစားအသောက်ကလည်း ဘာရွေးသလားတော့ မမေးနဲ့ ။ ဂျိုကာလေ ဘာလာလာ အကုန်ဒေါင်းတယ်။ ပြောပြီးပါပကော ခြေ၂ချောင်းဆိုလှေကား၊ ခြေ၄ချောင်းဆို စားပွဲ၊ အသီးထဲမှာ လက်သီးနဲ့ ဂေါက်သီး၊ ( အင်း ကြယ်သီးနဲ့ မီးသီးလည်းပါတယ်....တန့် တန့် လာပြောမှာစိုးလို့  )၊ အဲဒါတွေကလွဲလို့  ကျန်တာ ဘာလာလာပဲ။ အကြိုက်ဆုံးလား ၀က်လေ ၀က် ပါးစပ်ဟထား အကောင်လိုက်ကို မောင်းသွင်းချင်တာ။ အဲဒီလို အစားအသောက်ကို နှစ်သက်မြတ်နိုးလှတဲ့  ဇင်ယော်တစ်ယောက် ဒီရောက်တော့မှ ဒုက္ခကို လှလှရီ အဲမှားလို့  လှလှကြီး တွေ.တော့ တာပဲဗျာ။

နေ့ လည်စာလား။ ထုံးစံအတိုင်း ကန်တင်းပေါ့ဗျာ။ အတန်းနားက ကန်တင်းက lunch break ဆို လူပြည့်နေကျ။ ၀ီရိယကောင်းတဲ့ ဇင်ယော်ကတော့ ဆရာတစ်ယောက်နဲ့ တစ်ယောက် အကူးအပြောင်း ၁၅ မိနစ်လောက်ရတဲ့ အချိန်လေး သွားပြေးဆွဲတာပေါ့။ ၁၁နာရီလောက်ဆို ဗိုက်ကဆာလာတာနဲ့ အတော်ပဲ။ ကန်တင်းကိုပြေး၊ ဆိုင်ရှေ.က တန်းစီနေတဲ့ကောင်မလေးတွေကို လိုက်ငေး အဲမှားလို့  တန်းစီနေတဲ့ လူတန်းကို လိုက်ပြေးကြည့်။ လူအနည်းဆုံးဆိုင်မှာ ၀င်ပြီးစီလိုက်တာပဲ။ သိပ်ပြီး ထွေထွေထူးထူး မစဉ်းစားပါဘူး တရုတ်၊ကုလား၊မလေး၊ဘိုစာ ဘာလာလာ ဗိုက်ပြည့်ပြီးရော စားလိုက်တာပဲ။ အဲ မစားတာကတော့ ဟို အုန်းနို့ ခေါက်ဆွဲ၊ နောက်ပြီး အဲဒီလို အုန်းနို့ ပါတဲ့ ဟင်းတွေ။ အဲဒါတွေစားပြီးရင် နေ့ လည်စာသင်ချိန်ကျတော့ သင်တဲ့ဆရာကို ခေါင်းငြိမ့်ပြီး အပြည့်အ၀ထောက်ခံနေတော့တာ။ တခါများ ထောက်ခံတာ အရှိန်လွန်ပြီး စားပွဲနဲ့  နဖူး မိတ်ဆွေဖြစ်သွားပါရောလား။

lunch break ဆို ဇင်ယော်တို့ က အိနြေ္ဒရနေပြီ။ အေးဆေးပဲ သစ်သီးဖျော်ရည်လေး ဒါမှမဟုတ် ကော်ဖီလေးသောက်ပြီး အာထုရင်းနဲ့  တမနက်လုံး စာသင်ရလို့  ညောင်းညာနေတဲ့ မျက်လုံးကိုလည်း အမြင်လေးအေးအောင် အစာကြွေးရသေးတယ်။ ဒါမှမဟုတ် စာကြည့်တိုက်သွားပြီး စာအုပ်ဖတ်ရင်ဖတ်၊ ဘာမှမလုပ်ချင်ရင်တော့ အတန်းထဲပြန်ပြီး တရေးနှပ်လိုက်တာပေါ့ဗျာ။

ညနေကျောင်းကပြန်ရောက်တာနဲ့  အိမ်မှာ အစီအစဉ်ဆွဲရတော့တာပဲ။ ဒီနေ့ ဘယ်ဆိုင်သွားစားရကောင်းမလဲပေါ့။ အာရုံရရင်တော့ မြန်မာဆိုင် တကူးတက သွားစားတာပေါ့ဗျာ။ ပြန်ရင်တော့ ဖောင်းကားပြည့်တင်းနေတဲ့ ဗိုက်ကို သယ်ရတာမသက်သာလှဘူး။ အိမ်ရောက်တဲ့ အထိ ထိုင်မရ၊ လှဲမရနဲ့  ဦးချိန်တီလည်း မကယ်နိုင်ဘူး အတော့်ကို ဒုက္ခရောက်တာ။ များသောအားဖြင့်ကတော့ အနီးနားက ဈေးလေးမှာပဲ စားဖြစ်ပါတယ်။ ထမင်းနဲ့ ဟင်းဆို ၀က်သားသုံးထပ်သားကို တရုတ်လို အချိုချက်ထားတာက မပါမဖြစ်။ အဟဲ ဇင်ယော် သိပ်ကြိုက်တဲ့  ၀က်ခြေထောက်၊ ၀က်ကလီစာ၊ ၀က်နံရိုးစွပ်ပြုတ် ကတော့ ခဏခဏ စားဖြစ်တယ်။ ဒါမှမဟုတ် အရွက်တွေအများကြီးနဲ့  အသားကိုရေငုတ်ပြီး ရှာရတဲ့ခေါက်ဆွဲပြုတ်၊ နည်းနည်းလေးငံတဲ့ ငါးခြောက်ထမင်းကြော်၊ နာစီလာမလို့  ခေါ်တဲ့ မလေးထမင်း၊ ဘုရားစူး ဒံပေါက်၊ အသားဖတ်လေးတွေ အပေါ်ကတင်ပြီး သခွားသီးနှစ်ဖတ်လောက် ထည့်ပေးလိုက်တဲ့ ကြက်ဆီထမင်း ကြုံရင်ကြုံသလိုပါပဲ။ ပြီးရင် အစာပိတ်အနေနဲ့  ကြံရည်၊ဖျော်ရည်တစ်မျိုးမျိုးသောက်ရင်သောက်၊ ဒါမှမဟုတ် အသီးတွေထည့်ထားတဲ့ ရေခဲသုပ်လိုဟာမျိုး စားပြီး ပိတ်လိုက်တာပဲဗျာ။ ။ ။

