Wednesday, August 27, 2008

လမ်းသွားရင်း မအောင့်နိုင်တော့လို့ ။။။။

သူငယ်ချင်းတစ်ယောက်က မေးလ်နဲ့  လင့်လေးပို့ ပေးလိုက်တာပါ။ စာကျက်လို့ မရတော့ပဲ စိတ်တိုလာတဲ့အချိန်၊ ဒေါသထွက်ပြီး ဘေးဘီ လျှောက်မရမ်းမိအောင် ဒါလေးဖွင့်ကြည့်လိုက်ပါတဲ့။ တကယ်လည်း ကျက်လို့ မရတော့ဘူးလေ။ နီးမှ ခေါင်းထဲ စုပြုံကောက်ထည့်တော့ ဦးနှောက်က Vista run တဲ့  2 GB RAM မှ မဟုတ်ပဲ။ ဘယ်ခံနိုင်တော့မလဲ။ ခေါင်းပေါ်မှာ ကြက်ဥကြော်ရင် တစ်ဒါဇင်လောက်က အသာလေးရယ်။ မထူးပါဘူးဆိုပြီး စာအုပ်လေးဘေးချပြီး လင့်လေးကောက်နှိပ်လိုက်တော့.................................................
ကိုယ့်ဘာသာကိုယ်ပဲ ဖွင့်ကြည့်ပေတော့ဗျို.။ ..............................ဟီး လမ်းသွားရင်း မအောင့်နိုင်တော့ရင်....... သတိထားနော်။

Monday, August 18, 2008

လိပ်စာလေးပဲ မှားတာပါ

ဇင်ယော်တစ်ယောက် အရှုပ်တွေလုပ်...အဲ မှားလို့ ....အလုပ်တွေရှုပ်နေတာနဲ့  သူငယ်ချင်းဘလော့တွေဆီကိုတောင် ဟုတ်တိပတ်တိ အလည်မထွက်နိုင်ဘူး။ စာမေးပွဲနီးနေလို့  စာအုပ်ကို ချစ်သူ့ မျက်နှာအမှတ်နဲ့  တစိမ့်စိမ့်ကြည့် နေရတယ်။ ( ဟီး ဖိုးကာ ဆိုထားတဲ့ သီချင်းလေးတောင် သတိရမိသေးတယ် ) စာအုပ်ထဲဖွင့် ကြည့်လိုက်ရင် မမြင်မတွေ.ဘူးတဲ့ စာမျက်နှာက အတော်တော် များများရယ်။ ( ကြိုးစားအားထုတ်မှုက အဲလိုကောင်းတာ )။ ကိုယ်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ရင်း ငို၍ရယ်၍ မရသောမျက်နှာ ဆိုတာ အခုမှပဲ သဘောပေါက်သလိုလို ရှိလာတယ်။ နောက်ဆုံးတော့ မထူးပါဘူး ၊ ပို့ စ်လေး တစ်ပုဒ်တော့ တင်လိုက်ဦးမှပဲ။ ဒါမှလည်း နေသာထိုင်သာရှိမှာလေ။
မိတ်ဆွေတစ်ယောက် ပို့ လိုက်တဲ့  ဟာသလေးပါ။ မရယ်ရရင်တော့ ဇင်ယော်လေးရဲ. ဘာသာပြန် ညံ့ဖျင်းမှု
လို့ ပဲ သဘောထား လိုက်ပေတော့ဗျို.။ ။ ။

လိပ်စာလေးပဲ မှားတာပါ

ဟိုတယ်သို့  ရောက်ခါစ လူတစ်ယောက် အခန်းထဲကို လျှောက်ကြည့်ရင်း စားပွဲပေါ်တွင် အင်တာနက် အသုံးပြုနိုင်သော ကွန်ပြူတာကို တွေ့ လိုက်ရသည့်အခိုက် အလွန်ဝမ်းသာ သွားလေသည်။ သူချက်ချင်း ဆုံးဖြတ်လိုက်သည်။ ရှုမငြီးတဲ့ ချစ်ဇနီးလေးထံ အီးမေးလ် ပို့ ဦးမှပဲ။ သူရိုက်လိုက်သည့် အီးမေးလ်လိပ်စာက typing error ကြောင့် အမည်ဆင်တူရိုးမှား အခြားလိပ်စာတစ်ခု ဖြစ်နေသည်။ သို့ ပေမယ့် သူ့ အမှားကို သတိမပြုမိပဲ ထိုအီးမေးလ်ကို ၀မ်းသာအားရ ပို့ လိုက်လေတော့သည်။

တချိန်တည်းမှာပင်......
ဆုံးပါးသွားသော လင်ယောက်ျားဧ။် အသုဘ အခမ်းအနားမှ ပြန်ရောက်လာသော မုဆိုးမလေး အိမ်တံခါးဖွင့်ရင်း စဉ်းစားနေသည်။ အင်း..... မိတ်ဆွေသူငယ်ချင်းတွေဆီက အားပေးတဲ့ အီးမေးလ်တွေ ရောက်သေးလား မသိဘူး။ inbox ဖွင့်ပြီး စစ်ကြည့်ဦးမှပဲ။

ပထမဆုံး အီးမေးလ်ကို ဖတ်ပြီးနောက် သူမ မူးမေ့ကာ လဲပြိုကျသွားသည်။ အိမ်နီးနားချင်းများ ရောက်လာတော့ သူမက ကြမ်းပြင်ပေါ်မှာ ခွေခွေလေး။ ဘာတွေများ သူမ ဖတ်မိလိုက်ပါလိမ့်။ ကွန်ပြူတာ မော်နီတာ ပေါ်မှာ ရှိနေတဲ့ အီးမေးလ်တစ်စောင်....ဖတ်ကြည့်လိုက်တော့

သို့း ရှုမငြီးတဲ့ ချစ်ဇနီးလေး
အကြောင်းအရား မျှော်နေမယ်
နေ့ စွဲး ..................................

အချစ်လေးရေ....
မမျှော်လင့်ပဲ ကိုယ့်ဆီက အီးမေးလ် ရောက်လာလို့  တော်တော် အံ့ သြ သွားလား။ ကိုယ်ခုပဲ ဒီကိုရောက်တယ်ကွ။ ချောချောမောမောနဲ့  အားလုံး အဆင်ပြေတယ်။ ဒီမှာ ကွန်ပြူတာလဲ ပေးထားတယ်။ အင်တာနက်လည်း သုံးလို့ ရတော့ အီးမေးလ်ပို့ လို့  အဆင်ပြေတယ်လေ။ မနက်ဖြန် အချစ်လေးရောက်လာရင် အဆင်သင့်ဖြစ်အောင် အစစအရာရာ စီစဉ်ထားတယ်။ ဘာမှမပူနဲ့ ။ စိတ်အေးအေး ထားပြီးတော့ သာလာခဲ့ပေတော့။ အချစ်လေးနဲ့  ဆုံတွေ.ရမယ့် မနက်ဖြန်ကို မျှော်လင့်နေတဲ့ 

ချစ်ခင်ပွန်း.....

( မရယ်ရရင်တောင် ပြုံးမိမယ်လို့  မျှော်လင့်ပါတယ်။ ဒါမှမဟုတ်...ကိုယ့်ကိုကိုယ်ပဲ ကလိထိုးပြီး ရယ်ကြည့်ကြပါလို.။ )

Saturday, August 16, 2008

သင်ခန်းစာ

အင်း သောကြာနေ့  ညနေဆိုတော့ မိတ်ဆွေ သူငယ်ချင်း တော်တော်များများက ပျော်နေကြပြီလေ။ ၂ ရက်ကြီးများတောင် နားရတော့မယ် ဆိုပြီး။ ဇင်ယော်တယောက် မှာတော့ စာအုပ်ပုံကြား ခေါင်းနှစ်ပြီး သူများပျော်လို့ အပျော်နိုင် လဒကြီးလိုမှိုင် ဖြစ်နေတယ်။ ဇင်ယော်လည်း ပျော်ချင်တာပေါ့။ ဒါပေမယ့် စာမေးပွဲနတ်က တလှမ်းချင်း လှမ်းပြီးလာနေတာ ခုဆို ခဲနဲ့ လှမ်းပေါက်ရင်တောင် ထိလောက်တယ်။ ပါးစပ်ကလည်း အော်လာသေးတယ်။ resit တွေ re exam တွေ တစ်ဘာသာကို ၂၀၀။ လျှော့ဈေးတဲ့လေ။ စိတ်တိုတိုနဲ့ ထဆော် လိုက်ရရင်တော့  နာတော့မယ်။ ကိုယ့်ကိုကိုယ် ပြောတာ ဟီး။ ဒီကြားထဲ ဘော်ဒါတွေထဲမှာ ဒကာခံမဲ့သူက ဖုန်းဆက်ပြီး တကူးတက ခေါ်နေသေးတယ်။ စိတ်နာလာပြီ။ စာကျက်နေရင်းနဲ့  ပါးစပ်ထဲ ဘီယာအရသာပဲ ရလာသလိုလို၊ နှာခေါင်းထဲ အကင်နံ့ တွေပဲ ရလာသလိုလို၊ နားထဲမှာပဲ သီချင်းသံတွေ ကြားနေရသလိုလိုနဲ့  လူကဂနာမငြိမ် ဖြစ်လာတယ်။ မဖြစ်ချေဘူး။
မြန်မြန် အာရုံပြောင်းမှပဲ။ ဒီလိုနဲ့ ပဲ ကဗျာလေးတစ်ပုဒ် ချရေးဖြစ်သွားတယ်။ သင်ခန်းစာ တဲ့ ။

သင်ခန်းစာ

အနမ်းတစ်ပုဒ် ပန်းတစ်ဆုပ်နဲ့ 
ကြဲခဲ့ ဖူးတဲ့  နှုတ်ခမ်းတွေပေါ့
ငါ့ကိုပြုစားခဲ့ တာ။

ညနက်နက်တွေတိုင်းမှာ
အိပ်မက်မြူခိုးတွေဝေနေမိတာက
မင်းရဲ. ဒဏ္ဍာရီတွေပဲပေါ့။

တစုံတယောက်က ဆိုဖူးတယ်။
အလွမ်းဆိုတာ ဓါးထက်ထက်တစ်ချောင်းကို
ရင်ဘတ်ထဲ အလျားလိုက် မြိုထားရသလိုပဲတဲ့။

မျှော်လင့်မိရင် မျှော်လင့်သလောက်
ခံစားရတယ်ဆိုတဲ့ စကား
သီအိုရီတွေ မသုံးပဲ သက်သေပြခဲ့တာလား။

အမှတ်တမဲ့တွေ တိုက်ဆိုင်မိတိုင်း
အမှတ်တရတွေ ဖြစ်လာတတ်မှန်း ကြိုသိခဲ့ရင်
ငါ ဒီဇာတ်လမ်းကို မကခဲ့ ပါဘူး။

ဟိုးအဝေးကို လှမ်းငေးမိတော့
အနမ်းမပြယ်သေးတဲ့ အလွမ်းပင်လယ်လေးထဲမှာလေ
နှလုံးသားကိုရွက်လွှင့် အပြုံးစကားကိုနားစွင့်လို့ 
လှေငယ်တစ်စီး
မတွေ.နိုင်တော့တဲ့ ဆိပ်ကမ်းကိုရှာနေတုန်း။

