ဟဲဟဲ လာပြန်ပြီ နောက်တက်ဂ်တစ်ခု။ တက်ဂ်ဆိုရင် အခုနည်းနည်း သွေးလန့် နေတယ်။ ခဲမှန်ဖူးတဲ့  စာသူငယ်လို လေးညှို.သံကြားရင် နေစရာမရှိ ဖြစ်နေလားမသိဘူး။ အဟီး မောင်နှမတွေကို ခင်လို့ စတာပါဗျာ။ စိတ်မဆိုးကြပါနဲ့ ။ တက်ဂ်ထားတာတော့ ကြာပါပြီ။ ရေးဖို့ ပြင်ရင်းနဲ့ ပဲ အကြောင်းကြောင်းတွေကြောင့် တော်တော်နဲ့  မရေးဖြစ်တာဗျ။ တက်ဂ်ထားတဲ့သူကတော့ ကျနော် ဘလော့ရေးခါစတည်းက ခင်မင်ရတဲ့ အစ်ကိုကြီးပါ။ သူ့ ဘလော့မှာ
ကဗျာလေးတစ်ပုဒ်တွေ့ မိလို့  ကျနော်လည်း အားကျပြီး
လင်္ကာလေးတစ်ပုဒ် လိုက်ရေးမိတာ နည်းတောင်နည်းသေးတယ်ဆိုပြီး အားပေးခဲ့တဲ့ ကျနော်ရဲ့ ချစ်လှစွာသော အစ်ကိုကြီး
ကိုအောင်သာငယ်ပါဗျာ။ အဟီး မရေးလို့ လည်း မရတော့ဘူး။ တော်တော်များများက ရေးပြီးနေပြီ။ တော်ကြာ ပထမဆုံးများကို နောက်ဆုံးမှရေးသူဆု ရနေရင် ဒုက္ခ။ နောက်ပြီး အိမ်ရှေ.ကနေ ဇင်ယော်ကြီးညာတယ် ဆိုပြီး ဘကြီးအောင် အဲဗျ မှားလို့  ကိုကြီးအောင်က သီချင်းလုပ်ဆိုနေမှာလည်း ကြောက်ရသေး။ နောက်ဆုံးတော့ 256 Mb ပဲရှိတဲ့  ဦးနှောက်ကို ဖွင့်ပြီး အသည်းအသန် ရှာဖွေရေးလုပ်ကာ ပထမဆုံးများကို ချရေးလိုက်ပြီဗျို.။ ( ကိုကြီးအောင် ရေးသလို လိုက်ရေးထားတာပါ။ အစီအစဉ် ကျချင်မှ ကျပါလိမ့်မည်။ သည်းခံ၍ ဖတ်ရှုတော်မူကြပါကုန်။ )
ပထမဆုံးတက်ရသည့် ကျောင်း - သင်္ဃန်းကျွန်း ဆရာအတတ်သင် လေ့ကျင့်ရေးမူလတန်းကျောင်း။
ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်းပေါ့ဗျာ ( ဟီး တစ်ခန်းပဲရှိတာဗျ )
ပထမဆုံး အတန်းပိုင်ဆရာမ - အဟဲ နံမည်တော့ မမှတ်မိတော့ဘူး။ မှတ်မိတာက ခေါင်းခေါက်တာတော့ ထူပူနေအောင် ခေါက်တာဗျ။ ( ဆရာမက လက်ရေးလှရေးရင် ပုလဲလုံး၊ ရွဲလုံးလေးတွေလိုရေးတဲ့ ။ မြင်မှမမြင်ဖူးပဲဟာ။ မြင်ဖူးတဲ့  ပဲပင်ပေါက်ကို ကောက်ရိုးနဲ့ သီထားသလို ရေးလိုက်တာ ဒေါက်ဒေါက်နဲ့  ခေါင်းကို တေဇောဘမ်းလိမ်းထားသလား အောက်မေ့ရတယ်။ )
ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး) - မိုးသူအောင် ( ကျနော့်အစား သူပဲလက်ရေးလှရေးပြီး ခဏခဏ ခေါင်းခေါက် မခံ ရအောင် ကူညီရှာတဲ့ သူငယ်ချင်းပါ )
ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - သဲသဲအေး ( ကျနော်ကတော့ အဲဒီအချိန်တည်းက သူ့ ကို သဲလေးလို့ ခေါ်တယ်ဗျ။ ခုတော့ ဘယ်ရောက်နေမှန်း မသိ။ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။ )
ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - ဗုဒ္ဓ၀င် ပုံပြစာအုပ် ( အဟဲ အဓိကကတော့ ပုံတွေလိုက် ကြည့်တာ။ ပြန်ပြောပြရင် အဖိုးက မုန့် ကျွေးတယ် )
ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - မမ ၀၀ ထထက ။ အက ပထမ။ ကပါကပါ မမရာ။ ညညလ သာသာ။ ညအခါ .... မှတ်မိတော့ဘူးဗျ။
ပထမဆုံး ရဖူးသောဆု - သူငယ်တန်း ဒုတိယဆု ( ဟဲဟဲ အဲဒီတည်းကတော်ချက်၊ ကြီးတော့မှ ချာတူးလန်သွားတာ )
ပထမဆုံး စီးရသော ဘတ်စ်ကား - မ.ထ.သ. (၃၈) ဘတ်စ်ကား။ ( ကြပ်ကကြပ်၊ အသက်ရှုလို့ မ၀နဲ့  ဆင်းပြေးမယ်လုပ်လို့  အမေက မနည်းဆွဲထားရတယ် )
ပထမဆုံး ဆိုခဲ့သော သီချင်း - အဟီး ကမ္ဘာမကြေပေါ့ဗျာ။ ( ကျောင်းဆင်းချိန်ဆို အားရပါးရ ဆိုလို့ ကောင်းလိုက်တာ။ အိမ်ပြန် ရတော့မယ်လေ )
ပထမဆုံး ရေးခဲ့သော ရည်းစားစာ - ချစ်မိတော့လည်း အပြစ်ရှိမှာ မကြောက်ပါဘူး။ ဒါပေမယ့် ပြန်မချစ်မှာတော့ ကြောက်တယ် ( ဟီးဟီး ဒီလိုဒီလို အရေးကောင်းတာ )
ပထမဆုံး ကဗျာ - ပြိုင်မြင်းတွေ မျဉ်းပြိုင်တွေကြား ပြေးနေတာကို မြင်းပွဲတဲ့။ လူသားတွေ လောဘ၊ဒေါသ၊မောဟတွေကြားမှာ ပြေးနေတာကိုရော..... အဲဒါ ဘ၀ ပဲနေမှာပေါ့။ ( ဘာရယ်မဟုတ်ပါဘူး။ စိတ်ညစ်နေတုန်း ချရေးမိတာ၊ ကဗျာလိုလို စာလိုလိုပေါ့ဗျာ )
ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ကျိုက်ထို ( ကျိုက်ထီးရိုးတက်ရင်း ရောက်ဖူးခဲ့တာ )
ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ဟောင်ကောင် ( အဲဒီတုန်းက တရုတ်အောက် မရောက်သေးဘူး )
ပထမဆုံး သောက်ဖူးသော ဆေးလိပ် - ဂျိုးသိန်း။
ပထမဆုံး သောက်ဖူးသော အရက် - ဆမ်တိုရီ ၀ီစကီ ( ၆တန်းတုန်းကပါ။ ဘိုးတော်လက်ဆောင်ရထားတဲ့ ပုလင်းကို ဘီဒိုထဲ ထည့်ထားတာ။ ဘာမှန်းမသိလို့  စူးစမ်းချင်တာနဲ့  မြည်းကြည့်တော့ ကောင်းသဟ။ ဒါနဲ့  မြည်းရင်းမြည်းရင်း တော်တော်လေး လျော့သွားတော့ ဖြစ်ချေဘူးဆိုပြီး ရေနွေးကြမ်းတွေ ပြန်ရောထားတာ သိသွားတော့ ရေရေလည်လည် အဘေခံရတော့တာပဲ။ )
