Monday, September 29, 2008

အ၀ါရောင်စာရွက်လေး

တိတ်ဆိတ်ငြိမ်သက်မှုတွေ ကြီးစိုးထားတဲ့ ရုံးခန်းလေးထဲရှိ နောက်မှီကုလားထိုင်လေးပေါ်မှာ အသာအယာ မှီထိုင်လိုက်ရင်း ကျနော် ပြောစရာ စကားလုံးတွေကို စိတ်ကူးထဲမှာ ရွေးချယ်နေမိသည်။ ဒီနေ့  ကျနော်နှင့်တွေ့ ဆုံရန် သူတို့ လာကြပေလိမ့်မည်။ ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေး အားပေးနေမိသည်။ ငါလုပ်ပေးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် သူ့ အတွက် ငါ မဖြစ်ဖြစ်အောင် ကူညီပေးနိုင်မှာပါ။

ထိုင်နေရင်းက သူ့ အကြောင်းလေးကို တွေးတောနေမိသည်။ အမြဲတမ်း ပျော်ရွင်ရယ်မောနေတတ်တဲ့၊ ဖြတ်လတ်တက်ကြွတဲ့၊ စာပေထူးချွန်တဲ့ သူ့ နဂိုပုံရိပ်လေးတွေ ပျောက်ဆုံးသွားခဲ့တာ မဝေးသေးသောကာလ၊ လပိုင်းမျှသာရှိပေဦးမည်။ ခုချိန်မှာတော့ တွေဝေ ငေးမှိုင်နေလေ့ရှိပြီး ကျောင်းစာကိုလည်း စိတ်မ၀င်စားတော့ပဲ ကျောင်းဆင်းချိန်မှာ ကျောင်းအားကစားကွင်း မြက်ခင်းအစပ်လေးမှာ တစ်ယောက်တည်း သွားပြီးထိုင်နေတတ်တဲ့  သူ့ အကြောင်းကို ကျနော်တွေးရင်း ရင်ထဲမှာ နာကျင်နေမိသည်။ ကျောင်းဆရာ တစ်ယောက် ဖြစ်တဲ့  ကျနော့်အဖို့ တော့ အဖိုးတန်ကျောက်မျက်တစ်ပွင့် ဖြစ်လာနိုင်စရာရှိသည့် ကျောက်ရိုင်းတုံးလေးကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ပေ။ ဒါ့ကြောင့်လည်း အကြောင်းရင်းအမှန်ကို စုံစမ်းမိတော့ ရင်ထဲမှာ သူ့ ကို အတော်သနားသွားမိသည်။

သူဆိုတဲ့  တော်မီလေးရဲ. မိဘနှစ်ပါးက မကြာသေးခင်ကမှ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့  တစ်ယောက်တစ်နေရာစီ ခွဲခွာနေထိုင်နေကြပြီး တရားဝင်ကွာရှင်းပြတ်စဲဖို့  စီစဉ်နေကြတာတဲ့။ လောလောဆယ် တရားဝင်အုပ်ထိမ်းခွင့်ကို တရားရုံးမှ အမိန့် မချမချင်း သူကတော့ အဖိုးအဖွားတွေဆီမှာ ခဏတာ မှီခိုနေရသည်။ စိတ်နှလုံးကြေကွဲနေတဲ့ ကလေးတစ်ယောက်ရဲ.ရင်ထဲမှာ ပျော်ရွင်မှုတွေ ပြန်လည်မွေးဖွားလာအောင် ကျနော်ဘယ်လိုဆောင်ကြဉ်းပေးနိုင်မလဲ နေ့ စဉ်နဲ့ အမျှတွေးတောရင်း ကျနော် တော်မီလေးရဲ့ မိဘနှစ်ပါးနှင့်  တွေ့ ဆုံဆွေးနွေးဖို့  ဆုံးဖြတ်လိုက်သည်။ ဒါ့ကြောင့်လည်း တော်မီလေးရဲ့ မိခင်နှင့် ဖခင်ဆီကို ကျောင်း ကိစ္စှနှင့် ပတ်သက်ပြီး ကျနော်နဲ့ လာတွေ့ ဖို့  စာတစ်စောင်စီ ပို့ လိုက်တာပါ။ ဒီနေ့  ကျနော်နဲ့ တွေ.ဖို့  သူတို့  လာကြပေလိမ့်မည်။

တွေးတောနေရင်းက တော်မီလေးရဲ့ အဖေနဲ့ အမေတို့  မရှေးမနှောင်းပင် ရောက်လာကြပေပြီ်။ ခရီးဦးကြိုနှုတ်ဆက်ကာ ကျနော့်စားပွဲရှေ.က ကုလားထိုင်တစ်လုံးစီမှာ နေရာချပေးလိုက်သည်။ သူတို့ ကို မသိမသာ အကဲခတ်ရင်း တော်မီလေးရဲ့ ပညာရည်တိုးတက်မှု မှတ်တမ်းနှင့် အခြားသော သက်ဆိုင်ရာ စာရွက်စာတမ်းအချို.ကို အံဆွဲထဲမှ ဆွဲထုတ်လိုက်သည်။ သူတို့ က တစ်ဦးကိုတစ်ဦး မသိကျိုးကျွံပြုလျှက်၊ စကားတစ်ခွန်းမျှမဆို၊ မသိလိုက်မသိဘာသာပင်။ အရွယ်နဲ့ မမျှအောင် ခံစားနေရတဲ့  ကြေကွဲဝမ်းနည်းနေတဲ့  ကလေးတစ်ယောက်ရဲ့ ရင်ထဲကခံစားချက်၊ အပြုအမူအနေအထိုင်တွေက သူချစ်မြတ်နိုးရတဲ့ မိဘတွေရဲ့ ခွဲခြားနေထိုင်မှု၊ ကွာရှင်းပြတ်စဲ ဖို့ စီစဉ်နေမှု၊ မိဘရင်ငွေ့ အောက်မှာ နေထိုင်ရမယ့်အရွယ်မှာ အခြားသူတွေရဲ့ အုပ်ထိမ်းမှုအောက်မှာ နေထိုင်ရမှု စတာတွေရဲ့ ရိုက်ခတ်ခြင်းဆို သူတို့ တွေ သိမှသိပါလေစ။

ကျနော်တည်ငြိမ်အေးဆေးစွာပဲ သူတို့ ကို တော်မီလေးရဲ့ ပညာရည်မှတ်တမ်း၊ဘက်စုံတိုးတက်မှုမှတ်တမ်းနဲ့  အခြားသောသက်ဆိုင်ရာ စာရွက်စာတမ်းတချို.ကို လက်ဆင့်ကမ်းကာ ဖတ်ရှုစေလိုက်သည်။ အားလုံးရဲ့ ဘားဂရပ်တွေက ထိပ်ဆုံးမှ အောက်ခြေကို ထိုးကျသွားတာ သူတို့ သတိထားမိစေချင်သည်။ ပြီးတော့မှ ကျနော် တော်မီလေးရဲ့ အပြုအမူအနေအထိုင်တွေ ပြောင်းလဲသွားပုံ၊ ကျောင်းစာနဲ့  ပတ်ဝန်းကျင်ကို စိတ်မ၀င်စားတော့ပဲ တစ်ယောက်တည်း အထီးကျန်နေလေ့ရှိပုံတွေကို သူတို့ ကို အသေးစိတ်ရှင်းပြလိုက်သည်။ ဒါတွေအားလုံးဟာ မိဘနှစ်ပါးလုံးမှာ လုံးဝတာဝန်ရှိကြောင်း၊ ကြာရင် တော်မီလေးတစ်ယောက် ပတ်ဝန်းကျင်နဲ့  တဖြည်းဖြည်း ကွဲကွာသွားပြီး အထီးကျန်စိတ်ဝေဒနာ ခံစားရမှာဖြစ်ကြောင်း။ နောက်ဆုံးမှာ လူ့ အဖွဲ့ အစည်းကို အကျိုးမပြုနိုင်ပဲ လူဆိုးလူပေလေး
ဖြစ်သွားမှာ စိုးရိမ်မိကြောင်း၊ ကျနော်အကြာကြီး ပြောဆိုနေမိသည်။ သူတို့ တွေဆီက စကားတစ်ခွန်းမှ မကြားရ။ သို့ ပေမယ့် စိတ်ရှုတ် ထွေးပြီး စိုးရိမ်ပူပန်သောကတွေနဲ့  ပြည့်နှက်နေတဲ့  သူတို့ ရဲ. မျက်နှာတွေက တော်မီလေးအပေါ် သူတို့  ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေခံနေတာပဲလေ။

နောက်ဆုံးအနေနဲ့  သူတို့ မိသားစုလေးအတွက် ကျနော်ကြိုးစားကြည့်ချင်သေးသည်။ ကျနော် အံဆွဲထဲမှ ကြေမွနေသော၊ ၀ါကြင့်ကြင့် စာရွက်လေးတစ်စောင်ကို အသာအယာ ထုတ်ယူလိုက်သည်။ ဒီစာရွက်လေးကို ကျနော် ပီတာလေးရဲ့ စားပွဲခုံအောက်က ကောက်ရ ခဲ့တာပါ။ လုံးချေထားတဲ့  စာရွက်လေးကို ဖြန့် ကြည့်လိုက်တော့ အ၀ါရောင် စာမျက်နှာ နှစ်ဘက်လုံးမှာ စာကြောင်းလေးတချို.ကို ထပ်ကာထပ်ကာ ရေးသားထားသည်။ အချို.နေရာတွေမှာ မျက်ရည်စက်တွေ စွန်းထင်းလို့ နေလေရဲ့။ ကျနော်စာရွက်လေးကို ဖတ်နေရင်းက နှလုံးသားကို တစုံတရာက ဖြစ်ညှစ်နေသလို ခံစားခဲ့ရသည်။

ကျနော်စာရွက်လေးကို ပီတာလေးရဲ့ အမေဆီ အရင်ဆုံးကမ်းပေးလိုက်သည်။ ဖတ်နေရင်းက စာရွက်လေးကို ကိုင်ထားသည့်လက်တို့  တဆက်ဆက်တုန်ကာ ရှိုက်သံသဲ့သဲ့မျှ ကြားလိုက်မိသည်။ ပြီးတော့ အဖေဆီသို့  သူမလက်ဆင့်ကမ်းပေးလိုက်သည်။ သူက ပထမစာရွက်လေးကို နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကုပ်ပြီး ကြည့်နေသည်။ ပြီးတော့ တဖြည်းဖြည်းပြေလျော့လာကာ စိတ်ထိခိုက်သည့်ပုံဟန်က သူ့ မျက်နှာပေါ်မှာ အထင်းသား မြင်နေရသည်။ သူစားရွက်လေးကို သေသေချာချာခေါက်ပြီး အကျီအိတ်ထဲသို့  ယုယုယယ ထည့်လိုက်သည်။ ပြီးတော့မှ သူမ၏ တုန်ယင်နေသော လက်တစ်ဘက်ကို အသာအယာဆွဲယူရင်း သူမပါးပြင်ပေါ်က မျက်ရည်တွေကို လက်ကိုင်ပ၀ါဖြင့် အသာလေးတို့ ထိကာ သုတ်ပေးနေသည်။ သူမကလည်း သူ့ ပခုံးထက်မှာ ခေါင်းမှီငိုရှိုက်ရင်းက သူ့ ကို ပြန်လည်ပြုံးပြသည်ကို ကျနော်တွေ့ လိုက်ရသည်။

ကျနော်ထိုင်ခုံမှ အသာထကာ ပြတင်းပေါက်မှာ မတ်တပ်ရပ်ရင်း အဝေးကရှုခင်းပန်းချီကားလေးကို ငေးမောနေမိသည်။ သူတို့ တတွေ ကဖြင့် ကျနော့်ကို သတိထားမိဟန်မတူ၊ မြင်ပုံလည်းမပေါ်။ ကျနော်ကရော တဖြည်းဖြည်း အမြင်အာရုံတို့ ကေ၀၀ါးသွားကြသည်။ ပတ်ဝန်းကျင်ကို တိုက်ခတ်လာသည့် လေနုအေးက ကျနော့်ပါးပြင်ပေါ်က အေးစက်စက်မျက်ရည်စီးကြောင်းတို့ ကို ခြောက်ခမ်း သွားအောင် အသာအယာပွတ်သပ်လို့  ကျီစယ်သွားလေသည်။ ရင်ထဲမှာ အသာလေး ဆုတောင်းနေမိသည်။ ဒီမိသားစုလေး ပျော်ရွင်ချမ်းမြေ့တဲ့  အိမ်ဂေဟာလေးကို အမြဲထာဝရ ပိုင်ဆိုင်နိုင်ပါစေလို့ ။

ဘုရားသခင်က ဒီမိသားစုလေး ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဒီစာရွက်လေးကို ကျနော်မတွေ.တွေ.အောင် အသေအချာ ညွှန်ပြ ခဲ့ တာပါ။ တကယ်တမ်းပြောရရင် မျက်ရည်စက်တွေ စွန်းထင်းနေတဲ့ ဒီစာရွက်လေးက ကလေးတစ်ယောက်ရဲ့ ဒဏ်ရာရနေ တဲ့ နှလုံးသားက ဝေဒနာတွေကို ဖွင့်လှစ်ပြသလိုက်တဲ့ နေရာလေးတစ်ခုပါ။ သူ့ ရဲ့ မပီဝိုးတ၀ါး အိပ်မက်လေးတွေကို တကယ်တမ်း ဖြစ်လာစေဖို့  ဆုတောင်းခဲ့ တဲ့စာရွက်လေးပါ။ သေချာပါတယ် ဒီစာရွက်လေးမှာ သူ့ နှလုံးသွေးတွေကို မှင်လုပ်လို့ ရေးခြစ်ခဲ့ တာ စာမျက်နှာနှစ်ဘက်လုံးအပြည့်။ စာကြောင်းလေးတွေက အများကြီး မဟုတ်ပါဘူး။ ၃ကြောင်းတည်းရယ် ................................

