Monday, August 4, 2008

နဲနဲလေးတော. လွဲနေမယ် ( ၂ )

နဲနဲလေးတော. လွဲနေမယ် ( ၂ )

ဇင်ယော်လေးကိုသယ်ဆောင်လာတဲ. လေယာဉ်ကြီးလည်း ပဲရစ်ချားစ်ဒီဂေါလ် လေဆိပ်သစ်ကြီးကို ဆိုက်ရောက်ခဲ့ ပါပြီ။ Latino နတ်သမီးလေးနဲ့  မျောက်လောင်းလေး ၂ကောင်လည်း ဇင်ယော်လေးကို နှုတ်ဆက်လို့  လိုရာခရီးကို ဆက်သွားကြပြီလေ။ နာရီကြည့်လိုက်တော့ နောက်တဆင့် ပြောင်းစီးဖို့ က ၄နာရီလောက်လိုသေးတယ်။ ဒါနဲ့ ပဲ ဟာနေတဲ့ဝမ်းကိုဖြည့်ဖို့  စားသောက်ဆိုင်လိုက်ရှာတော့တာပေါ့ ။ အခုလက်ရှိ terminal ရဲ့  Arrival hall ထဲမှာ တိုလီမိုလီ အမှတ်တရပစ္စည်း လေးတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်နဲ့  တခြားဂျူတီဖရီး ဆိုင်တစ်ဆိုင် ပဲဖွင့်တာတွေ.မိတယ်။ ကျန်တာတွေက အကုန်ပိတ်။ အင်းပေါ့ လေ မနက်၃နာရီလောက်ကြီး ခရီးသည် ပါးပါးလေးပဲရှိတာ သူတို့ လည်းနားဦးမှာပေါ့ ။ ဒါနဲ့ ပဲ boarding pass ဖြတ် check in ၀င်ဖို့  transfer desk ကိုမြေပုံပေါ်သွားရှာတော့ အောင်မလေး နောက် terminal ၄ ခုလောက် သွားရဦးမှာဗျ။ စကားပုံတောင်ရှိသေး ပါးစပ်ပါရင် ရွာရောက်တယ်တဲ့ ။ ဒါနဲ့  တွေ့ တဲ့ အစောင့် ကိုမေးကြည့်တာပေါ့ ၊ ဘယ်လိုသွားရမလဲဆိုတာ။ သူကလည်း ဘိုလိုကောင်းကောင်းမရ ၊ ကိုယ်ကလည်း ပြင်သစ်လို နားမလည် ၊ ဟုတ်တော့ဟုတ်နေပြီ။

သိတယ်မလား ဇင်ယော်ပဲ နောက်ဆုံးတော့
၂ယောက်လုံးနားလည်မယ့် အင်တာနေရှင်နယ် ဘာသာစကားသုံးလိုက်တော့ ဘတ်စ်ကားစီးသွားရမယ် ဆိုတာရယ် နောက်ပြီး ဟိုကွေ့ ဒီချိုး ဟိုလှေကားဆင်း ဒီအပေါက်တွေ.ရင်ဒီလိုထွက်ဆိုပြီး လက်ဟန်ခြေဟန်နဲ့  ရှင်းပြလိုက်တာကို စိတ်ထဲက အလွတ်ကျက်လာခဲ့ တာပေါ့ ။ သူပဲ မှားလား ကိုယ်ပဲ ဘာသာပြန်လွဲလားမသိဘူး ရှာလိုက်ရတဲ့ အပေါက် ၊ နောက်၎ခါလောက်မေးမှပဲရောက်တော့တယ်။
ဗိုက်ဆာဆာနဲ့  လမ်းလျှောက်ရတာလောက် စိတ်တိုဖို့ ကောင်းတာမရှိဘူး။ ရောက်ပြန်တော့လည်း စောင့်လိုက်ရတဲ့ဘတ်စ်ကား ၊ ကျနော်တို့ ဆီက ကားတွေဒီရောက်နေလားအောက်မေ့ ရတယ်။
မိနစ်၂၀လောက်စောင့်မှတစီးလာတယ်။ အပေါ်ရောက်တော့ ဒရိုင်ဘာကို ငါတော့ ဒီ terminal ကိုသွားချင်တယ်၊ ရောက်ရင်ပြောပါဆိုပြီး လက်ဟန်ခြေဟန်နဲ့ ပြလိုက်တော့သူလည်း ခေါင်းတညိမ့်ညိမ့်နဲ့ ။

