Wednesday, September 17, 2008

ခရီးတစ်ခု အတွက် ၁၀ရက်တာ ပြင်ဆင်ခြင်း

အင်း....Tag ပြီးရင်း Tag နေတဲ့  ဘလော့လောကကြီးထဲမှာ ဒီ Tag ကတော့ တော်တော်လေးကို ခေါင်းစားတာပါပဲ။ အမှန်အတိုင်း ၀န်ခံရရင် ဇင်ယော်လေး တစ်ခါမှ မစဉ်းစားဖူးခဲ့ တဲ့  Topic တစ်ခုပေါ့။ ဒါဆို ဒီခရီးကို သွားရမှာ မကြောက်ဖူးလားလို့  မေးခဲ့ ရင်တော့ ဇင်ယော်လေးလည်း ပုထုဇဉ်ပါဗျာ။ ကြောက်တတ်တာပေါ့။ ဒါပေမယ့် တကယ်တမ်းကြတော့ ဘယ်အချိန်မှာ သေမှာလဲ။ ဘယ်နေရာမှာ
သေမှာလဲ။ ဘယ်လို သေမှာလဲ။ နောက် သေပြီးရင်ရော ဘယ်လိုဘ၀မျိုးရောက်မှာလဲ။ ဒီအရာတွေက ကျနော်တို့  ပုထုဇဉ်တွေ ကြိုမသိနိုင်တဲ့ အရာတွေပါ။ အဲဒီတော့ ဇင်ယော်လေးလည်း မျက်ကန်းတစ္ဆေ မကြောက်ပေါ့ဗျာ။ မသွားခင်စပ်ကြားတော့ လုပ်သင့်လုပ်ထိုက်တာလေးတွေကို တတ်နိုင်သလောက် အချိန်ပေးနိုင်သလောက် လုပ်နေတာပဲလေ။ ဟင့်အင်း တားတားက ငယ်ပါတေးတယ် မိန်းမတောင် အယူရတေးဘူးဂျ ဆိုပြီး ခြေလေးဆောင်၊့ ခေါင်းလေးခါ၊ နှုတ်ခမ်းလေးစူပြီး မူပြလို့ ရတာမှ မဟုတ်ပဲနော်ဗျာ။ လာခေါ်တော့လည်း ထလိုက်သွားရုံပေါ့။

အရင်ဆုံး ညီမငယ် ဝေလေးက မသေခင်ဆယ်ရက်ကို အတိအကျများ သိနိုင်ခဲ့မယ်ဆိုရင် ဘာလုပ်မလဲ၊ စိတ်ကူးလေးတွေ သိချင်တယ်ဆိုပါ့။ ဗုဒ္ဓေါ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေပေါ့။ ဟီးဟီး ဟိုလှည့်ဒီလှည့်နဲ့  နည်းနည်းရူးချင်ယောင်ဆောင်နေတာ။ ရက်နည်းနည်း ကြာလာတော့ ညီမငယ် က အကြွေးမတောင်းပဲ ညီငယ်မောင်မျိုးနဲ့  ညီမသက်တန့် တို့ က ကိုယ်စားလှယ်လုပ်ပြီး အကြွေးခဏခဏ
လာတောင်းပါတော့တယ်။ အခုတော့ ညီမငယ်ဝေလေးကလည်း စိတ်ကူးလေးတွေပြောမပြရင် အစ်ကိုအဖြစ်မှ အမွေပြတ်စွန့် လွှတ်တော့မယ်လို့  ခြိမ်းခြောက်လာပါပြီ။ ဖြစ်ချေဘူး ဒုက္ခဒုက္ခ။ ခရီးမသွားခင်လေး မြန်မြန် အမွေ သွားတောင်းတော့မယ်။ ပိုင်ဆိုင်သမျှ အကုန်ပေး ဘဲဘဲလေးက လွဲရင်ပေါ့လေ။ ( လက်နှီးစုတ်တောင် မချန်ဖူးကွနော် )။