"............ဖေကြီးကိုချစ်တယ်......"
"............မေကြီးကိုချစ်တယ်......"
"............သားတို့ တူတူနေချင်တယ်........." တဲ့။

( နုနယ်တဲ့နှလုံးသားလေးတွေ မထိခိုက်မနာကျင်စေဖို့ ၊ အဖြူရောင်နှလုံးသားနုနုလေးတွေကို အရောင်မဆိုးမိစေကြဖို့  Chicken Soup of the Soul မှ Jane Lindstorm ရဲ့ Tommy's Essay ကို ခံစားပြီး ရေးဖွဲ.လိုက်တာပါ။ )
( ကျနော် အဆင်မပြေတဲ့ကာလမှ ဂရုတစိုက်နဲ့  စိတ်ပူပေးကြတဲ့ ၊ ဘလော့မှာသာမက မေးလ်နဲ့ ပါ အားပေးကူညီခဲ့ကြတဲ့  ညီအစ်ကို မောင်နှစ်မအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။ စိတ်ပူအောင် လုပ်ခဲ့မိလို့  ဒီပို့ စ်လေးကို အချိန်မှီရေးပြီး တောင်းပန် လိုက်ပါတယ်ဗျာ။ ညီအစ်ကို မောင်နှစ်မအားလုံး ကျေနပ်ပျော်ရွှင်နိုင်ကြပါစေလို့ ။ )

Thursday, September 25, 2008

နားလည်နိုင်ပါစေ

အမှန်အတိုင်း ပြောရရင် ကျနော်က စာတွေဖတ်နေရရင် ပျော်နေတတ်တဲ့သူ တစ်ယောက်ပါပဲ။ ဘယ်လိုစာမျိုးပဲဖြစ်ဖြစ် ကိုယ့်ကို လမ်းမှားရောက်အောင် တွန်းပို့ တဲ့ စာကလွဲရင် တော်တော်များများကို ကျနော်ဖတ်လေ့ရှိပါတယ်။ စာတွေဖတ်တာ ၀ါသနာပါတဲ့  ကျနော့်ကို ခင်မင်တဲ့ သူငယ်ချင်းတချို.က ဖတ်လို့ ကောင်းတဲ့၊ ရသပေးတဲ့  စာလေးတွေကို forward မေးလ်နဲ့  ပို့ ပေးတတ်ကြတယ်။ အဲဒီမေးလ်တချို.မှာ လင့်လေးတွေပါတော့ ဘာပါလိမ့်ဆိုပြီး လိုက်ကြည့်ရင်းကနေ ဘလော့ဆိုတဲ့ ဝေါဟာရနဲ့ စတင်သိကျွမ်းခွင့်ရခဲ့တာပါ။ ဒီလိုနဲ့  ဘလော့တွေကို လိုက်ဖတ်ရင်းကနေ ဘလော့ဂါတွေရဲ. အချင်းချင်း မောင်နှမတွေလို၊ မိသားစုတွေလို၊ မိတ်ဆွေအပေါင်းအသင်း
အရင်းအချာတွေလို ခင်မင်ရင်းနှီးနွေးထွေးတဲ့  ဆက်ဆံရေး၊ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့  စိတ်ဓါတ်လေးတွေကို လေးစားအားကျ မိခဲ့တယ်ဗျာ။ ဖတ်သာဖတ်မိပေမယ့် စီဗုံးမှာရေးဖို့ ၊ ကွန်မန့် ပေးဖို့  လက်တွန့် ခဲ့တဲ့ကျနော် ညီငယ်မောင်မျိုးရဲ. ဘလော့မှာကျတော့ စီဗုံးမှာ သွားသွားအော်ပြီး စခဲ့ရင်းက ညီအစ်ကိုတွေလို ခင်မင်သွားခဲ့ တယ်။ နောက်တော့ ညီငယ်မောင်မျိုး တိုက်တွန်းတာကြောင့် ဒီဘလော့လေးကို စပြီးရေးဖြစ်ခဲ့တာပါ။ ဖတ်နေရင်းက ရေးရတာကိုပါ ပျော်နေမိတာပါ။ ရေးရတဲ့  ရည်ရွယ်ချက် ထွေထွေထူးထူး မရှိခဲ့ပေမယ့် ကိုယ့်ဆီလာလည်တဲ့သူတွေကို ပျော်ရွှင်စေလိုတဲ့  စိတ်နဲ့ ပျော်စရာလေးတွေ ဦးစားပေးပြီး ရေးခဲ့တာပါ။ ဘယ်သူ့ ကိုမှ နစ်နာထိခိုက်စေလိုတဲ့ စိတ်မရှိသလို ဒီဘလော့လေးကို ခုတုံးလုပ်ဖို့ စိတ်ကူး လုံးဝကို မရှိခဲ့ပါဘူး။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ကို လှုပ်ခါဖို့  ဘယ်စာပိုဒ်ကိုမှ ရည်ရွယ်ပြီး မရေးခဲ့ပါဘူး။ အနည်ထိုင်နေတဲ့ ဘ၀တွေကိုလည်း လေပြင်းမတိုက်စေရပါဘူး။ ကျနော်ရေးခဲ့တဲ့ စာတစ်ပုဒ်ကြောင့် တစုံတရာ ထိခိုက်နစ်နာ သွားတာရှိခဲ့ရင် ကျနော်အနူးအညွတ် တောင်းပန်ပါတယ်။ ပြီးခဲ့တဲ့ပို့ စ်လေးကိုလည်း
ကျနော်ပြန်လည် ဖြုတ်သိမ်းလိုက်ပါပြီ။ ကျနော့်အစ်မ မ၀ါကိုရော၊ ခင်မင်စွာနဲ့  ကွန်မန့် ရေးပေးခဲ့သူတွေကိုရော ကျနော် တောင်းပန်ပါတယ်။ မလေးစား တန်ဖိုးမထားလို့  မဟုတ်ပါဘူး။ အကြောင်းကြောင်းမို့  နားလည်ပေးပါလို့ ။ ပြီးတော့ ကျနော် ဒီဆိပ်ကမ်းလေးကနေ ခဏတာ ခရီးထွက်ပါဦးမယ်။ ဘလော့တွေ လိုက်မလည်ဖြစ်ခဲ့ ရင်၊ စီဗုံးမှာ ပြန်မအော်နိုင်ခဲ့ရင် နားလည်ပေးနိုင်မယ်လို့  မျှော်လင့်မိပါတယ်။

ခင်မင်လေးစားစွာဖြင့်
ဇင်ယော်

Monday, September 22, 2008

ပြပွဲနဲ့ ပြိုင်ပွဲ

တနေ့ က ကိုငယ်ရဲ. အလင်းနဲ့ ရေးတဲ့  ပန်းချီကားတွေကို သွားငေးရင်း စီဗုံးမှာ ရေးထားတာ တွေ့ လိုက်တယ်။ နောက်နေ့ မနက်ကျမှ မြူးမြူးကြွကြွလေး တင်မယ်တဲ့ ။ နောက်နေ့ မနက် သွားစပ်စုတော့ မတွေ့ လို့  သွားအော်တာပေါ့။ ညနေကျမှ
ကိုငယ်က လာပြန်အော်တယ်၊ လာကြည့်တော့ ရပြီတဲ့ ။ ဟဲဟဲ သွားကြည့်တော့ ဟိုက်ရှားဘား.... တစ်ဆယ်တန် ပြပွဲလေး အကြောင်းကို ဓါတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့  ဖော်ပြထားတာ သွားကြည့်ချင်စရာ။ ဇင်ယော်လေးလည်း ဒီပွဲလေးကို အရင်တည်းက သတင်းစာ ထဲမှာရော လက်ကမ်းကြေငြာစာရွက်တွေထဲမှာရော တွေ့ ဖူးတော့ စိတ်ဝင်စားနေခဲ့ တာ ကြာပြီပေါ့ဗျာ။ ဒါနဲ့ ပဲ ဇင်ယော်လေးလည်း ကိုငယ်ရဲ့ ကြေငြာကောင်းမှုကြောင့် အပြေးအလွှား သွားရတော့တာပေါ့။

ရောက်သွားတော့ ညနေစောင်းနေပြီ။ ဆန်းဒေးဆိုတော့ လူကလည်း များမှများ။ ၀င်ကြေး၁၀နဲ့  လက်မှတ်လေး ၀ယ်ပြီးသကာလ ၀င်ဖို့ အပေါက်က မှားနေရသေးတယ်။ အပြင်ခဏထွက်ပြီး ပြန်ဝင်တဲ့ လူတွေ ၀င်တဲ့ အပေါက်ကို သွားဝင်တာကိုး။ အပြင်ခဏ ထွက်ချင်ရင် လက်မှာတံဆိပ်တုံး ထုပေးလိုက်တယ်။ ပြန်ဝင်ရင် အဲဒီတံဆိပ်ကို စကမ်ဖတ်တဲ့စက်နဲ့  ဖတ်ပြီးဝင်ခွင့်ပေးလိုက်ရော။ ဇင်ယော်လေးတို့ ကို လက်ပြဆိုလို့  ဘာလုပ်ဖို့ လည်း မေးမှအဲဒီ တံဆိပ်ကိစ္စ သိရတာလေ။ ဒီလိုနဲ့  အထဲလည်း ရောက်ရော သားရေကျစရာတွေ များမှများ။ ပြထားတဲ့ ကားတွေကို ပြောပါတယ်။

ဘာတွေလျှောက်ရေးနေလဲမသိဘူး။ ခေါင်းစဉ်နဲ့ လည်း ဘာမှမဆိုင်ဘူးလို့  ထင်နေဦးမယ်။ လျှောက်ကြည့်နေရင်း ဇင်ယော်လေး တွေးမိတဲ့ အတွေးလေးကို ခေါင်းစဉ်လေးတင်လိုက်မိတာပါ။ ဒီပြပွဲလေးမှာ အားပြိုင်ပွဲလေးတစ်ခုကို တွေ့ လိုက်ရသလိုပဲ။ လူသားတွေ ဖန်တီးထုတ်လုပ်ထားတဲ့  ကားနဲ့ အပိုပစ္စည်းတွေရယ်၊ နောက်ပြီး လူသားစင်စစ်ဖြစ်တဲ့  car model လေးတွေရယ် အားပြိုင် နေကြ သလိုပါပဲ။ ဘာလို့ လည်းဆိုတော့ လာကြည့်တဲ့ သူတွေ တော်တော်များများပေါ၊့ ဖြစ်ပုံရယ်လေ ကားတွေကို အာရုံစိုက်ပြီး ငေးမော သဘောကျ၊ ပြီးတော့ ဓါတ်ပုံတွေရိုက်ကြနဲ့ ပေါ့။ ဟော ဗြုန်းဒိုင်းဆို မော်ဒယ်လေးတွေက ကားတွေနဲ့  အလှဓါတ်ပုံ အရိုက်ခံ ကြတော့လည်း အလုအယက် ဓါတ်ပုံရိုက်ကြပြန်ရောဗျ။ ယောက်ျားလေးတွေ မပြောနဲ့ ၊ လာကြည့်တဲ့  ကောင်မလေးတွေကတောင် အတင်းတိုးဝှေ့ ပြီး ရိုက်ကြ၊ သူတို့ ကိုယ်တိုင်လည်း တွဲပြီးရိုက်လိုက်ကြနဲ့  ဟုတ်နေတော့တာပဲ။ ကားတွေကိုလည်း မရောင်း ရောင်းရအောင်၊ နံမည်လည်းရအောင် အလှဆင်ယင်ပြီး ပြကြသလို သူတို့ လေးတွေကလည်း နံမည်ကြီးအောင် နောက်ပြပွဲ တွေမှာတွေလည်း သူတို့ ကို ငှားအောင် ဖော်ဖော်ရွေရွေနဲ့  အပြုံးလေးတွေ ဆင်ယင်ပြီး ဓါတ်ပုံလေးတွေ အရိုက်ခံကြ၊ နှုတ်ဆက်ကြနဲ့  ဘယ်သူ့ ကို အာရုံစိုက်လို့ စိုက်ရမှန်းမသိအောင်ပါပဲ။ အင်း လူနဲ့ ကား ဘယ်ဟာက ပိုပြီးအာရုံစိုက်ခံရလဲ၊ ဘယ်သူ့ ကို ပိုပြီးစိတ်ဝင် စားကြလဲ အားပြိုင်တဲ့  ပွဲလေးတစ်ခုလိုပါပဲလေ။

စိတ်နာစရာလည်း ပြောရဦးမယ်။ ဇင်ယော်လေးလည်း ပြထားတဲ့ ကားလေးတွေကို သဘောကျလွန်းလို့  ဓါတ်ပုံလေးတွေ လှည့်ပတ် ရိုက်လိုက်၊ ကြေငြာကမ်းတဲ့  စာရွက်လေးတွေ ဖတ်ကြည့်လိုက်၊ သိချင်တာလေးတွေ ၀င်မေးလိုက်နဲ့  အလုပ်ကို ရှုတ်နေတော့တာပေါ့။ တခါတလေ စိတ်ဝင်တစားနဲ့  ဓါတ်ပုံရိုက်နေတုန်း စာရွက်လာကမ်းပြီး ဘာကားအမျိုးအစားကို စီးပါသလဲတဲ့ ဗျာ။ လာလေ့လာ ပါတယ်ပေါ့။ ကားမစီးနိုင်ပါဘူးလို့ ပြောတော့ ၀ယ်မယ်စိတ်ကူးရင် ဒီလိပ်စာလေးအတိုင်း လာခဲ့ ပါဆိုသေး။ ၃ ခါလောက် အမေးခံရတော့ နဲနဲရွဲ.ချင်လာတယ်။ နောက်တခါဆို SMRT ဘတ်စ်ကား စီးပါတယ်ပြောရင်ကောင်းမလားလို့ ။နောက်လာမေးတာနဲ့  စိတ်ကူးထဲက တွေ့ ရာ နံမည်ကောက်ပြောတော့တာပဲ။ ဒီတော့မှ သာဆိုးသေး၊ သူတို့ ဆီမှာ ကားရေဆေးပါလားတဲ့ ၂ခါရေဆေး ဖရီးဆိုလား လက်ဆောင်ပေးသေး။ အာမခံကုမ္မဏ္ဏီကလည်း သူတို့ ဆီမှာ ကားအာမခံထားပါလားတဲ့  ဘယ်လိုကောင်းကြောင်း ကြေငြာဝင်သေးတယ်။ Survey လုပ်တဲ့ မေးခွန်းတွေဖြေခိုင်းပြီး ချက်ချင်း ကံစမ်းမဲဖောက်ပေးသလို နောက်ထပ်ကံစမ်းမဲလည်း ရှိသေးတယ်တဲ့ ။
ဖြေထားတဲ့  စာရွက်တွေကို သိမ်းထားပြီး မဲပြန်နှိုက်ဦးမှာဆိုပဲ။ တွေးလိုက်မိသေး ထပ်ပေါက်လို့ ကတော့ ရီရဦးမယ်လို့ ။ ကားမစီးနိုင်လို့  ရထားစီးပြီး လမ်းလျှောက်နေတဲ့ ကောင်က ကားအာမခံက ပေးတဲ့  လက်ဆောင်ရပါတယ်ဆိုလို့ ကတော့ ဟာသဖြစ်ဦးတော့မှာလေ။

ဓါတ်ပုံတွေ ရိုက်ကောင်းကောင်းနဲ့  ရိုက်လိုက်တာ ကင်မရာက ဓါတ်ခဲလည်းကုန်၊ ဖုံးကဓါတ်ခဲလည်း ကုန်တော့မှပဲ ရပ်ဖြစ်တော့တယ်။ ဒါတောင် အပြင် Car Drifting Show ကိုမရိုက်လိုက်ရလို့  တောက်တခေါက်ခေါက်ဖြစ်မိသေးတယ်။ ကဲပါလေ....ဖတ်နေရတာ ပျင်းနေတော့မယ်။ ဓါတ်ပုံလေးတွေ ကြည့်လိုက်ပါဦး။ ကိုငယ်ရဲ့ Pro ဆန်လှတဲ့  ရိုက်ချက်တွေနဲ့ တော့  တခြားစီပါပဲ။ ဒါပေမယ့်  မတင်ရမနေနိုင်လို့  တင်လိုက်ပြီဗျို.။ ပြီးရင် ဝေဖန်ပေးသွားပါဦးနော်။