သေချာပါတယ်
ပြန်မရတော့တဲ့ အိပ်မက်ဟောင်း
ဘ၀တသက်တာမှာ တက်ခဲ့ဖူးတဲ့ကျောင်းတစ်ကျောင်းလို့ 
သဘောထားလိုက်တော့မယ်။ ။ ။ ။

Friday, August 15, 2008

နေ့ လေးတစ်နေ့ 

နံနက်ခင်း နေခြည်နွေးနွေးက ပြာလဲ့လဲ့ ကောင်းကင်အောက်မှ တိုးထွက်ကာ ဆီးရက်တယ်လ် အိုလံပစ် အားကစားကွင်းကြီး တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ပြာ၊စိမ်း၊နီ။ဝါ အလံပေါင်းစုံက လေအဝေ့မှာ တလူလူလွင့်လျှက်။ တမြို.လုံးက လူတွေအားလုံး ဤအားကစားကွင်းကြီး အတွင်းရောက်နေသည်ဟု ထင်ရလောက်အောင်ပင် လူတွေပျားပမ်းခပ်မျှ စည်းကား လှသည်။ ဒီနေ့ ... သာယာလှပတဲ့နေ့ လေးတစ်နေ့ ........မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပနေတဲ့နေ့ လေးတစ်နေ့ ရယ်ပါ။

အားကစားနည်းပေါင်းစုံကို နေရာဒေသ အမျိုးမျိုးမှ အားကစားသမားများက အသီးသီးလာရောက် ယှဉ်ပြိုင်နေကြသည်။ မသန်ပေမယ့် စွမ်းသည့်သူများပေမို့  မိမိကိုယ်စားပြုယှဉ်ပြိုင်သည့် ရပ်ရွာဒေသအတွက် အထူးအားထုတ် ကြိုးစားယှဉ်ပြိုင် ကြသည့်ပွဲ ဖြစ်ရာ ပရိတ်သတ်ကလည်း အုံးအုံးကြွက်ကြွက် အားပေးနေကြသည်။

ဒီလိုနဲ့  အသက် ၁၀နှစ်အောက် မီတာ၁၀၀ ပြေးပွဲ စတင်ရန်အတွက် ပါဝင် ယှဉ်ပြိုင်မည့်သူ အားလုံး အသီးသီး နေရာယူ နေကြသည်။ အားလုံး စုစုပေါင်း ၉ ယောက်။ သူတို့ လေးတွေအားလုံး ရုပ်ပိုင်းဆိုင်ရာ သို့ မဟုတ် စိတ်ပိုင်းဆိုင်ရာ တစ်ခုမဟုတ်တစ်ခု ချွတ်ယွင်း နေကြသူလေးများပါ။ သို့ ပေမယ့် သူတို့ လေးတွေ အားလုံးရဲ့  မျက်နှာမှာ တူညီမှုတစ်ခုက အထင်းသား ပေါ်လွင်နေသည်။
ပြိုင်ပွဲဝင်စိတ်ဓါတ်.... မိမိ ရပ်ရွာဒေသအတွက် အသိအမှတ်ပြု ဆုတခုခု ရယူပေးချင်သည့် ပြိုင်ပွဲဝင်စိတ်ဓါတ်။

တာလွှတ်လိုက်သည့် ခရာသံအဆုံး သူတို့ အားလုံး ပန်းတိုင်ဆီသို့  ကိုယ်နည်းကိုယ့်ဟန်ဖြင့် အပြေးလှမ်း ကြတော့သည်။ ပရိတ်သတ်ကလည်း ဆူညံစွာအော်ဟစ် အားပေးလျှက်။ ပြေးပုံပြေးနည်း မတူညီကြပေမယ့် သူတို့ အားလုံးရဲ့ ပန်းတိုင်ကတော့ တစ်ခုတည်းရယ်ပါ။

ခြေတဖက်ထော့နဲ့ ထော့နဲ့ ဖြင့် ပြေးနေသော ကောင်လေးတစ်ယောက်..... ပြေးလမ်းပေါ်မှာ မကြာခဏ ခလုပ်တိုက်မိကာ လဲပြိုကျသည်။ နောက်ဆုံးတော့ လက်လျှော့ လိုက်ဟန်တူသည်။ ပြန်မထတော့ပဲ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ကျန် ၈ ယောက်က ငိုသံကြားတော့ ရုပ်တရက်ရပ်ကာ ပြန်လှည့်ကြည့်ကြသည်။ နောက်တော့ သူတို့ အားလုံး ကောင်လေးဆီသို့ 
ပြန်လျှောက် သွားကြတော့သည်။ ပရိတ်သတ်က မှင်တက်မိကာ ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။ ဘာလုပ်ကြမလို့ ပါလိမ့်။ အားကစားကွင်းကြီး တစ်ခုလုံး အလံများကို လေတိုးသံမှအပ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူတို့ အားလုံး ကောင်လေးနားရောက်တော့ သူတို့ ထဲမှ ဥာဏ်ရည်မမှီသော ရောဂါခံစားနေရသော ကလေးမလေး တစ်ယောက်က ကောင်လေးနားမှာ ဒူထောက် ထိုင်လိုက်သည်။ ပြီးတော့ ကောင်လေးနဖူးကို အသာအယာ နမ်းကာ
အခု ကောင်းသွားပြီ...ထထ ...တို့ တွေသွားကြရအောင်....တဲ့။
ကောင်လေးကို အသာအယာ တွဲထူမကာ သူတို့ တွေအားလုံး လက်မောင်းချင်းချိတ်လျှက် ပန်းတိုင်ဆီသို့  တစ်လှမ်းချင်း လျှောက်လှမ်း သွားကြတော့သည်။ ၁ လှမ်း ၂ လှမ်း ၃ လှမ်း..........

လက်ခုပ်သံတစ်ချက်... နောက်တစ်ချက်..... နောက်တစ်ချက်...နောက်တစ်ချက်.......ပြီးတော့...ပြီးတော့ အဆုံးမရှိတဲ့
လက်ခုပ်သံများ......ပရိတ်သတ်အားလုံး........ အားကစားကွင်းကြီး အတွင်းမှ ပရိတ်သတ်များ အားလုံး....... မတ်တတ်ရပ်ကာ .......... ၀မ်းသာအားရ လက်ခုပ်တီး၍ အားပေးနေကြသည်။ လက်ခုပ်သံများက မိုးယံသို့  ထွင်းဖောက်လုမတတ်။ သူတို့ လေးတွေကို
လှမ်းကြည့် လိုက်တော့ လက်တွေက ခိုင်ခိုင်တွဲလျှက်၊ ပန်းတိုင်ဆီသို့  တလှမ်းချင်းလှမ်းရင်း အတူတူ လျှောက်လှမ်းနေကြသည်။

သာယာလှပတဲ့ နေလေးတစ်နေ့ ရယ်ပါ။ ထို့ အတူ ကျနော့်အဖို့ လည်း....ရင်မှာဖော်မပြနိုင်တဲ့ ပီတိလေးတစ်ခု ခံစားရတဲ့ နေ့ ၊
ဘ၀အတွက် အသိလေးတစ်ခု ထိုက်ထိုက်တန်တန် ရခဲ့ တဲ့ နေ့ လေးတစ်နေ့  ဆိုရင်လည်း မမှားဘူးပေါ့ဗျာ။ ။ ။
( Chicken Soup for the Soul မှ Bob French ဧ။် What's Really Important ကို မှီငြမ်းထားပါသည်။ )

Monday, August 11, 2008

အမြဲထာဝရ ရှိနေမယ့် အိမ်ကလေး

ခတ်ထားတဲ့ သော့ လေးကို အကြိမ်ကြိမ်ဖွင့်ခဲ့ ဖူးတဲ့  လက်ချောင်းလေးတွေက ထိန်းထားတဲ့ ကြားက တဆတ်ဆတ်တုန်နေသည်။ ဤတံခါးသော့ လေးကို ဖွင့် ဖို့ ကြိုးစားမိသည်မှာ ဒီတစ်ခါဆို ၅ ကြိမ်မြောက်။ ရင်ထဲမှာတော့  သတိရလွမ်းဆွတ်စိတ်တို့ က ထိန်းမရချင်တော့ ။ စကားသံချိုချိုတို့ က နားဝကိုရိုက်ခတ်နေဆဲ ။ စုံမှိတ်ထားတဲ့  မျက်ဝန်းထဲမှာတော့ ပုံရိပ်လေးတွေက ရုပ်ရှင်ပြသလို အစီအရီ။ သူ့ စိတ်အစဉ်တို့ ကတော့ အတိတ်ရင်ပြင်ဆီကို တရွေ.ရွေ.နဲ့  ခရီးထွက်ခွာလို့ နေပါပြီ။

အိမ်ခန်းလေးကို လှည့်ပတ်ကြည့်ရှုရင်း ခင်လေးတစ်ယောက် ကလေးငယ်လေးတစ်ယောက်လို ပျော်ရွှင်မြူးတူးနေပုံလေးတွေကို ကြည့်ရင်း အပျော်တွေက သူ့ ဆီသို့ ပါကူးစက်လာသည်။

"မောင်ရေ၊ ဒီအိမ်ခန်းလေးကို ခင်လေးတော့ အရမ်းကြိုက်တယ်ကွာ။ သွားရေးလာရေးလည်းအဆင်ပြေတယ်။ အခန်းဖွဲ့ ထားပုံလေးလည်း ကြိုက်တယ်။အတွင်းပိုင်းကို ဆေးပြန်သုတ်ဖို့ နဲ့  Decoration ပိုင်းကိုတော့ ခင်လေးတို့ ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်ကြမယ်နော်။နော်..မောင်..နော်လို့ "

လက်မောင်းကို ကိုင်လှုပ်ရင်း သဘောတူညီချက် တောင်းခံနေတဲ့  ခင်လေးရဲ. မျက်နှာနုနုလေးကို ပြုံးကြည့်ရင်း သူအသာအယာ ခေါင်းငြိမ့် ပြလိုက်မိသည်။ ခင်လေး ကြိုက်တာမှန်သမျှ သူသဘောကျမိသလို သူနှစ်သက်သမျှလည်း ခင်လေးမငြင်းခဲ့ တာ ဟိုးအရင် ကလေးဘ၀တည်းကမို့  သူငယ်ချင်းတွေကတောင် သူတို့ ၂ယောက်ကို ကြည့်ပြီး မင်းတို့ ကို အရမ်းအားကျတာပဲလို့ မကြာခဏပြောမိကြတာပါ။

အင်းပေါ့လေ တယောက်နဲ့ တယောက်နားလည်မှုအပြည့်ရှိပြီး အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲကို ဘယ်သူက အားမကျပဲနေမလဲနော်။
သူတို့ ၂ယောက်ကလည်း ငယ်ငယ်လေးတည်းက အရမ်းချစ်တဲ့ သူငယ်ချင်းတွေကနေ သံယောဇဉ်ကြိုးလေးတွေ တရစ်ပြီးတရစ်ချည်နှောင်မိရင်း ချစ်သူတွေဘ၀ကို တက်လှမ်းလာကြသူတွေဆိုတော့ တယောက်အကြိုက်တယောက်သိပြီး အလိုလိုက်ဖြည့်ဆည်းဖို့ က အဆင်သင့်ရယ်ပါ။ နှစ်ဘက်မိဘတွေကလည်း ဟိုးအရင်တည်းက နှစ်အိမ်တစ်အိမ်နေလာကြသူတွေမို့  သူတို့ နှစ်ဦးရဲ့ ရှေ့ ရေးကို ကန့် ကွက်သူမရှိ ။ အခြေအနေအတည်တကျဖြစ်ရင် လက်ထပ်ဖို့ ကိုပဲ တိုက်တွန်းနေကြသူတွေပါ။