မနေ့က မမDream ဆီ ခဏလောက် သွားချောင်းဦးမှပဲ ( ဟီး မွေးနေ့ ပွဲက ၀ါးတီး အကြွင်းအကျန်လေးများ ရှိမလားဆိုပြီးတော့ပါ ) ဆိုပြီး သွားချောင်းကာမှ ပေါက်စနသမီးက အိပ်မက်မက်တယ်ဆိုပဲ။ ဘာအိပ်မက်ပါလိမ့်ဆိုပြီး လက်တို့ မေးတော့ ဦးငှက်လည်း မက်တာပဲ ပြန်ပြောပြတဲ့ ။ အောင်မငေးဗျလို့  အော်ပြီးထွက်ပြေးတာ နောက်ကနေ ဂါဝန်စွန်တောင်ဆွဲလို့  အဲ ဟုတ်ပါဘူး ဂါဝန်ကြီးမလို့ 
ခြေထောက်ကိုဆောင့်၊ နှုတ်ခမ်းစူလို့  ဦးဦးငှက်နော် ..ရဖူး...ရဖူး.. မက်ပေးရမှာပဲ ဆိုပြီး အတင်းအော်ပြီး လိုက်လာတယ်ဗျ။ ( ဒီလောက်ချစ်စရာကောင်းတဲ့  ညီတွေညီမတွေ သိကြရောပေါ့ကွာ။ တွေ့ မယ်.... ဘာလဲ သိချင်ရင်တော့ စောင့်ဖတ် ဒါပဲ။ )

ကဲ ခရီးရှည်ကြီးတစ်ခု အရှင်းဆုံးပြောရရင် ဘယ်တော့မှ ပြန်လာခွင့်မရှိတော့တဲ့  ခရီးရှည်ကြီးတစ်ခုအတွက် လက်မှတ်တစ်စောင် ၀ယ်ထားပြီးပြီဆိုရင်၊ ( လက်မှတ်ပေါ်က နေ့ စွဲအရဆို နောက်၁၀ရက်ဆိုရင် သွားရတော့မှာ ) ၊ ဇင်ယော်လေးက ဘယ်လိုပြင်ဆင်မလဲဆိုရင်တော့.............................................................................

ဘယ်နေ့ ကျရင် ဘာတွေလုပ်မယ်ဆိုပြီးတော့ မတွေးထားဘူးဗျာ။ အဆင်ပြေတာကို အဆင်ပြေသလို ကောက်လုပ်လိုက်မှာပဲ။ ဒီ၁၀ရက်အတွင်းမှာ ပြီးသလောက်လေးပေါ့။ မပြီးတော့လည်း မတတ်နိုင်ဘူးလေ။ ၁၀ရက်ပြည့်ရင် သံရုံးမှာ ဗီဇာသက်တမ်းတိုးသလို ရော့အင့်လုပ်ပြီး ယမမင်းဆီမှာ သက်တမ်းတိုးလို့ မှ မရပဲဗျာနော်။ ဒီတော့ ပြီးသလောက်လေးနဲ့ ပဲ ရောင့်ရဲကျေနပ်ရမှာပေါ့။

အရင်ဆုံး ... ရောဂါဝေဒနာ တစ်ခုခုကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာကြောင့်ဖြစ်စေ ဘယ်မှမသွားနိုင်တော့ပဲ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းရင်း နောက်၁၀ရက်ကို စောင့်နေရပြီဆိုရင်တော့ ဆေးရုံကသူတွေကို မှာခဲ့ မယ်။ ကျနော်သေဆုံးသွားမှသာ အိမ်ကမိဘတွေဆီ အကြောင်းကြားပေးပါလို့ ။ ၁၀ရက်ပိုပြီး ပူပင်သောက မရောက်စေချင်လို့ ပါ။ နောက်ပြီး ဒုက္ခလည်း မပေးချင်ဖူးလေ။ ပြီးတော့ တတ်နိုင်သမျှ တရားမှတ်မယ်။ ၀ိပဿနာရှုမယ်။ ကိုယ်ပြုခဲ့ ဖူးသမျှ ကောင်းမှုကုသိုလ်လေးတွေ ပြန်စဉ်းစားရင်း အချိန်တွေကို ကုန်ဆုံးစေမယ်လေ။ အချိန်စေ့သွားရင်တော့ ပြီးပြီပေါ့ဗျာ။