ဒါလေးတွေက သားသား သရေကျခဲ့ ရတဲ့  ကားလေးတွေပေါ့။

ကျနော့်ရဲ. အကြိုက်ဆုံးလေး

စီးလိုက်ရလို့ ကတော့ ဇိမ်ပဲ။

ဒါလေးလည်း မဆိုးပါဘူး။

Ferrari Testorossa

Ferriri White F430
ရှိသေးတယ်ဗျ။
Lamborghini Collection လေးအားပေးသွားပါဦး။

Lamborghini Murcielago Matt Black

Forward Wheel ( tyre & rim )

Rear Wheel ( tyre & rim )









ဒါကတော့ အင်ဂျင်ခန်းလေးတွေ



ကားအတွင်းပိုင်းက အပြင်အဆင်လေးတွေ


ဝါသနာပါရင် ၀င်ဆော့လို့ ရသေး။

ဘရိတ်system ကို

ဒီလို ဈေးလျှော့ပြီး ရောင်းပေးနေတာ၊ ၀ယ်သေးဘူး မကြိုက်လို့ ။ ဟီးဟီး

ကားကို ဒီလိုလည်း အလှဆင်လို့ ရတယ်တဲ့ ။


ကဲ သားသားတို့ အကြိုက် မွန်းလိုက်။ ဟဲဟဲ အများကြီး ရှိသေးတယ်။ လိုချင်သူများ ဆက်သွယ်ကြပါ။










ဘေးက ဘယ်သူလဲလို့ တော့ မသိချင်ပါနဲ့ ။ နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့  ပုံလေးတွေက သားသား သိပ်မပြရဲဘူး။ တော်ကြာ ဟောလီးဝုဒ်က မင်းသားလာငှားမှာ ကြောက်လို့  မထည့်ပေးတော့ဘူးနော်။ ရှိသေးတယ် ဟီးဟီး။

Friday, September 19, 2008

လွဲချက်ရယ်က ကုန်နိုင်ပေ

ဇင်ယော်လေး အခုတလော ကံဇာတာပဲ ဂြိုဟ်စီးနေလား၊ နဂါးကြီးကပဲ မျက်စိအောက်က အပျောက်မခံနိုင်လို့  သူ့ ခေါင်းကြီး ဇင်ယော်လေး ဘက်ပဲ လှည့်ထားလားမသိ။ ကြုံရသမျှ တွေ့ ရသမျှ တစ်ခုမှကို အမြီးအမောက်ကို မတည့်တာပါ။ အမြီးအမောက် မတည့်ဘူဆိုလို့  ခေါင်းလိမ် ကိုယ်စောင်းပြီး ခြေတစ်ဘက် ထော့နဲ့ ထော့နဲ့ ဖြစ်နေတဲ့  ကြက်ဖကြီးကိုလည်း မြင်ယောင်နေဦးမယ်။ တကယ်ပါဗျာ လွဲချက်ကတော့ ရက်စက်ပါပေ့။

စာမေးပွဲဆိုတဲ့  ဓါးစက်အောက်က လွတ်တာ ဘာကြာသေးလို့ တုန်း၊ စိတ်ထင် ၁၀ရက်လောက်ပဲ ရှိသေးတာ လူကလည်းနားလို့ ကို မ၀နိုင်ဘူးဖြစ်နေတယ်။ ဟီး ပျင်းတာလည်း နည်းနည်းပါမှာပေါ့လေ။ နေ့ လည်ခင်းဆို တရေးတမော အိပ်ပြီးဖြည့်လိုက်ရတဲ့ အား။..ဟီးဟီး...စိုးရိမ်ရေမှတ်တော့ တဖြည်းဖြည်းနဲ့ ရောက်လာပြီထင်တယ်။ လူကအသွားအလာ နည်းနည်းလေးလာသလားလို့ ။ ဒါတင်မက ဗိုက်လေးကလည်း နည်းနည်းချင်းပူလာတာ တချို.ဘောင်းဘောင်းတွေက ၀တ်မရချင်တော့ဘူဗျ။ အင်း ရှိစုမဲ့စု ပိုက်ပိုက်လေးတော့ လက်လေးပြလို့ နှုတ်ဆက်တော့မယ်ထင်ပါ့။ လူကတော့ သိပ်အ၀ကြီး မဟုတ်သေးဘူးလို့ ထင်တာပဲ။ ဟိုတနေ့ က အိမ်ကိုလူကြုံရှိလို့  ဘာမှပေးစရာ မရှိတာနဲ့  ဓါတ်ပုံတချို.ထည့်ပေးလိုက်တာ ဖုံးဆက်လိုက်တော့ မွေးမိခင်ကပြောတယ်။ သားကြီးမျက်နှာကြည့်ရတာ စကောကို နားရွက်တတ်ထားသလိုပဲတဲ့။ စိတ်ချမ်းသာလို့ ထင်တယ်တဲ့ ။ ဟီးဟီး အမှန်တော့ မျက်နှာကြီးမျိုးဆိုတာ ဒါပဲနေမှာပေါ့ဗျာ။

အင်း ပျိုးရင်းပျိုးရင်း လိုရင်းကလည်းမရောက်နိုင်ဘူးဖြစ်နေတယ်။ ဆိုပါတော့ဗျာ နေ့ လည်ခင်းလေး အနားယူအားဖြည့်နေတုန်း ဗြန်းဆို ဖုံးကထမြည်ပါလေရော။ အိမ်ပျော်နေတုန်း ဖုံးထမြည်တော့ နည်းနည်းတော့ တင်းတာပေါ့ဗျာ။ အရေးကြီးလား၊အရေးသေးလား မသိတော့လည်း ထကိုင်ရတော့တာပေါ့။ အိပ်ချင်မူးတူးနဲ့ ထပြီး ဟဲလို ပြောကာစရှိသေး ဘယ်ကမမမှန်း မသိ၊ စက်သေနတ်ပစ်သလို တရစပ်ရွတ်ပြီး တရော်နဲ့ ရုံးပတေသီး ရောကြိုထားတဲ့ အသံနဲ့  အားရပါးရ ချွဲတော့တာပဲ။ ဟန်နီရေ..ကိုယ်အခုမှ vacation ပြန်ရောက်ကာစ သတိရလွန်းလို့  ဖုံးဆက်လိုက်တာဆိုပဲ။ သွားသာသွားရတာ ဟန်နီမပါလို့  မပျော်ရတဲ့ အကြောင်း တချိန်လုံးဟန်နီကိုပဲ သတိရနေတဲ့ အကြောင်း ခုအရမ်းလွမ်းနေလို့  ဒီည၈နာရီကျရင် အတူတူ ညစာစားချင်ကြောင်း စုံနေအောင်ပွားတော့တာပဲ။ အသက်မှ ရှူသေးရဲ.လားမသိ။ ပြီးတော့မှ စကားလည်းပြန်မပြောဘူး စိတ်ဆိုးနေလားတဲ့ ။ ဘုကျကျနဲ့  လူ့ ဂွစာ စကားပြောချင်စိတ်ကို မနည်းမြိုသိပ်လို့  ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလိုက်ပါတယ်။ ဒီ ဖုံးနံပါတ်က မင်းရဲ. ဟန်နီဖုံးနံပါတ် ဆိုတာသေချာရဲ.လား။ ငါ့မှာတော့ ဆွီတီဆိုတဲ့  မင်းလို ကောင်မလေးမရှိတာတော့ သေချာပါတယ်လို့  ပြောလိုက်မှ အွန်...ဆိုပြီး ခဏအသံတိတ်သွားတယ်။ ခုမှ နံပါတ်အသေအချာ ပြန်ကြည့်မိတယ်ထင်ပါရဲ.။ ပြီးတော့မှ Sorry...wrong number ဆိုပြီး ဖုံးချသွားတယ်။ စဥ်းစားလိုက်မိတယ်...မနက်၃နာရီ ၄နာရီလောက်မှ ဒီဖုံးနံပါတ် ကိုပြန်ခေါ်ပြီး ဟုတ်တယ် မင်းဖုံးမှားဆက်တာ သေချာတယ်ကွ။ ငါ့မိတ်ဆွေတွေထဲမှာ ဒီနံပါတ် မရှိဘူးဆိုပြီး ပြန်ပြောရကောင်းမလားလို့ ။ စဉ်းစားကြည့်ပါဦးဗျာ။ အိပ်ပျော်နေတာကို နှိုးပြီး ချွဲပြစ်ပြစ်နဲ့ လာကြူသွားတယ်။ dinner
တူတူစားရအောင်တဲ့ ။ ပြီးတော့မှ ဖုံးမှားလို့ ဆိုတော့ ဘယ်လိုနေမလဲဗျာ။ တွေးကြည့်ပေတော့။ ပြန်အိပ်လို့ မရတော့ပဲ အီလည်လည်ကြီး ဖြစ်ကျန်ခဲ့တယ်။ လွဲချက်ကတော့ ရက်စက်ပါ့ဗျာ။

ဒီလိုနဲ့  ပြန်အိပ်မရမယ့်တူတူ ထူးပါဘူးဆိုပြီး ရေမိုးချိုး၊ ဘေးခန်းက သူငယ်ချင်းကို ချောဆွဲပြီး အပြင်ကို စောစော ထွက်လာခဲ့ တယ်။ ၀ါးတီးပေးရမယ့် အချိန်ကလည်း စောနေသေးတာမို့  ဗိုက်ချောင်ပြီး ပိုစားဝင်သွားအောင်လို့  ဒီဈေးကြီးတစ်ပတ်ပတ်ကျစို့ ဆိုပြီး window shopping ထွက်ကြတော့တာပေါ့။ ဒီလိုနဲ့  အ၀တ်အစားတွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှေ့ ရောက်တော့ အမြင်အာရုံထဲကို လှတီးလှတ ကောင်မလေး တစ်ယောက် စက္ကူပုံးလေးတစ်ပုံးကို လက်နှစ်ဘက်နဲ့  သေသေချာချာကိုင်ပြီး ဂွတီးဂွကျ ရပ်နေတဲ့ ပုံလေးက တန်းပြီးဝင်လာတယ်။ ဇင်ယော်လေးဘာသာ လမ်းလျှောက်လာတာ၊ သူလေးက အမြင်အာရုံထဲ ၀င်လာတော့လည်း အော် အနိစ္စ အမြဲမရှိ ပါတကား၊ အခုရှိတုန်းလေး အားပေးလိုက်ဦးမှ ဆိုပြီး တရားသဘောလေး ရှုပြီး အားပေးလိုက်တာပေါ့။

ဟိုက်ရှားဘား သေသေချာချာကြည့်မိမှ တော်တော်လှတယ်ဗျ။ ဆိုင်ရှေ.နံရံကို ကျောလေးမှီလို့  ကတ်ထူပုံးလေးကို လက်နှစ်လက် နဲ့ သေသေချာချာ ကိုင်ပြီး ပြုံးပြုံးလေးရပ်နေတာ။ ဒါနဲ့  နှစ်ယောက်သား မတိုင်ပင်ရပဲ ညာညှိအလေးပြုပြီုး လျှောက်လာခဲ့တာပေါ့ဗျာ။ မရွှေချောကလည်း သိပါ့၊ မခို့ တရို့ လေးတောင် ပြန်ကြည့်လိုက်သေး။ ဇင်ယော်လေးကတော့ ကိုယ့်ကိုကိုယ် ပြန်တရားချနေရတယ်။ အော် အပုတ်ကောင်ကြီး ရုပ်ဆောင်နေတာလို့  ဟီးဟီး ဒါပေမယ့် မပုတ်သေးခင်တော့ တော်တော်ကြည့်လို့ ကောင်းတာပဲ။

ဒါပေမယ့် ငြိမ်ငြိမ်မနေတာက ဘေးကသကောင့်သား။ အစ်ကိုရေ ကောင်မလေးက ချစ်စရာလေးနော်တဲ့။ အေးလို့  ပြောရုံရှိသေး သနားစရာ လေးဗျတဲ့ ။ ဟင်ဘာလို့ တုန်းဆိုလို့  မတွေ့ ဘူးလားအစ်ကိုရ အလှူခံပုံးလေးပိုက်ပြီး ရပ်နေတာ စကားမပြောတတ်လို့  အလှူခံနေတာလားမသိဘူးတဲ့ ။ နင့်ကြီးတော်ကြီး စကားမပြောတတ်ရမှာလား ဆိုပြီးလူတတ်ကြီးလုပ်ပြီး ထဟောက်လိုက်မိတယ်။ ပြီးမှ သေသေချာချာ ပြန်တွေးကြည့်တော့ ကတ်ထူစက္ကူပုံးလေးကို အပေါ်က အပေါက်ဝိုင်းဝိုင်း သေးသေးလေး တစ်ပေါက် ဖောက်ထား သေးတယ်။ ဘေးမှာလည်း တရုပ်ဘူးသီးငါးပေါင်းကြော် စာတွေလည်းရေးထားသေးတယ်။ အင်း အရင်ကမြင်ဖူးတဲ့  charity orgaizations က volunteer တွေ ဘူတာရုံမှာ၊ food court တွေမှာအလှူခံတာ သွားပြီးသတိရမိလို့  တရုပ်စာနားမလည်ပေမယ့် သူလေးလည်း အဲလိုလားမသိဆိုပြီး ထင်လိုက်မိတယ်။ ဘေးကကိုယ်တော်လေးကို ပြောပြလိုက်တော့ ဟာသေချာတာပေါ့၊ လာသွားလှူရအောင်တဲ့ ။ အမ်.... ဘယ်ကဘယ်လို သဒ္ဒါတရားပေါက်နေလဲမသိ။ ဇင်ယော်လေးလည်း ကျပ်တန်လေးခေါက်ကိုင်ပြီး သူလေးရှိရာ ပြန်လျှောက်ရတော့တာပေါ့။

မျက်နှာကို အချိုဆုံးပြုံးပြီး ဟဲလိုဆိုပြီး နှုတ်ဆက်လိုက်တော့ သူလေးက မျက်လုံးလေးပြူးပြီး ဟိုင်းဆိုပြီး ပြန်နှုတ်ဆက်ရှာတယ်။ ဒီငတနှစ်ကောင် ဘာလာရှုတ်တာလဲလို့  ထင်ရင်ထင်မှာပေါ့။ လှူမယ့်လှူ ဘာအတွက်လှူရတာလည်း ဇင်ယော်လေးလည်း သိချင်တာပေါ့။ ဒါကြောင့် အလှူငွေမထည့်ခင်တော့ စပ်စုဦးမှဆိုပြီး ကျပ်တန်ခေါက်လေး လက်မှာကိုင်လို့ သူလေးကို ကတ်ထူပုံလေး လက်ညှိုးထိုးပြီး မေးရတာပေါ့။ Is the box intend for some charity purpose လို့ လည်းမေးလိုက်ရော အလန့် တကြားနဲ့  no... no ,.. inside is the bird....a bird ပါတဲ့ ဗျာ။

