ညီမငယ် ဝေလေး ရဲ.မွေးနေ့ ပွဲ နဲ့  တူမလေး Dream တို့ ရဲ.မွေးနေ့ ပွဲ ကို ရောက်သွားတော့  ဘလော့ဂါ မောင်နှမတွေ သိုက်သိုက် ၀န်းဝန်းနဲ့ ပျော်စရာ ကောင်းလိုက်တာ။ အားကျမိတယ်။ သူတို့ လိုပဲ ပျော်ရွှင်မိတယ်။ အဲဒီလို ခင်မင်ရင်းနှီး ချစ်ခင်သူတွေ ၀န်းရံပြီး ကျင်းပရတဲ့ မွေးနေ့ ပွဲလေးတွေကို တွေ့ ရရင် ပျော်ရွှင်အားကျမိတဲ့  ကိုယ့် အဖြစ်ကို ကိုယ့်ဘာသာကို ပြန်တွေးနေမိတယ်။
လုပ်ငန်းခွင်ကို စ၀င်လို့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ဘ၀လမ်းကို စလျှောက်လှမ်းဖြစ်ခဲ့ တာ ခုဆိုဆယ်စုနှစ်တစ်ခုတောင် စွန်းခဲ့ ပြီလေ။ အဲဒီအချိန်ကတည်းက မွေးနေ့ ဆိုရင် မိသားစုတွေ၊ ချစ်ခင်ပေါင်းသင်းတဲ့  သူငယ်ချင်းတွေနဲ့  အမြဲတမ်း အဝေးမှာပဲ ရှိနေတတ်တော့ ကိုယ့်အတွက် မွေးနေ့ ဆိုတာကြီးက သိပ်ပြီးထူးထူးဆန်းဆန်း ကြီးမခံစားရသလိုပါပဲ။ တခါတလေများ ဘယ်သူနဲ့ မှ မသိတဲ့  မျက်နှာစိမ်းတွေကြားမှာ ရောက်နေတာ့ ဘယ်မှမသွား၊ဘာမှမလုပ်ဖြစ်တော့ပဲ ကိုယ့်ဘာသာကိုယ် ဟိုတယ်ခန်းလေးထဲမှာပဲ မီးတွေမှိတ်လို့  ဖယောင်းတိုင်လေးတွေထွန်းပြီး မွေးနေ့ ကိတ်လေးတစ်လုံး၊
ဝိုင်တစ်ခွက်နဲ့  မွေးနေ့ ပွဲလေးကို တိတ်တဆိတ်လေး ၂ခါ ၃ခါလောက် ကျင်းပခဲ့ ဖူးတယ်။ အဝေးက မိသားစုဆီဖုံးလေးလှမ်းဆက်ပြီး မွေးနေ့ ဆုတောင်းလေးတွေကို နားထောင်ပြီးရင် ငယ်ငယ်က မွေးနေ့ လေးတွေကို သတိရပြီး ရင်ဘတ်ထဲက နာကျင်တတ်သလို မျက်ဝန်းထဲက အမြင်တွေလည်းေ၀၀ါး သွားတတ်တာ အခါခါ ပါပဲလေ။ ခုတော့လည်း ဒီရှတတ နာကျင်မှုလေးတွေက နေသားကျနေပါပြီ။ ဘယ်တတ်နိုင်မလဲလေ။ ကိုယ်ရွေးခဲ့ တဲ့ လမ်း ကိုယ်ပြီးဆုံးအောင် ဆက်လျှောက်ရဦးမှာပေါ့။
ကျနော့်အတွက်တော့ မွေးနေ့ ဆိုတာ လူ့ ဘ၀သက်တမ်းမှာ တစ်နှစ်တိုးလို့  နောက်တစ်နှစ်ကို ကူးပြောင်းတဲ့  နေ့ လေးတစ်နေ့ ပါပဲ။ ဒါပေမယ့် အသက်တစ်နှစ် ကြီးသွားပြန်ပြီဆိုတာတော့ ကိုယ့်ကိုကိုယ် သိလိုက်မိတယ်။ အင်း ခရီးရှည်ကြီးထွက်ဖို့ လည်း တစ်နှစ်နီးလာပြန်ပြီပေါ့။ ဒီလိုနဲ့  ဘ၀မှာ ရှားရှားပါးပါး ကျင်းပခဲ့ ဖူးတဲ့ မွေးနေ့ တွေထဲက အမှတ်တရ တစ်ခုသော မွေးနေ့  ပွဲလေးတစ်ခုကို သွားသတိရမိတယ်။