လက်ထပ်ပြီးရင် အတူနေဖို့  အိမ်ခန်းလေး တစ်ခန်း ရှာနေခဲ့ တာတော့ ကြာပါပြီ။ ၂ယောက်လုံးရဲ့ စုဆောင်းထားတဲ့ ငွေနဲ့ လည်း အဆင်ပြေအောင်၊နောက်ပြီး သွားရေးလာရေး အဆင်ပြေစေဖို့ ရော၊အပြင်အဆင် အခန်းအနေအထားရော ကြည့်ရတာမို့ တော်တော်နဲ့ ရှာမရ။ တွေ့ မယ့်တွေတော့လည်း ၂ယောက်လုံး ကြိုက်နှစ်သက်မိပြီမို့  သူတပါးလက်မပါရလေအောင် အမြန်ဆုံးငွေချေရသည်။ အားလုံးပြီးမှ ၂ဦးသား အေးအေးဆေးဆေး ကိုယ့်အိမ်ခန်းလေးကို အသေးစိတ်လိုက်ကြည့်ရင်း ဘယ်နေရာမှာ ဘာတွေထားမယ်၊အခန်းလေးကိုလည်း ဆေးဘယ်အရောင်လေးတွေသုတ်မယ် ဆိုတာ တိုင်ပင်နေမိသည်။

ချစ်သူရေ
နတ်ပစ်တဲ့ မြှားတစ်စင်း
အရှိန်တော့ သိပ်မပြင်းလှပါဘူး။
ထိမှန်တာက တို့ နှစ်ယောက်
နှလုံးသားတွေ အထိ စူးနစ်ဝင်ရောက်
မူနောက်ရီဝေ ချစ်ဆိပ်ရည်တွေတက်လို့ ပေါ့ ကွယ်။


ကိုယ်နေတဲ့ အခန်းကို ကိုယ်တိုင်ဆေးသုတ်ချင်တယ်တဲ့။ ခင်လေးတစ်ယောက် သူ့ ကိုပူဆာလို့ နေတာနဲ့  သူ့ မှာကောင်းကောင်းကြီး အလုပ်ရှုပ်ရတော့တာပဲ။ ဆေးတွေ၊သင်နာတွေ ပြေးဝယ်ရ၊ဆေးသုတ်ဖို့  ရိုလာတွေ၊စုတ်တံဘရပ်ရှ်တွေဝယ်ရနဲ့  လူကချာလပတ်ရမ်းနေချိန်မှာ ခင်လေးတစ်ယောက် သူဝယ်လာတာတွေကြည့်ပြီး ခုန်ပေါက်မြူးတူးနေပုံကို မြင်မိတော့ အရင်ကမောခဲ့ တဲ့ အမောတွေက ဘယ်ပေါက်လို့ ဘယ်ရောက်ကုန်လဲ သူကိုယ်တိုင်မသိတော့။ ခုလည်း တီရှပ်လက်ရှည်နဲ့ ဂျင်းပင်အဟောင်းလေးဝတ်ထားတဲ့  ခင်လေးတစ်ယောက် ခေါင်းပေါ်မှာ အ၀တ်စခြုံပြီး နံရံကို ဆေးသုတ်နေပုံလေးကို သူစောင်းငဲ့ကြည့်ရင်း စနောက်ချင်စိတ်က ထိန်းမရတော့တာမို့ 

"ဟေ့ လက်ချမီး ဆေးသုတ်တာ နံရံကိုလား၊လူကိုလားကွ။ဟေ ပြောစမ်းပါဦး။"

သူ့ အမေးကို ခင်လေး အရင်ဆုံးပြန်ဖြေတာက ချစ်စရာကောင်းတဲ့  မျက်စောင်းလေးနဲ့ ပါ။ပြီးတော့ မှ ဆေးစက်လေးတွေ စွန်းထင်းနေတဲ့ သူ့ ကိုယ်သူ ငုံ့ ကြည့်ပြီး စပ်ဖြဲဖြဲ မျက်နှာလေးနဲ့ ရန်တွေ့ ပါတော့တယ်။

"ဘာဖြစ်လဲ ဘာဖြစ်လဲ ကိုယ့်လုပ်တတ်သလို လုပ်တာဘာဖြစ်လဲ။ မကျေနပ်ဘူးလား။ ဟဲဟဲ ဘာဖြစ်ချင်လို့ လဲ ဟဲဟဲဟဲ။"

သူမကအဲဒီလို မခိုးမခန့် လည်း ရယ်တတ်ပါသေးတယ်။ ဒါပေမယ့် အဲဒီချိန်ကျရင် နဲနဲတော့ သတိထားရတယ်။ မဟုတ်တာ တခုခုတော့
လုပ်တော့မယ်လေ။ အတွေးမှ မဆုံးသေး လက်ထဲက ရိုလာကို ဆေးပုံးထဲ နှစ်ပြီး သူ့ တကိုယ်လုံး အားရပါးရ ဆေးလိုက်သုတ်တော့တာပါပဲ။ သူလည်း မနေနိုင်တော့။ မောင်တထမ်းမယ်တရွက် ဆိုရိုးတောင်ရှိသေး။ အားကျမခံ လက်ထဲရှိတဲ့ ဘရပ်နဲ့  ခင်လေးကို ပန်းချီဆွဲတဲ့ ကင်းဗတ်စ သဘောထားပြီး အားရပါးရ ဆေးခြယ်တော့တာပေါ.။
၂ယောက်သား မောတော့မှ ဆေးတွေပေပွနေတဲ့ပုံကိုကြည့်ပြီး တယောက်ကိုတယောက် လက်ညှိုးထိုးပြီး အားရပါးရ ရယ်လိုက်ရတာ။ ခင်လေးကို အိမ်ပြန်ပို့ တော. ကားပေါ်ကဆင်း ဆင်းချင်း ခင်လေးအမေက

"ဟယ် သားနဲ့ သမီး ဆေးသွားသုတ်တာ ဆေးရောလောက်ရဲ.လားတဲ့ "

ဘာဖြစ်လို့ လဲဆိုပြီးမေးတော့  နံရံပေါ်တ၀က် ဖိတ်တာတ၀က်ထင်လို့ တဲ့။ ခင်လေးကလည်း အားကျမခံ မပူပါနဲ့ အမေရယ် ဆေးကပိုနေလို့ တောင် သုတ်စရာမရှိတော့ တာနဲ့  တယောက်နဲ့ တယောက် ဆေးနဲ့ ပက်ပြီးပြန်လာကြတာတဲ့ လေ။ ခင်လေးအဖေကတော့  အားပေးရှာတယ်။ နောက်ထပ် လုပ်ငန်းတိုးချဲ့ ရင် ဆေးသုတ်ကန်ထရိုက်ပေးဖို့  သူတို့ နှစ်ယောက်ကို အရင်စဉ်းစားမယ်တဲ့ ။

နေ့ စဉ်နဲ့ အမျှ အိမ်ခန်းလေးကို စိတ်ကူးအိမ်မက်ထဲက အတိုင်း ခြယ်သရင်း သူတို့ ရှေ့ ရေးအနာဂါတ်အတွက်လည်း တိုင်ပင်ဆွေးနွေးရတာအမော။ ဒီလိုနဲ့  အိမ်ခန်းလေးက သူတို့ စိတ်ကူးထဲက ပုံစံလေး အတိုင်းတဖြည်းဖြည်းနဲ့  ရုပ်လုံးပေါ်လာပြီလေ။ လိုအပ်တဲ့ ပရိဘောဂ အသုံအဆောင်တွေကတော့ တဖြည်းဖြည်းနဲ့  ၀ယ်ထည့်မယ်ပေါ့ ။ နှစ်ယောက်လုံးရဲ့  ပြင်ဆင်ခြယ်သမှုနဲ့  လှပနေတဲ့ တိုက်ခန်းလေးက သူတို့ အဖို့  ရှုမငြီးစရာ ပန်းချီကားတစ်ချပ်ရယ်ပါ။ သူ့ အဖို့  ခွင့် ရက်စေ့ လို့  အလုပ်ကို ပြန်သွားဖို့ အချိန်တန်လာပေမယ့်  ခင်လေးအနားက ဘယ်လိုမှ မခွဲချင်မိ။ ဒါပေမယ့် လည်း သူသွားရဦးမှာပါ။ ခင်လေးကို တင့်တင့်တယ်တယ် လက်ထပ်ချင်တာရော၊ သူတို့ နှစ်ဦးလုံးရဲ့  အနာဂါတ်အတွက်ရော ၊ သူ့ မိဘတွေအတွက်ပါ သူပြန်သွားရဦးမှာပါ။

လေဆိပ်ကို လိုက်ပို့ တော့ ခင်လေးက သူ့ အနားကိုတိုးကပ်ပြီး ရှက်ပြုံးလေးနဲ့ ပြောရှာတယ်။
"နောက်တခါ မောင့် ကိုလိုက်ပို့ ရင် ခင်လေးက မောင့် ဇနီးအနေနဲ့  လိုက်ပို့ ရမှာနော်" တဲ့။
"အလုပ်က အချိန်စေ့ ရင် အမြန်ဆုံးပြန်လာနော် မောင်၊ ခင်လေးမျှော်နေမယ် " ။ ပြောပြီးမှ ရှက်သွားတဲ့ မျက်နှာလေးနဲ့  ခေါင်းလေးငုံ့ ကာ ပြုံးနေပုံလေးက သူ့ အတွက်တော့  ခွန်အားတစ်ရပ်ဖြစ်စေခဲ့ ပြီလေ။ ဒီတခါတော့  လုပ်ငန်းခွင်ထဲမှာ အချိန်တွေက သူ့ အတွက်ကြာလွန်းလှသည်။ တရွေ့ ရွေ့ သွားနေတဲ့ စက္ကန့် လေးတွေကို မြန်မြန်ပြေးသွားဖို့  သူလောဆော်ချင်နေမိသည်။ ဒါမှလည်း မိနစ်ဆိုတဲ့  ကားလေးအချိန်မှီစီးကာ နာရီလွင်ပြင်ကို ဖြတ်ပြီး ရက်နဲ့ လ ဆိုသော တောင်တန်းတွေကို ကျော်ကာ ခင်လေးဆီသို့  အမြန်ဆုံးအရောက်လှမ်းနိုင်မည်လေ။ လေလှိုင်းထဲကနေ စကားတွေခြွေမိကြတိုင်း ခင်လေးက လက်ထပ်ဖို့  ဘယ်လိုစီစဉ်ထားတဲ့  အကြောင်း၊ အသုံးအဆောင် ပရိဘောဂတွေကိုလည်း ဘယ်လိုဖြည့်ဆည်းပြီး အိမ်ခန်းလေးကိုလည်း ဘယ်လိုပြင်ဆင်ထားတဲ့ အကြောင်း ပြောပြတိုင်း သူ့ အတွက် စိတ်ကူးယဉ်စရာ မိသားစုဘ၀လေးက တကယ်တမ်းဖြစ်လာတော့ မယ်ဆိုတာတွေးပြီး ပျော်မဆုံးအောင်ပါပဲ။