( ကဲ အစ်မ၀ါ နဲ့  ကိုနေလင်းရေ ..... ဖြစ်သလို စားတဲ့ အကြောင်းလေးရေးပေးပါဆိုလို့  ရေးလိုက်ပြီဗျ။ အဟဲ စားတာကိုတော့ ဖြစ်သလို စားပေမယ့် သောက်တာကိုတော့ တကူးတက သောက်တတ်ပါတယ်။ နည်းနည်းကြာသွားတာတော့ ခွင့်လွှတ်ပါဗျာ။ ကျနော့် ကွန်ပြူတာလေး အကောင်ကိုက်သွားလို့  နှစ်ရက်လောက် ဒုက္ခရောက်သွားတယ်ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေဆီကိုလည်း လိုက်မလည်ဖြစ်တာ၊ စီဗုံးမှာ လာမအော်ဖြစ်တာ နားလည်ပေးကြပါလို။ ဘလော့ကို လာလည်ကြတဲ့ ညီအစ်ကိုမောင်နှမ တွေလည်း ကျနော် မောင်ဇင်ယော်လေး ဖြစ်သလို စားနေရတာ မကြည့်ရက်လို့  ကျွေးမွေးချင်သပဆို ဇင်ယော်လေးက အားနာပါးနာနဲ့  လာအားပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ :P )

Saturday, October 4, 2008

ဘုံဘ၀မှာဖြင့် ကြုံခဲ့ရတာတွေ

( ပျင်းပျင်းရှိတာနဲ့  ဟိုလှည့်ဒီလှည့် လုပ်နေတာ။ စာမရေးဖြစ်တာလည်း နည်းနည်းကြာပြီဗျ။ အရင် ရေးထားတဲ့  အဟောင်းလေး ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ မပြုံးရပဲ စိတ်ညစ်စရာတွေလို့  ထင်မိရင်တော့ တောင်းပန်ပါတယ်။ သည်းခံပြီး ဖတ်ရှုပေးကြပါလို့ ။ )

ခရီးသွားရတာ တခါတလေမှာ ပျော်စရာကောင်းပေမယ့် တခါတလေကျတော့ သေချင်စော်နံလောက်အောင်ကို စိတ်ညစ်ရပါတယ်။ အဆင်မပြေတာတွေ တန်းစီပြီးတွေ.ရင်ပိုဆိုးတာပေါ့။ တခါတုန်းကပေါ့ စပိန်က အယ်ဂျီးစီးရပ်စ်ဆိုတဲ့ ဂျီဘရော်လ်တာ ရေလက်ကြားအ၀က မြို.လေးကို သွားရဖို့  အကြောင်းဖန်လာတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာမို့  စိတ်တော့ဝင်စားသား။ ဒါနဲ့  သွားဆိုတော့လည်း သွားရတာပေါ့ဗျာ။ Transit စီးတဲ့ နေရာက အရင်တစ်ခါ လွဲခဲ့ ဖူးတဲ့  ကျနော်ချစ်တဲ့  ပဲရစ်လေ။ ဒီတခါတော့ မလွဲရလေအောင် သေသေချာချာ ဂရုတစိုက်နဲ့  မေးမြန်းပြီး သွားလို့ လေယဉ်ပေါ်တော့ တည့်တည့်ရောက်တယ်ဗျို.။ ဟဲ အဲဒီမှာ စတာပါပဲ။

လေကြောင်းလိုင်းက အဲယားဖရန့် စ်က ဘတ်ဂျက်ဆွဲတဲ့ လေယဉ်ဗျ။ ခပ်သေးသေးရယ်။ ခရီးသည်က အများဆုံးမှ အယောက် ၂၀ လောက်ပဲရှိတယ်။ စထွက်ပြီးသိပ်မကြာပါဘူး။ သူတို့ တိုက်တဲ့  အအေးလေး သောက်ကာစရှိသေးတယ်။ ခါးပတ်တွေ ပြန်ပတ် ထားကြပါတဲ့ ။ ရှေ.မှ ရာသီဥတုဆိုးလို့ တဲ့ ။ ခါးပတ်ပတ်ပြီးလို့ မှ မကြာသေးဘူး။ ၀ုန်းဒိုင်းကြဲတော့တာပဲဗျို.။ အောက်ကိုကျသွားလိုက်၊ မြောက်တက်သွားလိုက်၊ ဘေးကိုစောင်းပြီးဆင်းသွားလိုက်နဲ့  စကောထဲ ဆီးဖြူသီးထည့်လှိမ့် နေသလားမှတ်ရတယ်။ စီးဖူးသမျှ လေယဉ်တွေထဲမှာ အဲဒီတစ်ခါ အကြမ်းဆုံးပဲဆိုပါတော့။

ဇင်ယော်လည်း ပုထုဇဉ်ပဲ၊ ကြောက်တာပေါ့ဗျ။ ရွတ်လိုက်ရတဲ့  ဘုရားစာတွေ။ သံဗုဒ္ဓေဆိုတာ အစကနေကို မတက်တော့ဘူး။ ရှေ.မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေတဲ့  လေယဉ်မယ်လေး လှမ်းကြည့်လိုက်တော့ သူလေးလည်း မျက်နှာက ဇီးရွက်သာသာရယ်။ အားပေးတဲ့ အနေနဲ့  လှမ်းပြီးတော့ ပြုံးပြရှာသား။ ဒါပေမယ့် ဆားမပါတဲ့ ဟင်းလိုပဲ ပေါ့ရွှတ်ရွှတ်ကြီး။ ဟီး ကြံကြံဖန်ဖန်လည်း တွေးမိသေး။ အခုနေသာ ပျက်ကျလို့ ကတော့ သေချာပေါက် မာလကီးယားမှာပဲ။ မသေခင် ကုသိုလ်ယူစရာကလည်း လောလောဆယ်မတွေ.မိဘူး။ ထူးပါဘူး သူလေးကိုပဲ ရင်ခွင်ထဲထည့်လို့  မကြောက်နဲ့ နော် ခဏလေးပါ တို့ လည်းရှိတာပဲဆိုပြီး အားပေးရ ကောင်းမလားလို့ ။ သူတပါး
စိတ်ချမ်းသာအောင် အားပေးတာလည်း ကုသိုလ်ရတာပဲဟာ ဟုတ်တယ်ဟုတ်။ တကယ်တမ်းစီးရတာက တစ်နာရီသာသာ လောက်စီးရတာ။ ဒါပေမယ့် တစ်ကမ္ဘာလောက်ထင်ရတယ်။ ကွင်းဆင်းခါနီးအထိ ဆော်လို့ ကောင်းတုန်း။ မြေကြီးပေါ် ဘီးချတော့မှပဲ သက်ပြင်းကြီး ဟီးကနဲ ချနိုင်တော့တယ်။