ဟိုက်.....သောက်ကျိုးနဲ... လွဲပြီဟ။ သေတော့မှာပဲ။ ဒါနဲ့  အကျိုးအကြောင်း ရှင်းပြပြီး မနည်းတောင်းပန်ရတာပေါ့။ ငါတို့ ထင်တာက ဒီလိုဒီလို ထင်လို့ ပါဆိုတော့ သူလေးက အားရပါးရ ရယ်တော့တာပဲ။ ပြီးတော့ ရှင်းပြရှာတယ်။ သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးလို့  ဒီငှက်ကလေးကို ခုမှသွားယူလာတာတဲ့။ ဘာနဲ့ သယ်ရမှန်း မသိတာနဲ့  ကတ်ထူပုံးလေးကို လေ၀င်ပေါက် လေးဖောက်ပြီး ယူလာတာတဲ့။ သူလေးရဲ. သူငယ်ချင်းတွေ ဆိုင်ထဲမှာ ဈေးဝယ်နေလို့  အပြင်မှာ ငှက်ထည့်ထားတဲ့  ပုံးလေးကိုင်ပြီး စောင့်နေတာတဲ့ ။ သေစမ်းကွာ ပညာရှိတို့ များ တွေးကြည့်လိုက်လို့ ကတော့ ကွက်တိချည်းပဲ။ သူလေးရဲ. သူငယ်ချင်းတွေ အပြင်ထွက်လာပြီး ဘာဖြစ်လို့ လည်းတဲ့။ သူလေးက ဇာတ်ရည်လည်အောင် ရှင်းပြလိုက်တော့ ရယ်လိုက်ကြတာ ဘေးနားက လူတွေတောင် ဘာဖြစ်တာလဲလို့  စပ်စုတဲ့ အကြည့်နဲ့  ကြည့်သွားကြသေးတယ်။ ဒီကကောင်ကတော့ ရှက်လို့ သေတော့မယ်။ တော်သေးတာပေါ့ဗျာ အလှူငွေမထည့်ခင် မေးမြန်းမိလို့ ။ နို့ မို့ လာနောက်တယ်ထင်ပြီး ရဲကိုဖုံးဆက်လိုက်လို့ ကတော့ ဒီမှာတင် ကားပြာလေး စီးနေရဦးမယ်။ ဒါတောင် နှုတ်ဆက်ပြီး ပြန်တော့ သူလေးက လက်ညှိုးလေးထောင်ပြီး လှမ်းမှာလိုက်သေးတယ်။ နောက်တခါ အလှူငွေထည့်ခါနီးကျရင် သေသေချာချာမေးဦးနော်တဲ့ ။ အော် လွဲချက်ကယ်များ ပြောပါတယ်။..........။

Wednesday, September 17, 2008

ခရီးတစ်ခု အတွက် ၁၀ရက်တာ ပြင်ဆင်ခြင်း

အင်း....Tag ပြီးရင်း Tag နေတဲ့  ဘလော့လောကကြီးထဲမှာ ဒီ Tag ကတော့ တော်တော်လေးကို ခေါင်းစားတာပါပဲ။ အမှန်အတိုင်း ၀န်ခံရရင် ဇင်ယော်လေး တစ်ခါမှ မစဉ်းစားဖူးခဲ့ တဲ့  Topic တစ်ခုပေါ့။ ဒါဆို ဒီခရီးကို သွားရမှာ မကြောက်ဖူးလားလို့  မေးခဲ့ ရင်တော့ ဇင်ယော်လေးလည်း ပုထုဇဉ်ပါဗျာ။ ကြောက်တတ်တာပေါ့။ ဒါပေမယ့် တကယ်တမ်းကြတော့ ဘယ်အချိန်မှာ သေမှာလဲ။ ဘယ်နေရာမှာ
သေမှာလဲ။ ဘယ်လို သေမှာလဲ။ နောက် သေပြီးရင်ရော ဘယ်လိုဘ၀မျိုးရောက်မှာလဲ။ ဒီအရာတွေက ကျနော်တို့  ပုထုဇဉ်တွေ ကြိုမသိနိုင်တဲ့ အရာတွေပါ။ အဲဒီတော့ ဇင်ယော်လေးလည်း မျက်ကန်းတစ္ဆေ မကြောက်ပေါ့ဗျာ။ မသွားခင်စပ်ကြားတော့ လုပ်သင့်လုပ်ထိုက်တာလေးတွေကို တတ်နိုင်သလောက် အချိန်ပေးနိုင်သလောက် လုပ်နေတာပဲလေ။ ဟင့်အင်း တားတားက ငယ်ပါတေးတယ် မိန်းမတောင် အယူရတေးဘူးဂျ ဆိုပြီး ခြေလေးဆောင်၊့ ခေါင်းလေးခါ၊ နှုတ်ခမ်းလေးစူပြီး မူပြလို့ ရတာမှ မဟုတ်ပဲနော်ဗျာ။ လာခေါ်တော့လည်း ထလိုက်သွားရုံပေါ့။

အရင်ဆုံး ညီမငယ် ဝေလေးက မသေခင်ဆယ်ရက်ကို အတိအကျများ သိနိုင်ခဲ့မယ်ဆိုရင် ဘာလုပ်မလဲ၊ စိတ်ကူးလေးတွေ သိချင်တယ်ဆိုပါ့။ ဗုဒ္ဓေါ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေပေါ့။ ဟီးဟီး ဟိုလှည့်ဒီလှည့်နဲ့  နည်းနည်းရူးချင်ယောင်ဆောင်နေတာ။ ရက်နည်းနည်း ကြာလာတော့ ညီမငယ် က အကြွေးမတောင်းပဲ ညီငယ်မောင်မျိုးနဲ့  ညီမသက်တန့် တို့ က ကိုယ်စားလှယ်လုပ်ပြီး အကြွေးခဏခဏ
လာတောင်းပါတော့တယ်။ အခုတော့ ညီမငယ်ဝေလေးကလည်း စိတ်ကူးလေးတွေပြောမပြရင် အစ်ကိုအဖြစ်မှ အမွေပြတ်စွန့် လွှတ်တော့မယ်လို့  ခြိမ်းခြောက်လာပါပြီ။ ဖြစ်ချေဘူး ဒုက္ခဒုက္ခ။ ခရီးမသွားခင်လေး မြန်မြန် အမွေ သွားတောင်းတော့မယ်။ ပိုင်ဆိုင်သမျှ အကုန်ပေး ဘဲဘဲလေးက လွဲရင်ပေါ့လေ။ ( လက်နှီးစုတ်တောင် မချန်ဖူးကွနော် )။

မနေ့က မမDream ဆီ ခဏလောက် သွားချောင်းဦးမှပဲ ( ဟီး မွေးနေ့ ပွဲက ၀ါးတီး အကြွင်းအကျန်လေးများ ရှိမလားဆိုပြီးတော့ပါ ) ဆိုပြီး သွားချောင်းကာမှ ပေါက်စနသမီးက အိပ်မက်မက်တယ်ဆိုပဲ။ ဘာအိပ်မက်ပါလိမ့်ဆိုပြီး လက်တို့ မေးတော့ ဦးငှက်လည်း မက်တာပဲ ပြန်ပြောပြတဲ့ ။ အောင်မငေးဗျလို့  အော်ပြီးထွက်ပြေးတာ နောက်ကနေ ဂါဝန်စွန်တောင်ဆွဲလို့  အဲ ဟုတ်ပါဘူး ဂါဝန်ကြီးမလို့ 
ခြေထောက်ကိုဆောင့်၊ နှုတ်ခမ်းစူလို့  ဦးဦးငှက်နော် ..ရဖူး...ရဖူး.. မက်ပေးရမှာပဲ ဆိုပြီး အတင်းအော်ပြီး လိုက်လာတယ်ဗျ။ ( ဒီလောက်ချစ်စရာကောင်းတဲ့  ညီတွေညီမတွေ သိကြရောပေါ့ကွာ။ တွေ့ မယ်.... ဘာလဲ သိချင်ရင်တော့ စောင့်ဖတ် ဒါပဲ။ )

ကဲ ခရီးရှည်ကြီးတစ်ခု အရှင်းဆုံးပြောရရင် ဘယ်တော့မှ ပြန်လာခွင့်မရှိတော့တဲ့  ခရီးရှည်ကြီးတစ်ခုအတွက် လက်မှတ်တစ်စောင် ၀ယ်ထားပြီးပြီဆိုရင်၊ ( လက်မှတ်ပေါ်က နေ့ စွဲအရဆို နောက်၁၀ရက်ဆိုရင် သွားရတော့မှာ ) ၊ ဇင်ယော်လေးက ဘယ်လိုပြင်ဆင်မလဲဆိုရင်တော့.............................................................................

ဘယ်နေ့ ကျရင် ဘာတွေလုပ်မယ်ဆိုပြီးတော့ မတွေးထားဘူးဗျာ။ အဆင်ပြေတာကို အဆင်ပြေသလို ကောက်လုပ်လိုက်မှာပဲ။ ဒီ၁၀ရက်အတွင်းမှာ ပြီးသလောက်လေးပေါ့။ မပြီးတော့လည်း မတတ်နိုင်ဘူးလေ။ ၁၀ရက်ပြည့်ရင် သံရုံးမှာ ဗီဇာသက်တမ်းတိုးသလို ရော့အင့်လုပ်ပြီး ယမမင်းဆီမှာ သက်တမ်းတိုးလို့ မှ မရပဲဗျာနော်။ ဒီတော့ ပြီးသလောက်လေးနဲ့ ပဲ ရောင့်ရဲကျေနပ်ရမှာပေါ့။

အရင်ဆုံး ... ရောဂါဝေဒနာ တစ်ခုခုကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာကြောင့်ဖြစ်စေ ဘယ်မှမသွားနိုင်တော့ပဲ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းရင်း နောက်၁၀ရက်ကို စောင့်နေရပြီဆိုရင်တော့ ဆေးရုံကသူတွေကို မှာခဲ့ မယ်။ ကျနော်သေဆုံးသွားမှသာ အိမ်ကမိဘတွေဆီ အကြောင်းကြားပေးပါလို့ ။ ၁၀ရက်ပိုပြီး ပူပင်သောက မရောက်စေချင်လို့ ပါ။ နောက်ပြီး ဒုက္ခလည်း မပေးချင်ဖူးလေ။ ပြီးတော့ တတ်နိုင်သမျှ တရားမှတ်မယ်။ ၀ိပဿနာရှုမယ်။ ကိုယ်ပြုခဲ့ ဖူးသမျှ ကောင်းမှုကုသိုလ်လေးတွေ ပြန်စဉ်းစားရင်း အချိန်တွေကို ကုန်ဆုံးစေမယ်လေ။ အချိန်စေ့သွားရင်တော့ ပြီးပြီပေါ့ဗျာ။

အင်း..တကယ်လို့  ကံကောင်းထောက်မစွာနဲ့  အိမ်ပြန်နိုင်ဖို့  အခွင့်အလမ်းရှိခဲ့သေးရင်တော့ အိမ်ကို အရင်ဆုံးပြန်မှာဗျ။ လက်ရှိဘ၀ရဲ. သုံးပုံတစ်ပုံက မိသားစုနဲ့ အဝေးကြီးမှာ နေနေရလို့  နောက်ဆုံးအချိန်လေးမှာတော့ မိသားစုရဲ. ရင်ခွင်လေးကို ပြန်ပြီးခိုဝင်ချင်တယ်ဗျာ။ လောကလမ်းခရီးမှာ ခဏခဏ လဲကျခဲ့တုန်းက အဖေက လက်နှစ်ဘက်နဲ့ ဆွဲထူပြီး အမြဲကူပေးခဲ့တယ်။ အမေက ဒဏ်ရာတွေကို ဆေးသိပ်လို့  ချွေးတိတ်စေခဲ့တယ်လေ။ အခုတခါတော့ ပြန်မထတော့ပဲ အပြီးလှဲအိပ်တော့မှာဆိုတော့ တတ်နိုင်ရင် အဖေတို့ ၊အမေတို့  ရင်ခွင်အစုံမှာ ခဏလေးပြန်ပြီး ခိုနားချင်တယ်။ အပြောကျယ်တဲ့  လောကပင်လယ်ကြီးကို အလျားလိုက်ဖြတ်ကူးခဲ့ ရတာ မောပန်းလွန်းလှပြီလေ။ အိမ်ကိုလွမ်းလို့  အဖေနဲ့ အမေကို လွမ်းလို့ ပြန်လာတာဗျ လို့ ပြောပြီး ချွဲလိုက်ဦးမယ်ဗျာ။ ဘောလုံးပွဲ တူတူကြည့်ရင်း အဖေနဲ့ ဆန့် ကျင်ဘက်အသင်းကို အားပေးရင်း အဖေ့ကိုစဦးမယ်။ အမေ့လက်မောင်းကိုခေါင်းအုံးရင်း အမေ့ရင်ခွင်ထဲ ခဏလောက်ဝင်ခွေဦးမယ်။ အမေချက်ကြွေးတဲ့  ထမင်းဟင်းတွေကို မိသားစုတ၀ိုင်းတည်း အားရပါးရ စားလိုက်ဦးမယ်။ ညအိပ်ခါနီးရင် အဖေနဲ့ အမေတို့ ကို သေသေချာချာကန်တော့ပြီး ပြစ်မှားမိခဲ့သမျှ ခွင့်လွှတ်ပေးဖို့  တောင်းပန်မယ်။

ဘုရားကိုသွားပြီး အေးအေးဆေးဆေး ဘုရားဝတ်ပြု၊ပုတီးလေးစိတ်ပြီး အရင်ကလို ခေါင်းလောင်းသံ၊ ဆည်းလည်းသံလေးတွေကို ငြိမ်ငြိမ်လေးထိုင်ပြီး နားထောင်နေချင်တယ်။ ကိုယ်ပြုလုပ်ခဲ့ သမျှ ကောင်းမှုကုသိုလ်တွေကို အမျှအတန်းဝေမယ်ဗျာ။ ပြီးရင် သူများတွေ အမျှဝေတာလည်း အားရပါးရ သာဓုထိုင်ခေါ်လိုက်ဦးမယ်။ အေးချမ်းတဲ့  ဘုရားရင်ပြင်တော်ပေါ်မှာ သန့် ရှင်ရေးလုပ်၊ အမှိုက်လှဲ၊
သောက်သုံး ရေဖြည့်ပြီး ကုသိုလ်ယူလိုက်ဦးမယ်ဗျာ။