အင်း..တကယ်လို့  ကံကောင်းထောက်မစွာနဲ့  အိမ်ပြန်နိုင်ဖို့  အခွင့်အလမ်းရှိခဲ့သေးရင်တော့ အိမ်ကို အရင်ဆုံးပြန်မှာဗျ။ လက်ရှိဘ၀ရဲ. သုံးပုံတစ်ပုံက မိသားစုနဲ့ အဝေးကြီးမှာ နေနေရလို့  နောက်ဆုံးအချိန်လေးမှာတော့ မိသားစုရဲ. ရင်ခွင်လေးကို ပြန်ပြီးခိုဝင်ချင်တယ်ဗျာ။ လောကလမ်းခရီးမှာ ခဏခဏ လဲကျခဲ့တုန်းက အဖေက လက်နှစ်ဘက်နဲ့ ဆွဲထူပြီး အမြဲကူပေးခဲ့တယ်။ အမေက ဒဏ်ရာတွေကို ဆေးသိပ်လို့  ချွေးတိတ်စေခဲ့တယ်လေ။ အခုတခါတော့ ပြန်မထတော့ပဲ အပြီးလှဲအိပ်တော့မှာဆိုတော့ တတ်နိုင်ရင် အဖေတို့ ၊အမေတို့  ရင်ခွင်အစုံမှာ ခဏလေးပြန်ပြီး ခိုနားချင်တယ်။ အပြောကျယ်တဲ့  လောကပင်လယ်ကြီးကို အလျားလိုက်ဖြတ်ကူးခဲ့ ရတာ မောပန်းလွန်းလှပြီလေ။ အိမ်ကိုလွမ်းလို့  အဖေနဲ့ အမေကို လွမ်းလို့ ပြန်လာတာဗျ လို့ ပြောပြီး ချွဲလိုက်ဦးမယ်ဗျာ။ ဘောလုံးပွဲ တူတူကြည့်ရင်း အဖေနဲ့ ဆန့် ကျင်ဘက်အသင်းကို အားပေးရင်း အဖေ့ကိုစဦးမယ်။ အမေ့လက်မောင်းကိုခေါင်းအုံးရင်း အမေ့ရင်ခွင်ထဲ ခဏလောက်ဝင်ခွေဦးမယ်။ အမေချက်ကြွေးတဲ့  ထမင်းဟင်းတွေကို မိသားစုတ၀ိုင်းတည်း အားရပါးရ စားလိုက်ဦးမယ်။ ညအိပ်ခါနီးရင် အဖေနဲ့ အမေတို့ ကို သေသေချာချာကန်တော့ပြီး ပြစ်မှားမိခဲ့သမျှ ခွင့်လွှတ်ပေးဖို့  တောင်းပန်မယ်။

ဘုရားကိုသွားပြီး အေးအေးဆေးဆေး ဘုရားဝတ်ပြု၊ပုတီးလေးစိတ်ပြီး အရင်ကလို ခေါင်းလောင်းသံ၊ ဆည်းလည်းသံလေးတွေကို ငြိမ်ငြိမ်လေးထိုင်ပြီး နားထောင်နေချင်တယ်။ ကိုယ်ပြုလုပ်ခဲ့ သမျှ ကောင်းမှုကုသိုလ်တွေကို အမျှအတန်းဝေမယ်ဗျာ။ ပြီးရင် သူများတွေ အမျှဝေတာလည်း အားရပါးရ သာဓုထိုင်ခေါ်လိုက်ဦးမယ်။ အေးချမ်းတဲ့  ဘုရားရင်ပြင်တော်ပေါ်မှာ သန့် ရှင်ရေးလုပ်၊ အမှိုက်လှဲ၊
သောက်သုံး ရေဖြည့်ပြီး ကုသိုလ်ယူလိုက်ဦးမယ်ဗျာ။

ပြီးရင်တော့ ပိုင်ဆိုင်သမျှထဲက မိဘတွေအတွက် တချို.တ၀က်ချန်ပြီး အလှူအတန်းတွေ လုပ်ချင်သေးတယ်။ အရင်ဆုံး ရန်ကုန်ပြန်တိုင်း သွားပြီးလှူနေကြ မိဘမဲ့ ကလေးများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို နောက်ဆုံးအကြိမ်အဖြစ် သွားပြီးလှူဒါန်းလိုက်ဦးမယ်။ အဲဒီက စာကြိုးစားပြီး အရမ်းလိမ္မာတဲ့  စကားအရမ်းတတ်တဲ့  ကျနော့်ရဲ.မွေးစားသားနဲ့ သမီးလို့  ကျနော်သဘောထားတဲ့  ကလေး နှစ်ယောက်နဲ့  စကားတွေတ၀ကြီး ပြောချင်သေးတယ်။ သူတို့ လေးတွေကို ဆုံးမစကားလေးတွေ ပြောချင်သေးတယ်။ သူတို့ လေးတွေ ဘ၀ရှေ.ရေးအတွက်လည်း ဖြစ်နိုင်သလောက် စီစဉ် ပေးခဲ့ချင်သေးတယ်ဗျာ။ နောက်ပြီး ခါတိုင်းလှူနေကျ ဘုရား၊ ဘုန်းကြီးကျောင်း၊ ကုသိုလ်ဖြစ်ဆေးခန်း၊ မိဘမဲ့ ကလေးများဂေဟာ၊ ဘိုးဘွားရိပ်သာ၊ အဲဒီနေရာတွေလည်း သွားပြီးလှူချင်သေးတယ်။