"ခင်လေးရေ မောင် ခင်လေးဆီကို အရောက်ပြန်လာပြီ"။ သူစိတ်ထဲက တိတ်တိတ်လေးပြောရင်း လေယဉ်ထိုင်ခုံပေါ်သို့  အသာအယာမှီချလိုက်သည်။ ပြန်ခါနီး တစ်လအလိုမှ အလုပ်တွေကတအားများပြီး ခင်လေးဆီကို သူဖုန်းမဆက်နိုင်ခဲ့ ။ ပြီးခဲ့တဲ့နှစ်ပတ်က ဖုန်းဆက်တော့ တအိမ်လုံး ဘယ်သူမှ ဖုန်းမကိုင်။ ဒါနဲ့  အဖေနဲ့ အမေကို မေးကြည့်တော့ ခင်လေးတို့ မိသားစု ခရီးထွက်သွားတယ်တဲ့ ။ အခုတော့  သူက အပြန်လမ်းမှာပါ။ ဒါပေမယ့် သူခင်လေးကို အံ့ သြသွားအောင် စချင်နေသည်။ ပြီးမှ အားရပါးရ စကားတွေတ၀ကြီးပြောပြီး ချော့တော့ မယ်ပေါ့ ။ ဒါ့ ကြောင့် လည်း ဖေနဲ့ မေဆီ သူဖုန်းဆက်တော့  ခင်လေးကို ကြိုမပြောဖို့  အသာလေးမှာထားရသည်။ အဖေနဲ့ အမေကလည်း စိတ်ချ၊လေဆိပ်ရောက်ရင် သူတို့ လာကြိုမယ်။ ပြီးတော့ မှ အေးအေးဆေးဆေး နားပြီး ခင်လေးဆီကိုသွားတဲ့။ မျက်လုံးကိုစုံမှိတ်လို့  သူတို့ ရဲ့ ပျော်ရွှင်စရာ အနာဂါတ်လမ်းလေးကိုတွေးပြီး ကြည်နူး နေမိသည်။

လေဆိပ်ကထွက်တော့ သူ့ ခြေလှမ်းတွေက လမ်းဆန်းလို့ တက်ကြွနေသည်။ အဖေနဲ့ အမေက သားပင်ပန်းလာတယ် အိမ်မှာအေးအေးဆေးဆေး အနားယူလိုက်ဦးတဲ့ ။ ပြီးမှ ခင်လေးဆီသွားပေါ့ တဲ့။ ခေါင်းကိုအသာလေး ငြိမ့် ပြလိုက်ပေမယ့်  စိတ်ထဲမှာတော့ ခင်လေးကို အရမ်းတွေ့ ချင်နေမိသည်။ ဒါပေမယ့်  အိမ်ရောက်တော့  သူဘယ်လိုမှ မနေနိုင်တော့ ။ ရေချိုးပြီး အပြင်ပြန်ထွက်ဖို့ ပြင်တော့ သည်၊ ချစ်ရတဲ့ ခင်လေးဆီကိုပါ။ ဧည့်ခန်းကိုဖြတ်တော့ အဖေနဲ့ က "သားကြီး၊ ခဏလောက်လာပါဦး၊ ပြောစရာရှိလို့ "တဲ့ ။ သူအသာလေး အဖေနဲ့ အမေဘေးမှာ ၀င်ထိုင်ရင်း ပြောမယ့် စကားတွေကို နားစိုက်ထောင်နေမိသည်။

အမေက "သားရေ၊ လောကကြီးမှာ လူဆိုတာ ဘ၀မှာကြိုးစားထားတာတွေ တကယ်ဖြစ်လာရင် ၀မ်းသာပျော်ရွှင်ရတတ်သလို မျှော်လင့် ထားသမျှ ဖြစ်မလာခဲ့ရင်လည်း စိတ်ပျက်ဝမ်းနည်းရတတ်တယ်။ တကယ်တမ်းတော့  ဒါတွေအားလုံးဟာ အမြဲတမ်း ဖြစ်ပျက်ပြောင်းလဲ နေတဲ့  လောကဓံတရားတွေပါပဲ။ စိတ်အားနည်းတဲ့ သူတွေအဖို့  ဒီတရားတွေနဲ့  လက်တွေ့ ကြုံဆုံရတဲ့ အခါ ခံနိုင်ရည်မရှိပဲ ဘုံးဘုံးလဲပြီး ကျရှုံးရတတ်ပေမယ့်  စိတ်ဓါတ်ကြံ့ ခိုင်တဲ့ သူတွေကတော့  ဒီလောကဓံတရားတွေကို ကြံ့ ကြံ့ ခံရင်း လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို တဖြည်းဖြည်းလုပ်ဆောင်သွားနိုင်ကြတယ်။ သားကိုလည်း အဖေနဲ့ အမေတို့ က ရင့် ကျက်လိမ္မာပြီး ဒီလောကဓံတရားတွေကို ခံနိုင်ရည်ရှိတဲ့ သားတစ်ယောက်လို့  ယုံကြည်တယ်"တဲ့ ။ ဒီအချိန်မှာ ဘာကြောင့် ဒီစကားတွေပြောမှန်း သူမသိခဲ့ ပါဘူး။

အဖေက "သားရေ ခင်လေးကတော့  ပြန်မလာနိုင်တော့ တဲ့  ခရီးရှည်ကြီးကို ထွက်သွားပြီတဲ့ "။ သူနားမလည်နိုင်သေး အဖေကဆက်ပြီး
"သားပြန်မရောက်ခင် ပြီးခဲ့ တဲ့  ၃ ပတ်လောက်က ခင်လေး ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားပြီ" တဲ့။ သူ့ နားအစုံကို သူမယုံနိုင်သေး။ လူတကိုယ်လုံး အမှုန်အဖြစ်ပျောက်ကွယ်ပြီး အမှောင်ကမ္ဘာထဲ ကျဆင်းနေသည်ဟု သူ့ ကိုယ်သူ ခံစားနေမိသည်။ စိတ်ထဲက အရူးတစ်ယောက်လို မဟုတ်ဘူး၊ အဲဒါတကယ်မဟုတ်ဘူး လို့ အော်ဟစ်နေမိတယ်။ ဒါပေမယ့်  အသံတွေအားလုံးက လည်ချောင်းဝမှာ တစ်ဆို့ ပြီးပျောက်ကွယ်ကုန်သည်။ သူ့ အိမ်မက်ထဲက အနာဂါတ်အိမ်လေး အခုတော့ အားလုံးပြိုကွဲ လဲကျပျောက်ဆုံးသွားပြီတဲ့ လား။ မျှော်လင့် ချက်တွေ၊ရည်မှန်းချက်တွေ ထွေးပိုက်ပြီး ပြန်လာတဲ့သူ့ ကို ကံတရားက ရက်ရက်စက်စက် ဆီးကြိုနှုတ်ဆက်ပုံက ခါးသီးလွန်းလှသည်။

ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံး စာမျက်နှာ ထက်၌
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံ အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ
ရှ...အက်...ကြေ...ကွဲ
မင်နီတွေနဲ့ ရဲ လို့ပေါ့ကွယ်။
( တာရာမင်းဝေ ရဲ့ မိုးခေါင်လို့ တီးတဲ့ဗုံသံ ကဗျာမှ )


ခင်လေးပြောခဲ့ တဲ့ စကားလုံးတွေ နားထဲမှာ တလုံးချင်းပြန်ပြီးကြားရောင်လာမိသည်။
"မောင်ရေ လက်မထပ်ခင် အရင်ဆုံး သံဃာတော်တွေ ဆွမ်းဖိတ်ကျွေးပြီး အိမ်သစ်တက်ပွဲလေး လုပ်ရအောင်နော်တဲ "့။ "လက်ထပ်ပြီးရင်လည်း ဒီအိမ်လေးမှာ သံဃာတော်တွေကို အမြဲတမ်းဆွမ်းလောင်းမယ်နော်တဲ့" ။ နောက်ပြီး " မောင့် မိဘ၊ခင်လေးမိဘတွေကိုလည်း မကြာခဏ ဒီအိမ်လေးကို အလည်ခေါ်မယ်။ ခင်လေးတို့ လည်း မကြာမကြာသွားလည်ကြမယ်။ ပြီးတော့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့  အမြဲတမ်းလုပ်ကျွေးပြုစုကြမယ်နော်တဲ့ "။ နောက်ပြီး "မောင့်မျိုးဆက်သစ် ရင်သွေးလေးတွေမွေးပြီး အဘိုးအဘွားတွေကို ထိန်းခိုင်းဦးမှာ"တဲ့ လား ခင်လေးရယ်။ ခုတော့  အဲဒါတွေအားလုံး အိမ်မက်တစ်ခုလို မထင်မှတ်ပဲ ပျောက်ဆုံးသွားပြီနော်။ အချိန်တွေ၊ဘ၀တွေ၊သံယောဇဉ်တွေ၊အများကြီးပဲ အဲဒီအချစ်အိမ်လေးအတွက် ရင်းနှီးမြှပ်နှုံခဲ့ရတာ
ဒီလို အလွယ်တကူနဲ့  ပြီးဆုံးသွားဖို့ လား ခင်လေးရေ......။

ဘယ်လိုဖြစ်ရတာလဲခင်လေးရယ်..... မသိရက်မကြားရက်တဲ့  အကြောင်းအရာတချို.ကို သူနောက်တော့ သိခဲ့ရသည်။
အဲဒီနေ့ က..............

ခင်လေး ဒီနေ့  ဘာဖြစ်မှန်းမသိ။စိတ်ထဲလေးလို့ နေသည်။ မောင့် ဆီက ဖုန်းကိုလည်းမျှော်နေမိသည်။ မောင်တယောက် နေမှကောင်းရဲ့ လား။ ဖုန်းမဆက်တာလဲ နဲနဲကြာပြီ။ အလုပ်မှ အဆင်ပြေရဲ့ လား။ လားပေါင်းများစွာနဲ့  လုံးထွေးပြီး နောက်ဆုံးတော့  စိတ်ကိုဖြေပြီးတွေးမိသည်၊ မောင် အလုပ်ရှုပ်နေလို့ နေမှာပါ။ အလုပ်အားတာနဲ့  မောင်ခင်လေးဆီကို ဖုန်းဆက်မှာသေချာပါတယ်။ လူရောစိတ်ပါ ပင်ပန်းနေတာမို့  ဆိုင်စောစောသိမ်းကာ အိမ်ပြန်လာခဲ့သည်။ မောင်ရေ ..... ခင်လေးကတော့  စိတ်ထဲမှာ မောင်နဲ့ ဆုံဆည်းဖို့ ရက်ကို လက်ချိုးရေပြီးစောင့် နေတယ်နော်။ မြန်မြန်ပြန်လာပါတော့ မောင်ရယ်။ ရုတ်တရက် ကားရှေ့ က ရုတ်တရက် ဖြတ်ပြေးတဲ့  ကလေးတယောက်ကို ဗြုန်းကနဲ မြင်မိတော့  ခင်လေး အလန့် တကြား ဘရိတ်ကို ဆောင့်နင်းကာ စတီရာရင်ကို တအားဆွဲကွေ့ လိုက်သည်။ အရှိန်နဲ့ ပြေးလွှားနေတဲ့  ကားငယ်လေးက နှစ်ပတ်သုံးပတ်လိမ့် ကာ လမ်းဘေးက သစ်ပင်ကြီးဆီသို့  ပြေးထွက်သွားတော့ သည်။ ခင်လေး ကြောက်လန့် တကြားအော်ဟစ်လိုက်မိသည်....... မောင်ရေ....................................။