ပြီးရင်တော့ ပိုင်ဆိုင်သမျှထဲက မိဘတွေအတွက် တချို.တ၀က်ချန်ပြီး အလှူအတန်းတွေ လုပ်ချင်သေးတယ်။ အရင်ဆုံး ရန်ကုန်ပြန်တိုင်း သွားပြီးလှူနေကြ မိဘမဲ့ ကလေးများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို နောက်ဆုံးအကြိမ်အဖြစ် သွားပြီးလှူဒါန်းလိုက်ဦးမယ်။ အဲဒီက စာကြိုးစားပြီး အရမ်းလိမ္မာတဲ့  စကားအရမ်းတတ်တဲ့  ကျနော့်ရဲ.မွေးစားသားနဲ့ သမီးလို့  ကျနော်သဘောထားတဲ့  ကလေး နှစ်ယောက်နဲ့  စကားတွေတ၀ကြီး ပြောချင်သေးတယ်။ သူတို့ လေးတွေကို ဆုံးမစကားလေးတွေ ပြောချင်သေးတယ်။ သူတို့ လေးတွေ ဘ၀ရှေ.ရေးအတွက်လည်း ဖြစ်နိုင်သလောက် စီစဉ် ပေးခဲ့ချင်သေးတယ်ဗျာ။ နောက်ပြီး ခါတိုင်းလှူနေကျ ဘုရား၊ ဘုန်းကြီးကျောင်း၊ ကုသိုလ်ဖြစ်ဆေးခန်း၊ မိဘမဲ့ ကလေးများဂေဟာ၊ ဘိုးဘွားရိပ်သာ၊ အဲဒီနေရာတွေလည်း သွားပြီးလှူချင်သေးတယ်။

ပြီးရင်တော့ (ငယ်ငယ်က၊ကျောင်းတုန်းက၊လုပ်ငန်းခွင်က) သူငယ်ချင်းတွေကို လက်လှမ်းမှီသလောက် လိုက်နှုတ်ဆက်လိုက်ဦးမယ်။ တွေ့ ရင် အရင်တုန်းက အကြောင်းတွေပြန်ပြောရင်း ငယ်ဘ၀ကို ခဏလောက် အလည်သွားလိုက်ဦးမယ်။ ကိုယ့်မိသားစုပြီးရင် နောက်ထပ်သံယောဇဉ် အရှိဆုံးဖြစ်တဲ့  သူငယ်ချင်း မိသားစုလေးဆီကို သွားလည်မယ်ဗျာ။ (ကိုယ့်ရဲ.မှန်ထဲကပုံရိပ်၊ကိုယ်ပွားလို့ တင်စားရတဲ့ အထိ ကိုယ့်အကြောင်းအသိဆုံး ဆိုးတူကောင်းဖက်) အချစ်ဆုံးသူငယ်ချင်း နဲ့  ညီမအရင်းတစ်ယောက်လို ဆိုးသမျှနှိပ်စက်သမျှ တပြုံးပြုံးနဲ့ သည်းညည်းခံပြီး တခါတလေ သူကပြန်ပြီး ဗိုလ်ကျတတ်တဲ့  သူ့ ဇနီး၊ ပြီးတော့ ကျနော့်ကို ဘဘကြီးဆိုပြီး စကားလေးမပီတပီနဲ့  အားရပါးရချွဲတတ်တဲ့  သူတို့ ရဲ.အိမ်ဆွဲလဲ ကျနော့်ရဲ.တူမချောလေး။ ဘ၀မှာ ကျနော့်မိသားစုပြီးရင် သူတို့ က ဒုတိယ မိသားစုလေးဆိုတော့ မရောက်ရောက်အောင်ကို သွားရဦးမှာဗျ။

ဟီးဟီး အစားအသောက် မီးလိုတောက်တဲ့  ကျနော်ရဲ. သဘာဝအရ ကျနော်စားချင်သမျှ အစားအသောက်တွေလည်း လှည့်ပတ်ပြီး စားလိုက်ဦးမယ်။ ဗမာထမင်းဟင်းမျိုးစုံ၊ တရုတ်စာ၊ ကုလားစာ၊ ကိုရီးယားစာ၊ တိုင်းရင်းသားပေါင်းစုံ အစားအစာ အကုန်လုံးလိုက်ပတ်ပြီး စားဦးမှာ။ အနောက်တိုင်းစာတော့ သိပ်ပြီးမကြိုက်လှဘူး။ ဒါပေမယ့် ဘာလာလာဆိုတဲ့  ဘွဲ့ ထူးဂုဏ်ထူးလေး မပြုတ်ရအောင် အကုန်လုံးတော့ အားပေးလိုက်ဦးမယ်။

အဲဒါမှ အချိန်ရခဲ့သေးရင် လမ်းထိပ်နားက လက်ဖက်ရည်ဆိုင်လေးမှာ ပေါ့ကျတစ်ခွက်ကို ဖက်ကြမ်းလေးနဲ့  မြည်းရင်း ကိုငှက်ကြီးရဲ. သီချင်းလေးတွေကို နားထောင်နေလိုက်မယ်။ အဲ ပြီးတော့ ဖြစ်နိုင်ခဲ့ မယ်ဆိုရင်ပေါ့လေ ပိုင်ဆိုင်ခွင့် မရှိတော့တဲ့  နှစ်ယောက်သောသူ ကို ပြောချင်တဲ့ စကားလေးတစ်ချို. ပြောလိုက်ချင်သေးတယ်။ တစ်ယောက်ကို ဖြစ်ပြီးခဲ့သမျှ အရာအားလုံးအတွက် ခွင့်လွှတ်ပေးဖို့ ၊
ဆိုးခဲ့မိုက်ခဲ့ အနိုင်ယူခဲ့ တာတွေကို နားလည်သည်းခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ လေ။ နောက်တစ်ယောက်ကိုတော့ ပြီးဆုံးခဲ့ သမျှ အရာအားလုံးကို နားလည်ခွင့်လွှတ်တဲ့ အကြောင်း၊ ဘ၀မှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့  ရှေ.ခရီးကို သာသာယာယာ လျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပေးခဲ့ တဲ့ အကြောင်း ပြောပြချင်တယ်။

အားတဲ့  အချိန်လေးတွေမှာတော့ အဆင်ပြေရင် ဘလော့တွေလိုက်ဖတ်မယ်ဗျာ။ ကျနော် ဆိပ်ကမ်းလေးမှာလည်း ဇင်ယော်တစ်ယောက် အင်တာနက် အလှမ်းမမှီတဲ့  နေရာတစ်ခုကို ခရီးထွက်ရမှာမို့  ပို့ စ်တွေ အသစ်မတင်နိုင်တော့ကြောင်း ၊ လာရောက်လည်ပတ်တဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ရေးခဲ့ မယ်ဗျာ။ ညီငယ်မောင်မျိုးကိုတော့ ကြည့်ကောင်းအောင် ပြောခဲ့ မယ်။ ညီရေ...အစ်ကိုတော့ ဒီတစ်ခါ ခရီးအကြာကြီး သွားရမှာမို့  ဒီဆိပ်ကမ်းလေးကို တတ်နိုင်သလောက် ကြည့်ရှုစောင့်ရှောက်ပေးဖို့ ၊ မစောင့်ရှောက်နိုင်တော့တဲ့  အချိန်ကျရင် ဒီဆိပ်ကမ်းလေးကို ထာဝရ ပိတ်သိမ်းပေးဖို့  သေသေချာချာလေး မှာခဲ့ မယ်လေ။ ပြီးတော့ ဒီဆိပ်ကမ်းလေးကို လာရောက်လည်ပတ်ကြရင်း ခင်မင်ခဲ့ ရတဲ့  ဘလော့ဂါ မောင်နှစ်မတွေကိုလည်း အခြေအနေပေးသလောက် လိုက်နှုတ်ဆက်ဦးမယ်။

ဟွန်းဟွန်းဟွန်း ( မျက်လုံးပြူး အံကြိတ်သွားစေ့ပြီး ရယ်သောအသံ ) .... တွေ့ ကြပြီပေါ့ကွာ။ ဒီဘလော့လေး ရေးနေရင်းနဲ့  အရမ်းကိုခင်မင်ရင်းနှီးခဲ့ရတဲ့ သူတွေ ရှိနေပါသေးတယ်။ ( ဟဲဟဲ ဇော်ဝင်းထွဋ္ဋ်စကားနဲ့  ပြောရရင် ကျနော်သနားလို့  မခေါ်ပဲထားတဲ့ သူတချို. ရှိပါတယ်ပေါ့ဗျာ )။ သူတို့ ကို ဇင်ယော်လေးဘ၀မှာ တခါမှမမြင်ဘူးခဲ့ ပေမယ့် အရမ်းကို ခင်မင်ရလို့  လူကိုယ်တိုင် လိုက်ပြီး
နှုတ်ဆက်စကားပြောဖို့  အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် သိတဲ့ အတိုင်း တစ်ယောက်တစ်နယ်စီမှာနေ...ပိတောက်နဲ့ ချယ်ရီပမာလေ..... ဟိုက် ချော်တောငေါ့သွားပြီဟ။.... အားလုံးက တစ်နေရာစီမှာနေကြတော့ ခုလိုက်နှုတ်ဆက်နေရင် အချိန်မလောက်မှာလည်းစိုးရ.... ခရီးစရိတ်မလောက်မှာလည်း ကြောက်ရတာမို့  ဒီလို စီစဉ်ထားပါတယ်ဗျာ။ ငှဲငှဲငှဲ .... ၁၀ရက်ကျော်လို့  သေလွန်ပြီးရင် စိတ်ထဲက အာရုံပြုလိုက်ရုံနဲ့  သွားချင်တဲ့ နေရာ ရောက်တယ်ဆိုပဲ။ နောက်ပြီး နေ့ ပိုင်းလိုက်ပြီး နှုတ်ဆက်ရင် နေကလည်းပူ၊ တွေ့ ချင်တဲ့ သူတွေ အိမ်မှာ မရှိမှာလည်း စိုးရိမ်တယ်လေ။ ဒါ့ကြောင့် ညအိပ်ခါနီး အချိန်ကျမှ လာပြီး ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ချင်ပါတယ်ဗျာ။ ( ညီ..လေး...ညီ...မ....လေး....တို့ ...ရေ.....အာ....ကို.....ကြီး.....လာ.....လည်.....တယ်.......ကွဲ့  ) ဆိုပြီး အသံနက်နက်ကြီးနဲ့  လာနှုတ်ဆက်မှာဗျ။ လူကိုယ်တိုင် လာမှန်းသိအောင် အနံ့ ပါပေးလိုက်ဦးမယ် ( Calvin Klein / Gucci / Hugo Boss အနံ့ တွေ ပြောတာပါ ) ( ဟီး လိုချင်တာတွေ ရွတ်ပြတာ တကယ်အဟုတ် မမှတ်နဲ့  )။ ကိုင်း မှတ်ပြီလား..... ဇင်ယော်လေး ကိုယ်တိုင်ကိုယ်ကျ လိုက်လံနှုတ်ဆက်မဲ့ သူများကတော့ ညီငယ်မောင်မျိုး၊ ညီမငယ်ဝေလေး၊ ညီမသက်တန့် ၊ တူမလေးDream၊ ညီလေးဥယျာဉ်မှူး တို့ ပဲဖြစ်ကြပါတယ်။ နောက်ထပ် ခင်မင်တဲ့ သူတွေ အများကြီးပဲ ရှိပါသေးတယ်။ ဒါပေမယ့် သေလွန်ပြီးမှ ကိုယ်ထင်ပြပြီး လိုက်နှုတ်ဆက်လောက်အောင် မနှိပ်စက်ကြသေးလို့ ပါဗျာ။ ဟဲဟဲဟဲ အဲဒီ စာရင်းထဲ ပါချင်တဲ့ သူများ ကျနော့်ဂျီမေးလ်ကို ဆက်သွယ်ပြီး စာရင်းပေးနိုင်ကြပါတယ်ဗျာ။ ကဲ ရေးပါဆိုလို့  ရေးပြီးပြီဗျာ။ လာနှုတ်ဆက်ခံရမယ့်သူတွေ သတိသာထားနေပေတော့။

Monday, September 15, 2008

မွေးနေ့ ပွဲလေး

ညီမငယ် ဝေလေး ရဲ.မွေးနေ့ ပွဲ နဲ့  တူမလေး Dream တို့ ရဲ.မွေးနေ့ ပွဲ ကို ရောက်သွားတော့  ဘလော့ဂါ မောင်နှမတွေ သိုက်သိုက် ၀န်းဝန်းနဲ့ ပျော်စရာ ကောင်းလိုက်တာ။ အားကျမိတယ်။ သူတို့ လိုပဲ ပျော်ရွှင်မိတယ်။ အဲဒီလို ခင်မင်ရင်းနှီး ချစ်ခင်သူတွေ ၀န်းရံပြီး ကျင်းပရတဲ့ မွေးနေ့ ပွဲလေးတွေကို တွေ့ ရရင် ပျော်ရွှင်အားကျမိတဲ့  ကိုယ့် အဖြစ်ကို ကိုယ့်ဘာသာကို ပြန်တွေးနေမိတယ်။

လုပ်ငန်းခွင်ကို စ၀င်လို့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဘ၀လမ်းကို စလျှောက်လှမ်းဖြစ်ခဲ့ တာ ခုဆိုဆယ်စုနှစ်တစ်ခုတောင် စွန်းခဲ့ ပြီလေ။ အဲဒီအချိန်ကတည်းက မွေးနေ့ ဆိုရင် မိသားစုတွေ၊ ချစ်ခင်ပေါင်းသင်းတဲ့  သူငယ်ချင်းတွေနဲ့  အမြဲတမ်း အဝေးမှာပဲ ရှိနေတတ်တော့ ကိုယ့်အတွက် မွေးနေ့ ဆိုတာကြီးက သိပ်ပြီးထူးထူးဆန်းဆန်း ကြီးမခံစားရသလိုပါပဲ။ တခါတလေများ ဘယ်သူနဲ့ မှ မသိတဲ့  မျက်နှာစိမ်းတွေကြားမှာ ရောက်နေတာ့ ဘယ်မှမသွား၊ဘာမှမလုပ်ဖြစ်တော့ပဲ ကိုယ့်ဘာသာကိုယ် ဟိုတယ်ခန်းလေးထဲမှာပဲ မီးတွေမှိတ်လို့  ဖယောင်းတိုင်လေးတွေထွန်းပြီး မွေးနေ့ ကိတ်လေးတစ်လုံး၊
ဝိုင်တစ်ခွက်နဲ့  မွေးနေ့ ပွဲလေးကို တိတ်တဆိတ်လေး ၂ခါ ၃ခါလောက် ကျင်းပခဲ့ ဖူးတယ်။ အဝေးက မိသားစုဆီဖုံးလေးလှမ်းဆက်ပြီး မွေးနေ့ ဆုတောင်းလေးတွေကို နားထောင်ပြီးရင် ငယ်ငယ်က မွေးနေ့ လေးတွေကို သတိရပြီး ရင်ဘတ်ထဲက နာကျင်တတ်သလို မျက်ဝန်းထဲက အမြင်တွေလည်းေ၀၀ါး သွားတတ်တာ အခါခါ ပါပဲလေ။ ခုတော့လည်း ဒီရှတတ နာကျင်မှုလေးတွေက နေသားကျနေပါပြီ။ ဘယ်တတ်နိုင်မလဲလေ။ ကိုယ်ရွေးခဲ့ တဲ့ လမ်း ကိုယ်ပြီးဆုံးအောင် ဆက်လျှောက်ရဦးမှာပေါ့။