ဒီတစ်နှစ်တော့ အဆင်ပြေမယ်လို့ ထင်မိပါတယ်။ မွေးနေ့ မတိုင်ခင်က မွေးနေ့ ကျရင် ဘာလုပ်မယ်ဆိုတာ သေသေချာချာ မဆုံးဖြတ် မိခဲ့ ပါဘူး။ မိသားစုနဲ့  အဝေးမှာ ရောက်နေပေမယ့် ဒီတစ်ခါတော့ မိတ်ဆွေသူငယ်ချင်း တချို.နဲ့ ပြန်ဆုံမိတော့ ပျော်စရာတော့ ကောင်းလိမ့်မယ်လို့  မျှော်လင့်မိပါရဲ.။ ဒါပေမယ့် ကိုယ့်မွေးနေ့ က တနင်္လာနေ့ သွားဖြစ်နေတော့ မိတ်ဆွေသူငယ်ချင်းတွေ အကုန်မလာနိုင်မှာ စိုးလို့  တနင်္ဂနွေညနေမှာပဲ သူငယ်ချင်းတွေနဲ့  ဆုံပြီးပွဲလေးလုပ်လိုက်မယ်လို့  စိတ်ကူးလိုက်မိတယ်။
ကံတရားက ဖေးမတယ်ထင်ပါရဲ.။ တကယ့်ကို သာယာလှပတဲ့  ညနေခင်းလေးပါ။ ကွဲကွာနေတဲ့  သူငယ်ချင်းတွေရော၊ ခုမှခင်မင်ဖြစ်တဲ့  သူငယ်ချင်းတွေပါ စုံစုံညီညီနဲ့  အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့  ညနေခင်းလေးပါပဲ။ သူယ်ချင်းတွေ အကြံပေးကောင်းတာကြောင့် နေရာကောင်းတစ်ခုမှာ မွေးနေ့ ပွဲလေး လုပ်ဖြစ်တယ်။ ရန်ကုန်မြို.က ၁၉လမ်းကို ပြန်ရောက်သွားသလိုပါပဲ။ ညနေကစလို့  ကားလမ်းကိုပိတ်ပြီး စားပွဲတွေခင်းပြီး ရောင်းကြတာ။ စကားပြောသံ၊စားစရာမှာတဲ့ အသံ၊ လူသံ ကားသံတွေက ဆူလို့ ညံ။ အကင်နံ့ တွေက လေထဲမှာ သင်းပျံ့ လို့ ။ ဘီယာဂျားတွေက စက်နဲ့ လှည့်ထုတ်လိုက်သလို တစ်ဂျားပြီးတစ်ဂျား။ သူငယ်ချင်းတွေက လူမျိုးစုံ၊ဘာသာစုံ။ ဒီနေရာမှာ pork မရတာကလည်း အဆင်ပြေ သွားသလိုပဲ။ သောက်ကြစားကြ၊ နောက်ကြပြောင်ကြနဲ့  ဆူလို့ ညံလို့ ။ နှိပ်ကွပ်ပြီး ဆော်ပလော် တီးကြတာလည်း မွေးနေ့ ရှင်တောင် ချမ်းသာမပေးဘူး။ မညှာတမ်း မမောတမ်း သူကဆော်လိုက်၊ ကိုယ်က တီးလိုက်နဲ့ ။ ကိုယ့်ကိုကိုယ် အသက်တစ်နှစ်ကြီးသွားတယ် မထင်မှတ်ပဲ အသက်လေးငါးနှစ် ပြန်ငယ်သွားသလိုပဲ ခံစားမိတယ်။ တကယ်ပါ စိတ်ထဲက တွေးနေမိတယ်။ ဒီလိုမွေးနေ့ ပွဲလေးတွေ နှစ်တိုင်းကြုံဆုံ တွေ့ ခွင့်ရရင် ဘယ်လောက်ကောင်းလိမ့် မလဲလို့ ။