ဆေးရုံမှာ နာရီဝက်လောက် သတိပြန်လည်လာတဲ့ အချိန်မှာ ခင်လေးသူ့ ကို တမ်းတသွားသည်တဲ့ ။ သူဘာလို့  မကြားမိပါလိမ့် ။ နောက်ပြီး အလုပ်ထဲမှာ အန္တရာယ်ဖြစ်မှာစိုးလို့  သူ့ ဆီကို အကြောင်းမကြားဖို့ လည်း မှာသွားသေးတယ်တဲ့။ ခင်လေးရယ် ...... ဒဏ်ရာဝေဒနာတွေ နာကျင်နေတဲ့ ကြားက ခင်လေးရဲ့ နောက်ဆုံးအချိန်လေးမှာ မောင့် အတွက် ထည့်စဉ်းစားသွားသေးတယ်နော်။ တွေးမိရင်း ရင်ထဲမှာ ဆက်ဆက်ခါမျှ နာကြင်နေမိသည်။ ခင်လေးချစ်တတ်သလောက် သူကိုယ်တိုင် အဲဒီလောက် ချစ်နိုင်ပါ့ မလား။ သူ့ ကိုယ်သူပြန်မေးနေမိသည်။ ဒါပေမယ့်  မေးခွန်းအတွက် အဖြေကို ရှာမတွေ့ နိုင်သေး။ သူတို့  အိမ်ခန်းလေးဆီကို သူအလွမ်းပြေ သွားကြည့်တိုင်း တံခါးဝမှ လှည့်ပြန်ခဲ့ မိသည်မှာ အကြိမ်ကြိမ်ရယ်ပါ။ သူတံခါးလေးကို မဖွင့်ရက်နိုင်ခဲ့။ ခင်လေးအတွက် အကောင်းဆုံး သူဘာလုပ်ပေးနိုင်ဦးမလဲ။ စဉ်းစားနေရင်း အဖြေတစ်ခုကို ရှာတွေ့ သည်ထင်ပါ့  နှုတ်ခမ်းထောင့် စွန်းမှာ အပြုံးလေးတစ
တွဲခိုသွားသည်ကို တွေ့ လိုက်ရသည်။ သူဆုံးဖြတ်ချက်တစ်ခုတော့ ချပြီးလေပြီ။

လက်ချောင်းလေးတွေက ထိန်းထားတဲ့ ကြားက တဆတ်ဆတ်တုန်ယင်နေသည်။ ဤတခါတော့ 
ဝမ်းသာကြည်နူးစိတ်နဲ့ ရယ်ပါ။ သူတို့ ရဲ့ အိမ်ခန်းလေးကို ထုခွဲရောင်းချပြီး ရရှိသမျှကို ယနေ့ မနက်ပဲ ရွှေတိဂုံဘုရား၊ဇီဝိတဒါန သံဃာ့ ဆေးရုံ၊နှင်းဆီကုန်းဘိုးဘွားရိပ်သာ နဲ့  မိဘမဲ့ ကလေးများကွန်းခိုရာ ဘုန်းတော်ကြီးကျောင်းများသို့  သူတို့ နှစ်ဦးအမည်ဖြင့်  ထာဝရ ဆွမ်း၊ဆေး၊အထွေထွေသုံး ပဒေသာပင်များအဖြစ် ခွဲဝေလှူဒါန်းပြီးသွားချေပြီ။ ယခု ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ သမျှ ကုသိုလ်ဒါနများအတွက် ရေစက်သွန်းချလှူဒါန်းရင်း တမလွန်က ခင်လေးအတွက် အမျှအတမ်းဝေနေတာပါ။

ရေစက်ခွက်ကို ကိုင်ရင်း သူစိတ်ထဲက တိုးတိုးလေး ရေရွတ်နေမိသည်။
" ခင်လေးရေ..... ခင်လေးရဲ့ ဖြစ်ချင်ခဲ့တဲ့  ဆန္ဒလေးတွေကို မောင်အတတ်နိုင်ဆုံး ကြိုးစားပြီး ဖြည်ဆည်းပေးနေတာပါ။ ရွှေတိဂုံဘုရားနဲ့ သံဃာ့ ဆေးရုံမှာ ထာဝရဆွမ်း ပဒေသာပင်လှူဒါန်းခဲ့တယ်လေ။ တို့ နှစ်ယောက်ရဲ့ အိမ်လေးမှာ သံဃာတော်တွေကို အမြဲတမ်းဆွမ်းလောင်းလှူနေရသလိုပေါ့ ။ ဘိုးဘွားရိပ်သာက အဘိုးအဘွားတွေကိုလည်း တို့ မိဘဘိုးဘွားတွေလို သဘောထားပြီး အမြဲထာဝရ အစားအသောက် ဆေးဝါးတွေလှူဒါန်းလို့  ပြုစုစောင့် ရှောက်ကြမယ်နော်။ မိဘမဲ့ကလေးတွေကိုလည်း မောင်တို့ နှစ်ယောက်ရဲ့ ရင်သွေးလေးတွေလို သဘောထားပြီး တတ်နိင်သမျှ ပြုစုစောင်ရှောက် သွားဦးမှာပါ။ ဒီလိုဆို သူတို့ လေးတွေအတွက် မိဘမမဲ့တော့ သလို မောင်နဲ့ ခင်လေးတို့ ရဲ့ ရင်သွေးလေးတွေလည်း အများကြီးပဲပေါ့ ။

ခင်လေးရေ..... အဲဒီ သံဃာတော်တွေ၊ မိဘဘိုးဘွားတွေ၊ အဲဒီရင်သွေးလေးတွေအတွက် မောင်တို့ နှစ်ယောက်ရဲ့  အိမ်လေးက ဘယ်တော့မှ မပျောက်ပျက်သွားတော့ ပါဘူး။ အမြဲထာဝရ တည်တံ့ ရှင်သန်နေဦးမှာပါ ခင်လေးရယ်။ ချစ်တဲ့ ခင်လေးတစ်ယောက် ကျေနပ် ပျော်ရွှင်နိုင်ပါစေလို့ ။

( အချစ်ဆိုတာ တခါတလေတော့ လည်း ရယူပိုင်ဆိုင်ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မမည်ခဲ့ ပါဘူး။ ချစ်သူ သိသိမသိသိ သူ့ ဆန္ဒလေးတွေကို တိတ်တိတ်လေး အတတ်နိုင်ဆုံးဖြည့်ဆည်းရင်း ကျေနပ်နှစ်သိမ့် နေခြင်းကလည်း ချစ်ခြင်းတစ်မျိုးရယ်ပါ.......................ဇင်ယော် )။။။။။။။။။။။။

Sunday, August 10, 2008

ဥယျာဉ်မှုး

ဇင်ယော်တစ်ယောက် အလုပ်တွေရှုပ်ပြီး စာအုပ်တွေထဲ ခေါင်းမြုပ်နေတဲ့ ကြားက အငြိမ်မနေနိုင်ပဲ ကဗျာလေးတစ်ပုဒ် ရေးမိပြန်တော့  ထုံးစံအတိုင်း ဆိပ်ကမ်းလေးရဲ့  တစ်နေရာမှာ ကဗျာလေးနဲ့  အလှဆင်မိလေရဲ့ ။

ဥယျာဉ်မှုး

မခူးရက်ပါ
ဆူးချက်ကို ကြောက်လို့ မဟုတ်။
မဆင်ရက်ပါ
အပင်ထင်ကို မမှီလို့ မဟုတ်။
မနမ်းရက်ပါ
အလှမ်းခက်မှာ စိုးလို့ မဟုတ်။
ခူးချင် ဆင်ချင် ယုယချင်မင့် 
သခင့် အတွက်
ပင့် သက်ဟာကဗျာ
ကာရန်ဟာ အိမ်မက်ပေမို့ 
ရေလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့
ဥယျာဉ်မှုးလို ကျွန်ုပ်။ ။ ။

Thursday, August 7, 2008

ဘယ်တော့မှ မ၀ယ်ဘူး

ဇင်ယော်တို. ဒီနေ့ ရွာလည်ရုံတင်မက မြို.ပါပတ်တဲ့ နေ့ ပါ။ တနေကုန် မောလည်းမော စိတ်လည်းတိုနဲ့  နဂါးခေါင်းက ဇင်ယော်ရှိတဲ့ ဘက် တစ်နေကုန်လှည့်နေလား အောက်မေ့ရတယ်။ ဘာမှလုပ်ဖို့ စိတ်မပါတာနဲ့  စာအုပ်လေးဖတ်ပြီး နှပ်တော့မယ်ပေါ့ ။ ဟာသလေးတွေမြင်တော့လည်း မနေနိုင်ဘူး။ လက်ကရွလာတာနဲ့  ကောက်ရေးလိုက်မိတော့တယ်။ Reader's Digest ထဲက ကူးချလိုက်တာပါ။ ခံစားကြည့်လိုက်ပါဦး။


ဘယ်တော့မှ မ၀ယ်ဘူး

ဟိုတလောက ဇင်ယော်လေးတို့  အိမ်နားမှာ အဆင့်မြင့်  စူပါမားကက်ကြီးတစ်ခု ဖွင့်တယ်ဗျ။ မဖွင့်ခင်တည်းက နာမည်ကြီးနေပြီ၊ ကြော်ငြာအားက တော်တော်သုံးထားတော့  လူတွေက စိတ်ဝင်စားကြတာပေါ့ ။ ထုံးစံအတိုင်း မော်ဒယ်ရှိုးတွေ၊ကံစမ်းမဲတွေလည်း ပါတယ်။နောက်ပြီး တချို.ပစ္စည်းတွေကို ဈေးလျှော့ပြီးလည်း ရောင်းပေးတယ်တဲ့။

အဓိက ကတော့ သူများနဲ့ မတူအောင် (interactive media) ဆိုတဲ့ အဆင့်မြင်.နည်းပညာတွေ သုံးပြီး စားသုံးသူတွေ ၀ယ်ယူရ လွယ်ကူအောင် ၊ စိတ်ချမ်းသာမှု အပြည့်ရှိအောင် စီစဉ်ထားတယ်တဲ့ ။ ဇင်ယော်လေးလည်း ဘယ်နေနိုင်မလဲ။ မော်ဒယ်လေး တွေလည်းငေးရင်း ၊ ကံစမ်းမဲလည်း ပေါက်လိုပေါက်ငြား လျှော့ဈေးနဲ့ ရောင်းတဲ့ပစ္စည်းတွေသွားဝယ်တာပေါ့ ။