ကျနော့်အတွက်တော့ မွေးနေ့ ဆိုတာ လူ့ ဘ၀သက်တမ်းမှာ တစ်နှစ်တိုးလို့  နောက်တစ်နှစ်ကို ကူးပြောင်းတဲ့  နေ့ လေးတစ်နေ့ ပါပဲ။ ဒါပေမယ့် အသက်တစ်နှစ် ကြီးသွားပြန်ပြီဆိုတာတော့ ကိုယ့်ကိုကိုယ် သိလိုက်မိတယ်။ အင်း ခရီးရှည်ကြီးထွက်ဖို့ လည်း တစ်နှစ်နီးလာပြန်ပြီပေါ့။ ဒီလိုနဲ့  ဘ၀မှာ ရှားရှားပါးပါး ကျင်းပခဲ့ ဖူးတဲ့ မွေးနေ့ တွေထဲက အမှတ်တရ တစ်ခုသော မွေးနေ့  ပွဲလေးတစ်ခုကို သွားသတိရမိတယ်။

ဒီတစ်နှစ်တော့ အဆင်ပြေမယ်လို့ ထင်မိပါတယ်။ မွေးနေ့ မတိုင်ခင်က မွေးနေ့ ကျရင် ဘာလုပ်မယ်ဆိုတာ သေသေချာချာ မဆုံးဖြတ် မိခဲ့ ပါဘူး။ မိသားစုနဲ့  အဝေးမှာ ရောက်နေပေမယ့် ဒီတစ်ခါတော့ မိတ်ဆွေသူငယ်ချင်း တချို.နဲ့ ပြန်ဆုံမိတော့ ပျော်စရာတော့ ကောင်းလိမ့်မယ်လို့  မျှော်လင့်မိပါရဲ.။ ဒါပေမယ့် ကိုယ့်မွေးနေ့ က တနင်္လာနေ့ သွားဖြစ်နေတော့ မိတ်ဆွေသူငယ်ချင်းတွေ အကုန်မလာနိုင်မှာ စိုးလို့  တနင်္ဂနွေညနေမှာပဲ သူငယ်ချင်းတွေနဲ့  ဆုံပြီးပွဲလေးလုပ်လိုက်မယ်လို့  စိတ်ကူးလိုက်မိတယ်။

ကံတရားက ဖေးမတယ်ထင်ပါရဲ.။ တကယ့်ကို သာယာလှပတဲ့  ညနေခင်းလေးပါ။ ကွဲကွာနေတဲ့  သူငယ်ချင်းတွေရော၊ ခုမှခင်မင်ဖြစ်တဲ့  သူငယ်ချင်းတွေပါ စုံစုံညီညီနဲ့  အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့  ညနေခင်းလေးပါပဲ။ သူယ်ချင်းတွေ အကြံပေးကောင်းတာကြောင့် နေရာကောင်းတစ်ခုမှာ မွေးနေ့ ပွဲလေး လုပ်ဖြစ်တယ်။ ရန်ကုန်မြို.က ၁၉လမ်းကို ပြန်ရောက်သွားသလိုပါပဲ။ ညနေကစလို့  ကားလမ်းကိုပိတ်ပြီး စားပွဲတွေခင်းပြီး ရောင်းကြတာ။ စကားပြောသံ၊စားစရာမှာတဲ့ အသံ၊ လူသံ ကားသံတွေက ဆူလို့ ညံ။ အကင်နံ့ တွေက လေထဲမှာ သင်းပျံ့ လို့ ။ ဘီယာဂျားတွေက စက်နဲ့ လှည့်ထုတ်လိုက်သလို တစ်ဂျားပြီးတစ်ဂျား။ သူငယ်ချင်းတွေက လူမျိုးစုံ၊ဘာသာစုံ။ ဒီနေရာမှာ pork မရတာကလည်း အဆင်ပြေ သွားသလိုပဲ။ သောက်ကြစားကြ၊ နောက်ကြပြောင်ကြနဲ့  ဆူလို့ ညံလို့ ။ နှိပ်ကွပ်ပြီး ဆော်ပလော် တီးကြတာလည်း မွေးနေ့ ရှင်တောင် ချမ်းသာမပေးဘူး။ မညှာတမ်း မမောတမ်း သူကဆော်လိုက်၊ ကိုယ်က တီးလိုက်နဲ့ ။ ကိုယ့်ကိုကိုယ် အသက်တစ်နှစ်ကြီးသွားတယ် မထင်မှတ်ပဲ အသက်လေးငါးနှစ် ပြန်ငယ်သွားသလိုပဲ ခံစားမိတယ်။ တကယ်ပါ စိတ်ထဲက တွေးနေမိတယ်။ ဒီလိုမွေးနေ့ ပွဲလေးတွေ နှစ်တိုင်းကြုံဆုံ တွေ့ ခွင့်ရရင် ဘယ်လောက်ကောင်းလိမ့် မလဲလို့ ။

သူလေးကိုတော့ အရင်နေ့ ကတည်းက ဖိတ်ထားခဲ့ ပါတယ်။ သူလေး ကပြောတယ်။ သူငယ်ချင်းတွေကို ဦးစားပေးလိုက်ပါတဲ့။ သူပါရင် ပြောရဆိုရတာ နောက်တဲ့ ပြောင်တဲ့ နေရာမှာ မလွတ်လပ်မှာစိုးလို့ တဲ့ ။ သက်ဆိုင်သူပါရင် နောက်ချင်ဇောနဲ့  တစ်ခွက်ပြီးတစ်ခွက် ထည့်ပေးရင်းနဲ့  အရမ်းများသွားမှာလည်း စိုးရိမ်တယ်တဲ့ ။ နောက်ပြီးသူငယ်ချင်း တချို.အကြောင်း ကောင်းကောင်းသိတော့  သူလာရင် သူပါရောပြီး အထောင်းခံရမှာလေ။ နှစ်ယောက်ပေါင်းကို ရောပြီးထောင်းရင် ခေါင်းတောင်မဖော်နိုင်ဘူး။ အဲဒါသိလို့  လန့် တာလည်း ပါမှာပေါ့။ မွေးနေ့ ပွဲလေးမှာ အစစအရာရာ စိတ်ချမ်းသာပျော်ရွှင်စေချင်တဲ့  သူ့ စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့  မွေးနေ့ ပွဲပြီးရင် ဘယ်မှလျှောက်မသွားပဲ သူ့ ဆီကိုပဲ ဆက်ဆက်လာခဲ့ စေချင်တယ်တဲ့ ။ မွေးနေ့ အကြို နှစ်ယောက်အတူ လျှောက်လည်ချင်တယ်တဲ့ လေ။

ဒီလိုနဲ့  ပွဲလေးပြီးတော့ ကမန်းကတန်းမျက်နှာသစ်၊ ပူရှိန်းငုံပြီး သူလေးဆီကို အပြေးလေးသွားရတော့တာပေါ့။ လျှာက်လည်ပါတယ်ဆိုမှ မူးကွဲပြီး အနံ့ တထောင်းထောင်းနဲ့ ဆို သူလည်းစိတ်ညစ်မှာပေါ့။ ဒီလောက်တော့ ပြန်ပြီး အလိုက်သိရမယ်လေ။ နောက်ကျနေလို့  ပြေးလိုက်ရတာ။ အိမ်ရောက်တော့ ကျနော့်ရဲ. ဗီးနပ်စ်က အမောပြေ အပြုံးလေးနဲ့  ဆီးကြိုရှာတယ်။ ဒီနေ့ မှ ခါတိုင်းထက်တောင် ပိုပြီးလှနေသလိုပါပဲ။ ဒီလိုနဲ့  အမှတ်တရ နေရာလေးတွေကို လျှောက်လည်ဖြစ်ခဲ့ တယ်။ စပြီးဆုံတွေ့ ဖြစ်တဲ့ နေရာလေးလည်း အပါအ၀င်ပေါ့။

အလည်ကောင်းလွန်းလို့  အိမ်ပြန်ပို့ တော့  နောက်တစ်နေ့ ကူးဖို့ နာရီပိုင်းပဲလိုတော့တယ်။ ကျနော့် ရဲ.မွေးနေ့ လေးရောက်တော့မယ်ပေါ့။ အိမ်အပြန်လမ်းကို ခါတိုင်းလို လမ်းလျှောက်ပြီး ပြန်ခဲ့ တာပါပဲ။ ဒါပေမယ့် ဒီနေ့ ကျမှ နင်းလျှောက်နေကျ ခရီးလမ်းက ပိုပြီး ဖြောင့်ဖြူး နေသလိုလို၊ မြင်ဖူးနေကျ မြင်ကွင်းတွေကပဲ ပိုပြီးတော့ လှပနေသလိုလို၊ ကြားဖူးနေကျ အသံတွေကပဲ ပိုပြီး ချိုသာနေသလိုလို အပျော်တွေထုံမွှမ်းထားတဲ့ သူတစ်ယောက်ဆိုတာ ကိုယ့် ကိုကိုယ်လည်း သတိထားမိပါရဲ.။

သူလေးရဲ့ တိုက်ခန်းအောက်က ပန်းခြံလေးထဲရောက်တော့  ထိုင်နေကျ ခုံတန်းလေးမှာ ထိုင်ပြီး ပြောမကုန်တဲ့  စကားလေးတွေ ဖောင်ဖွဲ့ မိပြန်ရော။ နောက်နေ့ ကူးဖို့  မိနစ်ပိုင်းလေးပဲ လိုတော့ တဲ့ အချိန်ရောက်မှ ခဏနော်တဲ့ ။ မွေးနေ့ လက်ဆောင်ကို မွေးနေ့ ကျမှ ပေးချင်လို့ အချိန်ကိုစောင့် နေတာတဲ့ ။ အခန်းကိုပြန်ပြီး အပြေးအလွှား သွားယူလေရဲ.။ ရင်းနှီးကျွမ်းဝင်နေတဲ့  ပတ်ဝန်းကျင်ကို စောင်းငဲ့ ကြည့်လိုက်တော့ အရာရာအားလုံးက ပိုပြီးလှပနေသလိုပဲ။ မြက်ခင်းလေးကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေနုအေးလေးက ရင်ထဲကို လန်းဆန်းသွားစေသလို လေအဝေ့မှာ ကြွေကျလာတဲ့  သစ်ရွက်လေးတွေက မြင်ကွင်းလေးကို ပိုပြီးအသက်ပါအောင် ဖြည့်ဆည်းပေးနေခဲ့ တာပါ။ ပုဇင်းရင်ကွဲလေးတွေ အော်မြည်နေတဲ့ အသံလေးတွေနားထောင်နေရင်း လမ်းမီးမှိန်မှိန်လေးရဲ.အရိပ်အောက်က ခုံတန်းလေးမှာထိုင်ပြီး ဘာမှန်းမသိတဲ့  မွေးနေ့ လက်ဆောင်လေးကို စောင့်မျှော်နေရတဲ့ အချိန် ကိုယ့်ရင်ခုန်သံကို
ကိုယ့်ဘာသာကိုယ် နားထောင်နေမိတယ်။

သူလေးပြန်လာတော့  လက်ထဲမှာ အထုပ်လေးတွေဆွဲလို့ ။ ဘာတွေလဲလို့ မေးတော့ နောက်မကြာခင်သိရမယ်၊ ခုတော့  မျက်လုံးကို စုံမှိတ်လို့  ငြိမ်ငြိမ်လေးပဲ ထိုင်နေပါတဲ့။ အမိန့် တော်အတိုင်းပဲပေါ့ ဗျာ။ မျက်လုံးမှိတ်ထားပေမယ့်  အသံတွေကတော့  ကြားနေရတယ်။ အထုပ်တွေဖွင့်ပြီး ဟိုဟာထုတ်ဒီဟာထုတ်နဲ့  တော်တော်ကိုအလုပ်ရှုတ်နေပုံပဲ။ ရပြီ ဖွင့် ကြည့်လိုက်တော့တဲ့ ။ အရင်ဆုံးမြင်ရတာက လုပ်ချင်တာတွေ လုပ်လိုက်ရလို့  ပြုံးပျော်ကြည်နူးနေတဲ့  သူလေးရဲ.မျက်နှာနုနုလေး၊ ပြီးတော့ ဖယောင်းတိုင်လေးတွေ ညီညီညာညာ စိုက်ထားတဲ့  မွေးနေ့ ကိတ်လေး၊ အလယ်မှာက ဂစ်တာတီးနေတဲ့  ၀က်ဝံရုပ်လေးနဲ့ ။ ပြီးတော့ ဘေးမှာက ပက်ကင် ထုတ်ထားတဲ့  မွေးနေ့ လက်ဆောင်လေး ပေါ်မှာထောင်ထားတဲ့  Birthday Card လေး။ ရင်ခုန်သံတွေ ဟိုးအမြင့်ဆုံးကို လွင့်တက် သွားတယ်လို့  ကိုယ့်ကိုကိုယ် ထင်မိတယ်။ ခံစားလိုက်ရတဲ့  ကြည်နူးပျော်ရွှင်မှုက ဘာနဲ့ မှလဲမရနိုင်ပါဘူး။

တကယ်တော့ ဒီလိုဖြစ်လာအောင် သူလေးက စနစ်တကျနဲ့ ကို စီစဉ်ခဲ့ တာပါ။ တကယ့်မွေးနေ့ မှာ နှစ်ယောက်တည်း မွေးနေ့ ပွဲလေး ကျင်းပပြီး မွေးနေ့ လက်ဆောင်လေးပေးချင်လို့ တဲ့ ။ ရယ်ရယ်မောမောနဲ့  ရှင်းပြရှာတယ်။ ပြီးတော့ ဖယောင်းတိုင် လေးတွေ မီးထွန်းပြီး မွေးနေ့ ပွဲလေးကို စတင်လိုက်တယ်။ ရင်ထဲမှာ သူထွန်းညှိပေးခဲ့ တဲ့  အလင်းရောင်လေးကတော့ ကျနော့်ရဲ. ကောင်းကင်တစ်ခုလုံးကို လင်းလက်လို့ နေလေရဲ.။ Happy Birthday သီချင်းလေးကို လက်ခုပ်လေးတီးပြီး စိတ်ပါလက်ပါ သီဆိုနေတဲ့ သူ့ ပုံဟန်လေးက တကယ့်ကို ပီဘိကလေးလေး တစ်ယောက်လိုပါပဲ။ ပြီးတော့ Birthday Wish လေးဆုတောင်းပေးရှာတယ်။ ကိုလည်းဆုတောင်းလေတဲ့ ။
လက်နှစ်ဘက်ကို ရင်မှာယှက်လို့  ဆုတောင်းဖို့  ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်မှုန်တစ်စ ကြွေကျသွားသလိုပဲ။ ကြယ်တွေကြွေချိန်မှာ ဆုတောင်းရင် ပြည့်တတ်တယ်တဲ့ ။ ရင်မှာ အလိုချင်ဆုံး ဆုလေးတစ်ခုကို တိတ်တိတ်လေးပဲ တောင်းဆို လိုက်မိပါတယ်။