ပြီးရင်တော့ (ငယ်ငယ်က၊ကျောင်းတုန်းက၊လုပ်ငန်းခွင်က) သူငယ်ချင်းတွေကို လက်လှမ်းမှီသလောက် လိုက်နှုတ်ဆက်လိုက်ဦးမယ်။ တွေ့ ရင် အရင်တုန်းက အကြောင်းတွေပြန်ပြောရင်း ငယ်ဘ၀ကို ခဏလောက် အလည်သွားလိုက်ဦးမယ်။ ကိုယ့်မိသားစုပြီးရင် နောက်ထပ်သံယောဇဉ် အရှိဆုံးဖြစ်တဲ့  သူငယ်ချင်း မိသားစုလေးဆီကို သွားလည်မယ်ဗျာ။ (ကိုယ့်ရဲ.မှန်ထဲကပုံရိပ်၊ကိုယ်ပွားလို့ တင်စားရတဲ့ အထိ ကိုယ့်အကြောင်းအသိဆုံး ဆိုးတူကောင်းဖက်) အချစ်ဆုံးသူငယ်ချင်း နဲ့  ညီမအရင်းတစ်ယောက်လို ဆိုးသမျှနှိပ်စက်သမျှ တပြုံးပြုံးနဲ့ သည်းညည်းခံပြီး တခါတလေ သူကပြန်ပြီး ဗိုလ်ကျတတ်တဲ့  သူ့ ဇနီး၊ ပြီးတော့ ကျနော့်ကို ဘဘကြီးဆိုပြီး စကားလေးမပီတပီနဲ့  အားရပါးရချွဲတတ်တဲ့  သူတို့ ရဲ.အိမ်ဆွဲလဲ ကျနော့်ရဲ.တူမချောလေး။ ဘ၀မှာ ကျနော့်မိသားစုပြီးရင် သူတို့ က ဒုတိယ မိသားစုလေးဆိုတော့ မရောက်ရောက်အောင်ကို သွားရဦးမှာဗျ။

ဟီးဟီး အစားအသောက် မီးလိုတောက်တဲ့  ကျနော်ရဲ. သဘာဝအရ ကျနော်စားချင်သမျှ အစားအသောက်တွေလည်း လှည့်ပတ်ပြီး စားလိုက်ဦးမယ်။ ဗမာထမင်းဟင်းမျိုးစုံ၊ တရုတ်စာ၊ ကုလားစာ၊ ကိုရီးယားစာ၊ တိုင်းရင်းသားပေါင်းစုံ အစားအစာ အကုန်လုံးလိုက်ပတ်ပြီး စားဦးမှာ။ အနောက်တိုင်းစာတော့ သိပ်ပြီးမကြိုက်လှဘူး။ ဒါပေမယ့် ဘာလာလာဆိုတဲ့  ဘွဲ့ ထူးဂုဏ်ထူးလေး မပြုတ်ရအောင် အကုန်လုံးတော့ အားပေးလိုက်ဦးမယ်။