လေယဉ်ကွင်းထဲရောက်လို့  လမ်းလျှောက်တော့ လူက ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ မထင်မိဘူး။ မသောက်ရပဲနဲ့  ကောင်းနေ တာလေ။ ၀ီစကီတစ်ပုလင်း တစ်ယောက်တည်း ဖြိုထားရသလိုပဲ။ လူကနောက်ကျိပြီး နားတွေကလည်းအူလို့ ။ ဒီလိုနေလို့ တော့ ဖြစ်သေးဘူးဆိုပြီး အိမ်သာကို အမြန်ပြေးလို့  ထိုးအန်လိုက်မှပဲ ပေါ့သွားတော့တယ်။ ပြီးတာနဲ့  အထုပ်ရွေးတဲ့ နေရာကို ပြေးရတာပဲ။ ဒီလေဆိပ်ရှိတဲ့  မာလဂါဆိုတဲ့ မြို.လေးက တောမြို.လေးမို့ ထင်ပါရဲ့။ လ၀ကလည်း မရှိ၊ အကောက်ခွန်လည်းမရှိ အထုပ်ဆွဲပြီး တန်းထွက်ရုံပဲဗျ။ စောင့်နေရင်းက ကိုယ်နဲ့ တူတူလာတဲ့ သူတွေသာ တစ်ယောက်ပြီးတစ်ယောက် ဆွဲယူသွားကြတယ်။ ဇင်ယော်လေးအထုပ်ကတော့ ပေါ်မလာဇာတ်ကား ရိုက်နေလေရဲ့။ ဟ ဘယ်လိုဖြစ်တာတုန်း။ ဘာလုပ်ရမှန်းမသိ ဒါနဲ့  Baggage claim ကောင်တာကို သွားပြောတာပေါ့။ ဟိုရောက်တော့ ဒီလိုဒီလိုပဲ ဆိုတော့ အဲဒီက မရွှေချောကပြောတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်တဲ့ ။ စိတ်မပူနဲ့  နောက်နေ့ လေယဉ်နဲ့ ပါလာမှာပါတဲ့။ မပါလာရင်တော့ ဘုရားသခင်မှပဲ သိလိမ့်မယ်တဲ့ ။ ဒါပေမယ့် ငွေကြေး ပြန်လျော် ပေးမှာပါတဲ့ ။ ဒေါသက ထွက်လိုက်တာ ဘေးနားကတွေ.တဲ့ တိုင်နဲ့  မရွှေချောခေါင်းကို တိန်ကနဲနေအောင် ကောက်ထုပစ်ချင်တယ်။
သူပြောမှလား မပါလာရင်တော့ ဆုံးပြီပေါ့။ ဒါများ ကြီးကြီးကျယ်ကျယ် ဘုရားသခင်ကို ဆွဲထည့်လိုက်သေးတယ်။ ကိုယ်နဲ့ မကွာပါတာ ဆိုလို့  အရေးကြီးစာရွက်စာတမ်းတချို.နဲ့  ကွန်ပြူတာလေးတစ်လုံးပဲပါတယ်။ ကျန်တဲ့ အ၀တ်အစား၊ အသုံးအဆောင် လိုမယ်ထင်သမျှ ဒီအထုပ်ထဲ ကောက်ထည့်လာတာ သူလျော်ပေးလည်း ဒါတွေအကုန် ဒီမှာဝယ်လို့ မှမရပဲ။ စိတ်တော်တော်ညစ်သွားတယ်။ မတတ်နိုင်ဘူး တည်းမယ့်ဟိုတယ် လိပ်စာပေးပြီး အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့  ဇင်ယော်တစ်ကောင် ယော်တောင်တောင်နဲ့  လိမ့်ရတော့တာပေါ့။ တွေးကြည့်မိတယ် ခုမှငါ့အဖြစ်က သောင်ပြင်မှာ လွှတ်လိုက်တဲ့  ရွှေဟင်္သာလေးလိုလို။ ဟီး ဖြေတွေးလေးတွေးရတာပါ့။

ကားကိုနှစ်နာရီသာသာ စီးလိုက်ရပြီး ညနေစောင်းတော့မှပဲ ဟိုတယ်ကိုရောက်တော့တယ်။ ဟိုတယ်အသေးစားလေးပေမယ့် မဆိုးပါဘူး။ အခန်းက ကျယ်ကျယ်ဝန်းဝန်းနဲ့  တော်တော် သပ်သပ်ရပ်ရပ် ရှိတယ်။ လေ့လာရေး အကြာကြီး မလုပ်အားပါဘူး။ ချက်ချင်းရေမိုးချိုးပြီး အောက်ထပ်က စားသောက်ဆိုင်ကို တန်းပြေးရတော့တာပဲ။ မပြေးလို့ လည်း မရတော့ဘူး။ ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ်က အစွမ်းကုန် ထကြွသောင်းကျန်းနေပြီဗျ။ ကျနော့်ညီမတစ်ယောက် ဘလော့မှာ ရေးထားတာ တွေ့ ဖူးတယ်။ တရားနဲ့ ဖြေသော်လည်း မပြေနိုင်တဲ့ အရာတွေထဲမှာ ဗိုက်ဆာတာလည်း ပါတယ်တဲ့ လေ။ မှန်လိုက်တာ အပြည့်အ၀ကို ထောက်ခံတယ်ဗျ။ ကိုယ်တိုင်ဆာလောင် မွတ်သိပ်နေလို့ ကတော့ ဘာလာလာ ဂေါ်ဇီလာ အကောင်လိုက် လာချပေးတောင် စားမိမှာပဲ။ အဲ လိုရင်းမရောက်ပဲ ဘေးချော်ကုန်ပြီဗျ။

