Sunday, August 10, 2008

ဥယျာဉ်မှုး

ဇင်ယော်တစ်ယောက် အလုပ်တွေရှုပ်ပြီး စာအုပ်တွေထဲ ခေါင်းမြုပ်နေတဲ့ ကြားက အငြိမ်မနေနိုင်ပဲ ကဗျာလေးတစ်ပုဒ် ရေးမိပြန်တော့  ထုံးစံအတိုင်း ဆိပ်ကမ်းလေးရဲ့  တစ်နေရာမှာ ကဗျာလေးနဲ့  အလှဆင်မိလေရဲ့ ။

ဥယျာဉ်မှုး

မခူးရက်ပါ
ဆူးချက်ကို ကြောက်လို့ မဟုတ်။
မဆင်ရက်ပါ
အပင်ထင်ကို မမှီလို့ မဟုတ်။
မနမ်းရက်ပါ
အလှမ်းခက်မှာ စိုးလို့ မဟုတ်။
ခူးချင် ဆင်ချင် ယုယချင်မင့် 
သခင့် အတွက်
ပင့် သက်ဟာကဗျာ
ကာရန်ဟာ အိမ်မက်ပေမို့ 
ရေလောင်းပေါင်းသင် ပြုပြင်ဖူးပါတဲ့
ဥယျာဉ်မှုးလို ကျွန်ုပ်။ ။ ။

5 comments:

Anonymous said...

ကိုဇင်ယော် ဒီကဗျာလေးချိုတယ်ဗျ။

Anonymous said...

အစ်ကိုက ဒါမျိုးလည်းရတယ်လား မထင်ရဘူး ;) နုနုလေးနဲ့  ချိုစိမ့်တစ်ခွက်သောက်ရသလိုပဲ ။

Anonymous said...

အော် ...
ွဒွတ်ခ ဒွတ်ခ... စာအုပ်ပုံထဲခေါင်းမြုပ်နေတာတောင်ကဗျာလေးရေးနိုင်သေးတယ်..
ဒါလည်းခေါင်းဆေးခြင်းတစ်မျိုးပဲ :D

ဂွတ်တယ်ဂျ.... :P
ဥယျာဉ်မှုးကြီး စာမေးပွဲဖြေနိုင်ပါစေ..

Anonymous said...

နာမည်လေးကို (ကို)ဇင်ယော်

ဘလော့လောကမှာ သူထင်ပေါ်

ဥယျာဉ်မှူးကလေးစားသနော်

ဒါပေမဲ့

အိပ်တဲ့အခါ သူ ( ? ) ပေါ်

ကျန်တာလေးကို ဖြည့်တွေးနော်

မောင်ပိစိ said...

ဟယ်.... တယ်မိုက်ပါလား.. ဒီကဗျာလေး... ရှားပါးတယ်.. ယူမယ်နော်... ဟိဟိ.. တခြားတော့ မဟုတ်... လပြည့်ကို ပြချင်လို့... ဟီးးး :)