သူလေးကိုတော့ အရင်နေ့ ကတည်းက ဖိတ်ထားခဲ့ ပါတယ်။ သူလေး ကပြောတယ်။ သူငယ်ချင်းတွေကို ဦးစားပေးလိုက်ပါတဲ့။ သူပါရင် ပြောရဆိုရတာ နောက်တဲ့ ပြောင်တဲ့ နေရာမှာ မလွတ်လပ်မှာစိုးလို့ တဲ့ ။ သက်ဆိုင်သူပါရင် နောက်ချင်ဇောနဲ့  တစ်ခွက်ပြီးတစ်ခွက် ထည့်ပေးရင်းနဲ့  အရမ်းများသွားမှာလည်း စိုးရိမ်တယ်တဲ့ ။ နောက်ပြီးသူငယ်ချင်း တချို.အကြောင်း ကောင်းကောင်းသိတော့  သူလာရင် သူပါရောပြီး အထောင်းခံရမှာလေ။ နှစ်ယောက်ပေါင်းကို ရောပြီးထောင်းရင် ခေါင်းတောင်မဖော်နိုင်ဘူး။ အဲဒါသိလို့  လန့် တာလည်း ပါမှာပေါ့။ မွေးနေ့ ပွဲလေးမှာ အစစအရာရာ စိတ်ချမ်းသာပျော်ရွှင်စေချင်တဲ့  သူ့ စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့  မွေးနေ့ ပွဲပြီးရင် ဘယ်မှလျှောက်မသွားပဲ သူ့ ဆီကိုပဲ ဆက်ဆက်လာခဲ့ စေချင်တယ်တဲ့ ။ မွေးနေ့ အကြို နှစ်ယောက်အတူ လျှောက်လည်ချင်တယ်တဲ့ လေ။
ဒီလိုနဲ့  ပွဲလေးပြီးတော့ ကမန်းကတန်းမျက်နှာသစ်၊ ပူရှိန်းငုံပြီး သူလေးဆီကို အပြေးလေးသွားရတော့တာပေါ့။ လျှာက်လည်ပါတယ်ဆိုမှ မူးကွဲပြီး အနံ့ တထောင်းထောင်းနဲ့ ဆို သူလည်းစိတ်ညစ်မှာပေါ့။ ဒီလောက်တော့ ပြန်ပြီး အလိုက်သိရမယ်လေ။ နောက်ကျနေလို့  ပြေးလိုက်ရတာ။ အိမ်ရောက်တော့ ကျနော့်ရဲ. ဗီးနပ်စ်က အမောပြေ အပြုံးလေးနဲ့  ဆီးကြိုရှာတယ်။ ဒီနေ့ မှ ခါတိုင်းထက်တောင် ပိုပြီးလှနေသလိုပါပဲ။ ဒီလိုနဲ့  အမှတ်တရ နေရာလေးတွေကို လျှောက်လည်ဖြစ်ခဲ့ တယ်။ စပြီးဆုံတွေ့ ဖြစ်တဲ့ နေရာလေးလည်း အပါအ၀င်ပေါ့။
အလည်ကောင်းလွန်းလို့  အိမ်ပြန်ပို့ တော့  နောက်တစ်နေ့ ကူးဖို့ နာရီပိုင်းပဲလိုတော့တယ်။ ကျနော့် ရဲ.မွေးနေ့ လေးရောက်တော့မယ်ပေါ့။ အိမ်အပြန်လမ်းကို ခါတိုင်းလို လမ်းလျှောက်ပြီး ပြန်ခဲ့ တာပါပဲ။ ဒါပေမယ့် ဒီနေ့ ကျမှ နင်းလျှောက်နေကျ ခရီးလမ်းက ပိုပြီး ဖြောင့်ဖြူး နေသလိုလို၊ မြင်ဖူးနေကျ မြင်ကွင်းတွေကပဲ ပိုပြီးတော့ လှပနေသလိုလို၊ ကြားဖူးနေကျ အသံတွေကပဲ ပိုပြီး ချိုသာနေသလိုလို အပျော်တွေထုံမွှမ်းထားတဲ့ သူတစ်ယောက်ဆိုတာ ကိုယ့် ကိုကိုယ်လည်း သတိထားမိပါရဲ.။