ဟိုရောက်တော့ စောသေးလို့ ထင်ပါရဲ့။ လာစားတဲ့ သူ တစ်ယောက်မှကို မရှိဘူးဗျ။ နောက်ပိုင်းဇင်ယော်လေးရောက်ပြီးမှ သုံးလေးဝိုင်း လောက် ရောက်လာတာ။ အင်း အကဲခတ်ကြည့်ရတာတော့ အပြင်အဆင်လေးက မိုက်တယ်။ သီချင်းသံအေးအေးလေးကို တိုးတိုးလေးဖွင့်လို့ ။ အလယ်လောက်မှာလည်း ရေတံခွန်အသေးစားလေးနဲ့  တော်တော်လေး သားနားတယ်ဗျ။ ဟိုက် လာထိုင်တာ ငါးမိနစ်လောက်ရှိပြီ။ ၀ိတ်တာတစ်ယောက်မှ ပေါ်မလာသေးဘူး။ ဖြစ်သေးပါဘူး။ ထပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်တော့မှ ဘေးနားက အခန်းလေးတစ်ခုမှာ မန်နေဂျာက အားလုံးကိုစုပြီး မှာတမ်းခြွေနေလေရဲ့။ ( နောက်မှသိရတာက ဒီနေရာမှာ ညစာလာစားကြရင် ညရှစ်နာရီလောက်မှ လာကြတာတဲ့ ။ သိဘူးလေ ဗိုက်ဆာနေမှတော့ ဒါတွေလည်း နားမလည်ပါဘူး။ )

ဇင်ယော်လေးလာချောင်းတာတွေ.တော့မှ ၀ိတ်တာတစ်ယောက် ကမန်းကတန်း ရောက်လာပြီး Menu စာရွက်လာချပေးသွားတယ်။ ဖွင့်ကြည့်လိုက်တော့ ဟိုက်ရော ခုမှခက်ပြီ။ ဘိုလိုလည်း ဟုတ်ဘူးဗျ။ သူတို့ စပိန်လိုကြီးရေးထားတာ။ ခုနဆရာသမားကို လှမ်းခေါ်ပြီး အနော် စပိန်လိုနားမလည်ဘူး။ ဘိုလိုရေးထားမရှိဘူးလား မေးကာမှ ပိုဆိုးသေး။ သူလည်း ဘိုလိုမမှုတ်တတ်ဘူး ဖြစ်နေတယ်။ ဇင်ယော်ကလည်း စပိန်လို ပြောတတ်တာ ဆိုလို့  ဒီမလာခင်ကသူများ သင်ပေးလိုက်တဲ့  မင်းသိပ်လှတာပဲဆိုတာရယ် ဟီးဟီး ပြီးတော့ မင်းကိုချစ်တယ်ဆိုတာရယ် ရှားရှားပါးပါး စပိန်စကားကြီးနှစ်ခွန်းပဲ ပြောတတ်တာ။ ခုတော့ ဒုက္ခက မဖိတ်ခေါ်ပဲ ညစာစားပွဲမှာ ခပ်တည်တည်နဲ့  ဧည့်သည်လာလုပ်နေတယ်။ သေပြီဆရာ တတ်နိုင်ဘူးဗျာ မီးစင်ကြည့်ကရတော့မှာပဲ။

အရင်ဆုံး စာမျက်နှာမှာတွေ.တာ ခေါင်းစဉ်က sopa တဲ့ ။ အဟဲ သေချာတယ် ဒါတော့ စွပ်ပြုတ်ပဲနေမှာ။ ခက်တာက အောက်က ရေးထားတာတွေ တစ်လုံးမှ နားမလည်ဘူး။ ဒီလိုနဲ့  အင်တာနေရှင်နယ် ဘာသာစကားသုံးပြီး ကိုယ့်ဆရာကို မေးရတော့တာပေါ့။ ဘာကောင်းလဲဆိုပြီး။ သူက တစ်ခုကို လက်ညှိုးထိုးပြတယ်။ အားကြီးကောင်းဆိုပဲ ဘာလို့ လဲဆိုတော့ လက်မကို တစ်ချောင်းဟုတ်ဘူး
နှစ်ချောင်းတောင်ထောင်ပြပြီး အပြည့်အ၀ အာမခံချက်ပေးတာ။ လုပ်လိုက်ကွ သူကကောင်းတယ်ဆိုတော့လည်း အင်းကောင်းတယ်ပေါ့။ တခြားဟာတွေလည်း ထိုနည်းလည်းကောင်းရယ်။ ဘာဘာ ဘာမှမသိဘူး သူကောင်းသမျှ ဇင်ယော်ပါ ခပ်တည်တည်နဲ့  လိုက်ကောင်း နေရတော့တာပဲ။ ဒင်းကတော့ ထင်မှာပဲ ဘယ်ကတောသား ဒီလာပြီး ၀ါးတီးဆွဲပါလိမ့်ဆိုပြီး။

လိုအပ်သည်များကို မှာကြားပြီးသကာလ ( အဟဲ သတင်းစာ ဖတ်တာများသွားလို့ အဲဒီထဲက အတိုင်းရေးလိုက်မိတာ၊ စိတ်မရှိနဲ့ ) ဆရာသမား လာချပေးထားတဲ့  ရေတစ်ဖန်ခွက်ကို အဖော်လုပ်နေရတာ ကြာပေါ့။ စားစရာက တော်တော်နဲ့ မရောက်သေးဘူး။ ဗိုက်ဆာပါတယ်ဆိုမှနော် အလိပ်လိပ်ထွက်လာတဲ့ ဒေါသကိုပဲ ၀ါးတီးအမှတ်နဲ့  ပြန်မြိုချနေရတယ်။ အတော်လေးကြာမှ ရောက်လာ ပါပြီဗျား သူကောင်းတယ်လို့  ညွှန်းတဲ့ မဟာစွပ်ပြုတ်တော်ကြီး။ ဘယ်လိုဟာပါလိမ့်ဆိုပြီ့း သေသေချာချာကြည့်လိုက်တော့ အမ် အထဲမှာ ပုဇွန်ကောင်လေးတွေနဲ့ ၊ ပြီတော့ ဘာမှန်းမသိတဲ့ အရွက်စိမ်းစိမ်းတချို.ရယ် ဟဒါပဲလား ဆိုပြီးမေးလိုက်တော့ နောက်ထပ်လက်မ ထပ်ထောင်ပြလို့  ကမန်းကတန်း လက်ကာပြလိုက်ရသေး။ မတော်လို့  အဲဒီလက်မကြီး စွပ်ပြုတ်ပန်းကန်ထဲ ရောက်လာမှ ဒုက္ခနော်။