ဒါနဲ့ ပဲ ဒရိုင်ဘာနောက်ကခုံမှာထိုင်ပြီး လိုက်လာတာ မိနစ်၂၀လည်းမရောက်၊နာရီဝက်လည်းမရောက်နဲ့  မသင်္ကာလို့ ထမေးတော့ မှ အောင်မလေး ပြာပြာသလဲနဲ့  ခေါင်းကိုလက်ညှိုးထိုးပြတယ် ၊ မေ့သွားတယ်ပေါ့လေ။ ထရိုက်ချင်စိတ်ပေါက်သွားတယ်၊ သည်းခံဇင်ယော် သည်းခံ၊ သူကဆက်ပြောတယ်၊ ခုရပ်ရင်ဆင်း ၊ ဟိုဘက်ပြောင်းစီး ၊ ၃ခါရပ်ရင်ရောက်ပြီတဲ့ ။ ကျေးဇူးကြီးပါ့ ။ နောက်ဆုံးတော့
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်။ လာပြန်ပြီ transfer desk ရောက်တော့ ဒီကောင်တာ မဟုတ်ဘူး၊ တခြားကောင်တာတဲ့။ ဘုရားရေ ကယ်တော်မူပါ ... ဘတ်စ်ကားစီးရဦးမှာလားလို့ အလန့် တကြားမေးတော့ မလိုပါဘူး ၁၀မိနစ်လောက်ပဲလမ်းလျှောက်သွား၊ရောက်ပြီတဲ့။

ဟူးးးး...တော်သေးတာပေါ့။ ဘတ်စ်ကားဆိုရင် ဒီကသွေးလန့် နေပြီ။ နောက်ဆုံးတော့ လည်းရောက်သွားတာပေါ့ဗျာ။ မှတ်ပြီလားကွ... ပါးစပ်ပါရင် ရွာရောက်တယ်ဆို... ပါးစပ်တင်မက လက်တွေခြေတွေ ပါတာတောင် ချားစ်ဒီဂေါလ်မှာ ရွာရောက်ရုံမက လည်ထွက်သွားတယ်။ ဇင်ယော်တို့ လွဲချက်ကတော့နာပါ့ ။ ဒါတောင် ဟာနေတဲ့ ဝမ်းကို ကမန်းကတန်းဖြည့်ပြီး check in ၀င်တော့ နဲနဲလွဲချင်သေးတယ်။ metal detector ရှေ့ ကဖြတ်ရတော့ alarm ကအသံထမြည် ပါလေရော။ အနွေးထည်၊နာရီ၊ခါးပတ၊်အဆောင်ဆွဲကြိုး အကုန်လုံး ချွတ်ပြီးပြီ။ ဒါလည်း ထပ်ဖြတ်တော့
အသံမြည်ကောင်းတုန်း။ ဘာမှားနေတုန်းဟ ကမန်းကတန်း စဉ်းစားရတယ်။ ဟီး....ခုနက ပြန်အမ်းလိုက်တဲ့ အကြွေစေ့ ဘောင်းဘီအိပ်ထဲက မထုတ်ရသေးဘူး။ ပြန်ဖြတ်ခိုင်းတယ် မြည်ပြန်ပြီ ဒုက္ခပဲ ။ လုံခြုံရေး ၃ယောက်လောက်လည်း အနားကိုရောက်လာပြီ။ ဖိနပ်ချွတ်ပြီး ပြန်ဖြတ်တဲ့။ လူကနဲနဲတော့
သွေးပျက်လာပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘုရားတွေအကုန်လုံး ကယ်တော်မူပါ။ နောက်တခါချွတ်စရာဆိုလို့ 
အင်္ကျီနဲ့ ဘောင်းဘီပဲကျန်တော့တယ်။ တော်ကြာ ဇင်ယော်လေးရဲ့  ရှိစုမဲ့ စု ဗလတွေမြင်သွားပြီး
မောင်စကြ၀ဠာပြိုင်ပွဲဝင်ဖို့ လာခေါ်နေမှာစိုးလို့ ပါ။ ဟီးဟီး..... ကမ္ဘာပေါ်မှာရှိတဲ့ ဘုရားတွေအကုန်လုံးတမိလို့ ထင်ပါရဲ့ ။ ဒီတခါတော့ ကံတရားက ဇင်ယော်လေးကို မျက်နှာသာပေးရှာတယ်။ခုမှပဲ ရင်ထဲက အလုံးကြီးကျပြီး လိုရာခရီးဆက်နိုင်တော့တယ်။ ။ ။ ။ ။အလွဲလေးတွေနဲ့ ကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။။။။။။။။

4 comments:

Anonymous said...

ဟဲ ဟဲ..
အစ်ကို့ဗလကြောက်သွားလို့နေမှာပါ..
နောက်တစ်ခါရသွားတာ..
:P

Anonymous said...

alarm က ဘာလို့  မြည်နေတာလဲ ဥပဒေနဲ့  မလွတ်ကင်းတာတွေ သယ်လာလို့ ဟုတ်မှာပေါ့..ကိုင်း မောင်မင် လိုက်ခဲ့ပေတော့ စခန်းရောက်မှ ရှင်းမယ်း)

မြရွက်ဝေ said...

ဖြတ်လို့ရသွားလို့ တော်တေးတာပေါ့ :D

ရွှန်းမီ said...

နဲနဲလေးတော့ လွဲနေမယ်. .
=) လွဲလွဲလေးပဲ ကောင်းပါတယ် . .