သူလေးရဲ့ တိုက်ခန်းအောက်က ပန်းခြံလေးထဲရောက်တော့  ထိုင်နေကျ ခုံတန်းလေးမှာ ထိုင်ပြီး ပြောမကုန်တဲ့  စကားလေးတွေ ဖောင်ဖွဲ့ မိပြန်ရော။ နောက်နေ့ ကူးဖို့  မိနစ်ပိုင်းလေးပဲ လိုတော့ တဲ့ အချိန်ရောက်မှ ခဏနော်တဲ့ ။ မွေးနေ့ လက်ဆောင်ကို မွေးနေ့ ကျမှ ပေးချင်လို့ အချိန်ကိုစောင့် နေတာတဲ့ ။ အခန်းကိုပြန်ပြီး အပြေးအလွှား သွားယူလေရဲ.။ ရင်းနှီးကျွမ်းဝင်နေတဲ့  ပတ်ဝန်းကျင်ကို စောင်းငဲ့ ကြည့်လိုက်တော့ အရာရာအားလုံးက ပိုပြီးလှပနေသလိုပဲ။ မြက်ခင်းလေးကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေနုအေးလေးက ရင်ထဲကို လန်းဆန်းသွားစေသလို လေအဝေ့မှာ ကြွေကျလာတဲ့  သစ်ရွက်လေးတွေက မြင်ကွင်းလေးကို ပိုပြီးအသက်ပါအောင် ဖြည့်ဆည်းပေးနေခဲ့ တာပါ။ ပုဇင်းရင်ကွဲလေးတွေ အော်မြည်နေတဲ့ အသံလေးတွေနားထောင်နေရင်း လမ်းမီးမှိန်မှိန်လေးရဲ.အရိပ်အောက်က ခုံတန်းလေးမှာထိုင်ပြီး ဘာမှန်းမသိတဲ့  မွေးနေ့ လက်ဆောင်လေးကို စောင့်မျှော်နေရတဲ့ အချိန် ကိုယ့်ရင်ခုန်သံကို
ကိုယ့်ဘာသာကိုယ် နားထောင်နေမိတယ်။
သူလေးပြန်လာတော့  လက်ထဲမှာ အထုပ်လေးတွေဆွဲလို့ ။ ဘာတွေလဲလို့ မေးတော့ နောက်မကြာခင်သိရမယ်၊ ခုတော့  မျက်လုံးကို စုံမှိတ်လို့  ငြိမ်ငြိမ်လေးပဲ ထိုင်နေပါတဲ့။ အမိန့် တော်အတိုင်းပဲပေါ့ ဗျာ။ မျက်လုံးမှိတ်ထားပေမယ့်  အသံတွေကတော့  ကြားနေရတယ်။ အထုပ်တွေဖွင့်ပြီး ဟိုဟာထုတ်ဒီဟာထုတ်နဲ့  တော်တော်ကိုအလုပ်ရှုတ်နေပုံပဲ။ ရပြီ ဖွင့် ကြည့်လိုက်တော့တဲ့ ။ အရင်ဆုံးမြင်ရတာက လုပ်ချင်တာတွေ လုပ်လိုက်ရလို့  ပြုံးပျော်ကြည်နူးနေတဲ့  သူလေးရဲ.