ဘယ်လို နည်းပညာတွေ သုံးထားလဲဆိုတာကို သိချင်စိတ်ကတော့ ထိပ်ဆုံးကပဲ။ ဟား .. တကယ့်ကို အဆင့်မြင့်တယ်ဗျ။ ဟင်းသီးဟင်းရွက် ၀ယ်ချင်လား။ အနားမှာရှိတဲ့ တီဗွီလေးပေါ်က ဟင်းသီးဟင်းရွက် ပုံလေးကို လက်လေးနဲ့ ထိလိုက်။ ဘယ်လိုသွား ဘယ်လိုကွေ့ ဆိုတဲ့  လမ်းညွှန်လေးချက်ချင်းပေါ်လာလိမ့်မယ်။ ဟင်းသီးဟင်းရွက်တန်းကို ရောက်တာနဲ့  နောက်ခံရှုခင်းက သီးနှံစိုက်ခင်းတွေနဲ့ ၊ မိုးဖွဲလေးတွေ ရွာကျနေတဲ့ အသံ၊ကျေးငှက်လေးတွေ အော်မြည်နေတဲ့ အသံတွေကိုလည်းကြားနေရတယ်၊ နောက်ပြီး သီးနှံစိုက်ခင်းတွေ ဘေးက ဖြတ်သွားရင် ရနေကျ စိမ်းစိုလတ်ဆတ်တဲ့ ရနံ့ လေးတွေလည်း လွှတ်ထားသေးတယ်။ ဟားးးးးးတယ်ဟုတ်ပါလား။

အင်း နွားနို့ ဝယ်ဖို့ သွားတော့လည်း နွားတင်းကုပ်ပုံ အိမ်လေးထဲမှာ နွားမကြီးနဲ့ နွားပေါက်လေးတွေရဲ့ အသံတွေ ကြားနေရတယ်။ နွားစာ မြက်စိမ်းနံ့ လေးတွေ၊ ကောက်ရိုးနံ့ လေးတွေ ဆိုတာ သင်းနေတာပဲ။ မိုက်တယ်ကွာ။ မနက်စာအတွက် ကြက်ဥ၀ယ်ရဦးမယ်။ ၀ိုး...ကြက်မွေးမြူရေး ခြံပုံစံ နောက်ခံလေးမှာ ကြက်မကြီးနဲ့ ကြက်ပေါက်စလေး တွေရဲ့ အသံလေးတွေ ကြားနေရတယ်။ လေထဲမှာလည်း သန့် ရှင်းလတ်ဆတ်တဲ့ ကြက်ဥကြော်နံ့ လေးက မွှေးလို့ ။ ဟား.... ကြိုက်သွားပြီ။ နောက်ဆို ဈေးဝယ်ရင် စူပါဝမ်းမှာ မှစိတ်ချရတယ်...
အဲ ဆောရီး... ကြော်ငြာနဲ့ မှားသွားလို့ .... နောက်ဆို ဈေးဝယ်ရင် ဒီမှာပဲ
ဝယ်တော့ မယ်။

အာ...အခုမှ သတိရတော့ တယ်၊ အိမ်မှာ အိမ်သာသုံးစက္ကူ ကုန်နေပြီ၊
ဝယ်ဦးမှ။.......အမ်..........အောင်မလေးဗျာ ....................................................................................................................
................................................................................ဇင်ယော်လေး ဆုံးဖြတ်လိုက်ပါတယ်။
ဒီတခုတော့  အိမ်နားကဆိုင်လေး မှာပဲ
အမြဲတမ်းဝယ်တော့ မယ်လို့ ။။။။။။။။။။။။။။။။။။။။။

Tuesday, August 5, 2008

မျက်ဖြေလင်္ကာ

မနေ့ က ဘလော့အလည်ထွက်ရင်းနဲ့  ကိုအောင်သာငယ် ရဲ. ဘလော့မှာ မျက်ဖြေ ဆိုတဲ့ ကဗျာလေးကိုတွေ့ တော့ ကျနော်လည်း တရံရောအခါက မျက်ဖြေလင်္ကာ လေးကို သွားသတိရမိတယ်။ ကြာတော့ ကြာခဲ့ ပါပြီ။ လွန်ခဲ့ တဲ့  ၃နှစ်လောက်က သူငယ်ချင်းတယောက် Mail Attach နဲ့  လှမ်းပို့ လိုက်တဲ့ ကဗျာလေးပါ။ ဇင်ယော်လေး အလှည့်ကျမှပဲ မျက်ဖြေလင်္ကာမဟုတ်ပဲ ဖြတ်စာဖြစ်သွားတော့ တယ်။ ဒီလိုပါ သူလေးက မဆိုစလောက် နဲနဲလေး ၀တယ်လေ။( အတိအကျတော့ မမေးနဲ့  ဖြေဘူး ) ဟီးဟီး...ချစ်စခင်စကြင်နာစမှာအလုပ်တွေရှုပ်ပြီး ပစ်ထားမိလို့  စိတ်ကောက်ပါလေရော။ ဇင်ယော်ပဲ ဘယ်ရမလဲ ။ မျက်ဖြေလင်္ကာလေးကို ပဲပင်ပေါက်ကို ကောက်ရိုးနဲ့ သီတဲ့ လက်ရေးနဲ့ ရေးပြီး သူလေးရဲ့ အိမ်ရှေ့ စာတိုက်ပုံးထဲ သွားထည့်ထားလိုက်တာပေါ့ ။အောင်မလေးဗျာ တခါတည်း သူ့လေးရဲ့  လှပြီးဝနေတဲ့ ကိုယ်လုံးလေးကို လှောင်ပြောင်တယ်ဆိုပြီးအဆက်ဖြတ်လိုက်ပါလေရော။

မတော်လိုက်ရတဲ့ ယောက္ခမလောင်းတွေကလည်း ဒီအကောင်ခုတည်းက
ဝိတ်ချခိုင်းနေပုံထောက်ရင် သူတို့ လိုမကျွေးထားနိုင်လို့ ပဲဖြစ်ရမယ်ဆိုပြီး အားပေးအားမြှောက်ပြုကြတယ်လေ။ အခုတော့  ကျနော့် ညီ ဇာတ်မင်းသားလေးက Rapper လုပ်ချင်တယ်ဆိုတော့  သူ့ ကိုပဲ ဒီကဗျာလေးကို Rap သီချင်းပြောင်းဆိုခိုင်းရကောင်းမလားလို့ ။ သူငယ်ချင်းတို့ ရော ဘယ်လိုသဘောရလဲ။

( မျက်ဖြေလင်္ကာလေးရဲ. မူရင်းပိုင်ရှင်ကိုမသိတဲ့ အတွက် ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်။ တချို.နေရာလေးတွေမှာ ဟိုဟိုဒီဒီလျှောက်ကလိပြီး ပြင်ဆင်ထားတာလေးတွေကိုလည်း ခွင့် လွှတ်ပါလို့ တောင်းပန် ပါတယ်ဗျာ။ )


မျက်ဖြေလင်္ကာ
ချစ်လေးရေ စိတ်ဆိုးလို့ ပိတ်ထိုးမယ်ဆိုရင်လည်းထိုးပါ။
ကိုယ်ရှောင်ပေးပါ့ မယ်။
ချစ်လေးကအပြစ်ပေးမယ်ဆိုရင်
Empire State Building ပေါ်ကလေထီးနဲ့ ခုန်ချရခုန်ချရ။
Statue Of Liberty ပေါ်ကို Spiderman နဲ့ တွယ်တက်ရတက်ရ။
Antlatic Ocean ကို Submarine နဲ့ ဖြတ်ကူးရင်ကူးရပါ။
ဒါမှ မကျေနပ်သေးရင် ပင်လယ်ရေထဲကို ကျင်ငယ်ရေ စွန့် ခိုင်းရင်ခိုင်း။
Everst တောင်ပေါ်ကို တွဲဖက်နောင်တောင်မပါပဲ Chopper နဲ့ တက်ရတက်ရ။
Heaven ပေါ်တက်ပြီးကွမ်းယာရောင်းရင်ရောင်းရ။
Hell အောက်ဆင်းပြီးဓါတ်ဆီရောင်းရင်ရောင်းရ။
Amazon တောထဲကခြင်္သေ့တွေကိုလောက်စာလုံးနဲ့ ဆော်ရဆော်ရ။
Jurassic Park ထဲက ဒိုင်နိုဆောရဲ. Ass ကိုပင်အပ်နဲ့ ထိုးရထိုးရ။
Japan Sumo မိန်းမပျိုလေးတွေနဲ့  နပန်းပဲ လုံးရလုံးရ။
Binlardin ကို နင်ဟာအချဉ်လို့ ခေါ်ခိုင်းရင်ခေါ်ခိုင်း။
Mr. Bush ကို ဒီမှာ ငချွတ် နင်ဟာဖွတ်လို့ အော်ခိုင်းအော်ခိုင်း။
Classical Music ကို အထူးချစ်ပြီး နားကွဲအောင် နားထောင်ခိုင်းခိုင်း။
အချစ်တွေမပေါ့ ဖို့  Rock ပဲ ဟစ်ရဟစ်ရ။
အပြစ်တွေလျှော့ဖို့  Hip Hop ကိုပဲ ဆိုရင်ဆိုရပါ။
Beyonce နဲ့ အဆက်အသွယ်ဖြတ်ဆိုလည်းဖြတ်ပါ့ မယ်။
Shakira ကိုစာမပြန်နဲ့ ဆိုလည်း မပြန်ပဲနေပါ့ မယ်။
အသက်မရှူ ပါးစပ်မကူပဲ စက္ကန်.၀က်နေဆိုနေပါ့ မယ်။
မလှုပ်မရှား မုန့် မစားပဲ ၁ မိနစ်နေဆိုနေပါ့ မယ်။
ငိုနေဆိုလည်း ငိုပါ့ မယ်၊ ရယ်နေဆိုလည်း ရယ်ပါ့ မယ်။
ချစ်လေးရယ်....စိတ်ကိုလျှော့ လို့ ဝိတ်ကိုလည်းလျှော့ ။
ဖြေပါလေတော့  ပြေလေတော့ ။
အမည်မသိ ၂၁ရာစုစာဆို ။။။။။။။။။။။။

Monday, August 4, 2008

နဲနဲလေးတော. လွဲနေမယ် ( ၂ )

နဲနဲလေးတော. လွဲနေမယ် ( ၂ )

ဇင်ယော်လေးကိုသယ်ဆောင်လာတဲ. လေယာဉ်ကြီးလည်း ပဲရစ်ချားစ်ဒီဂေါလ် လေဆိပ်သစ်ကြီးကို ဆိုက်ရောက်ခဲ့ ပါပြီ။ Latino နတ်သမီးလေးနဲ့  မျောက်လောင်းလေး ၂ကောင်လည်း ဇင်ယော်လေးကို နှုတ်ဆက်လို့  လိုရာခရီးကို ဆက်သွားကြပြီလေ။ နာရီကြည့်လိုက်တော့ နောက်တဆင့် ပြောင်းစီးဖို့ က ၄နာရီလောက်လိုသေးတယ်။ ဒါနဲ့ ပဲ ဟာနေတဲ့ဝမ်းကိုဖြည့်ဖို့  စားသောက်ဆိုင်လိုက်ရှာတော့တာပေါ့ ။ အခုလက်ရှိ terminal ရဲ့  Arrival hall ထဲမှာ တိုလီမိုလီ အမှတ်တရပစ္စည်း လေးတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်နဲ့  တခြားဂျူတီဖရီး ဆိုင်တစ်ဆိုင် ပဲဖွင့်တာတွေ.မိတယ်။ ကျန်တာတွေက အကုန်ပိတ်။ အင်းပေါ့ လေ မနက်၃နာရီလောက်ကြီး ခရီးသည် ပါးပါးလေးပဲရှိတာ သူတို့ လည်းနားဦးမှာပေါ့ ။ ဒါနဲ့ ပဲ boarding pass ဖြတ် check in ၀င်ဖို့  transfer desk ကိုမြေပုံပေါ်သွားရှာတော့ အောင်မလေး နောက် terminal ၄ ခုလောက် သွားရဦးမှာဗျ။ စကားပုံတောင်ရှိသေး ပါးစပ်ပါရင် ရွာရောက်တယ်တဲ့ ။ ဒါနဲ့  တွေ့ တဲ့ အစောင့် ကိုမေးကြည့်တာပေါ့ ၊ ဘယ်လိုသွားရမလဲဆိုတာ။ သူကလည်း ဘိုလိုကောင်းကောင်းမရ ၊ ကိုယ်ကလည်း ပြင်သစ်လို နားမလည် ၊ ဟုတ်တော့ဟုတ်နေပြီ။