ထူးပါဘူး ဗိုက်ဆာဆာနဲ့  အားပါးတရ ခပ်သောက်လိုက်တော့ ဟိုက်ရှားဘား ခေါင်းပေါ်က ရှိသမျှဆံပင်တွေ အကုန်ထောင်ကုန် ပါရောလား။ ပူချက်ဗျာ စွပ်ပြုတ်ပူပူမှာ ငရုတ်ကောင်းမှုန့် နိုင်ချင်းခတ်ထားတာ ပါးစပ်ထဲ ပင်နာတူဘိုမီးတောင် ပေါက်နေသလား မှတ်ရတယ်။ သေပြီဟ ဒီစွပ်ပြုတ်သာ အကုန်ဆက်သောက်လို့ ကတော့ သေချာတယ် ဒီည အိမ်သာထဲမှာပဲ အိပ်ယာလုပ်အိပ်ရမှာ။ နောက်ဘာလာဦးမလဲ မျှော်နေတုန်း လာချတာက စပါဂတီလိုလို ခေါက်ဆွဲကြော်လိုလိုတစ်ပွဲနဲ့  သိုးသားကြော်ချက်တစ်ပွဲ၊ ဆလပ်တစ်ပွဲရယ် ဒါပဲ။ ဇင်ယော်ကလည်း ခေါက်ဆွဲကြော်ဆို ဘယ်လိုမှ ခံတွင်းတွေ.တဲ့ ကောင်မဟုတ်ဘူး။ ခုတော့ ဒါကိုပဲ အဟုတ်ကြီးလုပ်ပြီး စားရတော့မယ်။ မှတ်ပြီလား ကိုလက်မကြီးရေ။ ထောင်ပြစမ်းပါဦး နောက်ထပ်မဟုတ်တရုပ်တွေ။ စိတ်ထဲကနေ ခုန ၀ိတ်တာကို ရေရေလည်လည်ကို ကြိမ်ဆဲနေတော့တာ။

စိတ်တိုတိုနဲ့  ခေါက်ဆွဲကို စားပွဲပေါ် တွေ.ရာ ဆော့စ်ဆမ်းပြီး တီးရတော့တာပေါ့။ အမ် ဒင်းကလည်း စပ်တယ်ဗျ။ ခေါက်ဆွဲက စပ်ရတဲ့ ကြားထဲ ဆမ်းမိတဲ့  ဆော့စ်က လူဝီစီယားနားငရုတ်သီးဆော့စ် ပုလင်းအကြီးပါလားဗျာ။ တကယ်ပြောတာ ထိုင်ငိုချင်စိတ် ပေါက်သွားတယ်။ ဒီညတော့ ငါ့ဘ၀ ငရုတ်သီးခွက်ထဲ ပက်လက်မျောရတော့မယ် ထင်ပါရဲ့ဆိုပြီးတော့လေ။ စိတ်ကလည်းတို ဒေါသကလှိမ့်ပြီးတော့ထွက် ငရုတ်သီးစပ်တာပါ ပေါင်းပြီး လူကတရှုးရှုးရှဲရှဲနဲ့ ။ ပြီးမှ ဖြစ်သေးပါဘူး တော်ကြာငါ့ကို နွားသိုးကြီး နှာမှုတ်နေတယ်ထင်ပြီး သူတို့ ဆီက နွားရိုင်းသတ်ပွဲပို့ လိုက်မှဖြင့် ဒုက္ခဆိုပြီး အသာလေးကြိတ်မှိတ်ပြီး မြိုချနေရတာပေါ့။

ကြာတော့ ဗိုက်ကဆာနေပေမယ့် ပါးစပ်က မခံနိုင်တော့ဘူး။ စပ်လွန်းလို့  ချွေးတွေလည်းထွက်၊ လျှာကလည်း အပြင်တစ်တောင် လောက်ရောက်၊ မျက်လုံးကြီးပြူးပြီး ဇင်ယော်ကနေ ဇီးကွက်ဖြစ်တော့မယ်။ ရေတစ်ဖန်ခွက်ကလည်း ခုနတည်းက ကုန်ပြီ။ ဟိုပြေးဒီပြေးနဲ့  အလုပ်များနေတဲ့  ကိုယ်တော်ချောကို လှမ်းခေါ်ရတော့တာပေါ့။ ဆရာသမားက ခဏလေးပါတဲ့  ပြေးရင်းလွှားရင် လက်ကလေးထောင်ပြတယ်။ ၀ါးတားမြန်မြန်ယူခဲ့ လို့ အော်ပြီး ဖန်ခွက်ကို လက်ညှိုးထိုးပြတော့ နားမလည်တဲ့ ပုံလေးနဲ့  အဝေးက မျက်လုံးကြီးပြူးပြတယ်။ ဇင်ယော်ဒေါသက မထိမ်းနိုင်တော့ဘူး။ ၀ါးတားဆိုတာ ဟောဟို ရေတံခွန်ပေါ်က စီးကျနေတဲ့  နင့်အမေလင် ရေတွေပဲကွဆိုပြီး ရေတံခွန်ကို လက်ညှိုးထိုးလို့  ဗမာလို အော်ဆဲမိတော့တာပဲ။ အဲဒီတော့မှ ခပ်ကုပ်ကုပ်လေးပြေးတော့တာ။ ရေယူလာမလားအောက်မေ့လို့  စောင့်နေမိပါတယ်။ ကိုယ်တော်ချောက ရေတံခွန်လေးနားမှာ တစ်ယောက်ထိုင်စာ ခုံလေးသွားခင်းပြီး ဇင်ယော်လေးစားနေတဲ့  စားပွဲပေါ်က ပန်းကန်တွေယူပြီး အဲဒီစားပွဲလေးပေါ် ပြေးပြီးတင်တော့တာပဲဗျာ။