ပြီးတော့ ဖယောင်းတိုင်မီးလေးတွေ ပြိုင်တူမှုတ်လို့  အားရပါးရ ရယ်မောမိကြသေးတယ်။ ကိတ်မုန့် လေးကို လှီးပြီးသူ့ ကို ခွံ့ ကျွေးတော့ ကလေးတစ်ယောက်လို အားရပါးရ စားနေတဲ့  သူ့ ကိုငေးကြည့်နေမိတာ လူကို ကျောက်ရုပ်တဲ့ လေ။ ပန်းနုရောင် Birthday Card လေးကို ဖွင့်ကြည့်မိတော့ ရေးထားတဲ့ စာသားလေးက
Hope you'll find time to sit back for a minute to savour your world,
And the happy memories to remember forever.
To have the successful & happy life ....... Happy Birthday....Honey
တဲ့ လေ။ မွေးနေ့ လက်ဆောင်လေးက
လက်ပတ်နာရီ လေးတစ်လုံး။ နာရီလေးကို ကြည့်မိတဲ့ အချိန်တိုင်းမှာ အမြဲထာဝရ သတိတရ ရှိနေအောင်လို့ တဲ့ ။ သူ စနစ်တကျနဲ့  စီစဉ်ခဲ့ သမျှအားလုံးက ကျနော့်အတွက်ချည်းပါပဲတဲ့ လေ။

ခုတော့လည်း အရာရာအားလုံးက အစီအစဉ်တကျနဲ့  ပြီးဆုံးခဲ့ ပါပြီ။ ပြန်မရနိုင်တော့တဲ့  အဲဒီ မွေးနေ့ လေးက ကျနော့်ဘ၀ တစ်သက်တာမှာ အမြဲထာဝရ တမှတ်တရနဲ့  ရှိနေဦးမှာပါ။ ကျနော်တွေးနေမိတယ်။ နောင်နှစ်တွေရောက်ရင်ရော ဘယ်လို မွေးနေ့ ပွဲတွေ ကျင်းပဖြစ်ဦးမှာလဲ။ အရာရာ ဘာတစ်ခုမှ မရေရာမသေချာတဲ့ လောကကြီးထဲမှာ ကျနော်ကရော အသက်ရှင် ရပ်တည်နေနိုင်မယ်ဆိုတာ သေချာရဲ.လား။ တကယ်လို့  ဆက်လက်ရှင်သန်နေခဲ့ ရင်ရော ပျော်ရာမှာမနေနိုင်ပဲ တော်ရာမှာနေရတဲ့ ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ရှင်သန်နေတဲ့ ဘ၀တစ်ခုအတွက် အားလုံးရဲ.အဝေးတစ်နေရာမှာ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း မွေးနေ့ ပွဲလေး တိတ်တဆိတ် ကျင်းပနေရဦးမှာလား။ အတွေးပေါင်းများစွာနဲ့  ရှည်ကြာလွန်းတဲ့  ကျနော့်ရဲ. ညနက်နက်တစ်ခုကတော့ နံနက် မိုးသောက်လို့  အလင်းရောင်ပျိုးစ အချိန်လေးမှာ လူမသိသူမသိနဲ့  တိတ်တိတ်လေး ပြီးဆုံးသွားခဲ့ ပါပြီ။

Saturday, September 13, 2008

အိမ်မက်ထဲက မီးသတ်သမားလေး

ဇင်ယော်လေး အရေးကြီးကိစ္စနဲ့  ဘယ်သူ့ကိုမှ နှုတ်မဆက်နိုင်ပဲ ခရီးထွက်သွားရလို့  ဆိပ်ကမ်းလေးကိုတောင် မရောက်ဖြစ်တာ အတော်ကြာခဲ့ ပါပြီ။ ခရီးသွားနေတဲ့ ရက်ပိုင်းအတွင်းမှာ လာရောက်လည်ပတ်ခဲ့ တဲ့  မိတ်ဆွေတွေရော၊ နောက်ပြီး ပျောက်နေတာ ကြာလို့ အော်ဟစ်နေတဲ့  ညီအစ်ကိုမောင်နှမအားလုံးကို ရော
ဒီပို့ စ်လေးနဲ့ တောင်းပန်လိုက်ပါတယ်ဗျာ။


အိမ်မက်ထဲက မီးသတ်သမားလေး







ဖြူရော်ဖျော့တော့နေတဲ့ သားလေးကို စိုက်ကြည့်နေရင်း သူမမျက်ဝန်းတွေထဲမှာ မျက်ရည်စတို့  ဝေ့သီလာသည်။ ဆေးရုံကုတင် လက်တန်းလေးကို ဆုပ်ကိုင်ရင်း အိပ်ပျော်နေတဲ့  သားလေး၏မျက်နှာကို တ၀ကြီး ကြည့်နေမိသည်။ သားလေးရယ်...လူ့ လောကထဲ
အလည်ရောက် လာတာမှ နှစ်ကာလ ဘာမှမကြာသေး။ နောက်မကြာခင် ပြန်ထွက် သွားတော့မယ်ပေါ့။ တွေးတောရင်း ရင်ထဲမှာ နာကျင်လို့ နေမိသည်။

အခြားသော မိခင်များနည်းတူ သူမတွင်လည်း သားလေးအတွက် မျှော်မှန်းချက်တို့ က ရင်နဲ့ အပြည့်။ သားလေးကို လူလူသူသူဖြစ်အောင် ပြုစုပျိုးထောင်ပေးချင်သည်။ သားလေးရဲ. အိမ်မက်တွေ တကယ်တမ်းဖြစ်လာအောင် အကောင်အထည် ဖော်ပေးချင်သည်။ တနေ့ မှာ ရည်မှန်းချက်တို့  ပြည့်ဝအောင်မြင်ပြီး ကျေနပ်ပီတိတို့ ဖြင့် ပြုံးရွှင်နေသော သားလေး၏မျက်နှာကို သူမအားပါးတရ တ၀ကြီး ကြည့်ချင်သေးသည်။ ခုတော့ဖြင့် သူမအိမ်မက် အားလုံးကို သွေးကင်ဆာဆိုတဲ့  နတ်ဆိုးက တစစီ
ရိုက်ချိုးလို့  ဖျက်ချေနင်းသွားလေပြီ။

ဒါပေမယ့် သူမလွယ်လွယ်နဲ့ တော့ အရှုံးမပေးချင်သေး။ သားလေး၏ဆန္ဒတချို.ကို သူမတတ်နိုင်သလောက် ဖြည့်ဆည်းပေးချင်သည်။ သားလေး၏အိမ်မက်တွေကို တကယ်တမ်းဖြစ်လာအောင် အကောင်အထည်ဖော်ပေးချင်သည်။ သားလေး၏လက်လေးကို အသာအယာဆုပ်ကိုင်ရင်း မေးလိုက်မိသည်။
သားရေ...သားလေးအသက်ကြီးလာရင် ဘာလုပ်မလဲ။ ဆရာဝန်ကြီးလုပ်မှာလား၊ အင်ဂျင်နီယာကြီး လုပ်မှာလား၊ ဒါမှမဟုတ် ရှေ.နေကြီးလုပ်မှာလား။
သားလေးက ခဏငြိမ်ပြီးစဉ်းစားနေသည်။ ပြီးမှအားရပါးရပြုံးရင်း
မေမေ သားသားကြီးရင် မီးသတ်သမားကြီးဖြစ်ချင်တယ်။ မီးသတ်ဝတ်စုံကြီးဝတ်ပြီး မီးလောင်ရင် မီးငြိမ်းချင်တယ်။ လူတွေကို လည်း မီးတွေကြားက ကယ်ထုတ်ချင်တယ်။
သူမအသာအယာပြုံးရင်း ပြန်ပြောလိုက်သည်။
အားမလျှော့နဲ့ သားလေးရေ..မေမေတို့ သားအိမ်မက်တွေ တကယ်ဖြစ်လာအောင်ကြိုးစားကြည့်ကြတာပေါ့။

နောက်တနေ့ မှာပဲ သူမတို့ နေထိုင်ရာမြို့ လေးရှိ မီးသတ်စခန်းသို့  သူမရောက်သွားကာ တာဝန်ခံအရာရှိအား တွေ့ ဆုံပြီး သားလေး၏ နောက်ဆုံးဆန္ဒလေးကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးစေလိုကြောင်း အသနားခံကာတောင်းဆိုမိသည်။ သူမ၏၅နှစ်အရွယ် သားငယ်လေး ပီတာကို ဖြစ်နိုင်လျှင် မီးသတ်ကားပေါ်တွင် ခေတ္တမျှ လိုက်ပါစီးနင်းစေလိုကြောင်း တောင်းပန်ပြောဆိုမိသည်။ ထိုမီးသတ်ဗိုလ်ကြီးဘောပ့်မှာ သူမတို့ နေထိုင်ရာ အရီဇိုးနားပြည်နယ် ဖီးနစ်မြို.လေးတွင် ကြင်နာသနားတတ်သူ၊ သူတစ်ပါးအား ကူညီတတ်သူအဖြစ်နာမည်ကြီးသည်မို့ သူမအရဲစွန့် ကာ လာရောက်တောင်းဆိုမိခြင်းဖြစ်သည်။ ဘော့ပ်ကလည်း လိုလိုလားလားပင် အကူအညီပေးချင်သည်။

ကျနော်တို့ ဒီထက်ပိုပြီး ကူညီနိုင်ပါတယ်။ အခုလာမယ့် ဗုဒ္ဓဟူးနေ့ မနက်၇နာရီမှာ ပီတာလေးကို အဆင်သင့် ပြင်ထားပေးပါ။ ကျနော်တို့ လာခေါ်ပါ့မယ်။ သူ့ ကို အဲဒီတစ်နေ့ လုံး ကျနော်တို့ ဖီးနစ်မီးသတ်စခန်းရဲ. ဂုဏ်ပြုခံ မီးသတ်သမားအဖြစ် နေထိုင်ခွင့်ပြုမှာပါ။ ပြီးတော့  ကျနော်တို့ နဲ့ အတူတူ စားသောက်ရမယ်၊ ဒါ့ အပြင် အရေးပေါ်မီးသတ်ဖို့  အခြေအနေတွေ ကြုံတွေ့ လာခဲ့ ရင် ကျနော်တို့ နဲ့ အတူ မီးသတ်သမားအဖြစ်
တာဝန်တွေထမ်းဆောင်ခွင့်ရမှာပါ။ နောက်ပြီး ပီတာလေးရဲ.ကိုယ်အတိုင်းအတာကို ပေးထားရင် သူ့ အတွက် ယူနီဖောင်းတစ်စုံ စီစဉ်ပေးထားမှာပါ။ ဖီးနစ်မီးသတ်စခန်းတံဆိပ်ပါတဲ့  မီးသတ်သမားဦးထုပ်၊ ရာဘာဖိနပ်နဲ့ တကယ့်မီးသတ်ဝတ်စုံတစ်စုံကို အဆင်သင့်ဖြစ်အောင် စီစဉ်ပေးထားပါ့မယ်။ ဒီဝတ်စုံတွေက ဖီးနစ်မြို့ လေးမှာပဲ
ထုတ်လုပ်တာကြောင့် အချိန်တို အတွင်းမှာ အလွယ်တကူ ရရှိအောင်စီစဉ်နိုင်ပါတယ်။

နောက် ၃ ရက်အကြာမှာတော့ သူအင်မတန်ဝတ်ချင်တဲ့ မီးသတ်ဝတ်စုံကိုဝတ်ဆင်ထားတဲ့  ပီတာတစ်ယောက် မီးသတ်ကားပေါ်မှာ အပျော်ကြီးပျော်နေပါပြီ။ ဘော့ပ်ဦးဆောင်တဲ့ မီးသတ်သမားတစ်စုက ပီတာလေးကို ဆေးရုံမှ ဖီးနစ်မီးသတ်စခန်းဆီ လာရောက်ခေါ်ဆောင်ကြတာပါ။ မီးသတ်ကားနောက်ပိုင်းမှာ ဂုဏ်ပြုခံမီးသတ်သမားလေး ပီတာတစ်ယောက် မီးသတ်ပိုက်ကိုကိုင်ရင်း
ပြုံးပျော်နေပုံက သူ့ အတွက်နိဗ္ဗါန်ဘုံကိုရောက်နေတဲ့ အတိုင်းပါပဲ။

အဲဒီနေ့ က ဘော့ပ်တို့ အရေးပေါ်မီးသတ်ဖို့  ၃ ကြိမ်တိတိသွားခဲ့ ရာမှာ ပီတာတစ်ယောက်လည်းအပါအ၀င်ပေါ့။ ဖီးနစ်မီးသတ်စခန်းရဲ.
မီးသတ်ကားမျိုးစုံကို စီးခဲ့ ယုံမက အရေးပေါ်သူနာပြုကား၊ ကယ်ဆယ်ရေးလှေကားတင်ကားတို့ အပြင် မီးသတ်စခန်းအကြီးအကဲရဲ.
ကားကိုတောင် ပီတာလေးစီးခဲ့ ရပါသေးတယ်။ ပီတာလေးတစ်ယောက် အဲဒီနေ့ က ဘော့ပ်တို့ နဲ့ အတူ တာဝန်တွေ ကူညီ ထမ်းဆောင်နေပုံကို ဒေသခံတီဗွီသတင်းတွေကတောင် ထုတ်လွှင့်ပြသခဲ့ပါတယ်။ သူ့ ရဲ.အိမ်မက်တွေ တကယ်ဖြစ်ခွင့် ရခဲ့ တဲ့  ပီတာတစ်ယောက် သူ့အပေါ်အများက ထားရှိတဲ့ မေတ္တာတွေရဲ. အကျိုးကျေးဇူးကြောင့် ဆရာဝန်တွေ ထင်မှတ်ထားတဲ့  အချိန်ကာလထက်တောင် ၃လကျော်အောင် နေထိုင်နိုင်ခဲ့ ပါတယ်။

ဒီလိုနဲ့ တစ်ညမှာတော့ ပီတာလေးတစ်ယောက် ခရီးရှည်ကြီးကို ထွက်ခွာရတော့မယ့်  အရိပ်လက္ခဏာတွေ ပြသလာပါပြီ။
ကင်ဆာဆေးရုံရဲ. သူနာပြုဆရာမကြီးက အိမ်ကမိသားစုဝင်တွေဆီ ဖုံးဆက်ပြီး လှမ်းခေါ်လိုက်ပါပြီ။ ဒါကလည်း သူမရဲ. လက်ကိုင်ဆောင်ပုဒ်ဖြစ်တဲ့  ဘယ်လူနာမှ လူမသိသူမသိ တိတ်တိတ်လေး တစ်ယောက်တည်း မဆုံးပါးသွားစေရဘူးတဲ့ ။
ဒါ့အပြင် သူမ မှတ်မိသတိရလိုက်တာက ပီတာလေးရဲ. တစ်ရက်တာ ဂုဏ်ပြုခံ မီးသတ်သမားလေး ဘ၀ကိုပါ။ အဲဒါကြောင့် ဖီးနစ်မီးသတ်စခန်းကို ဖုံးလှမ်းဆက်ပြီး ဘော့ ပ်တို့ ဆီကိုပါ အကြောင်းကြားလိုက်ပါတယ်။ သူမက ဖြစ်နိုင်ရင် ယူနီဖောင်း
ဝတ်ဆင်ထားတဲ့  မီးသတ်သမားတစ်ယောက်ကို ဆေးရုံကို လွှတ်ပြီး ပီတာလေးရဲ. နောက်ဆုံးအချိန်လေးမှာ လာရောက် နှုတ်ဆက်စေချင်ပါတယ်လို့  တောင်းဆိုလိုက်တာပါ။