သိတယ်မလား ဇင်ယော်ပဲ နောက်ဆုံးတော့
၂ယောက်လုံးနားလည်မယ့် အင်တာနေရှင်နယ် ဘာသာစကားသုံးလိုက်တော့ ဘတ်စ်ကားစီးသွားရမယ် ဆိုတာရယ် နောက်ပြီး ဟိုကွေ့ ဒီချိုး ဟိုလှေကားဆင်း ဒီအပေါက်တွေ.ရင်ဒီလိုထွက်ဆိုပြီး လက်ဟန်ခြေဟန်နဲ့  ရှင်းပြလိုက်တာကို စိတ်ထဲက အလွတ်ကျက်လာခဲ့ တာပေါ့ ။ သူပဲ မှားလား ကိုယ်ပဲ ဘာသာပြန်လွဲလားမသိဘူး ရှာလိုက်ရတဲ့ အပေါက် ၊ နောက်၎ခါလောက်မေးမှပဲရောက်တော့တယ်။
ဗိုက်ဆာဆာနဲ့  လမ်းလျှောက်ရတာလောက် စိတ်တိုဖို့ ကောင်းတာမရှိဘူး။ ရောက်ပြန်တော့လည်း စောင့်လိုက်ရတဲ့ဘတ်စ်ကား ၊ ကျနော်တို့ ဆီက ကားတွေဒီရောက်နေလားအောက်မေ့ ရတယ်။
မိနစ်၂၀လောက်စောင့်မှတစီးလာတယ်။ အပေါ်ရောက်တော့ ဒရိုင်ဘာကို ငါတော့ ဒီ terminal ကိုသွားချင်တယ်၊ ရောက်ရင်ပြောပါဆိုပြီး လက်ဟန်ခြေဟန်နဲ့ ပြလိုက်တော့သူလည်း ခေါင်းတညိမ့်ညိမ့်နဲ့ ။

ဒါနဲ့ ပဲ ဒရိုင်ဘာနောက်ကခုံမှာထိုင်ပြီး လိုက်လာတာ မိနစ်၂၀လည်းမရောက်၊နာရီဝက်လည်းမရောက်နဲ့  မသင်္ကာလို့ ထမေးတော့ မှ အောင်မလေး ပြာပြာသလဲနဲ့  ခေါင်းကိုလက်ညှိုးထိုးပြတယ် ၊ မေ့သွားတယ်ပေါ့လေ။ ထရိုက်ချင်စိတ်ပေါက်သွားတယ်၊ သည်းခံဇင်ယော် သည်းခံ၊ သူကဆက်ပြောတယ်၊ ခုရပ်ရင်ဆင်း ၊ ဟိုဘက်ပြောင်းစီး ၊ ၃ခါရပ်ရင်ရောက်ပြီတဲ့ ။ ကျေးဇူးကြီးပါ့ ။ နောက်ဆုံးတော့
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်။ လာပြန်ပြီ transfer desk ရောက်တော့ ဒီကောင်တာ မဟုတ်ဘူး၊ တခြားကောင်တာတဲ့။ ဘုရားရေ ကယ်တော်မူပါ ... ဘတ်စ်ကားစီးရဦးမှာလားလို့ အလန့် တကြားမေးတော့ မလိုပါဘူး ၁၀မိနစ်လောက်ပဲလမ်းလျှောက်သွား၊ရောက်ပြီတဲ့။

ဟူးးးး...တော်သေးတာပေါ့။ ဘတ်စ်ကားဆိုရင် ဒီကသွေးလန့် နေပြီ။ နောက်ဆုံးတော့ လည်းရောက်သွားတာပေါ့ဗျာ။ မှတ်ပြီလားကွ... ပါးစပ်ပါရင် ရွာရောက်တယ်ဆို... ပါးစပ်တင်မက လက်တွေခြေတွေ ပါတာတောင် ချားစ်ဒီဂေါလ်မှာ ရွာရောက်ရုံမက လည်ထွက်သွားတယ်။ ဇင်ယော်တို့ လွဲချက်ကတော့နာပါ့ ။ ဒါတောင် ဟာနေတဲ့ ဝမ်းကို ကမန်းကတန်းဖြည့်ပြီး check in ၀င်တော့ နဲနဲလွဲချင်သေးတယ်။ metal detector ရှေ့ ကဖြတ်ရတော့ alarm ကအသံထမြည် ပါလေရော။ အနွေးထည်၊နာရီ၊ခါးပတ၊်အဆောင်ဆွဲကြိုး အကုန်လုံး ချွတ်ပြီးပြီ။ ဒါလည်း ထပ်ဖြတ်တော့
အသံမြည်ကောင်းတုန်း။ ဘာမှားနေတုန်းဟ ကမန်းကတန်း စဉ်းစားရတယ်။ ဟီး....ခုနက ပြန်အမ်းလိုက်တဲ့ အကြွေစေ့ ဘောင်းဘီအိပ်ထဲက မထုတ်ရသေးဘူး။ ပြန်ဖြတ်ခိုင်းတယ် မြည်ပြန်ပြီ ဒုက္ခပဲ ။ လုံခြုံရေး ၃ယောက်လောက်လည်း အနားကိုရောက်လာပြီ။ ဖိနပ်ချွတ်ပြီး ပြန်ဖြတ်တဲ့။ လူကနဲနဲတော့
သွေးပျက်လာပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘုရားတွေအကုန်လုံး ကယ်တော်မူပါ။ နောက်တခါချွတ်စရာဆိုလို့ 
အင်္ကျီနဲ့ ဘောင်းဘီပဲကျန်တော့တယ်။ တော်ကြာ ဇင်ယော်လေးရဲ့  ရှိစုမဲ့ စု ဗလတွေမြင်သွားပြီး
မောင်စကြ၀ဠာပြိုင်ပွဲဝင်ဖို့ လာခေါ်နေမှာစိုးလို့ ပါ။ ဟီးဟီး..... ကမ္ဘာပေါ်မှာရှိတဲ့ ဘုရားတွေအကုန်လုံးတမိလို့ ထင်ပါရဲ့ ။ ဒီတခါတော့ ကံတရားက ဇင်ယော်လေးကို မျက်နှာသာပေးရှာတယ်။ခုမှပဲ ရင်ထဲက အလုံးကြီးကျပြီး လိုရာခရီးဆက်နိုင်တော့တယ်။ ။ ။ ။ ။အလွဲလေးတွေနဲ့ ကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။။။။။။။။

Sunday, August 3, 2008

အိမ်အ၀င်


Reader's Digest ထဲကဖတ်မိတဲ့  ဟာသလေးကိုပြန်ပြီးဝေမျှ
လိုက်ပါတယ်။



အိမ်အ၀င်
တော်တော်လေး ညဥ့်နက်မှပြီးတဲ့ ပါတီကပြန်လာတဲ့ သူငယ်ချင်း ၂ယောက် ကားပတ်ကင်ကို စကားတပြောပြောနဲ့  လျှောက်လာကြတယ် ။
မောင်မျိုး -- ဒုက္ခပါပဲကွာ၊တော်တော်နောက်ကျနေပြီ။
အိမ်ရောက်ရင်တော့ လက်ဘက်ခြောက်ခတ်ရတော့မှာပဲ။
ဇင်ယော် -- မင်းမိန်းမ မသိအောင် အိမ်ကို တိတ်တိတ်လေး ပြန်ဝင်ပေါ့ ကွ။
မောင်မျိုး -- မလွယ်ပါဘူးကွာ၊ ငါ့ မိန်းမကို ဘယ်လိုမှ အရူးလုပ်လို့  မရဘူးကွ။
အိမ်နားရောက်ရင် ကားကိုစက်သတ်၊ ဂိုဒေါင်ထဲကို အသာလေးကို တွန်းပြီးထည့်၊ ပြီးရင်
လှေကားကို တိတ်တိတ်လေး ခြေဖျားထောက်ပြီးတက်၊ ရေချိုးခန်းထဲသွားပြီး
အ၀တ်အစားလဲရတယ်။ ဒါပေမယ့်သူဘယ်လိုကြားသွားလဲ မသိဘူးကွာ။ အိပ်ရာကထလာပြီး
ငါ့ကို အိမ်ပြန်နောက်ကျလို့ ဆိုပြီးဆူတော့ပူတော့တာပဲ။
ဇင်ယော် -- ဘာမှမပူနဲ့ ၊ ငါပြောသလိုလုပ်။ အားလုံးအဆင်ပြေစေရမယ်။
မောင်မျိုး -- လုပ်စမ်းပါဦးကွ၊ နည်းလမ်းကောင်းလေး။
ဇင်ယော် -- ကားကိုစက်သံမြှင်.ပြီး ဂိုဒေါင်ထဲကိုထည့်၊ လှေကားကိုခြေသံပြင်းပြင်းနဲ့  တက်၊
တံခါးကိုအသံမြည်အောင်တွန်းပြီးဖွင့်လိုက်။ ပြီးရင် အ၀တ်အစားမလဲသေးပဲနဲ့  အိပ်ရာထဲ
ဝင်ပြီးမိန်းမကိုသွားနမ်းပေတော့။ မယုံရင်ကြည့်၊
မင်းမိန်းမ အိပ်ချင်ယောင်ဆောင်နေလိမ့် မယ်။ ဟီးဟီးဟီး။ ။ ။

နဲနဲလေးတော. လွဲနေမယ် (၁)