ဒင်းဘာသာပြန်လိုက်တာက ရေတံခွန်နားမှာ စားချင်လို့  နေရာပြောင်းခိုင်းတယ် ထင်သွားတယ်လေ။ အောင်မလေးဗျာ လွဲချက်က တော်တော်ရင်နာဖို့ ကောင်းတယ်။ ဇင်ယော် ဘာပြန်ပြောရမှန်းကို မသိတော့ဘူး။ စိတ်တိုဒေါသထွက်တာရော စိတ်ညစ်တာရော ပူစပ်နေတာရော အာလုံးပေါင်းပြီး မျက်လုံးကြီးပြူး၊ ပါးစပ်ကြီးဟပြီး ဒင်းကို ထိုင်ကြည့်နေမိတယ်။ ဇင်ယော်လေးအဖြစ်ကို မြင်မိတဲ့  မလှမ်းမကမ်းက ၀ိုင်းကလူတစ်ယောက်က ထလာပြီး သူဘာများကူညီပေးရမလဲတဲ့  ဘိုလိုလာမေးရှာတယ်။ အောင်မလေး ကျေးဇူးရှင်ရယ် ခုနတည်းက ပေါ်လာပါတော့လား။ ဇင်ယော်လေးလည်း ဖြစ်သမျှအကြောင်း နတ်သံနှောလို့  ဇာတ်စုံခင်းရတာပါ့။ အဲဒီတော့မှ အကြာင်းစုံသိရတဲ့  ဆရာသမားလည်း ရေသန့် အေးအေးတစ်ဗူး အမြန်ပြေးယူပြီး ဇင်ယော်လေးကို တောင်းပန်တော့တယ်။ ဘေးဝိုင်းကလူက ဘာသာပြန်ပေးတော့လည်း သူမသိလို့ ပါလားဆိုပြီး ကျေနပ်ရတော့တာပေါ့။ အားလုံးပြီးလို့  ပြန်မယ်လုပ်တော့ ခုန၀ိုင်းကို သွားပြီး ကျေးဇူးတင်စကားပြောရတာပေါ့။ သူတို့ က တခွိခွိနဲ့  အကြောင်းစုံသိလိုက်ရတာကိုး။ ၀ိတ်တာ ဆရာသမားကတော့
မျက်နှာလေး မချိုမချဉ်နဲ့  ဘလာဘလာ လာပြောနေသေးတယ်။ အသာလေးလက်ကာပြပြီး ရပါတယ်၊ နားလည်ပါတယ်ဆိုပြီး ပြန်လာရတယ်။ အော် ဘာသာပြန်လွဲချက်ကတော့ တစ်သက်မှာတစ်ကိုယ် မှတ်သားလောက်ပေတယ်ဗျာ။ ။ ။

Wednesday, October 1, 2008

ကျနော်နှင့်ပထမဆုံးများ

ဟဲဟဲ လာပြန်ပြီ နောက်တက်ဂ်တစ်ခု။ တက်ဂ်ဆိုရင် အခုနည်းနည်း သွေးလန့် နေတယ်။ ခဲမှန်ဖူးတဲ့  စာသူငယ်လို လေးညှို.သံကြားရင် နေစရာမရှိ ဖြစ်နေလားမသိဘူး။ အဟီး မောင်နှမတွေကို ခင်လို့ စတာပါဗျာ။ စိတ်မဆိုးကြပါနဲ့ ။ တက်ဂ်ထားတာတော့ ကြာပါပြီ။ ရေးဖို့ ပြင်ရင်းနဲ့ ပဲ အကြောင်းကြောင်းတွေကြောင့် တော်တော်နဲ့  မရေးဖြစ်တာဗျ။ တက်ဂ်ထားတဲ့သူကတော့ ကျနော် ဘလော့ရေးခါစတည်းက ခင်မင်ရတဲ့ အစ်ကိုကြီးပါ။ သူ့ ဘလော့မှာ ကဗျာလေးတစ်ပုဒ်တွေ့ မိလို့  ကျနော်လည်း အားကျပြီး လင်္ကာလေးတစ်ပုဒ် လိုက်ရေးမိတာ နည်းတောင်နည်းသေးတယ်ဆိုပြီး အားပေးခဲ့တဲ့ ကျနော်ရဲ့ ချစ်လှစွာသော အစ်ကိုကြီး ကိုအောင်သာငယ်ပါဗျာ။ အဟီး မရေးလို့ လည်း မရတော့ဘူး။ တော်တော်များများက ရေးပြီးနေပြီ။ တော်ကြာ ပထမဆုံးများကို နောက်ဆုံးမှရေးသူဆု ရနေရင် ဒုက္ခ။ နောက်ပြီး အိမ်ရှေ.ကနေ ဇင်ယော်ကြီးညာတယ် ဆိုပြီး ဘကြီးအောင် အဲဗျ မှားလို့  ကိုကြီးအောင်က သီချင်းလုပ်ဆိုနေမှာလည်း ကြောက်ရသေး။ နောက်ဆုံးတော့ 256 Mb ပဲရှိတဲ့  ဦးနှောက်ကို ဖွင့်ပြီး အသည်းအသန် ရှာဖွေရေးလုပ်ကာ ပထမဆုံးများကို ချရေးလိုက်ပြီဗျို.။ ( ကိုကြီးအောင် ရေးသလို လိုက်ရေးထားတာပါ။ အစီအစဉ် ကျချင်မှ ကျပါလိမ့်မည်။ သည်းခံ၍ ဖတ်ရှုတော်မူကြပါကုန်။ )


ပထမဆုံးတက်ရသည့် ကျောင်း - သင်္ဃန်းကျွန်း ဆရာအတတ်သင် လေ့ကျင့်ရေးမူလတန်းကျောင်း။

ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်းပေါ့ဗျာ ( ဟီး တစ်ခန်းပဲရှိတာဗျ )