ပထမဆုံး ပစ်ဖူးသော သေနတ် - အဟဲ ကျိုက်ထီရိုးသေနတ်လေ။ ကျည်ဆံမကုန်ဘူး။ လှည့်ရင်လှည့်သလောက် အသံထွက်တယ်။
ပထမဆုံး ဘလော့ပို့စ် -
နှုတ်ခွန်းဆက်စကားပထမဆုံး ရဖူးသော လက်ဆောင် - ၄ တန်းတုန်းက ကျောင်းပြောင်းခါနီး ဖိုးငယ်ဆိုတဲ့ သူငယ်ချင်းကပေးတာ၊ ရောင်စုံခဲတံလေးတွေ။ ( အခုထိ သိမ်းထားတယ် )
ပထမဆုံး အကြိမ် ထီပေါက်ခြင်း - ၃ လုံးပေါ့။ ၉၈တုန်းကလေ။ အိပ်မက်ကို အတိတ်ကောက်ပြီး ထိုးတာ။ ပေါက်ချင်လို့ သာ ပေါက်တာ။ ကောက်လိုက်တာက တလွဲကြီး။ ( တနင်္လာကို ၁၊ အင်္ဂါကို ၂ ဆိုပြီး )
ပထမဆုံး ထိုင်ဖူးသော လက်ဖက်ရည်ဆိုင် - ၉တန်း ဇ၀နမှာ ကျူရှင်တက်တုန်း ကျူရှင်နားက လက်ဖက်ရည်ဆိုင် ( ခုတော့ မရှိတော့ဘူး ) ( လက်ဖက်ရည်ကောင်းမကောင်းတော့ မှတ်မိဘူး။ ကောင်မလေးတွေကတော့ တော်တော်လှတယ်ဗျ။ )
ပထမဆုံး ၀င်ငွေရှာသော အလုပ် - မုန့် ဖိုးမပေးလို့ ဆိုပြီး အဖေ့ဆိုင်ကယ်ထဲက ဆီတွေထုတ်ရောင်းတာပေါ့။ သိသွားတော့ ကျောပြင်ကို ဗျောတင်ရော။
ပထမဆုံး ရဖူးသော လစာ - ၇၀၀ လား သေသေချာချာ မမှတ်မိဘူး။ အကုန်လုံး အမေ့ကို အပ်လိုက်တယ်။ ပြီးမှ ပြန်တောင်းသုံးတာ အဆပေါင်း ရာထောင်ချီလို့ ။
ပထမဆုံး ရင်ခုန်မှု - ( အဟီး အစ်ကိုအောင်ရေ ဒါတော့ တူသွားလို့  သည်းခံပါ။ ) ပထမဆုံး အကြိမ်ရည်းစားစာ လိုက်ပေးတုန်းက။ ( သူငယ်ချင်းတွေ ကောင်းမှု အကြောင်းပြုလို့  သူလေးကို ကျောင်းအဆင်းမှာ ရည်းစားစာ လိုက်ပေးရတာ။ )
ဟဲ့ ဟဲ့ ခဏလေးနေပါဦး။
ဘာလဲ ဘာလုပ်မလို့ လဲ။
ဒီစာလေး ယူသွားပါဟာ။
ဘာစာလဲ။
ရည်းစားစာ။
ဘာ ( အသံနည်းနည်း ကျယ်သွားတယ် )။
ဟာ နင်ကလည်း တိုးတိုးအော်ပါဟ။ ဟို စာအိတ်က မ၀ယ်ရသေးလို့  ဒီအတိုင်းပဲ ခေါက်ထားတာ ယူသွားပါနော်။ ခြေထောက်လေးဆောင့်ပြီး ယူသွားတော့ ပျော်လိုက်တာ။ နောက်နေ့  ချက်ချင်းအဖြေရတာပဲ။ သူ့ ဆီကတော့ ဟုတ်ဘူး။ ကျောင်းအုပ်ဆရာမကြီးဆီက။ ရုံးခန်းကို ကြွမြန်းတော်မူပါတဲ့။
ပထမဆုံး ဝယ်သော သီချင်းခွေ ( ကက်ဆက်ခွေ) - ဇော်ဝင်းထွဋ္ဋ်ရဲ. ဒုတိယမြောက်ထွက်တဲ့ အခွေ ( နံမည်တော့ မှတ်မိတော့ဘူး )