အဲဒါမှ အချိန်ရခဲ့သေးရင် လမ်းထိပ်နားက လက်ဖက်ရည်ဆိုင်လေးမှာ ပေါ့ကျတစ်ခွက်ကို ဖက်ကြမ်းလေးနဲ့  မြည်းရင်း ကိုငှက်ကြီးရဲ. သီချင်းလေးတွေကို နားထောင်နေလိုက်မယ်။ အဲ ပြီးတော့ ဖြစ်နိုင်ခဲ့ မယ်ဆိုရင်ပေါ့လေ ပိုင်ဆိုင်ခွင့် မရှိတော့တဲ့  နှစ်ယောက်သောသူ ကို ပြောချင်တဲ့ စကားလေးတစ်ချို. ပြောလိုက်ချင်သေးတယ်။ တစ်ယောက်ကို ဖြစ်ပြီးခဲ့သမျှ အရာအားလုံးအတွက် ခွင့်လွှတ်ပေးဖို့ ၊
ဆိုးခဲ့မိုက်ခဲ့ အနိုင်ယူခဲ့ တာတွေကို နားလည်သည်းခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ လေ။ နောက်တစ်ယောက်ကိုတော့ ပြီးဆုံးခဲ့ သမျှ အရာအားလုံးကို နားလည်ခွင့်လွှတ်တဲ့ အကြောင်း၊ ဘ၀မှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့  ရှေ.ခရီးကို သာသာယာယာ လျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပေးခဲ့ တဲ့ အကြောင်း ပြောပြချင်တယ်။

အားတဲ့  အချိန်လေးတွေမှာတော့ အဆင်ပြေရင် ဘလော့တွေလိုက်ဖတ်မယ်ဗျာ။ ကျနော် ဆိပ်ကမ်းလေးမှာလည်း ဇင်ယော်တစ်ယောက် အင်တာနက် အလှမ်းမမှီတဲ့  နေရာတစ်ခုကို ခရီးထွက်ရမှာမို့  ပို့ စ်တွေ အသစ်မတင်နိုင်တော့ကြောင်း ၊ လာရောက်လည်ပတ်တဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ရေးခဲ့ မယ်ဗျာ။ ညီငယ်မောင်မျိုးကိုတော့ ကြည့်ကောင်းအောင် ပြောခဲ့ မယ်။ ညီရေ...အစ်ကိုတော့ ဒီတစ်ခါ ခရီးအကြာကြီး သွားရမှာမို့  ဒီဆိပ်ကမ်းလေးကို တတ်နိုင်သလောက် ကြည့်ရှုစောင့်ရှောက်ပေးဖို့ ၊ မစောင့်ရှောက်နိုင်တော့တဲ့  အချိန်ကျရင် ဒီဆိပ်ကမ်းလေးကို ထာဝရ ပိတ်သိမ်းပေးဖို့  သေသေချာချာလေး မှာခဲ့ မယ်လေ။ ပြီးတော့ ဒီဆိပ်ကမ်းလေးကို လာရောက်လည်ပတ်ကြရင်း ခင်မင်ခဲ့ ရတဲ့  ဘလော့ဂါ မောင်နှစ်မတွေကိုလည်း အခြေအနေပေးသလောက် လိုက်နှုတ်ဆက်ဦးမယ်။