မျက်နှာနုနုလေး၊ ပြီးတော့ ဖယောင်းတိုင်လေးတွေ ညီညီညာညာ စိုက်ထားတဲ့  မွေးနေ့ ကိတ်လေး၊ အလယ်မှာက ဂစ်တာတီးနေတဲ့  ၀က်ဝံရုပ်လေးနဲ့ ။ ပြီးတော့ ဘေးမှာက ပက်ကင် ထုတ်ထားတဲ့  မွေးနေ့ လက်ဆောင်လေး ပေါ်မှာထောင်ထားတဲ့  Birthday Card လေး။ ရင်ခုန်သံတွေ ဟိုးအမြင့်ဆုံးကို လွင့်တက် သွားတယ်လို့  ကိုယ့်ကိုကိုယ် ထင်မိတယ်။ ခံစားလိုက်ရတဲ့  ကြည်နူးပျော်ရွှင်မှုက ဘာနဲ့ မှလဲမရနိုင်ပါဘူး။
တကယ်တော့ ဒီလိုဖြစ်လာအောင် သူလေးက စနစ်တကျနဲ့ ကို စီစဉ်ခဲ့ တာပါ။ တကယ့်မွေးနေ့ မှာ နှစ်ယောက်တည်း မွေးနေ့ ပွဲလေး ကျင်းပပြီး မွေးနေ့ လက်ဆောင်လေးပေးချင်လို့ တဲ့ ။ ရယ်ရယ်မောမောနဲ့  ရှင်းပြရှာတယ်။ ပြီးတော့ ဖယောင်းတိုင် လေးတွေ မီးထွန်းပြီး မွေးနေ့ ပွဲလေးကို စတင်လိုက်တယ်။ ရင်ထဲမှာ သူထွန်းညှိပေးခဲ့ တဲ့  အလင်းရောင်လေးကတော့ ကျနော့်ရဲ. ကောင်းကင်တစ်ခုလုံးကို လင်းလက်လို့ နေလေရဲ.။ Happy Birthday သီချင်းလေးကို လက်ခုပ်လေးတီးပြီး စိတ်ပါလက်ပါ သီဆိုနေတဲ့ သူ့ ပုံဟန်လေးက တကယ့်ကို ပီဘိကလေးလေး တစ်ယောက်လိုပါပဲ။ ပြီးတော့ Birthday Wish လေးဆုတောင်းပေးရှာတယ်။ ကိုလည်းဆုတောင်းလေတဲ့ ။
လက်နှစ်ဘက်ကို ရင်မှာယှက်လို့  ဆုတောင်းဖို့  ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်မှုန်တစ်စ ကြွေကျသွားသလိုပဲ။ ကြယ်တွေကြွေချိန်မှာ ဆုတောင်းရင် ပြည့်တတ်တယ်တဲ့ ။ ရင်မှာ အလိုချင်ဆုံး ဆုလေးတစ်ခုကို တိတ်တိတ်လေးပဲ တောင်းဆို လိုက်မိပါတယ်။
ပြီးတော့ ဖယောင်းတိုင်မီးလေးတွေ ပြိုင်တူမှုတ်လို့  အားရပါးရ ရယ်မောမိကြသေးတယ်။ ကိတ်မုန့် လေးကို လှီးပြီးသူ့ ကို ခွံ့ ကျွေးတော့ ကလေးတစ်ယောက်လို အားရပါးရ စားနေတဲ့  သူ့ ကိုငေးကြည့်နေမိတာ လူကို ကျောက်ရုပ်တဲ့ လေ။ ပန်းနုရောင် Birthday Card လေးကို ဖွင့်ကြည့်မိတော့ ရေးထားတဲ့ စာသားလေးက
Hope you'll find time to sit back for a minute to savour your world,
And the happy memories to remember forever.