နဲနဲလေးတော. လွဲနေမယ် (၁)
ဇင်ယော်ရဲ. ခရီးသွားရင်း လွဲခဲ.တဲ. အလွဲလေးတွေထဲက တစ်ခုဆိုပါတော.။
ဇင်ယော်တစ်ကောင်... အဲမှားလို. ဇင်ယော်တစ်ယောက် ခွင်.စေ.လို. လုပ်ငန်းခွင်ပြန်ဝင်ဖို. ထုံးစံအတိုင်း
သွားရတဲ.ခရီးပေါ.။ သွားသာသွားရတာ နားနေတုန်းကပျော်ပျော်နေခဲ.တဲ. အရှိန်ကမကုန်သေးတော. လူကအင်တင်တင်ရယ်။ နောက်ပြီး ဒီတခေါက်သွားရမယ်. ခရီးကသိပ်မနီးလှဘူး။ အောင်မလေး ...လေယာဉ်အကြာကြီးစီးရမှာမှာပါလား ဆိုပြီးတော်တော် စိတ်ညစ်သွားတယ်။ စဉ်းစားကြည်.ပါဦးဗျာ။ ညောင်းလို.မှ ခြေလက်မဆန်.သာ၊နောက်ပြီး အညောင်းပြေလမ်းထလျှောက်ရအောင်လည်း ဘယ်လိုမှအဆင်မပြေတဲ.လေယာဉ်ပေါ်မှာ ညအိပ်ခရီးစီးရမှာဆိုတော. လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ. ဇင်ယော်အဖို.တော. အချုပ်ခန်းထဲမှာပုံစံထိုင်ပြီးလိုက်သွားရသလိုပါပဲ ( ဟီး..တင်စားပြီးပြောတာနော်... တကယ်မထိုင်ဖူးပါဘူး )။ ဒါနဲ. စင်ကာပူကနေ ပြင်သစ် ပဲရစ်အထိ စီးရမယ်.ခရီးပေါ.။ အကြာကြီးစီးရမယ်.အရေးတွေးပြီး လေဆိပ်စာအုပ်ဆိုင်ကနေ reader's digest နဲ. ၀တ္ထုတစ်အုပ် ဆွဲလာခဲ.တယ်။ စာဖတ်ပြီးမျက်စိညောင်းလာရင် အမုန်းအိပ်ပစ်မယ်ဆိုတဲ. အကြံနဲ.ပေါ.။

လေယာဉ်ပေါ်ရောက်လို. အကျအနထိုင်ပြီး စာအုပ်ဖတ်မယ်ကြံတုန်းရှိသေးတယ်..... ထိုင်ခုံနံပါတ်.....က ဟောဒီ row ကပါလား ဆိုတဲ. စကားသံချိုချိုလေးနဲ.အတူ ရေမွှေးနံ.သင်းသင်းလေးကကပ်ပါလာလို. မော.ကြည်.လိုက်တော. ဟိုက်ရှားဘား Latino Angel လေးတစ်ပါးပါလား။ ဟီးဟီး ... ဇင်ယော်လေးတော.နတ်ကောင်းတွေမပြီထင်ပါ.။ သူလေးမေးတဲ.ခုံနံပါတ်က ဇင်ယော်လေးနဲ.ဘေးချင်းကပ်ရက်လေ ( ဇင်ယော်လေးက အလယ်၎ယောက်တန်း အစွန်ဆုံးခုံမှာ ထိုင်ရတာပါ )...နောက်ပြီးသူလေးရဲ. လေယူလေသိမ်းကလည်းအတော်ကောင်းတော. ဟာဟ....ဒီခရီးတော.မပျင်းရတော.ဖူးပေါ.၊အသာလေးတော်ကီပွားပြီး လိုက်သွားရုံပဲဆိုပြီး တော်တော်ပျော်သွားတယ်.....ဟီးဟီး.... ဒါနဲ. ဟာဟုတ်ပါတယ်..ဒီထိုင်ခုံပါပဲဆိုမှ အိုကံကောင်းလိုက်တာ exit နဲ.ရော labotries နဲ.ပါနီးလို.တော်သေးတာပေါ.တဲ.။

ဘုရားရေ... ခဏခဏ အိမ်သာထွက်တတ်တဲ.သူဆိုရင်တော. သေဘီဆရာပဲ... excuse me , excuse me ကိုယ်.ရှေ.ကခဏခဏ ဖြတ်ထွက်မှတော. ဘယ်လာကောင်းကောင်းအိပ်ရတော.မှာလဲ။ ရှိစေတော.ပေါ.လေ ဒါနဲ. သူလေးရဲ. အိတ်တွေ baggage locker ထဲထည်.ဖို.ပြင်တော. မနေနိုင်တာနဲ. ကူညီဖို.ထရတော.တာပေါ.။ အမ်... ခုမှသေချာကြည်.မိတယ်... သူလေးရဲ.နောက်မှာ ချာတိပ်လေး၂ကောင်ရပ်လို.ပါလား.......ရုပ်ရည်ကလည်းတော်တော်လေးကိုဆင်တယ်။ သူလေးကမေးငေါ.ပြီးမိတ်ဆက်ပေးတယ်... ငါ.သားလေး၂ယောက်လေ အမွှာတဲ.။ အောင်မလေးဗျာ.... ခုနကပျော်လိုက်ရတဲ.အပျော်ကလည်း မီးခဲပေါ်ယင်ကောင်နားသလောက်မှမကြာပါလားဗျာ။ ....

စဉ်းစားကြည်.ပါဦး အရပ်ကတို.ရေ.... ဒီ ၄ယောက်တန်းခုံမှာ ဇင်ယော်ရယ်၊သူလေးရယ်၊နောက်ပြီး ဒီ၃နှစ်သား မျောက်လောင်းလေး၂ကောင်ရယ်..........အောင်မလေးဗျာ ထိုင်ငိုချင်စိတ်ပေါက်သွားတယ်... ( ခရီးသွားရင်း ကိုယ်.ဘေးမှာ ကိုယ်ပိုင်မဟုတ်တဲ. ဂျီကျတတ်တဲ.မျောက်လောင်းလေးတွေပါလာရင် ဘယ်လောက်စိတ်ညစ် ရတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးသူတိုင်း တွေးမိကြမှာပါ )။ ထင်တဲ.အတိုင်းပါပဲ .. တော်တော်ကိုဆိုးတဲ.
မျောက်လောင်းလေးတွေပါ။ ၂ယောက်သား တစ်ခါမှအေးအေးနေတယ်ဆိုတာ မတွေ.ရပါဖူး။ ဆော.လိုက်၊စကားများလိုက်၊ရန်ဖြစ်လိုက်၊နပန်းလုံးလိုက်နဲ. မျောက်ရုံထဲဝင်ထိုင်နေတာကမှ နဲနဲနေသာထိုင်သာရှိဦးမယ်။ ညရောက်တော.လည်းတော်တော်နဲ.ကိုမအိပ်ဖူးဗျ။ ရုပ်ရှင်ကို ကလိလိုက် ၊တီဗွီဂိမ်း ကစားလိုက်နဲ. သူများတွေကအိပ်ပျော်နေပြီ သူတို.၂ယောက်ကတော. ကျနော်.ကိုလှမ်းပြီးစလို.ကောင်းတုန်း၊ သူလေးကလည်း အစကတော.အားနာလို. လှမ်းပြီးဟန်.ရှာပါတယ်၊နောက်တော. အိပ်မောကျသွားရှာတယ်၊ ကျနော်မှာသာ ဒီမျောက်လောင်းလေးတွေနဲ. လုံးထွေးနေတုန်း။ နောက်တော်တော်ကြာတော. မျောက်လောင်းလေး၁ကောင်ကသူ.အမေကို အတင်းနှိုးပါလေရော၊ သူလေးလည်း မျောက်လောင်းလေးကိုပိုက်ပြီး အိမ်သာကိုပြေးတော.တာပဲ။

သိပ်မကြာပါဖူးဗျာ.... ဇင်ယော်နဲ.ကျန်ခဲ.တဲ.မျောက်လောင်းလေးကလည်း ဇင်ယော်.လက်ကိုအတင်းဆွဲပြီးဝူးဝူးဝါးဝါးနဲ. ဗိုက်ကိုလက်နဲ.ပုတ်ပြလိုက် ဖင်ကိုလက်နဲ.ပုတ်ပြလိုက်နဲ. အခြေအနေကမကောင်းတော.ဖူး။ သူ.အမေကလည်း ပြန်မလာသေး၊ ဇင်ယော်လည်းဘာလုပ်လို.လုပ်ရမှန်းမသိဖူး၊ နောက်ဆုံးတော.အခြေအနေမဟန်တာနဲ. ဇင်ယော်လည်းမျောက်လောင်းလေးကိုပိုက်ပြီး အိမ်သာကိုပြေးရတော.တာပေါ.။ အော် ....ဇင်ယော်တို.များ
ကံကောင်းချက်ကတော. --ီး--ီးပါတည်ပေးလိုက်ရသေးဟ။ ပြန်လာတော. သူ.အမေကတော.အားနာလိုက်တာ
ငတိလေးကတော. သူမဟုတ်တဲ.အတိုင်း ခပ်တည်တည်ပဲ။ ဇင်ယော်တို. လွဲချက်ကတော. ရှယ်ပါပဲဗျာ၊ ဖတ်ဖို.ဆိုပြီးဝယ်လာတဲ. စာအုပ်၂အုပ်က အစကနေကို မတက်လိုက်ရရှာဖူး။ ချစ်စရာကောင်းတဲ.ကောင်မလေး ဘေးနားရောက်လာလို. ပျော်ရမလားအောက်မေ.ပါတယ်၊ နောက်ဆုံးတော. သူ.ကလေးကို --ီး--ီးတည်ပေး လိုက်ရတယ်။ ဇင်ယော်ရယ်...... လွဲချက်ကတော. နာပါ.။အမှန်ကတော. နတ်ကောင်း တွေမတာ မဟုတ်ပါဖူး ၊ နတ်ဆိုးတွေက စတာနေမှာပါ။။။။။။


( နောက်ဆုံးတော. အိမ်ထောင်ကျပြီးကလေးတွေရလာရင် ဘာမှမလုပ်တတ်မှာစိုးလို. ခုကတည်းက ထရိန်နင်
ဆင်းနေတယ်လို.ပဲ သဘောထားလိုက်ပါတော.တယ်။ ).................

Saturday, August 2, 2008

ကလေးရေ

လောလောလတ်လတ် တင်စရာ အိုင်ဒီယာ ကောင်းကောင်းမရသေးတာနဲ. အရင်တုန်းကရေးခဲ.ဖူးတဲ. ကဗျာလေးတစ်ပုဒ်ကိုပဲ ပြန်ပြီး modify လုပ်ပြီး တင်ပေးလိုက်တာပါ။ .....




ကလေးရေ...


မက်ခဲ.ဖူးတဲ. ပျော်ရွှင်အိမ်မက်
ခွင်.ရှိသေးရင် ဆက်မက်နေချင်သေးတယ်။
လှပလွန်းတဲ. ကလေးရဲ.ပုံရိပ်
စုံမှိတ်ထားတဲ. မျက်ဝန်းထဲမှာတောင် မြင်ယောင်နေဆဲပဲ။
ကြည်နူးခဲ.ဖူးတဲ. စကားသံချိုချို
ခုတော. တကယ်.ကို လိုနေပြီ ကလေးရယ်။
ရင်ခုန်သံမြန်စေတဲ. ကလေးရဲ.အပြုံး
ကိုယ်.ဘ၀တသက်လုံး အတွက်
သိမ်းထားမိလိုက်တယ်။
ကလေးရေ......
မင်းချည်နှောင်ခဲ.တဲ. တစ်ချောင်းတည်းသောကြိုး
သံယောဇဉ် ဆိုတဲ. သူ.တန်ခိုးက
မမြင်နိုင်ပေမယ်. ဖြတ်ဖို.မလွယ်ပါ.လား။ ။ ။


ကလေးရေ....
အမှတ်တမဲ့တွေတိုက်ဆိုင်မိတိုင်းသာ
အမှတ်တရတွေဖြစ်လာမယ်ဆိုတာကို
ကြိုသိခဲ့ရင် ကိုယ်လေ...............။ ။ ။ ။ ။