ဟွန်းဟွန်းဟွန်း ( မျက်လုံးပြူး အံကြိတ်သွားစေ့ပြီး ရယ်သောအသံ ) .... တွေ့ ကြပြီပေါ့ကွာ။ ဒီဘလော့လေး ရေးနေရင်းနဲ့  အရမ်းကိုခင်မင်ရင်းနှီးခဲ့ရတဲ့ သူတွေ ရှိနေပါသေးတယ်။ ( ဟဲဟဲ ဇော်ဝင်းထွဋ္ဋ်စကားနဲ့  ပြောရရင် ကျနော်သနားလို့  မခေါ်ပဲထားတဲ့ သူတချို. ရှိပါတယ်ပေါ့ဗျာ )။ သူတို့ ကို ဇင်ယော်လေးဘ၀မှာ တခါမှမမြင်ဘူးခဲ့ ပေမယ့် အရမ်းကို ခင်မင်ရလို့  လူကိုယ်တိုင် လိုက်ပြီး
နှုတ်ဆက်စကားပြောဖို့  အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် သိတဲ့ အတိုင်း တစ်ယောက်တစ်နယ်စီမှာနေ...ပိတောက်နဲ့ ချယ်ရီပမာလေ..... ဟိုက် ချော်တောငေါ့သွားပြီဟ။.... အားလုံးက တစ်နေရာစီမှာနေကြတော့ ခုလိုက်နှုတ်ဆက်နေရင် အချိန်မလောက်မှာလည်းစိုးရ.... ခရီးစရိတ်မလောက်မှာလည်း ကြောက်ရတာမို့  ဒီလို စီစဉ်ထားပါတယ်ဗျာ။ ငှဲငှဲငှဲ .... ၁၀ရက်ကျော်လို့  သေလွန်ပြီးရင် စိတ်ထဲက အာရုံပြုလိုက်ရုံနဲ့  သွားချင်တဲ့ နေရာ ရောက်တယ်ဆိုပဲ။ နောက်ပြီး နေ့ ပိုင်းလိုက်ပြီး နှုတ်ဆက်ရင် နေကလည်းပူ၊ တွေ့ ချင်တဲ့ သူတွေ အိမ်မှာ မရှိမှာလည်း စိုးရိမ်တယ်လေ။ ဒါ့ကြောင့် ညအိပ်ခါနီး အချိန်ကျမှ လာပြီး ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ချင်ပါတယ်ဗျာ။ ( ညီ..လေး...ညီ...မ....လေး....တို့ ...ရေ.....အာ....ကို.....ကြီး.....လာ.....လည်.....တယ်.......ကွဲ့  ) ဆိုပြီး အသံနက်နက်ကြီးနဲ့  လာနှုတ်ဆက်မှာဗျ။ လူကိုယ်တိုင် လာမှန်းသိအောင် အနံ့ ပါပေးလိုက်ဦးမယ် ( Calvin Klein / Gucci / Hugo Boss အနံ့ တွေ ပြောတာပါ ) ( ဟီး လိုချင်တာတွေ ရွတ်ပြတာ တကယ်အဟုတ် မမှတ်နဲ့  )။ ကိုင်း မှတ်ပြီလား..... ဇင်ယော်လေး ကိုယ်တိုင်ကိုယ်ကျ လိုက်လံနှုတ်ဆက်မဲ့ သူများကတော့ ညီငယ်မောင်မျိုး၊ ညီမငယ်ဝေလေး၊ ညီမသက်တန့် ၊ တူမလေးDream၊ ညီလေးဥယျာဉ်မှူး တို့ ပဲဖြစ်ကြပါတယ်။ နောက်ထပ် ခင်မင်တဲ့ သူတွေ အများကြီးပဲ ရှိပါသေးတယ်။ ဒါပေမယ့် သေလွန်ပြီးမှ ကိုယ်ထင်ပြပြီး လိုက်နှုတ်ဆက်လောက်အောင် မနှိပ်စက်ကြသေးလို့ ပါဗျာ။ ဟဲဟဲဟဲ အဲဒီ စာရင်းထဲ ပါချင်တဲ့ သူများ ကျနော့်ဂျီမေးလ်ကို ဆက်သွယ်ပြီး စာရင်းပေးနိုင်ကြပါတယ်ဗျာ။ ကဲ ရေးပါဆိုလို့  ရေးပြီးပြီဗျာ။ လာနှုတ်ဆက်ခံရမယ့်သူတွေ သတိသာထားနေပေတော့။

9 comments:

Anonymous said...

အဲ.. လိုက်နှုတ်ဆက်ဖို့အစီအစဉ်ပါပါတာကိုးးး.. ဟား ဟား ..
ကြိုပြောထားနော်. လာမယ်ဆိုရင်.. ပရိတ်လေးဘာလေးရွတ်.. ဘုရားစာလေးဆိုထားရအောင်.. အဟိ.. :P
ရေးပေးတာကျေးဇူးအစ်ကိုကြီးး အမွေပြတ်မစွန့်လွှတ်တော့ဘူး... ရှိသမျှအမွေပေးမယ်.. လက်နှီးစုတ်တွေ.. ဟီးး :P

Anonymous said...