To have the successful & happy life ....... Happy Birthday....Honey တဲ့ လေ။ မွေးနေ့ လက်ဆောင်လေးက
လက်ပတ်နာရီ လေးတစ်လုံး။ နာရီလေးကို ကြည့်မိတဲ့ အချိန်တိုင်းမှာ အမြဲထာဝရ သတိတရ ရှိနေအောင်လို့ တဲ့ ။ သူ စနစ်တကျနဲ့  စီစဉ်ခဲ့ သမျှအားလုံးက ကျနော့်အတွက်ချည်းပါပဲတဲ့ လေ။
ခုတော့လည်း အရာရာအားလုံးက အစီအစဉ်တကျနဲ့  ပြီးဆုံးခဲ့ ပါပြီ။ ပြန်မရနိုင်တော့တဲ့  အဲဒီ မွေးနေ့ လေးက ကျနော့်ဘ၀ တစ်သက်တာမှာ အမြဲထာဝရ တမှတ်တရနဲ့  ရှိနေဦးမှာပါ။ ကျနော်တွေးနေမိတယ်။ နောင်နှစ်တွေရောက်ရင်ရော ဘယ်လို မွေးနေ့ ပွဲတွေ ကျင်းပဖြစ်ဦးမှာလဲ။ အရာရာ ဘာတစ်ခုမှ မရေရာမသေချာတဲ့ လောကကြီးထဲမှာ ကျနော်ကရော အသက်ရှင် ရပ်တည်နေနိုင်မယ်ဆိုတာ သေချာရဲ.လား။ တကယ်လို့  ဆက်လက်ရှင်သန်နေခဲ့ ရင်ရော ပျော်ရာမှာမနေနိုင်ပဲ တော်ရာမှာနေရတဲ့ ၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ရှင်သန်နေတဲ့ ဘ၀တစ်ခုအတွက် အားလုံးရဲ.အဝေးတစ်နေရာမှာ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း မွေးနေ့ ပွဲလေး တိတ်တဆိတ် ကျင်းပနေရဦးမှာလား။ အတွေးပေါင်းများစွာနဲ့  ရှည်ကြာလွန်းတဲ့  ကျနော့်ရဲ. ညနက်နက်တစ်ခုကတော့ နံနက် မိုးသောက်လို့  အလင်းရောင်ပျိုးစ အချိန်လေးမှာ လူမသိသူမသိနဲ့  တိတ်တိတ်လေး ပြီးဆုံးသွားခဲ့ ပါပြီ။
Introducing a Podcast channel by one of my colleagues
-
My junior colleague Dr. Zaw created a podcast channel with the name "Dr.
Zaw - Life and Health".
You may use this RSS link on any platform:
Check it out:
h...
1 year ago
11 comments:
အဲလိုမွေးနေ့ပွဲတွေ ပိုင်ဆိုင်နိုင်ပါစေ ကိုဇင်ယော်ရေ
ကိုဇင်ယော်ကြီး ရေ..
အဲဒီလိုပျော်ရွှင်ဖွယ်မွေးနေ့လေးတွေ အမြဲပိုင်ဆိုင်နိုင်
ပါစေ လို့ ဆုတောင်းပေးပါတယ်နော်။
ဇတ်လမ်းလေးက အချစ်တွေနဲ့ စ ကြည်နူးမှုတွေနဲ့  လှပနေပြီး ကြေကွဲစွာနဲ့  သိမ်းသွားတာပဲ အရေးဖွဲ့ လေးတွေ နုနုလေးနဲ့  ဖတ်လို့ ကောင်းတယ် အစ်ကို ဒီလိုမွေးနေ့ ပွဲလေး ထပ်မံကြုံတွေ့ ပါစေလို့  ...။
ဒါနဲ့  ဒီနေ့ က အစ်ကို့ မွေးနေ့ လားးး ???
ကိုကြီးဇင်ယော်ရေ... ရင်ထဲက တိတ်တိတ်လေး တောင်းလိုက်တဲ့ဆုက ဘာပါလိမ့်နော်... :D
ဒါနဲ့ ကိုဇင်ယော်မွေးနေ့က ဘယ်နေ့တုန်း ဒီနေ့လား။
ကိတ်မုန့် မကျွေးချင်လို့လား..
ကိုယ့်မောင်နှမတွေကိုကျွေးရမှာများ ကပ်စေးနှဲနေပြန်
ပြီ..ကိတ်မုန့် များ အင်တာနက်ထဲမှာ Freeမှာလို့ရပါ
တယ် ကိုဇင်ယော်ကြီး ရဲ့..နေ့မကူးခင် စောစော
ပြောနော်. မွေးနေ့လက်ဆောင်ကြီးကြီးပို့ပေးမလို့. :D
ီဦးငှက်ယေ..မွေးနေ့ကိတ်ချားတာဗာယို့
နစ်ယောက်ထဲချားဒါယဲ.....အဲယိုရုတ်ရို့ယဖူးနော်
မက်မက်တို့လည်းလာချားမာ...ဟီးဟီး
အဲဒီပို့စ်ထဲမွေးနေ့လိုမျိုးနောင်နှစ်တွေနှစ်တွေ
မှာလည်းထာဝရပိုင်ဆိုင်နိုင်ပါစေနော်..