ပထမဆုံး အတန်းပိုင်ဆရာမ - အဟဲ နံမည်တော့ မမှတ်မိတော့ဘူး။ မှတ်မိတာက ခေါင်းခေါက်တာတော့ ထူပူနေအောင် ခေါက်တာဗျ။ ( ဆရာမက လက်ရေးလှရေးရင် ပုလဲလုံး၊ ရွဲလုံးလေးတွေလိုရေးတဲ့ ။ မြင်မှမမြင်ဖူးပဲဟာ။ မြင်ဖူးတဲ့  ပဲပင်ပေါက်ကို ကောက်ရိုးနဲ့ သီထားသလို ရေးလိုက်တာ ဒေါက်ဒေါက်နဲ့  ခေါင်းကို တေဇောဘမ်းလိမ်းထားသလား အောက်မေ့ရတယ်။ )

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - မိုးသူအောင် ( ကျနော့်အစား သူပဲလက်ရေးလှရေးပြီး ခဏခဏ ခေါင်းခေါက် မခံ ရအောင် ကူညီရှာတဲ့ သူငယ်ချင်းပါ )

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - သဲသဲအေး ( ကျနော်ကတော့ အဲဒီအချိန်တည်းက သူ့ ကို သဲလေးလို့ ခေါ်တယ်ဗျ။ ခုတော့ ဘယ်ရောက်နေမှန်း မသိ။ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ )

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ဗုဒ္ဓ၀င် ပုံပြစာအုပ် ( အဟဲ အဓိကကတော့ ပုံတွေလိုက် ကြည့်တာ။ ပြန်ပြောပြရင် အဖိုးက မုန့် ကျွေးတယ် )

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - မမ ၀၀ ထထက ။ အက ပထမ။ ကပါကပါ မမရာ။ ညညလ သာသာ။ ညအခါ .... မှတ်မိတော့ဘူးဗျ။

ပထမဆုံး ရဖူးသောဆု - သူငယ်တန်း ဒုတိယဆု ( ဟဲဟဲ အဲဒီတည်းကတော်ချက်၊ ကြီးတော့မှ ချာတူးလန်သွားတာ )

ပထမဆုံး စီးရသော ဘတ်စ်ကား - မ.ထ.သ. (၃၈) ဘတ်စ်ကား။ ( ကြပ်ကကြပ်၊ အသက်ရှုလို့ မ၀နဲ့  ဆင်းပြေးမယ်လုပ်လို့  အမေက မနည်းဆွဲထားရတယ် )

ပထမဆုံး ဆိုခဲ့သော သီချင်း - အဟီး ကမ္ဘာမကြေပေါ့ဗျာ။ ( ကျောင်းဆင်းချိန်ဆို အားရပါးရ ဆိုလို့ ကောင်းလိုက်တာ။ အိမ်ပြန် ရတော့မယ်လေ )

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - ချစ်မိတော့လည်း အပြစ်ရှိမှာ မကြောက်ပါဘူး။ ဒါပေမယ့် ပြန်မချစ်မှာတော့ ကြောက်တယ် ( ဟီးဟီး ဒီလိုဒီလို အရေးကောင်းတာ )

ပထမဆုံး ကဗျာ - ပြိုင်မြင်းတွေ မျဉ်းပြိုင်တွေကြား ပြေးနေတာကို မြင်းပွဲတဲ့။ လူသားတွေ လောဘ၊ဒေါသ၊မောဟတွေကြားမှာ ပြေးနေတာကိုရော..... အဲဒါ ဘ၀ ပဲနေမှာပေါ့။ ( ဘာရယ်မဟုတ်ပါဘူး။ စိတ်ညစ်နေတုန်း ချရေးမိတာ၊ ကဗျာလိုလို စာလိုလိုပေါ့ဗျာ )

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ကျိုက်ထို ( ကျိုက်ထီးရိုးတက်ရင်း ရောက်ဖူးခဲ့တာ )

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ဟောင်ကောင် ( အဲဒီတုန်းက တရုတ်အောက် မရောက်သေးဘူး )

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - ဂျိုးသိန်း။

ပထမဆုံး သောက်ဖူးသော အရက် - ဆမ်တိုရီ ၀ီစကီ ( ၆တန်းတုန်းကပါ။ ဘိုးတော်လက်ဆောင်ရထားတဲ့ ပုလင်းကို ဘီဒိုထဲ ထည့်ထားတာ။ ဘာမှန်းမသိလို့  စူးစမ်းချင်တာနဲ့  မြည်းကြည့်တော့ ကောင်းသဟ။ ဒါနဲ့  မြည်းရင်းမြည်းရင်း တော်တော်လေး လျော့သွားတော့ ဖြစ်ချေဘူးဆိုပြီး ရေနွေးကြမ်းတွေ ပြန်ရောထားတာ သိသွားတော့ ရေရေလည်လည် အဘေခံရတော့တာပဲ။ )

ပထမဆုံး ပစ်ဖူးသော သေနတ် - အဟဲ ကျိုက်ထီရိုးသေနတ်လေ။ ကျည်ဆံမကုန်ဘူး။ လှည့်ရင်လှည့်သလောက် အသံထွက်တယ်။

ပထမဆုံး ဘလော့ပို့စ် - နှုတ်ခွန်းဆက်စကား

ပထမဆုံး ရဖူးသော လက်ဆောင် - ၄ တန်းတုန်းက ကျောင်းပြောင်းခါနီး ဖိုးငယ်ဆိုတဲ့ သူငယ်ချင်းကပေးတာ၊ ရောင်စုံခဲတံလေးတွေ။ ( အခုထိ သိမ်းထားတယ် )

ပထမဆုံး အကြိမ် ထီပေါက်ခြင်း - ၃ လုံးပေါ့။ ၉၈တုန်းကလေ။ အိပ်မက်ကို အတိတ်ကောက်ပြီး ထိုးတာ။ ပေါက်ချင်လို့ သာ ပေါက်တာ။ ကောက်လိုက်တာက တလွဲကြီး။ ( တနင်္လာကို ၁၊ အင်္ဂါကို ၂ ဆိုပြီး )

ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - ၉တန်း ဇ၀နမှာ ကျူရှင်တက်တုန်း ကျူရှင်နားက လက်ဖက်ရည်ဆိုင် ( ခုတော့ မရှိတော့ဘူး ) ( လက်ဖက်ရည်ကောင်းမကောင်းတော့ မှတ်မိဘူး။ ကောင်မလေးတွေကတော့ တော်တော်လှတယ်ဗျ။ )

ပထမဆုံး ၀င်ငွေရှာသော အလုပ် - မုန့် ဖိုးမပေးလို့ ဆိုပြီး အဖေ့ဆိုင်ကယ်ထဲက ဆီတွေထုတ်ရောင်းတာပေါ့။ သိသွားတော့ ကျောပြင်ကို ဗျောတင်ရော။

ပထမဆုံး ရဖူးသော လစာ - ၇၀၀ လား သေသေချာချာ မမှတ်မိဘူး။ အကုန်လုံး အမေ့ကို အပ်လိုက်တယ်။ ပြီးမှ ပြန်တောင်းသုံးတာ အဆပေါင်း ရာထောင်ချီလို့ ။

ပထမဆုံး ရင်ခုန်မှု - ( အဟီး အစ်ကိုအောင်ရေ ဒါတော့ တူသွားလို့  သည်းခံပါ။ ) ပထမဆုံး အကြိမ်ရည်းစားစာ လိုက်ပေးတုန်းက။ ( သူငယ်ချင်းတွေ ကောင်းမှု အကြောင်းပြုလို့  သူလေးကို ကျောင်းအဆင်းမှာ ရည်းစားစာ လိုက်ပေးရတာ။ )
ဟဲ့ ဟဲ့ ခဏလေးနေပါဦး။
ဘာလဲ ဘာလုပ်မလို့ လဲ။
ဒီစာလေး ယူသွားပါဟာ။
ဘာစာလဲ။
ရည်းစားစာ။
ဘာ ( အသံနည်းနည်း ကျယ်သွားတယ် )။
ဟာ နင်ကလည်း တိုးတိုးအော်ပါဟ။ ဟို စာအိတ်က မ၀ယ်ရသေးလို့  ဒီအတိုင်းပဲ ခေါက်ထားတာ ယူသွားပါနော်။ ခြေထောက်လေးဆောင့်ပြီး ယူသွားတော့ ပျော်လိုက်တာ။ နောက်နေ့  ချက်ချင်းအဖြေရတာပဲ။ သူ့ ဆီကတော့ ဟုတ်ဘူး။ ကျောင်းအုပ်ဆရာမကြီးဆီက။ ရုံးခန်းကို ကြွမြန်းတော်မူပါတဲ့။

ပထမဆုံး ဝယ်သော သီချင်းခွေ ( ကက်ဆက်ခွေ) - ဇော်ဝင်းထွဋ္ဋ်ရဲ. ဒုတိယမြောက်ထွက်တဲ့ အခွေ ( နံမည်တော့ မှတ်မိတော့ဘူး )

ပထမဆုံး အကြိမ်ဝယ်သော ဂစ်တာ - အဟီး သူငယ်ချင်းဂစ်တာ ယူပြီး တီးကြည့်တော့ သြဘာပေးတယ်။ A to Z ရှိသမျှ တစ်ခုမှ ကီးမကိုက်ဘူးတဲ့ ။ စိတ်နာလို့  မ၀ယ်လိုက်ရဘူး။

ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ - Guns & Roses

ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ဝတ္ထုစာအုပ် - အသေအချာတော့ မမှတ်မိဘူး။ Tom Clancy ရေးတာ။ ရုရှားက MIG တိုက်လေယဉ်ကို အမေရိကန်စပိုင်က သွားခိုးတဲ့ အကြောင်း ရေးထားတာ။

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း - မှတ်မှတ်ရရ ၉ တန်းနှစ်က။ အိမ်စာတွေ မပြီးသေးလို့  သင်္ချာကမန်းကတန်းတွက်နေပါတယ်ဆိုမှ မော်နီတာဆိုတဲ့ ကောင် အနားမှာလာပြီး ဘလာဘလာ လုပ်နေတာ။ အမြင်ကပ်ကပ်နဲ့  ထောက်ချွန်နဲ့ သူ့ လက်ဖ၀ါး မိတ်ဆက်ပေးလိုက်တယ်။ မှတ်ကရော။ လူလည်း ကျောင်းမထွက်ရတာ ကံကောင်း။

ပထမဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း - သေသေချာချာ မှတ်မိတော့ဘူးဗျ။ ပထမတန်းနဲ့ တူတယ်။ သေချာတာက စာမရလို့  အဘေခံလိုက်ရတယ်။

ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ၈ တန်း။ ( မပြေးဖူးလို့  ဘယ်လိုနေလည်း သိချင်လို့  ပြေးကြည့်တာ )

ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - ကျောင်းရှေ.က ပန်းခြံပေါ့။

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - ၁၉၉၆ ( Visit Myanmar Year အမှတ်တရပေါ့ )

ပထမဆုံး သောက်ဖူးသော စီးကရက် - ဒူးယား။ ( စတိုင်လေးရှိမလား သောက်ကြည့်ပါတယ်။ တခါတည်း ကြိုက်သွားပါလေရော။ ) ( ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ )

ပထမဆုံးဖတ်ခဲ့သောဝတ္ထု - ဆရာမင်းသိင်္ခရဲ. ဆားပုလင်းနှင်းမောင်နဲ့ မမင်းဖြူမှန်မှန်ပြော။

ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း - ပြောပြီးပြီလေ ကမ္ဘာမကြေပါဆို။

ပထမဆုံး တက်ခဲ့ဖူးသော ဆေးရုံ - ကလေးဆေးရုံပေါ့။ မွေးကာစ ကျန်းမာရေးမကောင်းလို့  တက်ခဲ့ရသေး။

ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ - ညီမ ရွှေပြည်သူ

ပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ - ညီငယ် မောင်မျိုး

( အကြွေးဆပ်ဖို့ ရေးနေတုန်းလေး ညီငယ် မောင်မျိုးနဲ့  ညီမ ခေါင်ခေါင်က လာအော်သွားသေးတယ်။ ပထမဆုံးအကြောင်း ရေးပေးပါတဲ့ ။ ကဲ ရေးပြီးပြီဗျ။ ဖတ်ပေတော့။ )