ဟားဟား ဦးယျာဉ်မှူးသရဲမကြောက်တတ်တာသိတယ်နော်
အခုလိုလာမယ်လို့ကြိုပြောတာကို ကျေးဇူးပဲကိုကြီးဇင်ယော်။ ၃လုံးတောင်းမယ် (ချဲထီနော်)
၂လုံးတောင်းမယ် (ချဲထီပဲနော် လျှောက်မတွေးကြေး)
ပြီးရင် ၁ လုံးတောင်းမယ် (ဘောလုံးနော်)၊ ကဲ ဘယ်လိုလဲ ပေးမှာလား မပေးရင်တော့ မလာနဲ့နော် အိပ်ရေးပျက်တယ်။ ထပြီးဧည့်မခံနိုင်ဘူး။ ညီလေးသာ
အရင်သွားနှင့်လို့ကတော့နော် ကိုကြီးဇင်ယော် မချောင်ဘူးသာမှတ်ပေရော့။ ကျွန်တော်ကတော့ ကိုကြီးဇင်ယော်ဆီကို အရင်မလာဘူး။ စာဥဆီအရင် Go မယ်ဗျာ။ ဟဲဟဲ အလကား စ တာပါ။ တကယ်
မသွားပါဘူး။ သိပ်ပြီး သ၀န်မတိုနဲ့။ ညီလေးလို အကြွေးတွေ ဆပ်ခဲ့အုံးလေ။ သာအေးထန်းတောထဲမှာ
ထန်းရည်ဖိုး ၇၀၀ ကျပ်၊ 145 KTV မှာ တစ်ဝိုင်းဖိုးနဲ့ ပန်းကုံးဖိုး ၅၀၀၀၀ ကျပ်။ ဘာလဲ ကဲတုန်းက ကဲပြီးတော့ မေ့နေပြီလား။ ဟဲဟဲ ကိုကြီး
ဖင်ယော် (မှားတယ်ကွာ တကယ့်နေရာမှ) tag post လေး မိုက်တယ်ဗျာ။ ( လူကြီးကို အခုလို
နောက်ပြောင်မိသောကြောင့် ၀ိုင်းစုခိုင်သိန်းမဟုတ်ခဲ့
ရင်တောင် မိုးဟေကို ရှာရာပိုဗာလောက်နဲ့တော့ ညားရပါစေဗျာ)

သက်တန့် said...

အာ.. ကို.. ကြီး.. ရေ...
လာမယ်ဆိုလည်း ကြိုပြော... ညီမတို့လမ်းက လူတွေပြတ်တယ်... :P
သောကြာညတို့ စနေညတို့ လာလေ... နောက်နေ့ ရုံးတက်စရာ မလိုတော့ အေးဆေး စကားပြောနိုင်တာပေါ့...
ကျန်တဲ့ညဆိုရင်တော့ ဆောရီးပဲ... ဧည့်မခံနိုင်ဘူးရယ်... :D
အနံကလည်း နည်းနည်းသင်းတဲ့ အနံလောက်ပဲပေးနော်... အနံပြင်းရင် ခေါင်းမူးတတ်လို့... ဟီး...

ဥယျာဉ်မှူးကြီး "Shift Key" မေ့သွားတယ် ထင်တယ်နော်... အဟဲ...

Anonymous said...

အေးအေးချမ်းချမ်းလေးပဲ....ပြောချင်တဲ့သူကလည်း နှစ်ယောက်သောသူတဲ့း) တယ်ဟုတ်ပါလား အစ်ကိုကြီးရေ့....။ဆိပ်ကမ်းလေးကိုမစောင့်ရှောက်နိုင်တော့တာ ဆောရီးတစ်နေ့ ပေါ့ ညီတို့  ဒီနေရာလေးတွေမှာ ပြန်တွေ့ ကြမယ် ။ ချစ်ကိုကြီး အဆင်ပြေပါစေဗျို့ 

:P said...

နှစ်ယောက်သောသူ.....????????????
ဘူရဲဟင်...

Anonymous said...

ဟဟဟား.. ရယ်သွားပြီ..ကိုဇင်ယော် ရေ..
ကျမမောင်လေး ကတော်တယ်ဟုတ်..ကျမ မခေါ်ရပါ
ပဲ သူအရင်ခေါ်သွားပေးတာ ကိုဇင်ယော်နာမည်.အဟီး
သေပါတော့မယ် ဆိုမှ ဟီးဟီး တဲ့ ရယ်နိုင်သေးတယ်။
ငတ်ကြီးကျနိုင်သေးတယ်နော်....သီချင်းကလည်း ဆို
နိုင်သေးတယ် ။ ပြုံးပြုံးလေးပဲ သေနိုင်တယ်ပေါ့..
ဖတ်လို့ကောင်းတယ် ကိုဇင်ယော် ရေ..
သတိထားပြီး နာမည် မမှားအောင်ရိုက်နေရတယ်.
အဟီး. ( အရော် မရချင်လို့..ဟဟား.. ရယ်လိုက်ပြီ)

Soe Mya Nandar Thet Lwin (Borros Roxo) said...

အတွေးလေး ကောငှ်းတယ်။

အဆင်ပြေပါစေ။

SMNTL

ရုပ်ရှင် said...
This comment has been removed by a blog administrator.
ရုပ်ရှင် said...
This comment has been removed by a blog administrator.