ဇာတ်လမ်းက ဘယ်လိုလည်း ကွာ။ ဒီနှစ် မွေးနေ့ အောက် မေ့လို.ဖတ်နေတာ.။ဘယ် လို ဖြစ် သွားတာလဲ။ မင်း သမီးနဲ.ရော ဇာတ်ပေါင်း သလား။ ကွဲ သွားတယ် ထင်တာဘဲ။ ပြီး ဆုံးခဲ.ပါပြီ ဆိုတော. ကွဲသွားတာပေါ.။
မွေးနေ့ထင်ပါရဲ၊ှု၊ အားမငယ်ပါနဲ.။ သူငယ် ချင်းတွေ အများကြီး ရှိပါတယ်။ အချစ် ဆိုတာလည်း တသက် မှာ တစ်ခါ တည်. မွေးဖွားတာ မဟုတ်ပါဘူး။။ ဆက်လက် ရှင် သန် နေ ဦးမှာပါ။ တို.သူငယ် ချင်း ကို မေးကြည်.တယ်။ နိုင်ရေ. ဘယ် ရည်းစား ကို အချစ်ဆူံး လဲ ဆိုတော. လက် ရှိ ရည်းစား ကို အချစ် ဆုံးဘဲ လို.ဖြေ ပါတယ်။ ကဲကဲ စိတ်ဓါတ် ကျ မနေနဲ။ happy birthday/ ….ပျော်ရွှင် ချမ်းမြေ့ပါစေ.။
အစ်မရေ. အဲဒါ ကျွန်တော်.ဇာတ်လမ်း အစစ်မဟုတ်ပါဘူး။ ဝတ် ထုတိုပါ ဆို ရင် တော. အသတ် ခံရပြီ သာ မှတ်။ အဟုတ် မှတ်လို. အားပေးလိုက် ရတာ။ ငပေါ ဖြစ် သွားတယ်။
ဇင် ယော် အပြစ် မရှိပါဘူး လေ။ အက် ဆေး လို. ခေါင်းစဉ် တပ် ထားသားဘဲ. တို.ကို ကန မောနမဲ. နိုင်တာ. ရှိ ပါစေတော.။ (ကိုရီယား ကားထဲ က မာမီ)
ပျော်ဖို့ကောင်းတဲ့ မွေးနေ့လေးပါပဲ ကိုဇင်ယော်ရေ နောက်လည်းဒီလိုမွေးနေ့လေးတွေ အမြဲပိုင်ဆိုင်နိုင်ပါစေခင်ဗျာ
ဟင်း..... လွမ်းမောဖွယ်ရာ ဇာတ်လမ်းနဲ့ မွေးနေ့ပွဲလေးပါလားဗျာ။
အစ်ကိုဇင်ယော်ရေ... အဲဒီလို လှပပြည့်စုံတဲ့မွေးနေ့လေး တခါမှ မပိုင်ဆိုင်ဖူးခဲ့တဲ့ လူတွေအများကြီးရှိလို့ အဲဒီလို အခိုက်အတန့်လေးတွေ ပိုင်ဆိုင်ဖူးတာ သိပ်ကံကောင်းတာပါပဲး) မကြာခဏ ထုတ်ထုတ်ကြည့်ဖို့ အမြဲသိမ်းထားပါလို့ ပြောစရာတော့ လိုမယ်မထင်ပါဘူးနော်း) ဘ၀မှာ အဲဒီလိုမွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။ (အရေးအသားကလည်း မျက်လုံးထဲမှာ မြင်လာစေတဲ့အထိ အရမ်းကောင်းပါတယ်)
ပျော်စရာမွေးနေ့လေးပဲ အစ်ကိုကြီးတော့ တော်တော်ပျော်မှာပဲနော်... :)
အမှတ်ရစ၇ာ မွေးနေ့လေးရှိတာ ကောင်းတာပေါ့....
Post a Comment