ဘော့ပ်က
ကျနော်တို့  ဒီထက်ပိုပြီး လုပ်ဆောင်ပေးနိုင်ပါတယ်။ ၅မိနစ်အတွင်း ရောက်လာခဲ့ပါ့မယ်။ တစ်ခုလောက်များ ပြန်ပြီး
ကူညီနိုင်မလားခင်ဗျာ။ အရေးပေါ်မီးသတ်ကား ဥသြသံကြားရရင်၊ ပြီးတော့  မီးသတ်ကားရဲ. အရေးပေါ်မီးရောင်တွေမြင်ရတဲ့ အခါ ဆေးရုံရဲ. အသံလွှင့်စပီကာကနေ ဒါဟာတကယ်မီးလောင်နေတာ မဟုတ်တဲ့အကြောင်း၊ ဖီးနစ်မီးသတ်စခန်းက အဖွဲ့ ဝင်တချို.က
သူတို့ ရဲ.မိတ်ဆွေ အသက်အငယ်ဆုံး မီးသတ်သမားလေးဆီကို နောက်တကြိမ် လာရောက်တွေ့ ဆုံတာဖြစ်တဲ့ အကြောင်း ကြေငြာပေးစေလိုပါတယ်။ နောက်ပြီး ပီတာလေးနေတဲ့  အခန်းက ပြတင်းပေါက်တံခါးတချို.ကို ဖွင့်ပေးထားလို့  ရမလားခင်ဗျာ။

နောက်၅မိနစ်ခန့် အကြာမှာတော့ ဆေးရုံရှေ.ကို ကယ်ဆယ်ရေး မီးသတ်လှေကားတင်ဆောင်ထားတဲ့ အရေးပေါ်မီးသတ်ကားတစ်စီး
ဆိုက်ရောက်လာခဲ့ ပါတယ်။ ဘော့ပ်ဦးဆောင်တဲ့  မီးသတ်သမား၅ယောက်က မီးသတ်လှေကားကဆင့်  ၃ထပ်မှာရှိတဲ့ 
ဖွင့်ထားတဲ့  ပီတာလေးရဲ.အခန်းပြတင်းတံခါးပေါက်ကို တက်လာပြီး ခရီးရှည်ကြီးကို ထွက်ခွာသွားတော့မယ့် သူတို့ ရဲ.
အဖွဲ့ ဝင်လေးကို လာရောက်နှုတ်ဆက်ကြတာပါ။ ပီတာလေးမိဘတွေရဲ. ခွင့်ပြုချက်နဲ့  သူတို့ တတွေဟာ ပီတာလေးကို
ထွေးပိုက်ပြီး သူတို့ အနေနဲ့  ပီတာလေးကို ဘယ်လောက်ချစ်ကြောင်း၊ ဖီးနစ်မီးသတ်တပ်ဖွဲ့ အနေနဲ့  အသက်အငယ်ဆုံး
မီးသတ်သမားလေးအတွက် ဂုဏ်ယူကြောင်း လာရောက်ပြောပြကြတာပါ။ နောက်ဆုံးအနေနဲ့  အသက်ကို
ခဲခဲယဉ်းယဉ်း ရှူပြီး ဘော့ပ်ကိုလှမ်းကြည့်ရင်းက ပီတာလေးမေးလိုက်ပါတယ်။
....ဦးရေ..ကျနော်တကယ်ပဲ မီးသတ်သမားဖြစ်ပြီလားဟင်...။
ဘော့ပ်က
....တကယ်ပါပီတာလေးရေ...မင်း တို့ နဲ့ အတူတူ ဂုဏ်ပြုခံ မီးသတ်သမားအဖြစ်နဲ့  တာဝန်ထမ်းဆောင်ခဲ့ ကတည်းက မင်းဟာ
ဖီးနစ်မီးသတ်စခန်းရဲ. အဖွဲ့ ဝင် မီးသတ်သမားတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ အခုအချိန်မှာ မင်းဟာ တကယ့်ကို မီးသတ်သမား တစ်ယောက်ပါ...တဲ့။
အဲဒီစကား အဆုံးမှာတော့ ပျော်ရွှင်ကြည်နူးတဲ့  အပြုံးးကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်းက ပီတာလေးတစ်ယောက် မျက်လုံးလေးကို အသာအယာပိတ်ပြီး ခရီးရှည်ကြီးကို ထွက်ခွာသွားပါတော့တယ်။

အပြင်ကိုလှမ်းကြည့်လိုက်တော့ နံနက်ခင်းရဲ. ရှေ့ ပြေးအလင်းစတွေက မိုးကုပ်စက်ဝိုင်းကိုမေးတင်လို့ နေပါပြီ။ ဘ၀တစ်ခုရဲ.
မျှော်လင့်ချက်အိမ်မက်လေးကို အခြေအနေပေးသလောက် လက်တွေ့ အကောင်အထည်ဖော်ခွင့်ရခဲ့ တဲ့  ပီတာလေးအတွက်
ကမ္ဘာလောကကြီးက ကျေနပ်နှစ်သိမ့်နေမှာပါ။ သွေးကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့  ပီတာလေးကတော့
မိခင်ရဲ.မေတ္တာတရား၊ သနားကူညီတတ်တဲ့  ဖီးနစ်မီးသတ်တပ်ဖွဲ့ ရဲ.အကြင်နာတရားတို့ နဲ့  သူရဲ. စိတ်ကူးအိမ်မက်လေးကို
ကြိုးစားဆောက်တည်နိုင်ခဲ့ ပါပြီ။
ကျနော်တို့ တွေရော....ဘယ်တော့ရောက်လာမယ်မှန်း အတိအကျမသိတဲ့  နောက်ဆုံးအချိန်မတိုင်ခင် စိတ်ကူးထဲက မျှော်လင့်ချက်
အိမ်မက်လေးတွေ တကယ်ဖြစ်လာအောင် ကြိုးစားမကြည့်သင့်ဘူးလား။ ကျနော်တို့ ရဲ. ဘ၀ပန်းချီကားလေးထဲမှာ စိတ်ကူး မျှော်လင့်ချက်ဆိုတဲ့  ရှုခင်းလေးတွေကို ကြိုးစားအားထုတ်မှု စုတ်တံလေးတွေနဲ. ဆေးရောင်လှလှ ခြယ်သနိုင်ခဲ့ မယ်ဆိုရင်ဖြင့်.........။ ။ ။

(မိတ်ဆွေတစ်ယောက်ပို့ လိုက်တဲ့ မေးလ်(from the book Chicken Soup for the Soul)ကို ဘာသာပြန်ဆိုလိုက်တာပါ။ တကယ်လို့ 
ဘာသာပြန်တဲ့ နေရာမှာ အမှားအယွင်းရှိခဲ့ ရင် သည်းခံဖတ်ရှုပေးပါလို့  တောင်းပန်ပါတယ်။ )

Friday, September 5, 2008

ဇင်ယော်လည်ပြန်

စာမေးပွဲဖြေနေတုန်း ညီတော်မောင်မျိုးက tag ထားတယ်တဲ့။ စာမေးပွဲ ပြီးရင် ရေးပေးပါတဲ့ ။ ညီငယ် ဥယျာဉ်မှူးကလည်း ပို့ စ်အကြွေး တွေဆပ်ဦးတဲ့ လေ။ လုပ်ကြဦးပေါ့။ သူတို့ ခေတ်ပဲ။ မတတ်နိုင်ဘူး။ ဒါနဲ့  ဇင်ယော်လည်း နောက်ကြောင်းလေး လည်ပြန်ကြည့်ပြီး ကိုယ့်ကိုကိုယ်ဖော် မသူတော် လုပ်လိုက်ပြီဗျို.။

ကိုယ့်နာမည်------------- ဇင်ယော်

သူငယ်ချင်းတွေကဒီလိုခေါ်တယ် -------------- ပေတလူ၊ အောက်ဆီဂျင်၊ ဆိုးပေ၊ ကိုရဲ၊ ပေစောင်း ( ထပ်ပြောရင် ငယ်ကျိုးငယ်နာတွေ ပေါ်ကုန်တော့ မယ်။ )

ချစ်သူလေးကဒီလိုခေါ်တယ် -------------- လာအုံးတဲ့ ။ ( ဟီး...စိတ်မဆိုးတဲ့ အချိန် = ကိုလူဆိုး။ စိတ်ဆိုးနေရင် = ကိုရိန်းဘိုး...ဥာဏ်နီဥာဏ်နက်အပြင် ဥာဏ်ကာလာစုံပြေးနေလို့ တဲ့ ။ )

ဒီမှာနေတယ် ------------- ဇင်ယော်ပဲဗျာ...ရေထဲမှာနေတာပေါ့။ တခါတလေ အတောင်ညောင်းရင်တော့ ကုန်းပေါ်တက်နားတယ်။

အလုပ်အကိုင် ------- လောလောဆယ်တော့ ကျောင်းသားခဏ ပြန်လုပ်နေတယ်။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ---------- 1800-225-0000 ( ဟီး တကယ်မဆက်နဲ့ နော်...အဲဒါ Police Hot Line ကြီး )

(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)

အရောင်ဆိုရင် ---------- အနက်၊ မိုးပြာ။

အ၀တ်အစားဆိုရင် ---------- ပေါ့ပေါ့ပါးပါး၊ ကျွတ်မကျရင်ပြီးရော။

အစားအစာဆိုရင် ---------- ဘာလာလာ။ ရေထဲမှာ ရေငုတ်သင်္ဘော၊ လေထဲမှာ လေယာဉ်ပျံ။ ခြေ၄ချောင်းဆို ကုတင်ရှောင်တယ်။
ခြေ၂ချောင်းဆို လှေကားရှောင်တယ်။ အသီးထဲမှာ ဂေါက်သီးနဲ့  လက်သီးမစားဘူး။

ပစ္စည်းဆိုရင် ---------- အင်တာနက်ချိတ်ထားတဲ့ လက်တော့လေး ၁လုံးနဲ့  သီချင်းချိုချိုလေးတွေ သိမ်းထားတဲ့ i-pot လေး ၁လုံး။

သီချင်းဆိုရင် ---------- ကမ္ဘာမကြေ။

စာရေးဆရာ ---------- ဦးအောင်သင်း၊ သော်တာဆွေ၊ နုနုရည်(အင်းဝ)၊နောက်ပြီး ဘလော့ဂ်ဂါတွေ အားလုံး။

စာအုပ် ----------- ခပ်ထူထူ ( ခေါင်းအုံးအိပ်လို့ ကောင်းတယ်လေ။ )

Life style ---------- ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး။

ကိုယ့်ရဲ့ဝါသနာ ---------- အိပ်လိုက် စားလိုက်။ တခါတလေ သောက်လိုက် ငမ်းလိုက်။

အလိုချင်ဆုံးလက်ဆောင် ---------- အလကားပေးရင် အကုန်ကြိုက်တယ် ။

ကိုယ့်ရဲ့ အချစ်ဆုံးသူက ---------- မှန်ထဲ ပြန်ကြည့်ရင် မြင်နေရတယ်။

ကိုယ့်ရဲ့ အလေးစားဆုံးသူက ---------- ဖေ နဲ့  မေ။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ---------- ဆိုးသမျှပေသမျှ အနွံအတာခံတဲ့  သူငယ်ချင်းတွေပေါ့။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ---------- ကိုယ်ကိုတိုင်ပါပဲလား။

ကိုယ့်ရဲ့ အမုန်းဆုံးသူက ---------- ဟိုတစ်ယောက်...ခုထိသေနိုင်သေးဘူး။

ရင်အခုန်ဆုံးအချိန် ---------- စာပွဲပေါ်တင်ထားတဲ့ မေးခွန်းစာရွက်ကို အသာလေးလှန်ကြည့်တဲ့ အချိန်။ ( စာမေးပွဲခန်းထဲ ၀င်ဝင်ချင်း ပေးမဖတ်သေးဘူး။ )

အကြောက်ဆုံးအချိန် ---------- စာမေးပွဲအောင်စာရင်း ထွက်တယ်ဆိုတဲ့  သတင်းကြားလိုက်ရတဲ့ အချိန်။

အပျော်ဆုံးအချိန် ---------- ဂျွန်ဂျီဟွန်းက လက်ထပ်ချင်တယ်လို့  လာပြောတဲ့အချိန်။

အမှတ်တရနေ့ ---------- ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ---------- ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။ လောကကြီး သာယာစေ။

အချစ်ဆိုတာ ---------- စေ့ထားတဲ့ တံခါးကို မခေါက်ပဲ တိတ်တိတ်လေး ၀င်လာတဲ့ ဧည့်သည်။

အမုန်းဆိုတာ ---------- ရင်ထဲမှာ ကိုယ့်ဘာသာကိုယ် ပျိုးမိတဲ့ မီးတောက်တစ်ခု။

အလွမ်းဆိုတာ ---------- ဓါးထက်ထက်တချောင်းကို လည်ချောင်းထဲ အလျားလိုက်မြိုထားရသလိုပဲ။

သံယောဇဉ်ဆိုတာ---------- တစ်ပင်တည်း၊ မမြင်ပေမယ့် ဖြတ်ရခက်တယ်။

ဘ၀ဆိုတာ ---------- တိုက်ပွဲ။ ဟီး......ဆိုတာ လိုက်ပွဲ။ ........ဆိုတာ ချိုင့်ဆွဲ တဲ့။ ဟဲဟဲ ကြားဖူးတာ ပြောတာ။

သူငယ်ချင်းဆိုတာ ---------- ကိုယ့်ဘ၀ရဲ့  ပြတင်းတံခါးကို အလှဆင်ပေးနေတဲ့  ရှုခင်းလေးတွေပဲပေါ့။

ချစ်သူဆိုတာ ---------- တွေ့ ရင်ကျတော့  လွမ်းအောင်ချွဲ၊ နောက်ကွယ်ကျရင် မေ့မှာပဲ။

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ---------- သမိန်ပေါသွပ်လိုလို။ တာယာပွကြီးလိုလို....လိုလို...လိုလို။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ---------- လမ်းမှာ ဘယ်နှစ်ကြိမ် လဲကျတယ်ဆိုတာထက် ဘယ်နှစ်ခါ ပြန်ထနိုင်တယ်
ဆိုတာက ပိုပြီး အရေးကြီးပါတယ်။

အပြောချင်ဆုံးစကားတစ်ခွန်း ---------- လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြုံးပျော် ရယ်မောနိုင်ကြပါစေ...။