ပထမဆုံး အကြိမ်ဝယ်သော ဂစ်တာ - အဟီး သူငယ်ချင်းဂစ်တာ ယူပြီး တီးကြည့်တော့ သြဘာပေးတယ်။ A to Z ရှိသမျှ တစ်ခုမှ ကီးမကိုက်ဘူးတဲ့ ။ စိတ်နာလို့  မ၀ယ်လိုက်ရဘူး။
ပထမဆုံး အကြိမ် ဝယ်သော နိုင်ငံခြား တီးဝိုင်း ဗီဒီယို အခွေ - Guns & Roses
ပထမဆုံး အကြိမ် ဖတ်ဖူးသော အင်္ဂလိပ် ဝတ္ထုစာအုပ် - အသေအချာတော့ မမှတ်မိဘူး။ Tom Clancy ရေးတာ။ ရုရှားက MIG တိုက်လေယဉ်ကို အမေရိကန်စပိုင်က သွားခိုးတဲ့ အကြောင်း ရေးထားတာ။
ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း - မှတ်မှတ်ရရ ၉ တန်းနှစ်က။ အိမ်စာတွေ မပြီးသေးလို့  သင်္ချာကမန်းကတန်းတွက်နေပါတယ်ဆိုမှ မော်နီတာဆိုတဲ့ ကောင် အနားမှာလာပြီး ဘလာဘလာ လုပ်နေတာ။ အမြင်ကပ်ကပ်နဲ့  ထောက်ချွန်နဲ့ သူ့ လက်ဖ၀ါး မိတ်ဆက်ပေးလိုက်တယ်။ မှတ်ကရော။ လူလည်း ကျောင်းမထွက်ရတာ ကံကောင်း။
ပထမဆုံး အကြိမ် အတန်းရှေ့ စာထွက်ဆိုရခြင်း - သေသေချာချာ မှတ်မိတော့ဘူးဗျ။ ပထမတန်းနဲ့ တူတယ်။ သေချာတာက စာမရလို့  အဘေခံလိုက်ရတယ်။
ပထမဆုံး ကျောင်းစပြေးခဲ့သည့်အချိန် - ၈ တန်း။ ( မပြေးဖူးလို့  ဘယ်လိုနေလည်း သိချင်လို့  ပြေးကြည့်တာ )
ပထမဆုံး ကျောင်းပြေးပြီး သွားခဲ့သည့် နေရာ - ကျောင်းရှေ.က ပန်းခြံပေါ့။
ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် - ၁၉၉၆ ( Visit Myanmar Year အမှတ်တရပေါ့ )
ပထမဆုံး သောက်ဖူးသော စီးကရက် - ဒူးယား။ ( စတိုင်လေးရှိမလား သောက်ကြည့်ပါတယ်။ တခါတည်း ကြိုက်သွားပါလေရော။ ) ( ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ )
ပထမဆုံးဖတ်ခဲ့သောဝတ္ထု - ဆရာမင်းသိင်္ခရဲ. ဆားပုလင်းနှင်းမောင်နဲ့ မမင်းဖြူမှန်မှန်ပြော။
ပထမဆုံးကြိုက်နှစ်သက်ခဲ့သောသီချင်း - ပြောပြီးပြီလေ ကမ္ဘာမကြေပါဆို။
ပထမဆုံး တက်ခဲ့ဖူးသော ဆေးရုံ - ကလေးဆေးရုံပေါ့။ မွေးကာစ ကျန်းမာရေးမကောင်းလို့  တက်ခဲ့ရသေး။
ပထမဆုံး လည်ပတ်ကြည့်ရှုခဲ့ဖူးသော ဘလော့ -
ညီမ ရွှေပြည်သူပထမဆုံး စတင်ရင်းနှီးခဲ့ရသော ဘလော့ဂါ -
ညီငယ် မောင်မျိုး( အကြွေးဆပ်ဖို့ ရေးနေတုန်းလေး ညီငယ် မောင်မျိုးနဲ့  ညီမ ခေါင်ခေါင်က လာအော်သွားသေးတယ်။ ပထမဆုံးအကြောင်း ရေးပေးပါတဲ့ ။ ကဲ ရေးပြီးပြီဗျ။ ဖတ်ပေတော့။ )